ဒီနေ့ ဘလော့ပေါ်ကနေ တော်တော်ပျောက်နေတဲ့ အကိုလိုခင်တဲ့ တစ်ယောက်ပြန်ပေါ်လာတယ်။ စာပေထဲမှာ အဆိပ်တွေပါတယ်ဆိုတဲ့ ပို့စ်နဲ့ပေါ့ဗျာ။ ကြောင်းအရာတွေ တော်တော်များများကို စုံကာစေ့ကာနဲ့ ရေးသွားတာပဲ။ သဘောကျမိတယ်။ သူရှင်းပြထားတဲ့ အမြင်အားလုံးနီးပါးကို ကျွန်တော်လက်ခံတယ်။တစ်ခုပဲ သူရေးထားတဲ့ ဘလော့ပေါ်က မြန်မာစာပေနဲ့ နည်းနည်း ဆွေးနွေးကြည့်ချင်လာတယ်။ အငြင်းအခုံမဟုတ်ပါလို့ ကြိုတင်အသိပေးပါရစေ။
တစ်ခုပဲ စိတ်ထဲမှာ မတင်မကျလေးဖြစ်မိတယ်။
“ဟိုးတလောတုန်းက အွန်လိုင်းဂျာနယ်တစ်ခုမှာ သူများကွန်မန့် ပေးထားတာဖတ်လိုက်ရတယ်။ ဘာတဲ့။ ဇော်ဂျီဖောင့်ရိုက်တတ်ပြီး အွန်လိုင်းသုံးတတ်ရင် စာရေးဆရာဖြစ်ပြီဆိုလား။
အဲဒီစာကိုဖတ်ကာစ တုန်းကတော့ စိတ်ထဲမှာ နည်းနည်းလေး ခု မိပေမယ့် သေချာပြန်စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။”
ကျွန်တော်လည်း သူဆိုလိုတဲ့ အကြောင်းအရာလေးကို သေချာစဉ်းစားမိတယ်။ အကိုတွေ့ဖူးသလို အဲဒီလိုနည်းနဲ့ ဘလော့တွေတော်တော်များများကို ဝေဖန်ထားတာတွေ့ဖူးတယ်။ ပထမတော့ ကိုယ့်စိတ်ထဲမှာ မခံစားမိဘူး။ သေချာမစဉ်းစားမိတာလည်း ပါပါတယ်။ အဲဒီအကိုနဲ့ တွေ့တော့ ကျွန်တော့်စာလုံးပေါင်းမှားတာတွေ ၀ါကျအထားအသိုမှားတာတွေ သူထောက်ပြတယ်။ ကျွန်တော်လည်း သူထောက်ပြတဲ့ အချိန်မှာ ပြင်မိတယ်။ နောက်တော့လည်း ဒုံရင်းက ဒုံရင်းပါပဲ။ အချိန်လုနေရင်းနဲ့ ရေးနေရတော့ သေချာ မစစ်မိတော့ဘူး။ ဒါတောင်မှပဲ မကြာခဏ မမခင်ဦးမေရဲ့ ဘလော့မှာလည်း တချို့တွေ လာလာတိုက်ခိုက်တာ တွေ့ဖူးတယ်။ ထားပါတော့လေ။ ကျွန်တော်လည်း မှားတဲ့သူတွေထဲမှာ တစ်ယောက်အပါအ၀င်မို့လို့ စောဒကတက်ချင်တယ်။ ဒါမဟုတ်ကိုယ့်ဘက်ကို ယက်ချင်တယ်လို့ပြောရမယ်။
ကျွန်တော်မြန်မာစာပေတော်တော်များများကို ငယ်ငယ်ကတည်းက ထိတွေ့ဖူးပေမယ့် သေသေချာချာသဒ္ဓါနိုင်သလားဆိုရင် မနိုင်ပါဘူး။ ကျွန်တော်ဆယ်တန်းတုန်းကပေါ့။ ကျောင်းကဆရာဆရာမတွေက ကျွန်တော့်ကို သေချာပေါက် မြန်မာစာဂုဏ်ထူးပါနိုင်တယ်တဲ့။ ကျွန်တော့်အဖေကျောင်းအုပ်ဆရာကြီးကအစ ယုံကြည်ခဲ့တယ်လေ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်သိတယ်။ မပါနိုင်လောက်ဘူးဆိုတာ။ ဘာလို့လည်းဆိုတော့ ကျွန်တော်က ခက်ဆစ်တို့ သဒ္ဓါတို့ကို မှတ်ရမှာ ပျင်းတယ်။ အဲလိုစည်းနဲ့ဘောင်နဲ့ လုပ်ရမယ့်ဟာမျိုးဆို ကျွန်တော်ကမလုပ်ချင်တော့ဘူး။ ကျွန်တော်ကို ကဗျာတွေ လာမကျက်ခိုင်းနဲ့။ မရဘူး။ ကဗျာကို ခံစားနိုင်သလားဆိုရင် ရင်ထဲထည့်ပြီးခံစားတတ်လို့လူမျိုး။ ကျွန်တော်က စာစီစာကုံးတို့ စကားပြေတို့ဆိုတာကို ကိုယ့်အတွေးလေးနဲ့ရေးတတ်တာကိုး။
ဒီလိုနဲ့ပဲ ကျွန်တော် စကာင်္ပူရောက်လာ။ အွန်လိုင်းသုံးတတ်လာတယ်။ ဟုတ်ကဲ့ နောက်တော့ Green Girl သင်ပေးတာနဲ့ ဇော်ဂျီင်္ဖောင့် ရိုက်တတ်လာတယ်။ အဲဒီအချိန်ကစပြီး (ကွန့်မန်တွေမှာ ရေးသလို) စာရေးဆရာ ဖြစ်လာရတော့တာပဲ။း)
