ဖုန်းရွှေပညာကို လေ့လာဆည်းကပ်ရာမှာ တစ်ခုနဲ့တစ်ခု မတူဘဲ သီအိုရီအမျိုးမျိုးရှိပါတယ်။ (နည်းတစ်ခုနဲ့တစ်ခု ရောယှက်ပြီး အသုံးချလို့လည်း မရပါဘူး) အဲဒီနည်းတွေထဲမှာမှ အောက်ပါ နည်းလမ်းတွေက အထင်ရှားဆုံးပါပဲ။
၁။ Landform School of Feng Shui
၂။ Eight House School of Feng Shui (Ba Zai)
၃။ Flying Star School of Feng Shui
၎။ Water Theory
၁။ Landform School of Feng Shui
ဒီအသုံးချလေ့လာနည်းကတော့ ပတ်ဝန်းကျင်အနေအထား Physical Landscape ပေါ်မှာ အဓိကထားပြီး လေ့လာပါတယ်။ တောင်၊တောင်တန်း၊တောင်ကမူ၊ မြစ်၊ချောင်း၊ရေကန်၊ စတဲ့ အရာတွေရဲ့ ပုံပန်းသဏန်၊ တည်နေရာ၊ အကွေ့အကောက် တွေပေါ်မူတည်ပြီး အသေးစိတ်လေ့လာကြပါတယ်။ အထူးသဖြင့် ဒြပ်ဝတ္ထု ပတ်ဝန်းကျင်အနေအထားတွေပေါ်မှာပါ။
၂။ Eight House School of Feng Shui (Ba Zai)
ဒီသီအိုရီမှာကျတော့ အရပ်မျက်နှာတွေနဲ့ဆိုင်တဲ့ သဘောတရားတွေ ပါလာပါတယ်။ တရုတ်ရိုးရာသံလိုက်အိမ်မြှောင်ကို အသုံးပြုပြီး အဆောက်အဦးရဲ့ အရပ်မျက်နှာတွေကို တိုင်းတာ အသုံးချရတဲ့ ပညာရပ်ပါ။ ဖုန်းရွှေပညာရှင်က အဲဒီအဆောက်အဦးရဲ့ အရပ်ရှစ်မျက်နှာကို အဲဒီအဆောက်အဦးအတွင်းမှာ နေထိုင်တဲ့သူတွေရဲ့ မွေးခုနှစ်နဲ့ တိုက်ပြီး အဆောက်အဦးရဲ့ ဘယ်အရပ်၊ ဘယ်အစိတ်အပိုင်းက ကောင်းတယ်၊ မကောင်းဘူးဆိုတာ တွက်ချက်ယူရပါတယ်။
အရပ်ရှစ်မျက်နှာရှိတဲ့အထဲမှာမှ လူတိုင်းမှာ ကောင်းတဲ့ အရပ်မျက်နှာလေးခုနဲ့ ဆိုးတဲ့ အရပ်မျက်နှာလေးခုရယ်လို့ရှိပါတယ်။ အဆောက်အဦးမှာလည်း အဲဒီလို ရှိပါတယ်။ အရပ်ရှစ်မျက်နှာကို လေးခုစီ၊ အုပ်စုနှစ်စုခွဲလိုက်ပါတယ်။
၁။ East House Group အရှေ့အရပ်အုပ်စု
၂။ West House Group အနောက်အရပ်အုပ်စုဆိုပြီးတော့ပါ။
အဲဒီလိုခွဲခြားနိုင်ဖို့ တွက်ချက်နည်းသက်သက်ရှိပါတယ်။ အဲဒီတွက်နည်းကို Kua Numbers တွက်နည်းလို့ခေါ်ပါတယ်။ တွက်နည်းက အောက်ပါအတိုင်းပါ။
အမျိုးသား
အဆင့်(၁) သင်ရဲ့မွေးခုနှစ်ကို ယူပါ။ ဥပမာ ၁၉၇၂.
