HBO Channel က လွှင့်တဲ့ တီဗွီဇာတ်လမ်းတစ်ပုဒ်ပါ။ အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးတင်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ သူမနာမည်က Temple Grandin။ ဂရန်ဒင်လို့ပဲ အများက ခေါ်ကြပါတယ်။ ဂရန်ဒင်က နွားသတ်စက်ရုံမှာ အသတ်ခံရမယ့်နွားတွေရဲ့ နောက်ဆုံးချိန်မှာ ကြောက်ရွံ့ထိတ်လန့်မှုတွေကို ပြေပျောက်လျော့ပါးသွားမယ့်နည်းလမ်းသာမကဘူး၊ လူတွေရဲ့ စိတ်မွန်းကြပ်မှုကို လျော့ပါးသွားစေမယ့် ထွေးပွေ့စက် hug machine ကို တီထွင်ခဲ့ပါတယ်။ တိုင်းမ်စ်မဂ္ဂဇင်းရဲ့ ၂၀၁၀ခုနှစ် ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးအမျိုးသမီး ၁၀၀ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဂရန်ဒင်က တခြားအမျိုးသမီးတွေလိုသာမန်မဟုတ်ပါဘူး၊ ပတ်ဝန်းကျင်နဲ့ပုံမှန် လိုက်လျောညီထွေမှု တုံ့ပြန်နိုင်မှု မရှိတဲ့ Autismဆိုတဲ့ စိတ်ရောဂါရှင်ပါ။
ဂရန်ဒင်ကို ၁၉၄၇မှာ မွေးဖွားခဲ့ပြီး ၁၉၅၀မှာ Autism ရောဂါရှိမှန်း သိခဲ့တယ်။ ဂရန်ဒင်ကမွေးကတည်းက စကားသိပ်မပြောဘူး၊ ကစားတတ်တဲ့အရွယ်မှာလည်း တခြားကလေးတွေလို မလှုပ်ရှားဘဲ ငြိမ်ကုတ်နေတတ်တယ်။ နှစ်နှစ်သမီးအရွယ်လောက်အရောက်မှာတော့ ဦးဏှောက်ထိခိုက်တဲ့ ရောဂါပါထပ်ရပြန်ပါတယ်။ အမေလုပ်တဲ့သူက သမီးလေးစကားပြောတတ်ဖို့အတွက် နာစ်မတစ်ယောက်ကို ငှားပြီး အနီးကပ်သင်ပေးပြန်ပါတယ်။ သူမ လေးနှစ်သမီးအရွယ်ရောက်မှ စကားပြန်ပြောလာပြီး တိုးတက်လာတယ်လို့ဆိုရမှာပဲ။ ဒါပေမယ့် Austismဖြစ်နေတဲ့ ကလေးငယ်လေးတွေအတိုင်း သီးသန့်ဆန်ဆန်နေနေပါသေးတယ်။
Autism ဆိုတဲ့ ရောဂါကို Social Disorder လူမှုဆက်ဆံရေး ပုံမှန်မဟုတ်သည့်ရောဂါ လို့ခေါ်ပါတယ်။ များသောအားဖြင့် အဲဒီကလေးတွေဟာ သူ့တို့ကမ္ဘာမှာ သူတို့တစ်ယောက်တည်း သီးသန့်ဆန်နေတတ်ကြပါတယ်။ သူများတွေနဲ့ မရောနှောသလို သူတို့ကိုလည်း အများက လာပြီးရောရောနှောနှောလုပ်တာကို မနှစ်သက်ကြပါဘူး။ မိဘတွေခမျာမှာလည်း ကိုယ့်ခလေးမှာ Autism ဖြစ်နေပြီဆိုလျှင် အရမ်းပန်ပမ်းတတ်ကြပါတယ်။ စိတ်ဓါတ်ပုံမှန်မဖြစ်တဲ့ကလေးတွေ ကိုယ်အင်္ဂါချို့တဲ့တဲ့ကလေးတွေလောက် ခက်ခက်ခဲခဲမရှိပေမယ့် ကလေးက ပုံမှန်လို့ထင်ရပြီး ပုံမှန်မဟုတ်တဲ့အတွက် ပတ်ဝန်းကျင်နဲ့ ထိတွေ့မှု ရှိအောင် လက်တွဲခေါ်ယူရတာ ထင်သလောက်မလွယ်ကူပါဘူး။