ကျွန်တော်ဘလော့စရေးတဲ့ အချိန်ကစပြီး ကိုယ့်ကို စာရေးဆရာလို့ မခံယူခဲ့ပါဘူး။ ခံလည်း မခံယူရဲသေးပါဘူး။ ဘလော့ရေးတဲ့သူတွေ မြန်မာစာ အရေးအသားမတတ်လိုက်တာ ခဏခဏကြားရတယ်။ ဒါပေမယ့် ကျွန်တော်အမြင်မှာတော့ ကျွန်တော့်လိုပဲ ဘလော့ဂါအများဆုံးက စာရေးဆရာလို့ ဘယ်သူမှမခံယူထားကြပါဘူး။ အားလုံးက စာရေးဆရာဆိုတဲ့ တာဝန်ကို လေးလေးနက်နက်ခံယူထားတဲ့အတွက် ဘလော့ဂါစာရေးဆရာလို့ ကိုယ်ကိုယ်ကို မသတ်မှတ်ဘူးလို့ထင်ပါတယ်။ ဒါဆို လူရှေ့သူရှေ့မှာ ကိုယ်ရေးထားသမျှတွေ ဘာလို့ထုတ်ပြနေရသေးလဲလို့ အပြစ်တင်ရင်လည်း အပြစ်တင်ခံယုံပဲပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့က ခေတ်ကို အမှီလိုက်နေတဲ့ လူငယ်တွေလို့ပဲ ကိုယ့်ကိုယ်ကို ကာကွယ်ချင်တော့တယ်။ ဒီခေတ်ကြီးကိုက အနီးအနားနိုင်ငံတွေက သူငယ်ချင်းတွေ အွန်လိုင်းခေါ်ပြီး ကိုယ်တတ်သမျှနဲ့ ထုတ်ဧည့်ခံတဲ့ ခေတ်ကိုး။ ကျွန်တော်တို့လိုပဲ ဟိုးရှေးရှေးက လူကြီးတွေလည်း ခေတ်ကို လိုက်ခဲ့ကြတယ်။
ကလေးအတွေးတွေးကြည့်ရအောင်ဗျာ။ ရာဇကုမာရ်ကျောက်စာကစပြီး မြန်မာစာပေရယ်လို့စပေါ်ကာစမှာ အခုကျွန်တော်တို့ မြန်မာစာသင်ရင် ၀လုံးစရေးသလို ဘယ်သူမှ ၀ိုင်းစက်နေအောင် မရေးတတ်ခဲ့ပါဘူး။ ကျောက်စာဆိုတဲ့အတိုင်း ကျောက်ပေါ်မှာထွင်းရတော့ သူသုံးတဲ့ အောက်ခံမျက်နှာပြင်ပေါ်မှာလိုက်ပြီး နည်းနည်း လေးထောင့်ဆန်တယ်။ နောက်ပြီး ၀ါကျအထားအသိုလည်း မတူပါဘူး။ အခုနေများ ပုဂံသူပုဂံသားတစ်ယောက်ယောက်များ ပုဂံမြေကနေရုတ်တရက်နိုးလာလို့ ကျွန်တော်တို့ မြန်မာစာအရေးအသားကိုသာ မြင်ရင် “ဟယ်…. ငါတို့ခေတ်က မြန်မာစာ နင်တို့ခေတ်ရောက်မှ ပျက်စီးရတယ်”ဆိုပြီး ရင်ထုပြီး သူ့ကိုယ်သူ သတ်သေသွားနိုင်တယ်။ နောက်တော့ ပေစာခေတ်ရောက်တော့ သဝေထိုးတို့ ငသတ်တို့မှာ အမြီးရှည်ရှည်လေးတွေ လိမ်တိမ်တိမ်လေးတွေနဲ့ သူတို့ရေးနည်းအတိုင်း “ဟဲ့…. ရှေးမူမပျက်စေနဲ့” ဆိုပြီးသာ လိုက်ရေးရရင် မြန်မာပြည်က စာရေးမတွေ တစ်သက်လုံးစာရင်းသွင်းလို့ ဆုံးမှာ မဟုတ်တော့ဘူး။ နောက်ပြီး ရှေးအစဉ်အလာ အတိုင်းသာ စကားလုံးကတ်သီးကပ်သတ်သုံးရရင် “ငါတို့နေခဲ့တဲ့တဲ့ ငါတို့နိုင်ငံက ဗမာနိုင်ငံဟဲ့၊ နင့်ဘကြီးတွေရဲ့ မြန်မာနိုင်ငံမဟုတ်ဘူး”လို့ လက်ပေါက်ကပ်ငြင်းရမလိုပင်။ ပေါက်ပေါက်ရှာရှာတွေးကြည့်တာပါ။ စာဖတ်သူရော တွေးမိသလားလို့ မေးကြည့်ချင်ပါတယ်။ မြန်မာစာဆိုတာ ခေတ်ရဲ့ အခြေအနေနဲ့ ရေးဆွဲရာမှာ သုံးတဲ့အရာဝတ္ထုပေါ်မှာ မူတည်ပြီး ပုံစံတွေပြောင်းခဲ့တယ်ဆိုတာ စာဖတ်သူတို့ နားလည်မယ်လို့ယုံကြည်တယ်။ ကျောက်စာကနေ၊ ပေစာ၊…… ပေစာကနေ၊ စာရေးစက္ကူ။ ဟော အခု…. အင်တာနက်ပေါ့ဗျာ။