အဆင့်(၂) (၁+၉)+(၇+၂)
၁၀ + ၉ =၁၉
၁ + ၉ =၁၀
၁ + ၀ =၁
အဆင့်(၃) အဖြေ= ၁
အမျိုးသမီး
အဆင့်(၁) သင်ရဲ့မွေးခုနှစ်ကို ယူပါ။ ဥပမာ ၁၉၇၂
အဆင့်(၂) (၁+၉)+(၇+၂)
၁၀ + ၉ =၁၉
၁ + ၉ =၁၀
၁ + ၀ =၁
၎ + ၁ =၅ (မှတ်ချက်= အမျိုးသမီးဆို နောက်ဆုံး၇လဒ်မှာ ၄ ပေါင်းထည့်ပေးရပါတယ်)
အဆင့်(၃) အဖြေ= ၅
နောက်ထပ် သတိထားရမှာက Kua (ကွား နံပါတ်) ၅ ကျလို့ရှိရင် အမျိုးသားက နံပါတ်နှစ် အမျိုးသမီးက နံပါတ် ၈ ယူရပါတယ်၊ (နောက်ပိုင်းမှာ နံပါတ်တွေအကြောင်း ရေးပါ့မယ်) အဲဒီကွားနံပါတ်တွေကြည့်ပြီး မိမိက ဘယ်အုပ်စုထဲပါသလဲဆိုတာကို အောက်ပါဇယားကို ကြည့်ပြီး သိနိုင်ပါတယ်။
The East Four and The West Four
KUA NUMBERS | DIRECTIONS | GROUP |
1 | NORTH | EAST |
3 | EAST | |
4 | SOUTH EAST | |
9 | SOUTH | |
5 | SOUTH WEST (MALE) | WEST |
NORTH WEST (FEMALE) | ||
2 | SOUTH WEST | |
6 | NORTH WEST | |
7 | WEST | |
8 | NORTH EAST |
အထက်ပါဇယားကို ကြည့်ပြီး မိမိက ဘယ်အရပ်နဲ့ အတင့်တော်ဆုံးဖြစ်ပြီး အိမ်ဝယ်တာပဲဖြစ်ဖြစ် အိပ်ယာ၊ စာကြည့်စားပွဲ စတဲ့ အရေးကြီးတဲ့နေရာတွေကို စီစဉ်တာပဲဖြစ်ဖြစ် သင့်တော်မယ့်အရပ်ကို ရွေးနိုင်ပါတယ်။ အရပ်မျက်နှာတွေက နေထိုင်သူတွေအပေါ် အတော့်ကို အားသက်ရောက်မှု ပေးနိုင်ပါတယ်။ မိသားစုမှာ ယောက်ျားနဲ့ မိန်းမက ဆန့်ကျင်ဘက်အုပ်စုထဲရောက်နေလျင် ယောက်ျားမိန်းမမခွဲခြားပဲ အခရာကျတဲ့ ဦးဆောင်မှုနောက်ကို လိုက်ရပါတယ်လို့ မှတ်ထားစေချင်ပါတယ်။ နောက်ပြီး သတိထားရမှာက ဒီသီအိုရီမှာ အချိန်ကာလနဲ့ဆိုင်တာ မပါရှိဘူးဆိုတာပါပဲ။
၃။ Flying Star School of Feng Shui ၄။ Water Theory အကြောင်း ဆက်ပါဦးမည်။
စာရေးသူသည် ဖုန်းရွှေဝေါဟာရများကို မြန်မာလို ဘယ်လိုခေါ်သလဲဆိုတာ မကြေညက်သေးပါ။ အကယ်၍ စကားလုံးများကို မှားယွင်းစွာ အသုံးချခဲ့လျင် ကွန်မန့်တွင် ပြန်လည်ထောက်ပြပေးရန် မေတ္တာရပ်ခံပါသည်။


2 ယောက်ကဒီလိုမြင်တယ်တဲ့...:
ဖတ်ဖူးတယ်..။ အသေးစိတ်တွေ မမှတ်မိဘူး။
ဖုန်းရွှေ ပညာက စိတ်ဝင်စားဖို့ ကောင်းတယ်..။
ဆက်ရေးပါဦး...။
Landform က archi ပိုင်းနဲ့ ID ပိုင်းမှာ ပို အသုံးများတယ် ထင်တယ်နော်..။ ကိုယ့်ဟာကိုယ် ကောက်ချက်ပြုမိတာပါ..။ စိတ်ဝင်စားပေမယ့် ကိုသက်ပိုင်သူလို အသေးစိတ် မလေ့လာမိလို့ စောင့်ဖတ်ပြီးပဲ လေ့လာတော့မယ်နော်..။
ဆက်ရေးပါဦး..။
Post a Comment