ကျွန်တော် လုပ်ခဲ့တဲ့ ပရော့ချက်တစ်ခုပါ။ Conceptual ပိုင်းပဲ လုပ်ခဲ့ရတာပါ။ ပရော့ချက်က ဗီယက်နမ်က အပန်းဖြေဟိုတယ်ပါ။ မြေကွက် ဘယ်လောက်ရှိသလဲဆိုတာ မမှတ်မိတော့ပါဘူး။ ပထမဆုံးလုပ်ရတာက Master Planning ပိုင်းပါ။ Senior architectက Master Planning ကို လုပ်ပါတယ်။ ကျွန်တော်ကတော့ သူလုပ်ပြီးသား Master Plan ပေါ်မှာမှ Villa(အပန်းဖြေဟိုတယ်သီးသန့်လုံးချင်း)လေးတွေ တစ်ခုချင်းစီကို Concept တစ်ခုချင်းစီနဲ့ ဆွဲရပါတယ်။ အဓိကက Villa အမျိုးအစား သုံးမျိုးပါ။ အဲဒီသုံးမျိုးကို Pool Villa, Garden Villa, Jacuzzi Villa ဆိုပြီး Concept သုံးမျိုးခွဲလိုက်ပါတယ်။
Pool Villa
Pool Villa ကတော့ အကြီးဆုံးVilla တစ်ခုပါ။ မိသားစု အနည်းဆုံး လေးယောက် အေးအေးဆေးဆေး တည်းခိုနိုင်ပါတယ်။ Villaရဲ့ အဓိက အားသာချက်ကတော့ ရေလက်ပစ်ကူးလို့ရနိုင်တဲ့ Lap poolနဲ့ အေးအေးသက်သာ နားနေနိုင်တဲ့ အပြင်နားနေဆောင်လေး Gazebo တွဲလျက်ပါ။ Pool Villa ရဲ့ တံခါးတွေ အလူမီနီယမ်ဖရိမ်တွေနဲ့ ပြုလုပ်ထား ခေါက်မှန်တံခါးတွေ သုံးထားပါတယ်။ နေ့လည်ပိုင်းအချိန်တွေမှာဆိုရင် အဲဒီတံခါးတွေကို ဘေးဘက်အထိ တွန်းဖွင့်နိုင်ပြီး အခန်းရဲ့ အဖွင့်နှင့် မြင်ကွင်းကို အကျယ်ဆုံးအထိ ရရှိနိုင်မှာဖြစ်ပါတယ်။
Pool Villa ကတော့ အကြီးဆုံးVilla တစ်ခုပါ။ မိသားစု အနည်းဆုံး လေးယောက် အေးအေးဆေးဆေး တည်းခိုနိုင်ပါတယ်။ Villaရဲ့ အဓိက အားသာချက်ကတော့ ရေလက်ပစ်ကူးလို့ရနိုင်တဲ့ Lap poolနဲ့ အေးအေးသက်သာ နားနေနိုင်တဲ့ အပြင်နားနေဆောင်လေး Gazebo တွဲလျက်ပါ။ Pool Villa ရဲ့ တံခါးတွေ အလူမီနီယမ်ဖရိမ်တွေနဲ့ ပြုလုပ်ထား ခေါက်မှန်တံခါးတွေ သုံးထားပါတယ်။ နေ့လည်ပိုင်းအချိန်တွေမှာဆိုရင် အဲဒီတံခါးတွေကို ဘေးဘက်အထိ တွန်းဖွင့်နိုင်ပြီး အခန်းရဲ့ အဖွင့်နှင့် မြင်ကွင်းကို အကျယ်ဆုံးအထိ ရရှိနိုင်မှာဖြစ်ပါတယ်။
Garden Villa