အခုလို အိုင်တီခေတ်ရောက်လာတော့ အရင်ကလို စာပုံနှိပ်စရာမလိုပဲ ဖတ်နိုင်လာတယ်။ လူတွေကလည်း ပြေးပြေးလွှားလွှားနဲ့ ရေးနိုင်လာတယ်။ နောက်ထပ်ပေါက်ပေါက်ရှာရှာတွေးမိပြန်တယ်။ ဘလော့ဂါတွေက ဘက်စ်ကားစစီးကာစ မြန်မာလူမျိုးတွေနဲ့တူတယ်။ အရင်လို မြန်မာလူကြီးတွေလို တောင်ရှည်ပုဆိုးတွေ၊ ဗလာထမီတွေ ၀တ်နေရရင် စီးရတော့မှာမဟုတ်လို့ အခုခေတ်ထမီတွေလိုဖြစ်အောင် ဖျက်ချလိုက်သလားထင်ရတယ်။ မြန်မာစာတစ်ကြောင်းရဲ့ မှန်ကန်ပြည့်စုံတဲ့ အင်္ဂါရပ်တွေကို လိုက်ပြီး ကြည့်နေရရင် ရေးချိန်တောင် ရတော့မှာ မဟုတ်ဘူး။ (ဒါကိုယ်ပေးချင်တဲ့ ဆင်ခြေဆင်လက်လို့လည်း ပြောရင်လည်း ခံရမှာပါ) အချိန်လုပြီး ခပ်သုတ်သုတ်ရေးရတဲ့အချိန်မှာ ၀ါကျအထားအသိုမမှန်တော့ဘူး။ လိုရင်းရောက်မယ့် ခပ်တိုတိုသာရေးလာကြတော့တယ်။ နောက်ပြီး ဟိုအရင်ကလို ကိုယ့်စာလေးမြင်ရဖို့ လချီပြီး စောင့်နေစရာမလိုတော့ဘူး။ တစ်မိနစ်အတွင်းမှာ ဒိုင်းခနဲရောက်လာတော့တာပဲ။ နောက်ပြီး သူ့ထက်ငါ အလုအယက်တင်လာကြတာ ဒီခေတ်ရဲ့ အလေ့အကျင့်ဖြစ်လာတာလည်းပါတာပေါ့။ တကယ်တော့ ဘလော့ဂါစာမျက်နှာဆိုတာ ကျွန်တော့်အမြင် မြန်မာစာပေရဲ့ အစဉ်အလာကို ထိန်းသိမ်းတိုးတက်လာအောင် ရေးတဲ့နေရာလို့ မမြင်ဘူး။ မတူညီတဲ့အိုင်ဒီယာတွေ ဖော်ပြပေးနေတဲ့၊ ခေတ်ရေစီးကြောင်းထဲ မျောနေသေးတဲ့ ဟင်းလေးအိုးကြီးတစ်ခုနဲ့တူတယ်ဗျ။
တကယ်လို့သာ ဘလော့ဂါတွေစခဲ့လို့မြန်မာစာပေကြီး ပျက်စီးခဲ့ရမယ်ဆိုရင် နောင်တက်လာမယ့် ကျွန်တော်တို့ မျိုးဆက်တွေက ပျက်စီးသွားတဲ့ ဒီစာပေတွေကို လက်ခံလာကြမယ်။ အခုလက်ရှိ အမှန်ကိုသိတဲ့ ကျွန်တော်တို့မျိုးဆက်သာ မရှိတော့ရင် နောင်မျိုးဆက်တွေက………. ဆိုနေဥိးမှာပါ…… (ပေစာခေတ်က ရှေးလူကြီးတွေကို ကျွန်တော်တို့အနိုင်နဲ့ ပိုင်းသလိုပေါ့……….) သူတို့ခေတ်နဲ့ သူတို့စာတော့ အမှန်ဆုံးဖြစ်နေဦးမှာပါ။
(ဟဲဟဲ.. ဒါပေမယ့် ဘလော့ဂါကိုကိုမမ ညီညီ ဒေါ်ဒေါ်တွေ သူများလက်ညိုးထိုးစရာ ဖြစ်အောင် စာလုံးပေါင်းတော့ သိပ်မမှားနဲ့ပေါ့ဗျာ)

44 ယောက်ကဒီလိုမြင်တယ်တဲ့...:
ကျွန်တော်တို့လဲတာဝန်ရှိပါသည်။
ဟုတ်ကဲ့ ဟုတ်ကဲ့....
ကိုယ်ကတော့မှားတုန်း
ဘလော့ဂါက ဘလော့ဂါပါပဲ။
အဲဒီအထဲမှာမှ ကိုယ်က တကယ့်ကို စိတ်ဖြေလို့စာရေးတဲ့ အပျော်တမ်းဘလော့ဂါ
ကိုယ်ရေးတဲ့အကြောင်းထဲမှာ မိသားစုကိုလွမ်းလို့၊ သူငယ်ချင်းတွေကိုချစ်လို့နဲ့ လက်တည့်စမ်းထားတဲ့ဟိုမရောက်
ဒီမရောက်တွေပါ။ ဒီလောက်ပဲ။
တင်ပြထားတာစိတ်ဝင်စားစရာ..
ခုပေးတဲ့ကော့မန့်မှာ စာလုံးဘယ်နှလုံးမှားသလဲစစ်ပေးပါဦး။
ဖိုးစိန်ရေ
စာလုံး ဘယ်နှစ်လုံးမှားလဲ ဖြစ်ရမယ်ထင်တယ်ကွ။
ကိုပိုင်
အိုကေပါတယ်။ ကျေးဇူး။ အားလုံးကိုယ့်အမြင်နဲ့ ကိုယ်ပေါ့နော်။
ဟုတ်... ကျနော်ကမှားနေကျမို့ပါ.
ဘာသာစကားဆိုတာ လူတို့ရဲ့ ဖန်တီးမှုပါ။ ပြောင်းလဲနေတဲ့ သဘောရှိပါတယ်။
ဘလော့ဂ်တွေ ပေါ်လာတော့ မြန်မာစာ အရေးအဖတ် ပိုတွင်ကျယ်လာတယ်လို့ ထင်မိပါတယ်။ (အထူးသဖြင့် နေ့စဉ်ဘ၀နေထိုင်မှုမှာ မြန်မာစာနဲ့ ဝေးကွာနေတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေကြားမှာ)
စာလုံးပေါင်းကိုတော့ တတ်နိုင်သလောက် မမှားအောင် ဂရုစိုက်ကြတာပေါ့။း)
ဟုတ်တယ်.. တကယ်တော့ ပြည်ပက ကျွန်တော်တို့လို လူငယ်တွေအတွက် ဘလော့ဆိုတာ မြန်မာစာပြန်လေ့ကျင့်သင်တဲ့နေရာတစ်ခုလိုပဲ။။ တတ်နိုင်သလောက်တော့ ၀ိုင်းပြီး အမှားနည်းအောင် ထိန်းကြတာပေါ့ဗျာ.
