တရုတ်ရိုးရာ ဓါတ်ကြီးငါးပါးဟာ ဖုန်းရွှေပညာအတွက် အသက်ဖြစ်သလို လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဇာတာတွက်ရာမှာလည်း အရမ်းကို အရေးပါလှပါတယ်။ အဲဒီဓါတ်ကြီးငါးပါးက အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ သတ္ထုဓါတ်
၂။ ရေဓါတ်
၃။ သစ်သားဓါတ်
၎။ မီးဓါတ်
၅။ မြေဓါတ်
သူ့သဘောတရားအရ အဲဒီဓါတ်ကြီး ၅ပါးက အချိန်ကာလတစ်ခုအနေနဲ့ ကြည့်လျင် စက္ကန့်ပိုင်းအတွင်းကနေ မိနစ်၊နာရီ၊ ရက်တွေ အထိ အဆင့်အဆင့် ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။ အဲဒီဓါတ်ကြီး၅ပါးထဲမှာမှ ကိုယ်နဲ့ သင့်တင့်လျောက်ပတ်တဲ့ ဓါတ်စိုးမိုးနေတဲ့ အချိန်ကာလရောက်လာတဲ့အခါမှာ လျက်တပြတ်အတွင်း အကြံကောင်း ဥာဏ်ကောင်းထွက်လာတာတွေ၊ ရုတ်တရက် ကံကောင်းသွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်နဲ့ မတည့်တဲ့ ဓါတ်တပါးပါး ၀င်လာလျင်တော့ ရုတ်တရက် ကံဆိုးတာတွေ၊ တခုခုလုပ်နေရင်းနဲ့ လမ်းစပျောက်သွားတာတွေ၊ သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဓါတ်ကြီးငါးပါးဟာ အရေးကြီးတဲ့ အခန်းမှာ ပါဝင်လာတာဖြစ်ပါတယ်။
လူတစ်ယောက်မှာ အေသွေး ဘီသွေး စသည်ဖြင့် သွေးအမျိုးမျိုးရှိပါတယ်။ အရေးပေါ်အချိန်မှာ ကိုယ့်သွေးဘာသွေးလည်းဆိုတာ ကြိုသိနေရင်ကောင်းသလိုပါပဲ။ မိမိမှာ ဘာဓါတ်ဆိုးမိုးသလဲဆိုတာလည်း တနေ့တာ အရေးကြီးတဲ့ လုပ်ငန်းတွေ လုပ်နေချိန်မှာ ဆောင်ရန် ရှောင်ရန်အတွက် သိထားနိုင်လျင် အကောင်းဆုံးပေါ့။
နောက်ပြီး Cycle of birth (ဓါတ်ကြီးငါးပါးမွေးဖွားမှုသံသရာ)၊ Cycle of Destruction (ဓါတ်ကြီးငါးပါးပျက်စီးမှုသံသရာ) တွေကို နားလည်ထားဖို့ လိုပါတယ်။

Cycle of birth (ဓါတ်ကြီးငါးပါးမွေးဖွားမှုသံသရာ)
သတ္ထုဓါတ်က မြေအောက်မှာ ရှိတဲ့ရေဓါတ်ကို အဟာရဖြစ်စေပါတယ်။
အဟာရပြည့်ဝနေတဲ့ ရေဓါတ်က သစ်သားဓါတ်၊ သစ်ပင်တွေကို စိမ်းလန်းစေပါတယ်။
သစ်သားဓါတ်က မီးဓါတ်ကို အရှိန်ဖြည့်ပေးပါတယ်။
မီးဓါတ်ကြောင့် ပြာဖြစ်သွားတဲ့ သစ်သားတွေက မြေဓါတ်ကို အဟာရဖြစ်စေပြန်ပါတယ်။
အဟာရဖြစ်နေတဲ့ မြေဓါတ်က အချိန်ကြာလာတဲ့အခါမှာ သတ္ထုဓါတ်တွေကို မွေးဖွားလိုက်ပါတယ်။
Cycle of Destruction (ဓါတ်ကြီးငါးပါးပျက်စီးမှုသံသရာ)
