I irreversible(Franch Film)
ရုပ်ရှင်ဇာတ်လမ်းတစ်ခုကြည့်ရင် အဆုံးမှာ ဘာဖြစ်သွားသလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ အဲဒီလိုမဟုတ်ဘူး။ ထူးခြားတယ်။ လူနှစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းလာတယ်။ ဇာတ်လမ်းရဲ့ အဆုံးကနေစထားတယ်။ သူတို့နှစ်ယောက် လူသတ်မှုမှာ ဘယ်လို ပါတ်သက်သလဲဆိုတာ ဇာတ်လမ်းအစကို ပြန်ဆွဲခေါ်သွားတဲ့ ရုပ်ရှင်ပါ။ ရှေ့ကို တစ်ခန်းရောက်သွားတိုင်း ရှေ့ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို စဉ်းစားမိတယ်။ ဒါပေမယ့် အလှည့်အပြောင်းတွေက အရမ်းကောင်းတော့ ကိုယ်မှန်းထားတာနဲ့ လွဲတယ်။ အစပိုင်းမှာ ဘာဖြစ်ခဲ့သလဲဆို ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ရုပ်ရှင်ပါပဲ။

J Julie & Juliet(2010)
ဒီရုပ်ရှင်က ဂျူလီယာချိုင်းဆိုတဲ့ စားဖိုမှူးတစ်ယောက်အကြောင်းကို ရိုက်ထားတာ။ ရီလည်းရီရတယ်။ အားကျပြီး ကြိုးစားချင်စိတ်လည်း ပေါက်တယ်။ ဂျူလီပါဝယ်ဆိုတဲ့ အမျိုးသမီးက ချိုင်းရဲ့ ဟင်းချက်နည်းစာအုပ်ထဲကအတိုင်း နေ့စဉ်ဟင်းချက်တယ်။ ချက်ပြီးတိုင်းလည်း ဘလော့ပေါ်တင်တယ်။ The Julie/Julia Project ဆိုပြီးတော့လေ။ ဒီရုပ်ရှင်က ဘလော့ပေါ်ကနေရတဲ့ ဇာတ်လမ်းကို ရိုက်ထားတဲ့ ပထမဆုံး ရုပ်ရှင်ပါ။ အဲဒီတော့ ဘလော့မှာ ဟင်းချက်နည်းရေးနေတဲ့ ကိုကိုမမတွေအတွက် အားတက်စရာပေါ့ဗျာ။

K Kama Sutra: A tale of Love (1997-Idian Film)
ဒီရုပ်ရှင်ကို ကျွန်တော်စကြည့်ဖူးတာက အတော့်ကို ရယ်စရာကောင်းတယ်ဗျ။ ပထမဆုံး R rated Movie ကို ကြည့်ဖူးတယ်လို့ဆိုရမယ်။ ၇တန်းလောက်က ထင်တယ်။ R ratedတွေ ကြည့်ချင်လာတယ်။ ဗွီဒီယိုအခွေငှားဆိုင်တွေမှာလည်း မေးပြီး မငှားရဲဘူး။ နောက်တော့ အခွေအယ်လ်ဘမ်တွေလှန်ပြီး make love လုပ်နေတဲ့ပုံတွေ့တော့ ခပ်တည်တည်ပဲ လက်ညိုးထိုးပြီး ငှားလိုက်တယ်။ အိမ်ကလူတွေ အကုန်လုံးအိပ်မှ ကြည့်ဖြစ်တယ်။ ကျွန်တော့်အကျင့်က လူခြေတိတ်မှ အေးအေးဆေးဆေးကြည့်တတ်တော့ အိမ်ကလူတွေက ဘာမှ စပ်စုလေ့မရှိဘူး။ ဒီလိုနဲ့ပဲ အဲဒီရုပ်ရှင်ကို ဖီလင်အပြည့်နဲ့ ပြီးမြောက်အောင် ကြည့်လိုက်နိုင်တယ်။ ဇာတ်လမ်းကြည့်ပြီးတဲ့အခါ ဆာရီပုဝါလေးလေထဲမှာ လွင့်ပြီးအုတ်မြို့ရိုးပေါ်ကနေ တရွေ့ရွေ့လျောက်သွားတဲ့ မာယာဆိုတဲ့ ဇာတ်ကောင်ကို အခုထက်ထိ မေ့လို့မရတော့ပါဘူး။ ဇာတ်လမ်းမှာ မာယာနဲ့တာယာဆိုပြီး သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တာယာက ဇာတ်မြင့်ဖြစ်ပြီး အိမ်ရှေ့မင်းသားနဲ့ လက်ထပ်ဖို့လျာထားခံရတယ်။ မာယာကတော့ အရမ်းလှတဲ့ ဇာတ်နိမ့်ဖြစ်တယ်။ ဒီတော့ တာယာက မာယာကို အစေခံတစ်ယောက်လို ဆက်ဆံတယ်။ တာယာတစ်ယောက် အိမ်ရှေ့မင်းသားနဲ့ မင်္ဂလာဆောင်တဲ့နေ့မှာပဲ မာယာက လက်စားချေတဲ့အနေနဲ့ သတို့သားနဲ့ အိပ်လိုက်တယ်။ မာယာရဲ့ အပြုအမူကို တာယာအကိုက မြင်သွားတဲ့အခါ (တာယာအကိုကလည်း မာယာကိုနှစ်သက်တယ်) မာယာကို သိမ်းသွင်းဖို့ကြိုးစားတယ်။ နောက်တော့ မာယာကငြင်းလိုက်တော့ ပြည့်တန်ဆာအဖြစ် ကြေငြာလိုက်ပြီး နန်းတွင်းကနေ နှင်ထုတ်ခံလိုက်ရတယ်။ မာယာတစ်ယောက် နန်းတွင်းပြင်ပရောက်တဲ့အခါ ပန်းပုဆရာတစ်ယောက်နဲ့တွေ့ပြီး ချစ်ကြိုက်သွားရော။ ပန်းပုဆရာကလည်း သူထုသမျှအမျိုးသမီး ရုပ်ထုတွေက မာယာရဲ့ ပုံရိပ်တွေပဲ ဖြစ်နေတော့တာပဲ။ တစ်နေ့ အိမ်ရှေ့မင်းသားဘုရင်ဖြစ်ပြီး ပန်းပုရှာပုံတော်ဖွင့်တော့ သူတွေ့သမျှက သူနှစ်သက်ခဲ့တဲ့ မာယာရဲ့ပုံရိပ်တွေပဲ ဖြစ်နေတယ်။ နောက်တော့ သူတို့နှစ်ယောက်လုံးကို နန်းတော်ကို ပြန်ခေါ်။ ဘုရင်ကမာယာကို လက်ထပ်ဖို့လုပ်တော့တာပဲ။ မာယာနဲ့ ပန်းပုဆရာတို့ နန်းတွင်းထဲမှာ အဆက်အသွယ်ရှိတော့ မနာလိုတဲ့ ဘုရင်က ပန်းပုဆရာကို ဆင်နဲ့နင်းပြီး သတ်ပြစ်လိုက်တယ်။ တကယ်တော့ ဇာတ်လမ်းကို အကျဉ်းချုံးသာ ပြောပြလိုက်ရတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးကို ပြန်ရေးရင် ပို့စ်နှစ်ခုစာလောက်ရမယ်ထင်တယ်။ R 21 ဆိုပေမယ့် ကြည့်သင့်တဲ့ကားလေးပါ။ ၁၆ရာစု အိန္ဒိယရဲ့ အလေ့အထ အ၀တ်အစား၊ အကတွေအပြင် ရှေးခေတ်အမျိုးသမီးတိုင်း သင်ယူတတ်တဲ့ ကာမသျှမ်တရ အကြောင်းတွေပါ တွေ့ရမှာပါ။ နောက်ပြီး ကြေကွဲစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးပါ။

L Lanyu (2001-Chinese Film)
နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းတာက မြန်မာပြည်က ၈၈ အဖြစ်အပျက်လို၊ တရုတ်နိုင်ငံ Tiananmen Square အရေးအခင်းကို ခပ်ပါးပါးလေး ပြထားတဲ့အကြောင်းပါ။ တက္ကသိုလ်က ဗိသုကာကျောင်းသား Lanyuတစ်ယောက် ကျောင်းစရိတ်အတွက် ငွေလိုလာတယ်။ အဲဒီတော့ ချမ်းသာပြီး အောင်မြင်တဲ့ စီးပွားရေးသမား Chen Handong နဲ့ တွေ့ပြီး သူ့ခန္ဓာကိုယ်နဲ့ရင်းလိုက်တယ်။ နောက်တော့ သူတို့နှစ်ယောက် သံယောဇဉ်တွယ်သွားတယ်။ လန်းရွီက မစ္စတာချမ်ကို ချစ်နေမိတဲ့အချိန်မှာ မစ္စတာချမ်က တန်ဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းတွေသာ ပေးပြီး မချစ်မိအောင်ကြိုးစားတယ်။ တစ်နေ့တော့ မစ္စတာချမ်က အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ ဒါပေမယ့်နှစ်တွေကြာလာတော့ မစ္စတာချမ်က အဲဒီအမျိုးသမီးထက် လန်းရွီမရှိရင် မနေတတ်မှန်းသိလာတယ်။ ဇာတ်လမ်းအဆုံးမှာတော့ သူလန်းရွီအပေါ်တန်ဖိုးထားတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ လန်းရွီတစ်ယောက် လူ့လောကထဲကနေ ရုတ်တရတ်ထွက်ခွာသွားတော့တာပဲ။ ကြေကွဲစရာဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားက ဆုတွေအများကြီး ရခဲ့တယ်။ ဇာတ်လမ်းရဲ့ ဇာတ်ဝင်တေးကိုလည်း ၀ိုင်းဝိုင်းပြန်ဆိုဖူးသေးတယ်။ သီချင်းနာမည်တော့ မမှတ်မိတော့ပါ။

M Moulin Rouge (2001-Musical)
Moulin Rouge ကိုလည်း ၁၀တန်းဖြေပြီးနောက်ပိုင်း ကြည့်ခဲ့ရတယ်။ ကျွန်တော်က တေးဂီတသံစုံရုပ်ရှင်ဇာတ်လမ်းတွေကိုလည်း ခုံခုံမင်မင်ကြည့်တတ်တယ်။ Chicago ရုပ်ရှင်ကားဆိုရင်လည်း ခဏခဏပြန်ကြည့်မိတယ်။ သီချင်းရေးဆရာနဲ့ Moulin Rouge ရဲ့ ပင်တိုင်မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းမှာ မြို့စားလုပ်တဲ့သူက မင်းသမီးကို ရလိုဇောနဲ့ ဖျက်လို့ဖျက်ဆီးလုပ်တဲ့ အချစ်ဇာတ်လမ်းလေးပါ။ Moulin Rouge ပြဇာတ်အဖွဲ့ကြီးကလည်း ဆက်လက်ရပ်တည်ဖို့ ငွေလိုလာတယ်။ မြို့စားကလည်း သူ့ကို မင်းသမီးက ပြန်ကြိုက်ရင် ဒီအဖွဲ့ကြီးကို ထောက်ပံ့မယ်။ ချစ်သူနှစ်ဦးကလည်း မြို့စားရန်ကြောင့် ထွက်ပြေးဖို့ကြိုးစားတယ်။ ဒါပေမယ့် ထွက်ပြေးမယ့်ညမှာပဲ မင်းသမီးက သူမရဲ့ အဖြစ်မှန်ကို သိသွားတယ်။ အဲဒါက သူမအတွက် အသက်ရှင်ဖို့ အချိန်တွေသိပ်မရှိတော့ဘူးဆိုတာပဲ။ ဒါကြောင့် သူမရဲ့ ချစ်သူကို ရွေးမလား၊ ဒါမမဟုတ်အဖွဲ့ကြီး ရပ်တည်ဖို့ ဆက်နေရတော့မလား ဆုံးဖြတ်ရတော့မယ့်အချိန်ပါပဲ။ ဒီရုပ်ရှင်မှာပါတဲ့ Come What May ဆိုတဲ့ သီချင်းလေးကလည်း တော်တော်ကို နာမည်ကြီးသွားခဲ့တယ်။ ထူးထူးခြားခြား အဲဒီသီချင်းကို Nicole Kidman ကိုယ်တိုင် ဆိုထားတာပဲ။

N Nobody knows (2004-Japanese Film)
နောက်ထပ်လူတွေကို ငိုအောင်လုပ်နိုင်တဲ့ ဂျပန်ကားတစ်ကားပါ။ အဲဒီကားကြည့်ပြီးရင် မငိုဘဲနေမယ့်သူမရှိဘူးဆိုတာ ကျွန်တော်လောင်းရဲတယ်။ ဇာတ်လမ်းက ၁၉၈၈မှာ ဖြစ်ပျက်ခဲ့တဲ့ မိခင်စွန့်ပစ်ထားတဲ့ ကလေးလေးယောက်အကြောင်းကို အခြေခံပြီး ရိုက်ထားတာပါ။ အမေလုပ်တဲ့သူက ကလေးလေးယောက်ကို ခေါ်ပြီး ကျဉ်းမြောင်းတဲ့ တိုက်ခန်းကလေးတစ်ခုထဲကို ပြောင်းလာတယ်။ ကလေးများရင် အိမ်ရှင်က လက်မခံမှာစိုးလို့ အငယ်ဆုံးကောင်မလေးကို အင်္ကျထည့်တဲ့ ခရီးဆောင်အိပ်ထဲကို ထည့်ပြီး ခေါ်လာရတယ်။ နောက်တော့ အမေလုပ်တဲ့သူက နောက်ထပ်ယောကျာ်းတစ်ယောက်တွေ့တာနဲ့ ပါသွားရော။ ကလေးလေးယောက်စလုံး သူတို့အသက်ရှင်ဖို့အတွက် အဲဒီအခန်းကျဉ်းလေးထဲမှာ ကိုယ့်ဘာသာကိုယ်ရပ်တည်ခဲ့ရတယ်။ ပထမတော့ အမေလုပ်တဲ့သူက ပိုက်ဆံပို့ပေးတယ်။ နောက်တော့မပို့ပေးတော့ဘူး။ ဒိလိုနဲ့ပဲ ငတ်ငတ်ပြတ်ပြတ်နဲ့ နေလာရင်း အငယ်မလေးခမျာ ဖျားပြီး နေမကောင်းဖြစ်တယ်။ သူတို့ခမျာ ဆေးခန်းလည်း မပြရဲဘူး။ တကယ်လို့ သူတို့ဒီလိုနေနေရတဲ့ဘ၀ကို ရဲသာ သိသွားရင် တကွဲတပြားဆီဖြစ်သွားမှာလည်း စိုးရိမ်ရတယ်။ ကံမကောင်းစွာနဲ့ပဲ အငယ်မလေးခမျာ သေသွားတယ်။ နောက်တော့ အငယ်မလေးကို အိမ်ပြောင်းတုန်းက ခိုးပြီး ထည့်လာတဲ့ ခရီးဆောင်အိတ်ထဲဘဲ ပြန်ထည့်။ သူမ မြင်ချင်တဲ့ လေယာဉ်တွေမြင်နေရတဲ့နေရာမှာ တိတ်တိတ်လေးသွားမြှပ်ပေါ့လေ။ မြို့ပြရဲ့ တကယ့်ကို စိတ်ပျက်စရာကောင်းလှတဲ့ အခြေအနေလေးကို ကလေးလေးတွေနဲ့ ရိုက်ပြသွားတယ်။

O others, the (2001)