မှန်အောင်တော့ ရေးချင်ပါတယ်။ ဒါပေမယ့် သတ်ပုံကျမ်းကို လှန်ရမှာ အင်မတန်ပျင်းရိလွန်းလို့ စိတ်အထင်နဲ့ (မျက်စိနဲ့ ကြည့်လို့ အဆင်ပြေသလို)နှိပ်နေတာ ကြာပါပေါ့ကွယ်။
စာရေးချင်လို့ ရေးတာနဲ့တော့ စာရေးဆရာမဟုတ်ပါဘူး။ အဲ့သလိုပဲ .. ဘလော့မှာရေးပေမဲ့ ဘလော့ဂါလို့မခံယူဘူး။
စာရေးချင်လို့ကိုရေးပီး စာရေးစရာနေရာတနေရာလို့ပဲ သတ်မှတ်ပါတယ်။
မြတ်နိုး
ဘာပဲဖြစ်ဖြစ် မြန်မာလို ရေးနေကြ၊ ဖတ်နေကြတာဆိုတော့ မြန်မာစာ အခြေခံလောက်တော့ နားလည်ကြသင့်ပါတယ်။ တောင်ရှည်ပုဆိုး ဗလာထမီဝတ်စရာ မလိုပေမယ့် ဘတ်စ်ကားစီးရင် ကားပေါ်မှာ အများတကာ အလယ် လူမြင်တင့်တယ်အောင် အရှက်လုံအောင်တော့ ဖုံးဖုံးဖိဖိ ၀တ်စားဖို့ လိုတယ် မဟုတ်လား။ အဲဒီလိုပါပဲ စာတည် စာခန့် စည်းမျဉ်းစည်းကမ်းနဲ့ မရေးသည့်တိုင် မြန်မာစာ ရေးနေကြသူတွေမို့ အခြေခံ သဒ္ဒါနဲ့ အခြေခံ စာလုံးပေါင်းလောက်ကိုဖြင့် မမှားသင့်ဘူးလို့ ယူဆမိပါတယ်။
ခုနောက်ပိုင်း ဖတ်ရတဲ့ ဘလော့တွေ ဖော်ဝေါ့ဒ်မေးလ်တွေမှာ သူငယ်တန်း တတန်းလောက်မှာ သင်ခဲ့ရတဲ့ အခြေခံ စာလုံးပေါင်းလောက်ကိုတောင် မှန်အောင် မပေါင်းနိုင်တာတွေ မကြာခဏမြင်ရတော့ အလွန်ကို စိတ်ပျက်မိတယ်။
ဥပမာ ပြောရရင် စာဖတ်တတ်သလား ဆိုတာကို စာဖက်တက်သလားလို့ ရေးထားတာမျိုး မကြာခဏ မြင်ရတယ်။ မှားတာက အကြောင်းမဟုတ်ပါဘူး။ အမှားကိုမြင်တဲ့လူက မှားတဲ့လူသိအောင် ပြောပြဖို့နဲ့ မှားတဲ့လူကလည်း အမှားကို မှားမှန်းလက်ခံပြီး အမှန်ပြင်ဖို့က အရေးကြီးတာပါ။
ငါရေးချင်သလို ရေးမှာပဲ ဖတ်တဲ့လူ နားလည်ရင်ပြီးရောလို့ ဆိုပြီး ဆက်မှားနေဦးမယ် ဆိုရင်တော့ ... အင်း ... သက်ပိုင်သူ ရဲ့ လက်ညိုးလေးကိုပဲ ခဏငှားပြီး အကုန်လုံးကို လက်ညှိုး ထိုးလိုက်ချင်ပါတော့တယ်။
မှန်တာ မှားတာထက် ဘာသာစကားနဲ့ ပတ်သတ်ရင် ခေတ်တခေတ်ရဲ့ စနစ်ကို အတတ်နိုင်ဆုံး တညီတညာတည်း ကျင့်သုံးနိုင်တာ ပိုကောင်းတယ်လို့ ယူဆမိတယ်။
ဒါပေမဲ့ ကိုယ်လည်း မှားတယ်။
မှားတယ်ဆိုတာ မသိလို့ မှားတာ အပြင်ကို သိရက်နဲ့ အလွယ်ရေးပစ်လိုက်တာတွေ ရှိတယ်။
ဥပမာ - လည်း နဲ့ လဲ။ ရီး နဲ့ ရည်း။ ရီ နဲ့ ရယ်။
အဲလို သိသိနဲ့ မှားရေးပစ်လိုက်ပေမယ့် ဘာသာစကားမှာ အားလုံးအတွက် သတ်မှတ်ထားတဲ့ စနစ်တစ်ခုတော့ရှိရမယ်လို့ လက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာစကားဖြစ်နေလို့။
နောက်တစ်ခု အွန်လိုင်းမှာ ဖြစ်တဲ့အမှားတွေက စာလုံးပေါင်း မသိလို့ မှားတာထက်၊ ကိုယ်ရိုက်မယ့် key ဘယ်နားမှာရှိမှန်းမသိလို့ ဖြစ်သလို ရေးလိုက်ရလို့ မှားကြတာပါ။ အပေါ်က အနောနိမတ် ပြောတဲ့ စာတတ်လား နဲ့ စာတက်လား မှာ မသိလို့ မှားတယ်မထင်ဘူး။ စာရွက်ပေါ်ချရေးတဲ့အခါ အဲဒီလူ အဲလို မှားရေးမယ် မထင်ဘူး။
စကားရှိတယ်လေ
အလုပ်များများလုပ်တဲ့သူက အမှားပိုများပါတယ်တဲ့
ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး ပြုပြင်သွားကြရုံပေါ့ ..း))