ဂရန်ဒင်ရဲ့ အလယ်တန်း အထက်တန်းကျောင်းသူဘ၀ဟာ အတော့်ကိုခက်ခဲလှပါတယ်။ သူမက ဥာဏ်ရည်ထက်မြက်ပေမယ့် သူမရဲ့ ကြောင်တောင်တောင် အထီးကျန်နိုင်လှတဲ့ အပြုအမူကြောင့် ကျောင်းသားတွေရဲ့ နောက်ပြောင်ခြင်းကိုခံခဲ့ရတယ်။ စကားတစ်လုံးကို ထပ်ကာတလဲလဲပြောလွန်းလို့ တိတ်ရစ်ကော်ဒါဆိုပြီး နာမည်ပြောင်လည်း အခေါ်ခံရပါတယ်။ ဒါပေမယ့်တစ်ခုသော နွေရာသီအားလပ်ရက်မှာတော့ ဂရန်ဒင်ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲစေခဲ့ပါတယ်။
အဲဒီအားလပ်ရက်မှာ ဂရန်ဒင်တစ်ယောက် အဒေါ်ရှိတဲ့ တောမှာ လာနေတယ်။ အဒေါ်အိမ်က နွားမွေးမြူခြံနဲ့ ကပ်ရပ်ဆိုတော့ မွေးမြူရေးနွားတွေရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို တွေ့နေရတယ်။ နွးတွေသတ်ခါနီးဆို နွားကျောင်းသမားက တစ်ကောင်ချင်းစီဖြစ်အောင် ကျုံးသွင်းသလို ကျုံးသွင်းပါတယ်။ အဲဒီလို ကျုံးသွင်းတဲ့အခါ နွားတွေရဲ့ ကြွက်သားတွေကို တင်းတင်းရင်းရင်းဖြစ်အောင် ကျုံးထဲမှာ ရေတွေထည့်ထားတယ်။ ဒါပေမယ့်နွားတွေက သူတို့သတ်ခံရတော့မယ်မှန်းသိတဲ့အခါ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲဖြတ်ကူးတဲ့အခါ ရေနစ်သေတာတွေရှိပါတယ်။ အဲဒီရေကိုဖြတ်ကူးပြီးတဲ့အခါမှာ သံလှောင်အိမ်လိုနေရာကို နွားတစ်ကောင်ချင်းစီရောက်လာတယ်။ ရောက်လာတဲ့နွားက အဲဒီလှောင်အိမ်ကိုဖြတ်ပြီးခေါင်းလေးပဲ အပြင်ရောက်တဲ့အချိန်မှာ လှောင်အိမ်ကို ပိတ်လိုက်ပါတယ်။ နောက်ပြီးဘေးနှစ်ဖက်က လှောင်အိမ်နံရံနှစ်ခုဖြင့် နွားခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းစီညှပ်ထားတယ်။ လှောင်အိမ်ကနေ ခေါင်းလေးပြူထွက်နေတဲ့ နွားက ကြောက်အားလန့်အားရုန်းနေရင်းကနေ ငြိမ်သွားတယ်။ သဘောက အဲဒီလှောင်အိမ်က ထိတ်လန့်နေတဲ့စိတ်ကို ငြိမ်သက်အောင်လုပ်ပေးလိုက်ပါတယ်။ ငြိမ်သက်သွားပြီဆိုတော့မှ နွားသတ်သမားက အဲဒီနွားကို သားသတ်ရုံထဲမှာလွယ်လွယ်ပဲ သတ်လိုက်ပါတော့တယ်။
ဂရန်ဒင်ကအဲဒီလိုနွားတွေရဲ့ အဖြစ်ကို တွေ့ပြီး စိတ်မကောင်းဖြစ်လာတယ်။ နွားတွေနဲ့ နီးနီးကပ်ကပ်နေပြီး နွားတွေအကြောင်းကို ပိုပြီးလေ့လာတယ်။ ဒါပေမယ့် ကောလိပ်ကျောင်းတွေဖွင့်တော့ သူမကျောင်းပြန်တက်ရတယ်။ ကျောင်းတက်တဲ့အခါ ထုံးစံအတိုင်း အဆင်မပြေလှပါဘူး။ ပိုဆိုးတာက ဘော်ဒါဆောင်မှာ ကျောင်းသူတစ်ယောက်နဲ့ အတူတူတွဲနေရမယ့်အဖြစ်ပါပဲ။ အဲဒါကြောင့် တောမှာ တွေ့ခဲ့တဲ့ နွားတွေရဲ့ လှောင်အိမ်ကိုသတိရပြီး၊ ထွေးပွေ့စက်ကိုတီထွင်ပါတယ်။ ဂရန်ဒင်ငယ်ငယ်ကတည်းက တခြားသူတွေမပြောနဲ့ အမေလုပ်တဲ့သူတောင် ထွေးပွေ့တာကိုတောင် မခံတတ်ပါဘူး။ ဒါပေမယ့် ထွေးပွေ့စက်ထဲကိုဝင်၊ ခေါင်းလေးပြူပြီး နွားတစ်ကောင်လို စိတ်ငြိမ်အောင်လုပ်ပါတယ်။ ဒါပေမယ့် ဘော်ဒါဆောင်က ဂရန်ဒင်ရဲ့ ထွေးပွေ့စက်ကို အခန်းဖော်ကို အနှောင့်အယှက်ပေးတယ်ဆိုပြီး ဖျက်ဆီးပစ်ပါတယ်။ သူမကလည်း အဲဒီစက်ကို ပြန်ထွင်ပါတယ်။ ဒီတစ်ခါထွင်ပြီး ကျောင်းသားတွေကို သုံးကြည့်ပြီးမှတ်တမ်းတင်ပါတယ်။ တချို့အတွက် ဘာမှ မထူးဘူး။ တချို့အတွက်တော့ သက်တောင့်သက်သာရှိတယ်။ တချို့အတွက်တော့ အရမ်းပဲ စိတ်နွမ်းနယ်ပြေစေပါတယ်။ ဒါပေမယ့် သာမန်ကောလိပ်ကျောင်းတွေက သူမအတွက်အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ကျောင်းတစ်ကျောင်းကိုရောက်ပြီး သူမလိုချင်တဲ့ သိပ္ပံပညာကို သေသေချာချာသင်ခွင့်ရခဲ့တယ်။ သူမကံကောင်းတာက သူမအပေါ်နားလည်မှုပေးနိုင်တဲ့ ဆရာတစ်ယောက်ကို ရရှိခဲ့ပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ရတဲ့အချိန်မှာ နွားမွေးမြူရေးစခန်းထဲမှာ အလုပ်ဝင်လုပ်တယ်။ နွားတွေအကြောင်းလေ့လာတယ်။ တခါတလေ သူမကိုယ်သူမ နွားတစ်ကောင်လိုတောင် သတ်မှတ်လိုက်ပါသေးတယ်။ နောက်ပိုင်းမှာ အခက်အခဲတွေကြားကနေ အကွေ့အကောက်တွေနဲ့ ဖန်တီးထားတဲ့ နွားခြံစည်းရိုးတစ်ခုကို ဒီဇိုင်းဆွဲခဲ့ပါတယ်။ အဲဒီခြံစည်းရိုးကနေမောင်းနှင်ပြီး သားသတ်သမားဆီကို အပို့ခံရမယ့်နွားတွေရဲ့ တုန်လှုပ်ခြောက်ခြားမှုကို လျော့ချစေနိုင်ဖို့ပါပဲ။
Temple Grandin ဇာတ်ကားမှ ဇာတ်ဝင်ခန်း၊ ဂရန်ဒင်က သူမရဲ့ စက်ကို တခြားသူတွေကို လက်တွေ့စမ်းခိုင်းပြီး တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်ကို လေ့လာနေပုံ
ဂရန်ဒင်ဒီဇိုင်းဆွဲထားတဲ့ ခြံစည်းရိုး၊ ခြံစည်းရိုးအစက ပုံမှန်ပါပဲ။ သစ်သားတွေနဲ့ ခြံခတ်ထားပြီး တဖြေးဖြေးနဲ့ နွားတွေကို လိမ္မော်ရောင် ခြံစည်းရိုးထဲကို သွင်းလာပါတယ်။ အဲဒီကနေတဆင့် ပုံရဲ့ ညာဘက်မှာ မြင်နေရတဲ့ သားသတ်ရုံထဲကို ပို့ပါတယ်။
လိမ္မော်ရောင်ခြံထဲက နွားတွေက တကောင်ချင်းစီ အေးအေးသက်သာ လမ်းလျှောက်သွားပြီး နောက်ဆုံးမှာ သံဘားတန်းနားကို ရောက်လာတယ်။ နွားတွေက အဲဒီဘားတန်းပေါ်ကို ခွရက်သားပါလာပြီး နောက်ဆုံးမှာ သားသတ်သမားဆီရောက်ပါတယ်။ ဂရန်ဒင်ရဲ့ ရည်မှန်းချက်က တိရစ္ဆာန်ပင်ဖြစ်လင့်ကစား၊ လူတွေကအစားအသောက်တစ်ခုအနေနဲ့ သတ်မှတ်ရင်တောင် သူတို့ရဲ့ နောက်ဆုံးချိန်လေးကို လေးစားရမယ်လို့ ဆိုပါတယ်။
