May 2, 2011

ဧဒင်ဥယျာဉ်ထဲက အာဒမ်၏ ပထမဆုံးဇနီး လီလစ်


 Lilith (1892) by John Collier in Southport Atkinson Art Gallery(from Wikimedia)

History Channelမှာ  ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ ဧဒင်ဥယျာဉ်အကြောင်းကြည့်ရင်း အမှတ်မထင် အာဒံရဲ့ ပထမဆုံးဇနီး လိလစ် Lilith အကြောင်းကို ကြည့်လိုက်ရတယ်။ ငယ်ငယ်ကတည်းက အချစ်ဆိုတာ အာဒံနဲ့ဧ၀က စတယ်ဆိုပြီး သီချင်းလေး ညည်းဖူးခဲ့တာကို မှတ်မိနေခဲ့တယ်။ လိလစ်အကြောင်း ဖတ်လိုက်ရတော့ အမျိုးသမီးဝါဒ Feminism လှုပ်ရှားမှုတွေအကြောင်းကို အမှတ်ရမိတယ်။ ဘာလို့လည်းဆိုတော့ ၁၉ရာစုမှာ အမျိုးသမီးတန်းတူအခွင့်အရေး လှုပ်ရှားမှုနှင့်အတူ လိလစ်က ပြန်လည် မွေးဖွားလာခဲ့တာကိုး။

လီလစ်နဲ့ ပါတ်သက်ပြီး ဘယ်သူမှ သေသေချာချာ ဂဂဏဏမသိကြပါဘူး။ Book of Genesis (Hebrew bible or Christian Old Testament) ထဲမှာတော့ ဘုရားသခင်က အမျိုးသမီးဖန်ဆင်းရာမှာ ၂ခန်းခွဲထားပါတယ်လို့ဆိုပါတယ်။ ပထမတပိုင်းက အမျိုးသမီးနဲ့ အမျိုးသားတပြိုင်တည်း ဖန်ဆင်းတာဖြစ်ပြီး၊ နောက်တမျိုးကတော့ အမျိုးသားရဲ့ နံရိုးကိုယူပြီး အမျိုးသမီးဖန်ဆင်းတာပါတဲ့။ (မှတ်ချက်။ Genesis စာအုပ်ကို စာရေးသူ မဖတ်ဖူးပါ။ History Channel နဲ့ တခြားလက်လှမ်းမီရာများမှ ဖတ်ရှုထားခြင်း ဖြစ်ပါသည်)

ဘုရားသခင်က ကမ္ဘာကြီးကိုဖန်တီးတဲ့ ခြောက်ရက်မြောက်နေ့မှာ အာဒမ်နဲ့တကွ သက်ရှိအဟိတ်တိရစ္ဆာန်တွေကို ဖန်ဆင်းပါတယ်။ အာဒံက ကျေးငှက်တွေ သားရဲတိရစ္ဆာန်တွေကို နာမည်ပေးလိုက် အဖိုအမတွဲပေးလိုက်နဲ့ အလုပ်ရှုပ်ရသတဲ့။ အဖိုအမတွေရဲ့ ချစ်ခြင်းကို မနာလိုဖြစ်လာတဲ့ အာဒမ်က နောက်ဆုံးကျတော့ အမ-အမချင်းတွဲပေးလိုက်ပြန်ပါတယ်။ (အဲဒီမှာ လိင်တူစတယ်ထင်ပါရဲ့) အာဒမ်ရဲ့တောင်းဆိုချက်နဲ့ ဘုရားသခင်က အာဒမ်အဖော်ရဖို့အတွက် အမျိုးသမီးတစ်ယောက်ကို အာဒမ်ကို ဖန်ဆင်းခဲ့သလို ဖန်ဆင်းပေးပါတယ်။ ဒီနေရာမှာ အာဒမ်ကို ဖန်ဆင်းတုန်းက ဖုန်မှုန့်(Pure Dust)လေးတွေက ဖြစ်ပေမယ့် လီလစ်လို့ခေါ်တဲ့ မိန်းမကို ဖန်ဆင်းတော့ အမှိုက်၊ကျောက်ခဲတွေ ရောပြီးပါပါတယ်တဲ့။ ဘုရားသခင်က ဒီနေရာမှာ မျက်နှာအတော်လိုက်တယ်လို့ ဆိုရမှာပဲ။