အရီးတားရေးတာကို ကျွန်တော်လည်း လက်ခံတယ်.. တခါတလေ ရေးချင်တဲ့ အကြောင်းအရာက ကိုယ့်ရဲ့ လက်ထက် ရှေ့ပိုရောက်နေရင် key မှားနှိပ်မိတာပဲ တခါတလေ သတိထားမိပေမယ့် တခါတလေ ကျွန်တော် မျက်စိရှမ်းသွားပြန်ရော.... ပါလိ(အခုပဲကြည့် စာလုံးအစစ်ကို သိပေမယ့် ဘယ်နားရိုက်ရမှန်းမသိဘူး။ လက်ကွက်ကိုလည်း မကြည့်ဖြစ်ဘုး) ရေးရင် ပိုသိသာတယ်.. ဇော်ဂျီရိုက်တတ်ကာစ ဘလော့ဂါပေါက်စလေးတွေဆို ပိုဆိုးရောပေါ့ဗျာ။ အင်္ဂလိပ်စာလို မြန်မာစာအတွက် check spelling များ ထွင်ပေးနိုင်တဲ့သူပေါ်ရင်တော့ အဲဒီလူဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းပါပဲ
ဟုတ်တယ်.. ခေတ် .. စနစ် အယူအဆ တွေ ပြောင်းတတ်သလို..ဘာသာစကားတွေ လည်း ဆန်းသစ် ပြောင်းလဲ လာ ကြတာပဲ..။ ဘလော့ ကိစ္စ ဆိုတာထက်.. အခြေခံ အကြောင်းအရာ ကိုပဲ ပြောကြကြေး ဆို...ထိန်းနိုင်တာ ထိန်း.. ပြောင်းတာလည်း ပြောင်းပေါ့..။
အရာအားလုံးတော့..ကမ္ဘာဦး က အတိုင်း ဖြစ်နိုင်မယ် မထင်ဘူး..။
ဒါပေမဲ့.. စာလုံးပေါင်း ဆိုတာ ကတော့.. စည်းမျဉ်း တခု လို ဖြစ်နေတော့.. မမှားအောင် ဂရုစိုက် နေ ရမယ်.. ( တို့လည်း စာလုံးပေါင်း အားနည်းတယ်)
ဒါပေမဲ့..စာအသုံး အတွဲ တွေကတော့..တလျှောက်လုံး ဆန်းသစ်နေ ကြတာပဲ..။
ဒါတောင်.. အင်္ဂလိပ် စာလုံးပေါင်းမှာ.. ခေတ်ပေါ် စကားတွေ ထဲက.. အများလက်ခံ လာလို့..အသစ်အသစ် တွေ..ကို... dictionary တွေ ထဲမှာ.. အမြဲ တည်းဖြတ်.. ထပ်ထဲ့ ပေးနေ ကြ တယ်။
ဒီကိစ္စ မျိုးက.. ဟိုဖက် ဒီဖက်ပါပဲ..။ ရှေးဆန်သူ.. ပြောင်းလဲ လိုသူ.. စသဖြင့်..
ပို့စ်ကော ကောမန့်တွေကော ဖတ်လို့ကောင်းသည်
ပြန်လာဖတ်ပြီး ပြောချင်တာတခု ထပ်ပေါ်လာသေးလို့။ ဘာသာစကားတစ်ခု ပြောင်းလဲလာတာဆိုတာမှာ တိုးတက်လာတဲ့သဘောကို ဆောင်တယ်လို့ ထင်တာပဲ။
ကိုယ်ဆိုလိုတာက တခေတ်ကနေ တခေတ် ဥပမာ - ပုဂံခေတ်ကနေ အင်းဝခေတ်မှာ ဘာသာစကားပုံစံဟာ ကွဲပြားခြားနားလာတယ် ဆိုပါစို့။ အဲဒါက ပုဂံခေတ်က ရေးပုံရေးနည်းကို ဆင့်ပွားပြောင်းလဲခဲ့ကြလို့ တိုးတက်လာတာမျိုးပဲ ဖြစ်မယ် ထင်တယ်။ ပုဂံခေတ်က ရေးနည်းရေးဟန်ကို ဘာမှန်းညာမှန်းမသိဘဲ လျှောက်ရေး ဖျက်လိုဖျက်ဆီးလုပ်ပြီး အသစ်ထွင်လာတာတော့ မဖြစ်နိုင်ဘူး။
မကေပြောတဲ့ အသစ် အသစ်တွေကို dic ထဲ ဖြည့်ထည့်ပေးတယ် ဆိုတာမျိုး။ ဝေါဟာရတစ်ခု အင်အားကြီးလာတဲ့အခါမှာ ထည့်ပေးရတာမျိုးလို့ ထင်တယ်။ harry potter ထဲက စကားတွေ dic ထဲ ရောက်တယ် ဆိုတယ်။
စကားလုံးအသစ်တွေ တိုးပွားလာတာနဲ့ သတ်ပုံမှားရေးတာကတော့ တခြားစီပါ။ ရေးနည်း ရေးဟန် ပြောင်းလဲ ဆန်းသစ်သွားတာနဲ့ ဂဃနဏကို မသိလို့ ရမ်းရေးတာကလည်း တကဏ္ဍစီလိုပဲ။
ကိုယ့်အယူအဆကတော့ တိုးတက်မှုပါပြီး ပြောင်းလဲသွားတယ် ဆိုတာမှာ မူရင်း စည်းမျဉ်းစည်းကမ်းကို နားလည်သင့်သလောက် အသေအချာနားလည်ပြီးမှ တိုးတက်အောင် ဆန်းသစ်အောင် လုပ်နိုင်စွမ်းမယ် ထင်မိတယ်။ နားလည်စရာမလို ရေးချင်သလိုရေးဆိုရင်တော့ တိုးတက်ဖို့ထက် အမျိုးကွဲများစွာနဲ့ တူရာ တူရာ အုပ်စုတွေပဲ နားလည်နိုင်မယ့် စာမျိုးပဲ ဖြစ်သွားလိမ့်မယ်။
ပြောမရဘူး။ ဗမာတွေက နိုင်ငံရပ်ခြား အနှံ့ကိုလည်း ရောက်နေကြတာဆိုတော့ နောင်ကြာတဲ့အခါကျ ပြည်မကြီးက ဗမာစာက တမျိုး၊ နိုင်ငံခြားရောက် မြန်မာ ဘလော့ဂါများ သုံးကြတဲ့ ဗမာစာက တမျိုး ဖြစ်ရင်ဖြစ်နေမှာ။
ဒါပေမဲ့ လူဆိုတာ ပုဂ္ဂိုလ်ခင်ရင် တရားမင်တယ်။ မမ KOM ရေးချင်သလိုရေးနေပေမယ့် ကိုယ့်မှာ ဖတ်ရတာ အဆင်ပြေနေပြန်တယ်။