Tample Grandin ရုပ်ရှင်ဇာတ်လမ်းက ရုပ်ရှင်တကားထက် Autism ဖြစ်နေတဲ့ ကလေးတွေကို ဘယ်လိုပြုစုရမယ်။ အဲဒီကလေးတွေမှာ သာမန်လူတွေထက် ထူးခြားတဲ့ အသိအမြင်တွေ ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ဒီဇာတ်ကားမှာ အချစ်ဆိုတာလည်း မပါဘူး။ ရင်ခုန်မှုဆိုတာကိုလည်း မပါဘူး။ နွားတွေနဲ့ ဂရန်ဒင်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ Austism ဖြစ်နိုင်တဲ့ ကလေးအရေအတွက်ကလည်း ကမ္ဘာပေါ်မှာ တနေ့တခြားများပြားလာပါတယ်။ နိုင်ငံခြားမှာတော့ Autism ဖြစ်နေတဲ့ကလေးတွေအတွက် ပညာရေးနဲ့လူမှုရေးလက်တွဲ ခေါ်ယူမှု ပရိုဂရမ်တွေရှိနေပေမယ့် ကျွန်တော်တို့ မြန်မာပြည်မှာတော့ မကြားမိသေးပါဘူး။
ရုပ်ရှင်ထဲကဇတ်ကောင် မူရင်းဂရန်ဒင်ကတော့ အခုထက်ထိ အမေရိကန်နိုင်ငံ ကော်လိုရာဒိုတက္ကသိုလ်မှာ ပရော်ဖက်ဆာတစ်ယောက်အနေနဲ့ တရိစ္ဆာန်သိပ္ပံပညာကို သင်ကြားနေပြီး Autism Organizationမှာ ထဲထဲဝင်ဝင်လုပ်ကိုင်နေဆဲပါပဲ။ ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်ခဲ့တဲ့ Claire Danes ကတော့ ဒီဇာတ်လမ်းနဲ့ ယခုနှစ်၂၀၁၁ခုနှစ် ရွှေကမ္ဘာလုံးဆုကို ရရှိသွားပါတယ်။
ဂရန်ဒင်ကို ၁၉၄၇မှာ မွေးဖွားခဲ့ပြီး ၁၉၅၀မှာ Autism ရောဂါရှိမှန်း သိခဲ့တယ်။ ဂရန်ဒင်ကမွေးကတည်းက စကားသိပ်မပြောဘူး၊ ကစားတတ်တဲ့အရွယ်မှာလည်း တခြားကလေးတွေလို မလှုပ်ရှားဘဲ ငြိမ်ကုတ်နေတတ်တယ်။ နှစ်နှစ်သမီးအရွယ်လောက်အရောက်မှာတော့ ဦးဏှောက်ထိခိုက်တဲ့ ရောဂါပါထပ်ရပြန်ပါတယ်။ အမေလုပ်တဲ့သူက သမီးလေးစကားပြောတတ်ဖို့အတွက် နာစ်မတစ်ယောက်ကို ငှားပြီး အနီးကပ်သင်ပေးပြန်ပါတယ်။ သူမ လေးနှစ်သမီးအရွယ်ရောက်မှ စကားပြန်ပြောလာပြီး တိုးတက်လာတယ်လို့ဆိုရမှာပဲ။ ဒါပေမယ့် Austismဖြစ်နေတဲ့ ကလေးငယ်လေးတွေအတိုင်း သီးသန့်ဆန်ဆန်နေနေပါသေးတယ်။
Autism ဆိုတဲ့ ရောဂါကို Social Disorder လူမှုဆက်ဆံရေး ပုံမှန်မဟုတ်သည့်ရောဂါ လို့ခေါ်ပါတယ်။ များသောအားဖြင့် အဲဒီကလေးတွေဟာ သူ့တို့ကမ္ဘာမှာ သူတို့တစ်ယောက်တည်း သီးသန့်ဆန်နေတတ်ကြပါတယ်။ သူများတွေနဲ့ မရောနှောသလို သူတို့ကိုလည်း အများက လာပြီးရောရောနှောနှောလုပ်တာကို မနှစ်သက်ကြပါဘူး။ မိဘတွေခမျာမှာလည်း ကိုယ့်ခလေးမှာ Autism ဖြစ်နေပြီဆိုလျှင် အရမ်းပန်ပမ်းတတ်ကြပါတယ်။ စိတ်ဓါတ်ပုံမှန်မဖြစ်တဲ့ကလေးတွေ ကိုယ်အင်္ဂါချို့တဲ့တဲ့ကလေးတွေလောက် ခက်ခက်ခဲခဲမရှိပေမယ့် ကလေးက ပုံမှန်လို့ထင်ရပြီး ပုံမှန်မဟုတ်တဲ့အတွက် ပတ်ဝန်းကျင်နဲ့ ထိတွေ့မှု ရှိအောင် လက်တွဲခေါ်ယူရတာ ထင်သလောက်မလွယ်ကူပါဘူး။
ဂရန်ဒင်ရဲ့ အလယ်တန်း အထက်တန်းကျောင်းသူဘ၀ဟာ အတော့်ကိုခက်ခဲလှပါတယ်။ သူမက ဥာဏ်ရည်ထက်မြက်ပေမယ့် သူမရဲ့ ကြောင်တောင်တောင် အထီးကျန်နိုင်လှတဲ့ အပြုအမူကြောင့် ကျောင်းသားတွေရဲ့ နောက်ပြောင်ခြင်းကိုခံခဲ့ရတယ်။ စကားတစ်လုံးကို ထပ်ကာတလဲလဲပြောလွန်းလို့ တိတ်ရစ်ကော်ဒါဆိုပြီး နာမည်ပြောင်လည်း အခေါ်ခံရပါတယ်။ ဒါပေမယ့်တစ်ခုသော နွေရာသီအားလပ်ရက်မှာတော့ ဂရန်ဒင်ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲစေခဲ့ပါတယ်။
အဲဒီအားလပ်ရက်မှာ ဂရန်ဒင်တစ်ယောက် အဒေါ်ရှိတဲ့ တောမှာ လာနေတယ်။ အဒေါ်အိမ်က နွားမွေးမြူခြံနဲ့ ကပ်ရပ်ဆိုတော့ မွေးမြူရေးနွားတွေရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို တွေ့နေရတယ်။ နွးတွေသတ်ခါနီးဆို နွားကျောင်းသမားက တစ်ကောင်ချင်းစီဖြစ်အောင် ကျုံးသွင်းသလို ကျုံးသွင်းပါတယ်။ အဲဒီလို ကျုံးသွင်းတဲ့အခါ နွားတွေရဲ့ ကြွက်သားတွေကို တင်းတင်းရင်းရင်းဖြစ်အောင် ကျုံးထဲမှာ ရေတွေထည့်ထားတယ်။ ဒါပေမယ့်နွားတွေက သူတို့သတ်ခံရတော့မယ်မှန်းသိတဲ့အခါ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲဖြတ်ကူးတဲ့အခါ ရေနစ်သေတာတွေရှိပါတယ်။ အဲဒီရေကိုဖြတ်ကူးပြီးတဲ့အခါမှာ သံလှောင်အိမ်လိုနေရာကို နွားတစ်ကောင်ချင်းစီရောက်လာတယ်။ ရောက်လာတဲ့နွားက အဲဒီလှောင်အိမ်ကိုဖြတ်ပြီးခေါင်းလေးပဲ အပြင်ရောက်တဲ့အချိန်မှာ လှောင်အိမ်ကို ပိတ်လိုက်ပါတယ်။ နောက်ပြီးဘေးနှစ်ဖက်က လှောင်အိမ်နံရံနှစ်ခုဖြင့် နွားခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းစီညှပ်ထားတယ်။ လှောင်အိမ်ကနေ ခေါင်းလေးပြူထွက်နေတဲ့ နွားက ကြောက်အားလန့်အားရုန်းနေရင်းကနေ ငြိမ်သွားတယ်။ သဘောက အဲဒီလှောင်အိမ်က ထိတ်လန့်နေတဲ့စိတ်ကို ငြိမ်သက်အောင်လုပ်ပေးလိုက်ပါတယ်။ ငြိမ်သက်သွားပြီဆိုတော့မှ နွားသတ်သမားက အဲဒီနွားကို သားသတ်ရုံထဲမှာလွယ်လွယ်ပဲ သတ်လိုက်ပါတော့တယ်။