ဒီသံသရာမှာတော့ ဓါတ်တွေက တစ်ခုနဲ့တစ်ခု Control လုပ်ချင်လုပ်မလုပ်လျင် တိုက်ခိုက်ကြပါတယ်။
သတ္ထုဓါတ်က သစ်သားဓါတ်ကို ခုတ်ပါတယ်။
သစ်သားဓါတ်က သစ်မြစ်လို မြေဓါတ်ထဲကို ထိုးဝင်တယ်။
မြေဓါတ်က ရေကို စုပ်ယူပါတယ်။
ရေဓါတ်က မီးဓါတ်စွမ်းအားကို ကျစေတယ်။
မီးဓါတ်က သတ္ထုတွေကို အရည်ပျော်စေပါတယ်။
ဘယ်အချိန်မှာ ဘယ်လိုဓါတ်တွေ စိုးမိုးသလဲဆိုတာ တိုက်စစ်ဖို့ Hsia Calendar ရှားပြက္ခဒိန်ကို အသုံးပြုရပါတယ်။ အဲဒီပြက္ခဒိန်မှာ အချိန်ကာလတစ်ခုချင်းစီမှာ ဘာဓါတ်ဆိုးမိုးသလဲဆိုတာ အသေးစိတ်ရေးထားပါတယ်။ (စာဖတ်သူတို့ Hsia Calendar 1928-2048 by Vincent Koh, Asiapac books publish, Singapore Feng Shui centre 2009 ကို ၀ယ်ယူလေ့လာနိုင်ပါတယ်)။ ဒါမှမဟုတ် http://bazi.destinyempire.com/web-bazi/ မှာလည်း ကိုယ့်မွေးသက္ကရာဇ်ကို ရိုက်ထည့်ပြီး စစ်လို့ရပါတယ်။ အလွယ်နည်းပါ။ မွေးသက္ကရာဇ်ရိုက်ထည့်ပြီးလျင် အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။
တရုတ်လို ပ-ဇိစ်ျ Bazi- 4 Pillar of Destiny လို့ခေါ်ပါတယ်။ မွေးချိန်၊ မွေးရက်၊ မွေးလ၊ မွေးနှစ်ဆိုပြီး ရှိပါတယ်။ မွေးရက်ရဲ့ အပေါ်ဆုံးဇယားကို ကောင်းကင်ဘုံနက္ခတ် (Havenly Stam) လို့ခေါ်ပြီး အောက်ကဇယားကို မြေနက္ခတ်(Earthly Stam)လို့ခေါ်ပါတယ်။ ကောင်းကင်ဘုံနက္ခတ်က မွေးရက်မှာ ရှိတဲ့ ဓါတ်ကြီးက မိမိကိုယ်ပိုင်ဓါတ်ပါ။ မိမိကိုယ်ပိုင်ဓါတ်က အားပြည့်မပြည့်ကို မြေနက္ခတ်မှာရှိတဲ့ မွေးလကို ကြည့်ပြီး ပထမဆုံးအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုဆွဲလို့ရပါတယ်။
ဥပမာ.. အထက်ပါ ဇာတာရှင်က(မွေးရက်မှာ) သတ္ထုဓါတ်ပိုင်ရှင်ဖြစ်ပါတယ်။ မွေးလမှာတော့ သစ်သားဓါတ်စိုးမိုးပါတယ်။ cycle of destruction(အဖျက်) အရ၊ သတ္ထုက သစ်သားကို ခုတ်ပါတယ်။ အဲဒီတော့ ဇာတာရှင်ရဲ့ သတ္ထုဓါတ်က (ဇာတာမှာ သစ်သားဓါတ်တွေ အများကြီး) ရှိတဲ့ သစ်သားကို ခုတ်နေရတဲ့အတွက် Weak အားနည်းနေပါတယ်။ သတ္ထုဓါတ်အားပြန်ပြည့်ဖို့ ပထမဆုံး သတ္ထုဓါတ်တွေ လိုပါတယ်။ ဒုတိယအနေနဲ့ သတ္ထုကို မွေးဖွားပေးမယ့် မြေဓါတ်လိုပါတယ်။ အဲဒီလို အားနည်း၊အားသာချက်တွေကြည့်ပြီး ဇာတာရှင်ရဲ့ လိုအပ်တဲ့ ဓါတ်သဘောကို ရရှိပါလိမ့်မယ်။ တခါတလေ မိမိလိုအပ်နေတာက မိမိကို ထောက်ပံ့ပေးနိုင်တဲ့ Cycle of birth (ဓါတ်ကြီးငါးပါးမွေးဖွားမှုသံသရာ)က ဓါတ်ဖြစ်သလို၊ တခါတလေ မိမိရဲ့ ရန်ဘက် Cycle of Destruction (ဓါတ်ကြီးငါးပါးပျက်စီးမှုသံသရာ)က ဓါတ်တစ်ပါးပါး ဖြစ်ပါလိမ့်မယ်။