:D
ကျွန်တော် ဘလော့ဂ် တစ်ခုမှာ ကွန်မန့် ရေးခဲ့သလိုပါပဲ။ လူမျိုးတိုင်းဟာ ကိုယ့်မိခင် ဘာသာစကားဖြစ်တဲ့အတွက် ကိုယ်မှားရေးလည်း နားလည်မှာပါပဲဆိုတဲ့ ဆင်ခြေနဲ့ ပျင်းရိစိတ်ကြောင့် စာလုံးပေါင်း အမှား၊ ၀ိဘတ် အသုံးပြုပုံနဲ့ စကားစု အထားအသို၊ အဖြတ်အတောက် လွဲချော်မှုတွေ ဖြစ်လာရခြင်းပါ။
တခြား ဘာသာတစ်ခုခုကို ရေးသားရာမှာတော့ မှားသွားခဲ့ရင် ရှက်စရာမို့ သေချာအောင် စိစစ်ပြီး ရေးလေ့ရှိတာကြောင့် ကိုယ့်ရဲ့ ကျွမ်းကျင်မှု အားနည်းချက်ကြောင့် မှားတာကလွဲရင် ကိုယ် ဂရုမစိုက်လို့ မှားတာ နည်းပါတယ်။
အကောင်းဆုံးကတော့ လက်ကွက်ကို အလွယ်တကူ ကြည့်နိုင်အောင် Desktop ပေါ် တင်ထားခြင်း (သို့) Print ထုတ်ပြီး မြင်သာသော နေရာတွင် ကပ်ထားခြင်းနဲ့ သတ်ပုံကျမ်းကို လိုအပ်တိုင်း မပျင်းမရိ ကြည့်ရှုခြင်းဖြင့် အချိန်အနည်းငယ်အတွင်း ကျင့်သားရပြီး မိမိတို့ရဲ့ အားနည်းချက်များကို ပြောင်းလဲပစ်နိုင်မှာ ဖြစ်ပါတယ်။
သဒ္ဒါကတော့ လူတိုင်းလိုလို စာကြောင်းတိုင်းကို သဒ္ဒါနည်းကျ မှန်ကန်အောင် ရှင်းပြတတ်ဖို့ ခက်ခဲနိုင်သော်လည်း မိခင်ဘာသာဖြစ်တဲ့အတွက် မှန်ကန်အောင် အလိုအလျောက် ရေးနိုင်ကြတာကြောင့် အဓိက ပြဿနာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ကျွန်တော်လည်း မြန်မာစာကို ၂၀၀၇ ခုနှစ် မကုန်ခင်လောက်မှ အကြောင်းအမျိုးမျိုးကြောင့် မရေးမဖြစ် ရေးရမှာမို့ ရေးတတ်သွားတာပါ။
မြန်မာစာ စရေးတုန်းကဆိုရင် အင်မတန်မှ ဒုက္ခရောက်ခဲ့တယ်။ ရေးတာ မှားလို့ ဖျက်ချင်ရင် Cursor ချတာ မမှန်ကန်မှုကြောင့် စာလုံးတစ်လုံးမှာ ရှိတဲ့ အစိတ်အပိုင်းတွေ ကွဲထွက်သွားတာတို့၊ လက်ကွက်ကို မနည်း လိုက်ရှာရတာတို့၊ ရိုက်ကျင့်မရှိတာတွေကြောင့် စာတစ်မျက်နှာကို နာရီ တော်တော်များများ ပေးခဲ့ရတယ်။ အချိန်မီ မပြီးလို့ ညမအိပ်ရတဲ့ ရက်တွေတောင် တော်တော်များခဲ့တယ်။
မိမိဘာသာစကားကိုလည်း မှန်ကန်စွာ ရေးတတ်ချင်တဲ့စိတ်ကသာ အဓိကပါ။ အထက်မှာ ပြောပြခဲ့သလို တစ်ခုခုကို မသေချာတိုင်း (တခြား ဘာသာတွေလို သဘောထားပြီး) လျစ်လျူမရှုပဲ သေချာစွာ စိစစ်ရေးသားသွားရင် အချိန်အနည်းငယ်အတွင်း သိသိသာသာ တိုးတက်လာမှာပါ။
မြန်မာစာ အရေးအသား တိုးတက် ကောင်းမွန်ကြပါစေ။
ဖိုးစိန်သို့ 
ဖိုးစိန်ကမေးထားတယ်။
စာလုံးဘယ်နှလုံးမှားသလဲစစ်ပေးပါဦးတဲ့။
အဲဒီမှာကိုက ဘယ်နှစ်လုံးမှားသလဲဖြစ်ရမှာလေ။
နှလုံးနဲ့ နှစ်လုံး မှားလို့ မရပါဘူး။
အဲလိုသာမှားမယ်ဆိုရင်
မြိုင်မြို့မှာ ကျွန်တော့အဒေါ်တစ်ယောက် စတိုးဆိုင်ဖွင့်ထားပါတယ်။ ဆိုင်နာမည်က နှလုံးလှစတိုးတဲ့။
အဲဒါကိုမှားရေးလို့  နှစ်လုံးလှ စတိုးလို့ သာဖြစ်ကြည့်။ နာမည်ကြီးတာနဲ့  ကျောက်ခဲနဲ့ အထုခံရမှာ တစ်ခုခုပဲ။
ရယ်စရာ ပြောတာပါ။
သက်ပိုင်သူရေးတာလဲ မှားနေတယ်။ Grammar ကို ပြောတာဆိုရင် သဒ္ဒါ ဖြစ်ရမှာ သဒ္ဓါ တဲ့။ :)
I think language is more of a communication, coz (because) we are not talking about literature, right? I always try my best to make my blog (I think this is even a new word) colorful (colourful).