ဂရန်ဒင်ကအဲဒီလိုနွားတွေရဲ့ အဖြစ်ကို တွေ့ပြီး စိတ်မကောင်းဖြစ်လာတယ်။ နွားတွေနဲ့ နီးနီးကပ်ကပ်နေပြီး နွားတွေအကြောင်းကို ပိုပြီးလေ့လာတယ်။ ဒါပေမယ့် ကောလိပ်ကျောင်းတွေဖွင့်တော့ သူမကျောင်းပြန်တက်ရတယ်။ ကျောင်းတက်တဲ့အခါ ထုံးစံအတိုင်း အဆင်မပြေလှပါဘူး။ ပိုဆိုးတာက ဘော်ဒါဆောင်မှာ ကျောင်းသူတစ်ယောက်နဲ့ အတူတူတွဲနေရမယ့်အဖြစ်ပါပဲ။ အဲဒါကြောင့် တောမှာ တွေ့ခဲ့တဲ့ နွားတွေရဲ့ လှောင်အိမ်ကိုသတိရပြီး၊ ထွေးပွေ့စက်ကိုတီထွင်ပါတယ်။ ဂရန်ဒင်ငယ်ငယ်ကတည်းက တခြားသူတွေမပြောနဲ့ အမေလုပ်တဲ့သူတောင် ထွေးပွေ့တာကိုတောင် မခံတတ်ပါဘူး။ ဒါပေမယ့် ထွေးပွေ့စက်ထဲကိုဝင်၊ ခေါင်းလေးပြူပြီး နွားတစ်ကောင်လို စိတ်ငြိမ်အောင်လုပ်ပါတယ်။ ဒါပေမယ့် ဘော်ဒါဆောင်က ဂရန်ဒင်ရဲ့ ထွေးပွေ့စက်ကို အခန်းဖော်ကို အနှောင့်အယှက်ပေးတယ်ဆိုပြီး ဖျက်ဆီးပစ်ပါတယ်။ သူမကလည်း အဲဒီစက်ကို ပြန်ထွင်ပါတယ်။ ဒီတစ်ခါထွင်ပြီး ကျောင်းသားတွေကို သုံးကြည့်ပြီးမှတ်တမ်းတင်ပါတယ်။ တချို့အတွက် ဘာမှ မထူးဘူး။ တချို့အတွက်တော့ သက်တောင့်သက်သာရှိတယ်။ တချို့အတွက်တော့ အရမ်းပဲ စိတ်နွမ်းနယ်ပြေစေပါတယ်။ ဒါပေမယ့် သာမန်ကောလိပ်ကျောင်းတွေက သူမအတွက်အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ကျောင်းတစ်ကျောင်းကိုရောက်ပြီး သူမလိုချင်တဲ့ သိပ္ပံပညာကို သေသေချာချာသင်ခွင့်ရခဲ့တယ်။ သူမကံကောင်းတာက သူမအပေါ်နားလည်မှုပေးနိုင်တဲ့ ဆရာတစ်ယောက်ကို ရရှိခဲ့ပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ရတဲ့အချိန်မှာ နွားမွေးမြူရေးစခန်းထဲမှာ အလုပ်ဝင်လုပ်တယ်။ နွားတွေအကြောင်းလေ့လာတယ်။ တခါတလေ သူမကိုယ်သူမ နွားတစ်ကောင်လိုတောင် သတ်မှတ်လိုက်ပါသေးတယ်။ နောက်ပိုင်းမှာ အခက်အခဲတွေကြားကနေ အကွေ့အကောက်တွေနဲ့ ဖန်တီးထားတဲ့ နွားခြံစည်းရိုးတစ်ခုကို ဒီဇိုင်းဆွဲခဲ့ပါတယ်။ အဲဒီခြံစည်းရိုးကနေမောင်းနှင်ပြီး သားသတ်သမားဆီကို အပို့ခံရမယ့်နွားတွေရဲ့ တုန်လှုပ်ခြောက်ခြားမှုကို လျော့ချစေနိုင်ဖို့ပါပဲ။
Temple Grandin ဇာတ်ကားမှ ဇာတ်ဝင်ခန်း၊ ဂရန်ဒင်က သူမရဲ့ စက်ကို တခြားသူတွေကို လက်တွေ့စမ်းခိုင်းပြီး တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်ကို လေ့လာနေပုံ
ဂရန်ဒင်ဒီဇိုင်းဆွဲထားတဲ့ ခြံစည်းရိုး၊ ခြံစည်းရိုးအစက ပုံမှန်ပါပဲ။ သစ်သားတွေနဲ့ ခြံခတ်ထားပြီး တဖြေးဖြေးနဲ့ နွားတွေကို လိမ္မော်ရောင် ခြံစည်းရိုးထဲကို သွင်းလာပါတယ်။ အဲဒီကနေတဆင့် ပုံရဲ့ ညာဘက်မှာ မြင်နေရတဲ့ သားသတ်ရုံထဲကို ပို့ပါတယ်။