(အသေးစိတ်ကိုတော့ နောက်ပိုင်းပို့စ်တွေမှာ အချိန်ရသလို ရေးသွားပေးပါ့မယ်)

သက်ဆိုင်ရာပို့စ်များ
တရုတ်ရိုးရာ ဖုန်းရွှေပညာ Feng Shui
(အသေးစိတ်ကိုတော့ နောက်ပိုင်းပို့စ်တွေမှာ အချိန်ရသလို ရေးသွားပေးပါ့မယ်)
စာရေးသူသည် ဖုန်းရွှေဝေါဟာရများကို မြန်မာလို ဘယ်လိုခေါ်သလဲဆိုတာ မကြေညက်သေးပါ။ အကယ်၍ စကားလုံးများကို မှားယွင်းစွာ အသုံးချခဲ့လျင် ကွန်မန့်တွင် ပြန်လည်ထောက်ပြပေးရန် မေတ္တာရပ်ခံပါသည်။

4 ယောက်ကဒီလိုမြင်တယ်တဲ့...:
မျှော်နေတာ ကြာပြီဖြစ်တဲ့ ပို့စ်း)
တီ သိသလောက်
ဖုန်းရွှေ ဆိုတာမှာ (ဖုန်းက လေ ကိုပြောတာဖြစ်ပြီးတော့ ရွှေ (အမှန်က ဆွေ လို့ အသံထွက်ပါတယ်) က ရေ ကိုပြောတာဖြစ်ပါတယ်)
ကျင်း- ရွှေ ကိုပြောတာဖြစ်တယ် (သတ္တုပေါ့)
မု- သစ်သားပါ
ဆွေ- ရေ
ဟော်- မီး
ထူ- မြေ ကိုပြောတာဖြစ်ပါတယ်
အဲ့တာတွေ က သူသူပြောတာတွေအပြင် သူက လူ့ဘဝ ရဲ့ အရေးအခင်းတွေနဲ့ ဆိုင်ပါတယ်
နောက် ပါ့ကွ ဆိုတာ ရှိသေးတယ် သူက အန္တရာယ် ကင်ဘေးရှင်းအောင် လုပ်တာပါ တရုတ်အိမ်တွေမှာ တံခါးပေါ်မှာ ချိတ်ထားတတ်တဲ့ အပြားလေးတွေလေ
နောက် တခုရှိသေးတာ က ရင်း/ယန် လို့ ခေါ်တဲ့ အဖြူ အမဲ အလယ်က လိမ်လိမ်လေးနဲ့ ဟာပါ သူကတော့ ပြောတာ က ရင်း ဆိုရင် ငရဲ မကောင်းဆိုးဝါးပေါ့ ယန်က တော့ လူ့ ဘဝ ကိုပြောတာပါ ပါ့ကွ အလည်တွေမှာ တခါတခါ ရှိတယ် အဲ့တာ က သရဲတားတာ ဘာညာပေါ့ အဲ့လို ယုံကြည်ကြတယ်
သူသူ တရုတ်လို လေ့လာရင် ပိုလွယ်မယ် ပြောလို့ ပြောတာ မဟုတ်ဘူး စလုံးတရုတ်တွေ ရေးတဲ့ အင်္ဂလိပ်စာအုပ်တွေဘတ်ရတာ တကယ်ခေါင်းနောက်တယ်
တီလဲသိသလောက် ရွှီး သွားတယ်
တီရေ.. နောက်ပိုင်းမှာ တီပြောထားတာလေးတွေ ဆက်ရေးသွားဦးမယ်.. တီ့လို တရုတ်လို ဖတ်တတ်ရင် ကောင်းမယ်..
နောက်ပိုင်းမှာ တီ့ကို ထပ်ပြီး ခေါင်းနောက်ဦးမယ်
သင်ပါ့လား မိသူ
စလုံးမှာ နေနေပြီးတော့
တီ့ လို ရည်းစားတွေ လျောက်ထားပလိုက်လေ
တီက ဒီနည်းနဲ့ပဲ ဘာသာ စကား ၅ မျိုးလောက် တတ်လာတာ ငှဲလျောင်း ငှဲလျောင်း
Post a Comment