ဒါပေမယ့် ဘုရားသခင်လိုချင်သလို အာဒမ်နဲ့ လီလစ်က ကြင်နာယုယတဲ့ အတွဲတွေ ဖြစ်မလာကြပါဘူး။ အမြဲတကျက်ကျက်နဲ့ ရန်ဖြစ်နေကြတယ်။ အဓိက ပြဿနာကတော့ တစ်ဦးနဲ့တစ်ဦး နှီးနှောစပ်ယှက်တဲ့အခါမှာ အာဒမ်က လီလစ်ကို အမြဲတမ်းအောက်မှာပဲ နေစေချင်တယ်။ လီလစ်ကလည်း ငါ.. ဘာလို့နင့်အောက်မှာ နေရမှာလဲ။ နင်လည်း ဖုန်မှုန့်ကဖြစ်တာပဲ။ ငါလည်းဖုန်မှုန့်က ဖြစ်တာပဲ။ ငါတို့က အတူတူ(equal) ပဲဆိုပြီး သူလည်းအပေါ်မှာ နေသင့်တယ်ဆိုပြီး တန်းတူအခွင့်အရေးညှိတယ်။ အာဒမ်က မရမက အကျပ်ကိုင်တဲ့အခါ လီလစ်ကစိတ်ဆိုးပြီး လေထဲကို ပျောက်ကွယ်သွားပြီး အာဒမ်နဲ့ အေဒင်ဥယျာဉ်ကြီးကို ထားခဲ့တာပေါ့။

တစ်ယောက်ထဲ မနေတတ်တဲ့ အာဒမ်က ဒီတခါဘုရားသခင်ကို အပူကပ်ပြန်ရော။ မနေသာတဲ့ ဘုရားသခင်က နတ်သမီး၃ပါးလွှတ်ပြီး ပင်လယ်နီက လီလစ်ကို ပြန်ခေါ်ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် လီလစ်က ပြန်မလာတော့ဘဲ စေတန်နတ်ဆိုးကိုပဲ ယူလိုက်ပြီး တနေ့ကို မကောင်းဆိုးရွား တစ်ရာလောက်မွေးသတဲ့။ တတ်လည်းတတ်နိုင်တဲ့ မိန်းမပဲနော်။ နတ်သမီးတွေက နင်.. အာဒမ်ဆီကို ပြန်ရင်ပြန်၊ မပြန်ရင် ရေထဲနှစ်သတ်ရမယ်ဆိုတော့ လီလစ်က သူအသက်မသေဘဲ နေလို့ရတဲ့ နည်းလမ်းကို နတ်သမီးတွေဆီကတောင်းခံလိုက်တယ်။ နတ်သမီးတွေကလည်း မွေးကင်းစ ကလေးငယ်လေးတွေကို ဖျက်ဆီးနိုင်ရင်ဖျက်ဆီး၊ မဖျက်ဆီးနိုင်ရင်တော့ ကိုယ့်ကိုသတ်သေရမယ်တဲ့လေ။  အာဒမ်ဆီ့ကို မပြန်တော့ ဘုရားသခင်က လီလစ်ရဲ့ သားတွေကို အပြစ်ပေးတဲ့အနေနဲ့ နေ့စဉ်ဖျက်ဆီးပစ်ပြန်ပါတယ်။

လီလစ်ပြန်မလာတော့ ဘုရားသခင်က အာဒမ်အတွက် မိန်းမတစ်ယောက်ဖန်ဆင်းပေးပြန်ပါတယ်။ ဘုရားသခင်က သူ့ရှေ့မှာတင်အမျိုးသမီးကို သွေးသား၊အရည်ပြား၊ ဆံနွယ်တွေ တဖြေးဖြေးပုံသွင်းပြီး ပြပြန်ပါတယ်။ အာဒမ်က အဲဒါကို စိတ်မ၀င်စားတဲ့အပြင် ရွံလာမိတာနဲ့ မအောင်မြင်ပြန်ပါဘူး။ နောက်ဆုံးမှာတော့ ဘုရားသခင်က အာဒမ်အိပ်ပျော်နေတုန်း သူ့ရဲ့နံရိုးတစ်ချောင်းကို ယူပြီး မိန်းမတစ်ဦး ဖန်ဆင်းပြန်တယ်။ အာဒမ်ရဲ့ နံရိုးနဲ့ လူဖြစ်လာတဲ့ မိန်းမက အာဒမ်အလိုကျ လိုက်ကရမယ့် အမျိုးသမီး ဧ၀ပေါ့။ အဲဒီကစပြီး အာဒမ်ဦးဆောင်ရာ ဧ၀က တကောက်ကောက်လိုက်ရပါတော့တယ်။