လိမ္မော်ရောင်ခြံထဲက နွားတွေက တကောင်ချင်းစီ အေးအေးသက်သာ လမ်းလျှောက်သွားပြီး နောက်ဆုံးမှာ သံဘားတန်းနားကို ရောက်လာတယ်။ နွားတွေက အဲဒီဘားတန်းပေါ်ကို ခွရက်သားပါလာပြီး နောက်ဆုံးမှာ သားသတ်သမားဆီရောက်ပါတယ်။ ဂရန်ဒင်ရဲ့ ရည်မှန်းချက်က တိရစ္ဆာန်ပင်ဖြစ်လင့်ကစား၊ လူတွေကအစားအသောက်တစ်ခုအနေနဲ့ သတ်မှတ်ရင်တောင် သူတို့ရဲ့ နောက်ဆုံးချိန်လေးကို လေးစားရမယ်လို့ ဆိုပါတယ်။ရုပ်ရှင်ထဲကဇတ်ကောင် မူရင်းဂရန်ဒင်ကတော့ အခုထက်ထိ အမေရိကန်နိုင်ငံ ကော်လိုရာဒိုတက္ကသိုလ်မှာ ပရော်ဖက်ဆာတစ်ယောက်အနေနဲ့ တရိစ္ဆာန်သိပ္ပံပညာကို သင်ကြားနေပြီး Autism Organizationမှာ ထဲထဲဝင်ဝင်လုပ်ကိုင်နေဆဲပါပဲ။ ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်ခဲ့တဲ့ Claire Danes ကတော့ ဒီဇာတ်လမ်းနဲ့ ယခုနှစ်၂၀၁၁ခုနှစ် ရွှေကမ္ဘာလုံးဆုကို ရရှိသွားပါတယ်။

12 ယောက်ကဒီလိုမြင်တယ်တဲ့...:
နွားသတ်တဲ့ ကိရိယာတခုကို တီထွင်ခဲ့သူဟာ နွားတွေအပေါ်သနားကြင်နာတဲ့စိတ်နဲ့ အဲဒီကိရိယာကို တီထွင်ခဲ့တယ်လို့ ပြောလိုက်ရင် ရုတ်တရက်ဆို နားလည်နိုင်မှာမဟုတ်ဘူး။
This is the one of the best stories showing odd things going on in this world.
ဒီလိုသရုပ်ကန် အမှန်ကို မြင်တတ်ပြီး ရုပ်ရှင်အနေနဲ့ တင်ပြပေးတဲ့ သူတွေဟာ လေးစားစရာပဲ။ ထို့အတူ မြန်မာစာဖတ်ပရိတ်သတ်အတွက်တင်ပြပေးတဲ့ ဘလော့ရှင်ကို အထူးကျေးဇူးပါ။
ကျေးဇူးပါပဲ ကိုကျော်ထင်..
သိပ်စိတ်ဝင်စားစရာကောင်းတယ်။
ကျေးဇူးပဲ။
စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ ကွန်မန့်မှာ ကိုကျော်ထင် ပြောခဲ့ တာကိုလဲ သဘောကျတယ်။
အလွန်တရာမှာ သင့်လျှော်မှန်ကန်တဲ့ တီထွင်မှူ့ပါ..
"နွားတွေက လူတွေအစားအစာဆိုပေမယ့် သူတို့ရဲ့နောက်ဆုံးချိန်ကို လေးစားသင့်တယ်" ဆိုတဲ့စကားကို အလွန်နှစ်ခြိုက်ပါတယ်..
ဒီစာဖတ်မိပြီး အသိတရားတခုခု ရသွားခဲ့ရင် စာရေးသူအတွက် ကြီးစွာသော ကောင်းမှူ့ကုသိုလ်ကို ဖြစ်စေမှာပါ..
ကိုယ်တိုင်က မွေးကတည်းက နွားသားမစားဘူးတဲ့သူ ဆိုတော့ ငယ်ငယ်ကတည်းက နွားသား မကျွေးခဲ့တဲ့ အမေ့ကိုလည်း ကျေးဇူးတင်တယ်.. ယောင်လို့တောင်မှ တခါမှ စားကြည့်ချင်စိတ် မဖြစ်ဖူးတဲ့ ကိုယ့်ကို ကိုယ်လည်း ကျေနပ်မိတယ်..