ကိုယ့်ကမ္ဘာရဲ့ တခြားတစ်ဖက်ခြမ်းမှာ ဘာတွေဖြစ်နေမလဲလို့ စိတ်ကူးယဉ်မိအောင် စတာ ဒီဇာတ်ကားကြောင့်လို့ ထင်မိတယ်။ Grace ဆိုတဲ့အမျိုးသမီးမှာ နေရောင်ခံလို့မရတဲ့ ရောဂါသည်ကလေးနှစ်ယောက်ရှိတယ်။ နောက်ပြီး အစေခံ၃ယောက်ပေါ့။ သမီးဖြစ်တဲ့ Anna က သူတို့နေတဲ့အိမ်မှာ သူရဲခြောက်တယ်လို့ပြောတော့ Grace ကလက်မခံဘူး။ တစ်ရက် သမီးလုပ်တဲ့သူက အဖွားအိုကြီးတစ်ယောက်ရယ်၊ အမျိုးသား၊အမျိုးသမီးတစ်ယောက်ပုံရယ်၊ ကလေးလေးတစ်ယောက်ပုံရယ်ဆွဲတယ်။ ပုံထဲက လူတွေ ဘယ်သူတွေမှန်း Grace မသိဘူး။ တစ်ရက်တော့ သူ့သမီးအင်္ကျီတွေဝတ်ထားတဲ့ အဖွားအိုပုံစံကို မြင်ရပြီး အဲဒီအဖွားအိုကို တိုက်ခိုက်ပေမယ့် တကယ်တမ်းတိုက်ခိုက်မိတာက သူမ သမီးကိုပါ။ သူမနားလည်လာတာကတော့ ဒီအိမ်မှာ သူမတို့အပြင် တခြားသူတွေ ရှိနေတယ်ဆိုတာပဲ။ နောက်တော့ အဲဒီအိမ်ကို ဘုန်းကြီးပင့်ပြီး ရွတ်ဖတ်မယ်ဆိုပြီး ညဘက်ဘုန်းကြီးပင့်အသွားမှာ ဒုတိယကမ္ဘာစစ်အတွင်း သေပြီထင်ရတဲ့ သူ့ယောကျာ်းကို ပြန်တွေ့လိုက်ရတယ်။ ယောက်ျားကို အိမ်ခေါ်လာတယ်။ နောက်တစ်ရက်ကျတော့ ယောကျာ်းက ပြန်ထွက်သွားတယ်။ ညဘက်ရောက်တော့ ကလေးတွေက အဖေကို ပြန်ရှာမယ်ဆိုပြီး အိမ်ကနေခိုးထွက်ရင်း သင်္ချိုင်းတစ်ခုကို သွားတွေ့တယ်။ အဲဒီသချိင်္င်းက အစေခံတွေရဲ့ သင်္ချိုင်းပါ။ Graceကလည်း အစေခံတွေနေတဲ့နေရာကို မသကာင်္လို့သွားကြည့်တော့ အစေခံတွေရဲ့အလောင်းကို ရိုက်ထားတဲ့ ဓါတ်ပုံကိုသွားတွေ့တယ်။ တကယ်တော့အိမ်မှာ သူရဲခြောက်နေတာ အစေခံတွေပါလားဆိုတာ သိသွားပြီး သူ့ကလေးတွေကို ကာကွယ်ဖို့လုပ်ရတယ်။ ကလေးတွေကလည်း အဖြစ်မှန်ကို သိသွားပြီး ကြေက်နေပြီ။ အစေခံတွေကလည်း အိမ်ဘက်ကို ပြန်လာနေပြီ။ နောက်တော့အစေခံတွေက ဖြောင်းဖြတယ်။ ငါတို့ အတူနေသင့်တယ်ဆိုပြိး ဖြောင်းဖြတယ်။ ဒီအိမ်မှာ တခြားသူတွေရောက်လာနေပြီလို့လည်း ပြောပြန်တယ်။ သူမမယုံဘူး။ အိမ်အပေါ်ထပ်ကို တက်ကြည့်တော့မှ သူမသမီးလေးဆွဲဆွဲနေတဲ့ ပုံထဲက လူလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို အမြဲခြောက်လှန့်နေတဲ့ အဖွားကြီးဆိုတာကလည်း မြန်မာလိုအကြားအမြင်ရတဲ့ အဖွားကြီး ဖြစ်နေတယ်။ တကယ်တော့ Graceတို့မိသားစုတစ်စုလုံးက သေဆုံးသွားကြပါပြီ။ အိမ်ကို ပြောင်းပြောင်းလာတဲ့ လူတွေကိုသာ သူမတို့အားလုံးက သူရဲတွေလို့ထင်နေတာ။ တကယ်တော့ သူမတို့ ကိုယ်တိုင်ဖြစ်နေတာပါပဲ။