ဒီအခါမှာ မိန်းမဆိုးအဖြစ် ကျော်ကြားရတာကတော့ လီလစ်ပါပဲ။ လီလစ်ခမျာ သူအသက်ရှင်ဖို့နဲ့ ဘုရားသခင်ဖျက်ဆီးခံရတဲ့ သူ့သားတွေအတွက် ကလဲ့စားချေနိုင်ဖို့အတွက် မွေးကင်းစကလေးတွေကို ဖျက်ဆီးရပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေပေါ့။ အဲဒါကြောင့် ၁၈ရာစုနောက်ပိုင်းအထိ ကလေးတွေမွေးပြီဆိုရင် လီလစ်ကို ပင်လယ်နီမှာ သွားခေါ်တဲ့ နတ်သမီးသုံးပါးရဲ့ နာမည်ပဲဖြစ်ဖြစ် ပုံပဲဖြစ်ဖြစ် ချိတ်ဆွဲထားလို့ရှိရင် လီလစ်က မဖျက်ဆီးနိုင်တော့ဘူးဆိုတဲ့ အယူရှိကြပါတယ်။ တကယ်လို့ ကလေးလေးက ဘယ်သူမှမရှိဘဲ တခစ်ခစ်ရယ်နေလို့ရှိရင် အနားမှာ လီလစ်ရောက်လာပါပြီလို့လည်း အယူရှိကြပါတယ်။ အဲဒါဆိုရင် ကလေးရဲ့ နှာခေါင်းလေးကို လက်ညှိုးလေးနဲ့ အသာထိပေးလိုက်ရင် လီလစ်ပြန်ထွက်သွားပါတော့တယ်။

နောက်ပြီး အမျိုးသားတွေ အိပ်နေတုန်း အိပ်မက်မက်ပြီး သုတ်ရည်လွှတ်တတ်ကြပါတယ်။ ခရစ်ယာန်တွေက အဲဒီလို သုတ်လွှတ်ရင် အပြစ်တခုလို သတ်မှတ်ကြပါတယ်။ တကယ်တော့ အဲဒီအပြစ်ရဲ့နောက်ကွယ်မှာ အကြောင်းတရားရှိပါတယ်။ အဲဒီအကြောင်းတရားကတော့ လီလစ်က အိပ်မက်ထဲမှာ အဲဒီအမျိုးသားနဲ့ ပျော်ပါးပြီး မျိုးဆက်ပွားလို့ဖြစ်ပါတယ်တဲ့။

တကယ်တော့ လီလစ်က မကောင်းဆိုးရွားအဖြစ်ကျော်သာကျော်ကြားသာ တကယ်တမ်း မကောင်းဆိုးရွားက အာဒမ်ပါ။

ဟုတ်တယ်လေ။ အာဒမ်က လိုချင်အားကြီးတယ်။ အရာရာကို သူပဲ ချယ်လှယ်ချင်တယ်။ နောက်ပြီး ဘုရားသခင်ကို သူပဲ အမျိုးမျိုးအပူကပ်တယ်။ လီလစ်လိုမိန်းမမျိုးရတော့လည်း သူပဲ ဗိုလ်ကျချင်တယ်။ လီလစ်က ပစ်ပြေးတော့လည်း သူပဲ မနေတတ်ပြန်။ နောက်ထပ်အမျိုးသမီးတစ်ဦး ဖန်တီးပေးပြန်တော့လည်း လီလစ်လိုမိန်းမမျိုးပဲ ပြန်လိုချင်ပြန်။ သူ့ချည်းပဲ အမျိုးမျိုးဖြစ်နေတော့တာပဲ။ တကယ်တမ်းရလာဒ်ကတော့ မိန်းမတွေမှာ သူ့လိုတန်းတူအခွင့်အရေးမရှိတော့ဘူးပေါ့။ အဲဒါကြောင့်မို့လားမသိ။ ၂၀ရာစုနှောင်းပိုင်းမှာ အမျိုးသမီးတန်းတူအခွင့်အရေး လှုပ်ရှားမှုတွေ ကမ္ဘာတ၀န်းပေါ်ပေါက်လာတော့ လီလစ်လိုမိန်းမတွေ အများကြီး ပေါ်ထွက်လာတယ်။ ဧ၀လိုမိန်းမတွေကတော့ အိမ်မှာ ထမင်းချက်လိုက် ကလေးမွေးလိုက်ပေါ့ဗျာ။


ခရစ်နှစ် ၁၅၀၈-၁၅၁၂ မှာ မိုက်ကယ်အိန်ဂျလို ရေးဆွဲခဲ့တဲ့ Sistine Chapel မျက်နှာကျက်က အာဒမ်နဲ့ ဧ၀ပုံ။ တချို့ကလည်း လီလစ်က မြွေယောင်ဆောင်ပြီး တားမြစ်ထားတဲ့ အသီးကိုစားဖို့ မြူဆွယ်တယ်လို့လည်း ဆိုပါတယ်။ ဒီပုံမှာ ယခုလိုမြွေယောင်ဆောင်ထားပြီး သစ်သီးကို စားဖို့ တိုက်တွန်းနေတဲ့ လီလစ်ကိုတွေ့ရမှာပါ။