ဒီအတွက် ဘာသာပြန်ပြီး Blog ပေါ်တင်ပေးတဲ့ သက်ပိုင်သူကို ကျေးဇူးတင်ပါတယ်...
တမျိုးကြီးပဲ
"နွားတွေက လူတွေအစားအစာဆိုပေမယ့် သူတို့ရဲ့နောက်ဆုံးချိန်ကို လေးစားသင့်တယ်" ဆိုတဲ့စကားကို အလွန်နှစ်ခြိုက်ပါတယ်။
ကွန်မန့်မှာ ကိုကျော်ထင် ပြောခဲ့ တာကိုလဲ သဘောကျတယ်။
ကျေးဇူး တင်ပါတယ်။
စိတ်ဝင်စားစရာကောင်းတယ်....။ကျေးဇူးတင်ပါတယ်....။
"နွားတွေက လူတွေအစားအစာဆိုပေမယ့် သူတို့ရဲ့နောက်ဆုံးချိန်ကို လေးစားသင့်တယ်" အဲ့စကားစု
ကိုတော့ အနှစ်ခြိုက်ဆုံး.....။
It's a very interesting post.I'm also interested in Autism too.I visited a school for Autistic children and donated 5 years ago.Thanks for the post.I'll try to watch that movie.There was a movie about Autistic child starring Bruce Willice......Gyidaw
To Gyi Daw...
I am appreciate your donation and interested in Autism kids. my friend's son also got autism..even he himself isolated from the rest but still he is smart child.. i hope if u can give me a film Title of bruce willice..
thanks
စိတ်ထဲမှာ တမျိုးကြီးပဲ... သေစေတဲ့ ကိရိယာတစ်ခုကို တီထွင်တဲ့ အတွက် ကုသိုလ်လား အကုသိုလ်လား... ဝေခွဲရနည်းနည်းခက်သွားတယ်... ကိုယ့်ရဲ့ဘာသာရေး အသိအားနည်းလို့လားမသိဘူး... ခုလိုဒွိဟဖြစ်စေတာ... စေတနာဟာ ကံဆိုတဲ့အတွက် သူ့ရဲ့ စိတ်စေတနာက ကောင်းတယ်ဆိုရင် ကံကောင်းမှာလား... အတော်လေး စားသွားတယ်... ဒါပေမယ့် သူအဲဒါတီထွင်တဲ့အတွက် သတ်တာကို ပိုအားပေးသလိုဖြစ်သွားတယ်ဆိုရင်ရော... နွားတွေ သေဆုံးမှုမှာ အားပေးရာ မရောက်ဘူးလား...
အတော်လေးတော့ အတွေးပွားနေမိတယ်... ဆရာတော်တစ်ပါးပါးနှင့် တွေ့ရင်လျှောက်ပီး မေးကြည့်ပါအုန်းမယ်... စာဖတ်သူတွေထဲကရော သဲသဲကွဲကွဲ ရှင်းနိုင်သူများရှိရင် ရှင်းပြပေးစေချင်ပါတယ်... ဗုဒ္ဓဘာသာအနေနဲ့ပါ... စာရေးသူကိုယ်တိုင်ရော ဘာသာရေးနှင့်ပတ်သတ်ပြီး ဘယ်လိုလက်ခံလိုက်မိသလဲ... အဲဒီတီထွင်မှုဟာ ကုသိုလ်လား .... အကုသိုလ်လား....
လေးစားစွာဖြင့်
မင်းမျိုးဦး
သူသူက စားရေးဆက်ပြတ်တယ်
ဒါပေမယ့် ရေးလိုက်ရင်လဲ တပုဒ် ဆိုဆို သလောက် ကောင်းတယ်
ဒီလို ဘလောခ်လေး ရှိနေတာ
ကိုယ့်လို လူ အတွက်တော့ တကယ့် တန်းဖိုးရှိတဲ့ စာကောင်းတွေ ဘတ်ချင်တဲ့ စိတ် အဆာပြေစေတယ်
ခုနောက်ပိုင်း စာနည်းနည်း ပိုရေးနိုင်လာတာ တွေ့တယ်
အလုပ်များတာ သိပါတယ်
ဒါပေမယ့် လဲ ဘဝ ကို ရပ်ရပ်ပြီး ကြည့်ပါအုံးနော်
စာလေးတွေ လဲ များများရေးပါ
Post a Comment