-
ဝိုင်ဝိုင်းသီချင်းနာမည်က ပုန်းရှောင်သူပါ
တရုတ်သီချင်းနာမည်က
你 怎麼捨得我難過
သီချင်းထဲက စာသားတွေကလည်း တကယ့်ကို ထိခိုက်နာကျင်စေတဲ့ ချစ်ခြင်းတွေနဲ့ ဖွဲ့သီထားခဲ့တာ

9 ယောက်ကဒီလိုမြင်တယ်တဲ့...:
ဝိုင်ဝိုင်းသီချင်းနာမည်က ပုန်းရှောင်သူပါ
တရုတ်သီချင်းနာမည်က
你怎麼捨得我難過
သီချင်းထဲက စာသားတွေကလည်း တကယ့်ကို ထိခိုက်နာကျင်စေတဲ့ ချစ်ခြင်းတွေနဲ့ ဖွဲ့သီထားခဲ့တာ
movie review တွေကို ကြိုက်တယ်။ မျှဝေပေးတာကျေးဇူးပါ။ နောက်လဲ ဒီအေတူ ဇက် tag post ပီး၇င် ရေးပါအုံး။ ဇာတ်လမ်းကောင်းလေးတွေသိချင်လို့။
ကျေးဇူးပါ။
တစ်ခါထဲပြောလိုက်အုံးမယ် ဖုန်းရွှေ ပို့စ် လဲကြိုက်တယ်နော်။
ပျော်ရွှင်ပါစေ။
Others လည်းကြိုက်တယ် ...
ဆက်ပါဦး
အခုတစ်လော တယ်လည်း လက်သွက်နေပါလားဗျ။ အပိုင်း (၂) ထဲက လေးကား ကြည့်ဖူးတယ်။ ဂျပန်ကား အညွှန်းလေးတွေ အတွက် ကျေးဇူးပါ။
ဒါနဲ့ Kama Sutra အညွှန်းမှာ (...ဒီလိုနဲ့ပဲ အဲဒီရုပ်ရှင်ကို ဖီလင်အပြည့်နဲ့ ပြီးမြောက်အောင် ကြည့်လိုက်နိုင်တယ်...) ဆိုတာလေး ထပ်ရှင်းပါဦး ဟီးဟီး...
Oh here's the post I'm waiting for ! If i were u the movie for O absolutely stands for The Others as it's one of my all time fav . Except one ,I've watched all the movies u reviewed . Expecting next post & wondering which movies will stands for remaining letters !!!
အတိုချုပ်ဇာတ်လမ်းလေးတွေ ရေးပေးထားတာ ကျေးဇူးတင်တယ်။ မကြည့်ဖူးတာတွေ တော်တော်များပါတယ်။း)
ပြောထားတဲ့ ဇာတ်လမ်းတွေ တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းတယ် ..း)) ရှာကြည့်ဦးမှ :D
Other ပဲကြည့်ဖူးတယ် .. ကျန်တာတွေ ခုတော့ ရှာဖွေကြည့်တော့မယ် .. ဆက်ပါဦး
ကာမသျှတ္တရ နဲ့ Others ကြည့်ဖူးတယ်။
Others က ကောင်းလွန်းလို့ နောက်ဆုံး အလှည့်အပြောင်းကို မှင်တက်မိတဲ့ အထိ အံ့သြမိတာ မှတ်မိတယ်။
Post a Comment