Garden Villa ကတော့ အလတ်စား Villa တစ်ခုပါ။ သူ့ရဲ့ ထူးခြားချက်ကတော့ Living room နဲ့ Bedroom ကို ထမင်းစားခန်းကို အလယ်မှာထားပြီး ကန့်ထားပါတယ်။ ထမင်းစားခန်းရဲ့ အမိုးကို မှန်တွေနဲ့ ပြုလုပ်ထားပြီး ကြမ်းခင်းကိုတော့ အပြင်မှာခင်းတဲ့ ကျောက်တွေကို သုံးထားပါတယ်။ အပြင်က ဥယျာဉ်စိုက်ခင်းကို ထမင်းစားခန်းကနေ ပြန်ပြီး သယ်လာတဲ့အခါမှာ အပြင်ဥယျာဉ်က အဆောက်အဦးအတွင်းပိုင်းထိ ရောက်ရှိလာတယ်လို့ ထင်ရပါတယ်။ နောက်ပြီး Pool Villa နဲ့ Jacuzzi Villa လို သီးသန့်လုံခြုံရေးအတွက် ခြံနံရံအမြင့်တွေ ထည့်သွင်းဆောက်ထားခြင်း မရှိပါဘူး။ Master Plan မှာဆိုရင် Garden Villas တွေရှိမယ့်နေရာမှာ လှပတဲ့ ဥယျာဉ်ငယ်လေးအဖြစ် Landscape ပိုင်းပါ ပြုလုပ်ထားပါတယ်။
Jacuzzi Villa
Jacuzzi Villa ကတော့ အသေးဆုံးပါ။ လူနှစ်ယောက် သက်တောင့်သက်သာနေနိုင်ပြီး ဥယျဉ်သေးသေးလေးရယ် အနားယူအပန်းဖြေဖို့ Jacuzzi တစ်ခုပါပါတယ်။
Villaတွေရဲ့ အမိုးကို Structure အဖွင့်ပုံစံလုပ်ထားပြီး အဓိကနေရာတွေမှာ အမိုးကို ပီပီပြင်ပြင်ထည့်ထားတယ်။ ကျန်တဲ့ နေရာတွေမှာတော့ အမိုးရဲ့ Structure တွေကို အလွတ်သဘောမျိုးထားလိုက်ပါတယ်။
Villa တွေအပြင် ဧည့်သည်တွေ အပန်းဖြေအနားယူပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်နိုင်ဖို့အတွက် Club House လည်းပါဝင်ပါတယ်။ Club House မှာ ဧည့်ခန်းပွဲတွေအတွက် သီးသန့်ခန်းမ၊ နောက်ပြီး Fitness Centre တွေပါထားရှိပါတယ်။ Club Houseရဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေ စိမ်းစိမ်းစိုစိုရှိနေတာကို အရှိအတိုင်း ထိန်းသိမ်းပြီး အဆောက်အဦးတစ်ခုလုံးကို သဘာဝအလင်းရောင်နဲ့ အပြင်မြင်ကွင်းအကျယ်ဆုံးရနိုင်ဖို့အတွက် မှန်တွေအများဆုံး သုံးထားပါတယ်။







7 ယောက်ကဒီလိုမြင်တယ်တဲ့...:
i don't know how i say "like like like!" :)
ဒီလို အိမ်မှာ အပန်းဖြေ ပြီးရင် တီချမ်း ချက်တာတွေစား
သူသူ တီ့ အိမ်ကျရင် မီးဖိုချောင် ကိုရှယ် လုပ်ပေးနော် နောက် စာကြည့်ခန်းကော ပဲ
ရှင့် ကို အလုပ်အပ်မယ်
ဈေးလျော့
စကားမစပ် ဟင်းသစ်ချင်ထားတယ်နော်
ဟွင်းဟွင်း.. တည်းပစ်လိုက်ရကွာ.....
တီ့အတွက်ကတော့... အလကားလုပ်ပေးမယ်.. ကျွန်တော်လိုအပ်ရင် တီအိမ့်ကလေးကို နာ၇ီပိုင်း ပြန်ငှားပေါ့...
craton>>> အလကားတည်းလို့ရတယ် ဘလော့ဟိုတယ် ဖွင့်တော့မယ်ဗျ
Look, xooooo cool,bro!
i like
Awesome!..:) Bravo
Post a Comment