ဘာရယ်မဟုတ်ဝင်လျာရှည်ကြည့်သည်။ မှားမှာစိုးလို့ မြန်မာ လိုနည်းနည်းပဲ ရေးတယ်။
ပါဠိပါ မမသူ
V = Shift + v
မြတ်ဖုန်းမို ပြောတာ မှားနေတယ်။
ဖိုးစိန်ရေးတာ မှန်ပါတယ်။
ဘယ်နှလုံး ဘယ်နှယောက် ဆိုရင် နှစ် လို့ စ-သတ် ထည့်ဖို့ မလိုဘူး။ ဘယ်နှလုံး ဆိုတာ ၂ ဂဏန်းကို ပြောတာမှ မဟုတ်ဘဲ။
မဆလ ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းလုပ်လို့ တ-တွေ တစ်ဖြစ်ပြီးပြီ။ မြတ်ဖုန်းမိုရေ .. နှတွေကို နှစ် မလုပ်ပါနဲ့တော့။
သေချာချင်ရင် မြန်မာစာ သတ်ပုံနဲ့ ခွဲထား စာမျက်နှာ ၂၀၀ ကို ကြည့်ပါ။
Thet Paing Thu,
I want to tell u something. I cannot say anythings concering with bloggers. But if u display ur opinion with myanmar sar, u should take care and u shoud study of myanmar grammar and u should read many books. Ok
ဘယ်နှ၊ ဘယ်နှယ်၊ဘယ်နှစ် ဆိုတဲ့ကိစ္စကိုတော့ ကျွန်တော်လည်းဇဝေဇ၀ါပါပဲခင်ဗျာ။ ဘယ်နှက မှန်မှာပါ။
ဒီနေ့ သူငယ်ချင်းတစ်ယောက်ကပြောတယ်။ စာလုံးမှားတာတွေက ဘလော့ဂါ သို့ မဟုတ် စာရေးသူတွေကိုတော့ တိုက်ရိုက်အပြစ်ပြောလို့ မရဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ကျော်စာရေးဆရာတွေလည်း မှားနိုင်တာပဲတဲ့။ ဒါကြောင့်သာ ပုံနှိပ်တိုက်မှာ စာပြင်ဆရာထားတာပေါ့တဲ့။ စာရေးသူက သူတင်ပြချင်တဲ့အကြောင်းအရာကိုသာ ဂရုစိုက်ရတာ။ စာလုံးပေါင်းကို အဲလောက် ဂရုမစိုက်ဘူးတဲ့။ သူပြောတာကို ကျွန်တော်တော့လက်ခံပါတယ်။
ကိုပိုင်ပြောတဲ့ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ် စတဲ့ခေတ်အသီးသီးက ပြောင်းသွားတဲ့ စာတွေနဲ့တင်ပြတာကိုတော့ လက်မခံချင်ဘူး။
ကိုပိုင်ရေ..
တကယ်ဆို ကိုပိုင့်ရဲ့အရေးအသားတွေကို ကျွန်တော်က တကယ့်ကိုနှစ်သက်ပါတယ်။ ကိုပိုင့်ကို အားလုံးပြည့်ဝနေစေချင်ပါတယ်။
ကျွန်တော်ပြောတဲ့ စာပေထဲက အဆိပ်ဆိုတာ စာလုံးပေါင်းသတ်ပုံတစ်မျိုးတည်းကို ဦးတည်ပြောနေတာတော့ မဟုတ်ပါဘူးခင်ဗျာ။
နာမည်ကျော်စာရေးဆရာတွေလဲ မှားပါတယ်။ ဒါပေမဲ့ သူတို့ စာတွေကို ပုံနှိပ်မထုတ်ဝေခင် စစ်တဲ့ အယ်ဒီတာရှိတယ်၊ ပရုဖ်ဖတ်သူ ရှိတယ်၊ စာပေစိစစ်ရေးရှိတယ်၊ ဒီလိုရှိတဲ့ ကြားထဲကတောင် စာလုံးပေါင်း အမှားက ကင်းတာတော့ မဟုတ်ပါဘူး။ တိုက်ပင်အယ်ရာမျိုးတွေ၊ မမြင်လိုက်လို့ မပြင်လိုက်ရတဲ့ အမှားတွေ ရှိသေးတာပါပဲ။ ဒါပေမဲ့ ပြောချင်တာက ပတ်ဘလစ်ကို မပြခင်မှာ ကိုယ့်စာကို အမှားကင်းအောင်တော့ တတ်နိုင်သမျှ လုပ်ကြပါတယ်။
ဘလော့ဂါဆိုတာက အယ်ဒီတာမရှိဘူး၊ ပရုဖ်ဖတ်သူမရှိဘူး၊ စာပေစိစစ်ရေးမရှိဘူး။ ကိုယ်တိုင်ရေး ကိုယ်တိုင်တင် ဆိုတော့ မှားရင် ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။
စာလုံးပေါင်းမှားတာကို အပြစ်တခုအနေနဲ့ မဆိုချင် ပေမဲ့ မှန်နိုင်တဲ့ အနေအထားရှိနေတာတောင် မှားနေသေးတဲ့ တချို့ဘလော့ဂါတွေကိုတော့ စိတ်ပျက်မိပါတယ်။ မြန်မာစာပေကို တကယ်လေးစားရင် တခြားမှာ အချိန်ကုန်နေမယ့်အစား ကိုယ်ရေးတဲ့စာလေး မှန်မှန်ကန်ကန် ဖြစ်ဖို့ နည်းနည်း အချိန်လေး ပိုပေးသင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်စာက ပတ်ဘလစ်မှာ တင်နေတာ မဟုတ်လား။
အမှန်ပြောရရင် ဒီပိုစ့် ရော ကော့မန့်တွေရော ဖတ်ရတာ တန်တယ်။