အထက်ပါ ပို့စ်သည် ဘာသာရေးကို နောက်ပြောင် ရေးသားခြင်းမဟုတ်ပါ။ စာရေးသူ ဖတ်ရှိရခြင်းကို မျှဝေခြင်းဖြစ်ပါသည်။ 


http://www.gnosis.org/lilith.htm 
http://en.wikipedia.org/wiki/Lilith
http://www.youtube.com/watch?v=uvKztNw5Mbc
http://www.pantheon.org/articles/l/lilith.html

8 ယောက်ကဒီလိုမြင်တယ်တဲ့...:

M.Y said...

thanks for sharing,,i didn't know about Lilith before i read your post..

Anonymous said...

I didn't even hear about Lilith.I appreciate your effort to share.I like most of your post.Thanks
Gyidaw

မိုးယံ said...

ဘုရားသခင်ကို သနားလိုက်တာ... ကိုယ့်ရှူးကိုယ်ပတ်နေပြီ။

သူ့ဘာသာအေးဆေးနေရင်ပြီးရောပဲဟာကို။ အခုတော့ ကြွားချင်တာနဲ့ (သူရှိမှန်းသိစေချင်လို့ လူကိုဖန်ဆင်းတယ်ဆိုပဲ) လူတွေဖန်ဆင်း ကမ္ဘာမြေဖန်ဆင်း။ တစ်ယောက်တည်း ရှုပ်ရှက်ခတ်နေတာပဲ။ သနားစရာ ဘုရားသခင်ရယ်....။

အခုပဲကြည့်လေ သူဖန်ဆင်းတဲ့လူ (ကျွန်တော်)က သူ့ကို ကလန်ကဆန်တွေ ပြောလို့......။ အဟတ်ဟတ်။

Dream said...

စိတ်ဝင်စားသွားလို့ သေသေချာချာ ဖတ်သွားတယ်။ လိလစ်လေးကို သနားရမလိုလို ဘာလိုလိုနဲ့။ အဟတ်...

မိုးယံကွန်မန့်ဖတ်မိတော့မှပဲ ရယ်ချင်သွားတယ်။ သနားစရာ ဘုရားသခင် :P

Addy Chen said...

တလောက ညီဝမ်းကွဲတယောက်က သတင်းကနေကြည့်လာတဲ့ လိလိ အကြောင်းပြောပြတယ် သူကတော့ တရုတ်သတင်းကနေ ကြည့်တော့ လိလိဖြစ်နေတာပေါ့
အဲ့မှာ ပြောတာက ဇာတ်လမ်းက တမျိုးပါ
သူပြောပြတဲ့ ဇာတ်လမ်းမှာတော့ လိလိက အာဒံ နဲ့ ဧဝ အိမ်ထောင်ရေး ရဲ့ ပထမ ဇာတ်ကောင်ပါ
အာဒံ က သူနဲ့ အရင်ရပြီးတော့ မှ ဧဝနဲ့ ဖောက်ပြန်တာပေါ့ ဧဝ သည်သာလျှင် ကမ္ဘာ ပထမဆုံးသော home wrecker ပါ သူဟာ ကမ္ဘာ ပထမ ဆုံးသော သူများအိမ်ထောင်ရေးဖျက်ဆီးသူမကြီးပါ ပေါ့လေ တို့ လဲ လိလိ ကိုစိတ်ဝင်စားတယ် နောက်မှ ရှာဘတ်ရမယ်
တွဲချင်ရင်တော့ လင့် ချိတ်ပြီး တွဲလိုက် သူသူ တီတော့ မလုပ်တတ်ဘူး

Anonymous said...

ိDn't be too stupid like that . U dn't know that. better , do not write again next time.

ok
thanks

Anonymous said...

မှန်ပါတယ် ပိတ်သတ်ရှိပြီးသားသူတစ်ယောက် အနေနဲ့ ဒီလို အမှားအယွင်းမျိုး မလုပ်မိဖို့လိုပါတယ်။ အဆုံးထိအောင် လေ့လာသင့်ပါတယ်။ လင့်ထည့်မပေးတော့ပါဘူး။ အလုပ်ပေးတယ်ပဲသဘောထားလိုက်ပါ။ :P ဂျူးကျမ်းစာကိုတော့ အရင်လေ့လာလိုက်ပါဦး။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဖတ်သွားတယ်ပိုင်လေးရေ-
နင်ရေးမှဘဲစေ့စေ့စပ်စပ်သိတော့တယ်ဗျာ-
ကျေးဇူးတွေလည်းအလိပ်လိုက်တင်သွားကြောင်းပါ။