တကယ်တော့ ကျနော်က ပိုစ့်တင်တိုင်း အမြဲမှားနေကျပါ။ မှားမှန်းသိလို့လဲ ပိုစ့်မတင်ခင် အကိုတွေ အမတွေ ဝိုင်းစစ်ပေးကြပါတယ်။
ဒါပေမယ့်ပေါ့ ကြ နဲ့ ကြ ဆိုတဲ့ ရေးပုံမှ ကျနော်က ကြ ဆိုတာမျိုး အပြတ်ကို သုံးပြီးရေးတတ်တာကို မပြင်သလို
လုပ်ပြီး... ဖြစ်သွားပြီး ဆိုတဲ့နေရာမှာ ရှေးကပေါက်တွေ ထည့်ရေးတဲ့အကျင့်က ပါနေတယ်။ မော်လမြိုင်လေသံ အတိုင်းရေးမိတယ်ထင်တာပဲ။
တကယ်တမ်းကျလည်း မရီတာပြောသလို ရိုက်ရတဲ့ ကီးဘုတ်အခြေအနေပေါ်ကို မူတည်ပြီး မှားသွားတာမျိုးတွေ ရှိတတ်ပါတယ်။ကျနော်ကိုယ်တိုင် ခုထိမှားနေတုန်းပါပဲ။
ကော့မန့်မှာ မန့်သွားတာလဲ ကိုပိုင့်ကို စမိတာ။ တကယ်လဲ ကျနော်က အမှားများနဲ့ စာရေးသူမို့ပါ။
ကျနော်မှားနေမှန်းလဲ သိပါတယ်။ မှားနေတယ်လာပြောရင်လဲ စိတ်မဆိုးတတ်ပါဘူး။ တခါတလေ တစ်ယောက်မှားတာကို တစ်ယောက်ထောက်ပြပေးနိုင်ရင် ပိုအဆင်ပြေမှာပါ။
ဒီလို တစ်ယောက်ကို တစ်ယောက် ထောက်ပြတဲ့ အဆင်ပြေတဲ့ ကော့မန့်တွေက ဖတ်လို့ကောင်းပါတယ်။
အဲဒီအတွက် ကိုပိုင့်ကိုကျေးဇူးတင်ပါတယ်။
ကိုမြတ်ဖုန်မို ... တစ်ဆင့်တင်ပြတဲ့
"စာရေးသူက သူတင်ပြချင်တဲ့အကြောင်းအရာကိုသာ ဂရုစိုက်ရတာ။ စာလုံးပေါင်းကို အဲလောက် ဂရုမစိုက်ဘူးတဲ့။ သူပြောတာကို ကျွန်တော်တော့လက်ခံပါတယ်။"
အကြောင်းအရာဟာ ယုတ္တိရှိသလို ထင်ရပေမယ့် သေချာစဉ်းစားကြည့်ရင် စာရေးသူအနေနဲ့ သူ့ရေးသားတဲ့ စာပေါ်မှာ တာဝန်ယူလိုစိတ် မရှိလို့ ပြောတာလားလို့ ထင်စေပါတယ်။
စာရေးသူ/ဆရာဆိုတာ သာမန် စာဖတ်သူထက်တော့ စာဖတ်အားကောင်းသူတွေဆိုတာ ငြင်းမရပါဘူး။
စာရေးသူ/ဆရာကောင်း တစ်ယောက်အနေနဲ့ စာဖတ်သူ အကျိုးရှိစေမယ့် အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် တင်ပြတတ်ရုံသာမက စာလုံးပေါင်း သတ်ပုံလည်း မှန်ကန်ရပါမယ်။
စာရေးသူ/ဆရာက မှားရေးလို့ ဖတ်တဲ့သူက အဲ့ဒီအမှားကို အမှန်လို့ ထင်သွားခြင်း၊ မှားတယ်လို့ ထင်သော်လည်း စာဖတ်သူကိုယ်တိုင်က သေသေချာချာ မသိတဲ့အခါ ဇဝေဇ၀ါဖြစ်ပြီး မိမိရဲ့ မှန်နေတဲ့ စာလုံးပေါင်းတွေပါ မှားသွားနိုင်ခြင်းတို့ကြောင့် မြန်မာစာပေ အဆင့်အတန်း ကျဆင်းသွားနိုင်ပါတယ်။
ကျွန်တော်တို့အားလုံးဟာ အများအားဖြင့် စာလုံးပေါင်းသတ်ပုံ၊ ၀ိဘတ်မှန်ကန်စွာ သုံးစွဲခြင်းနဲ့ စကားလုံး အဖြတ်အတောက် အထားအသိုတွေကို စာဖတ်ခြင်းကနေ နေ့စဉ်နဲ့အမျှ အလိုအလျှောက် (သို့) မှတ်သား သင်ယူနေကြတာ ဖြစ်တဲ့အတွက် မြန်မာစာပေ အဆင့်အတန်းဟာ စာရေးသူ/ဆရာတွေအပေါ်မှာ အများကြီး မှုတည်ပါတယ်။
ကိုမြတ်ဖုန်းမို တင်ပြတဲ့ ...
"စာလုံးပေါင်းမှားတာကို အပြစ်တခုအနေနဲ့ မဆိုချင် ပေမဲ့ မှန်နိုင်တဲ့ အနေအထားရှိနေတာတောင် မှားနေသေးတဲ့ တချို့ဘလော့ဂါတွေကိုတော့ စိတ်ပျက်မိပါတယ်။ မြန်မာစာပေကို တကယ်လေးစားရင် တခြားမှာ အချိန်ကုန်နေမယ့်အစား ကိုယ်ရေးတဲ့စာလေး မှန်မှန်ကန်ကန် ဖြစ်ဖို့ နည်းနည်း အချိန်လေး ပိုပေးသင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်စာက ပတ်ဘလစ်မှာ တင်နေတာ မဟုတ်လား။"
ဒီအပုဒ်ကိုတော့ သဘောကျပါတယ်။ မြန်မာစာပေကို လေးစားမြတ်နိုးရာ ဖြစ်စေသလို ကိုယ့်စာတွေကို လာရောက်ဖတ်ရှုသူတွေကိုလည်း လေးစားရာ၊ စေတနာထားရာ ဖြစ်စေလို့ပါပဲ။
ဒါကြောင့် စာရေးသူ/ဆရာ(သို့)ဘလော့ဂါအနေနဲ့ မည်သို့သော ရည်ရွယ်ချက်နဲ့ပဲ ရေးရေး တတ်နိုင်သရွေ့ အမှားကင်းကင်း ရေးနိုင်အောင် ကြိုးစားသင့်ပါတယ်။
မြန်မာစာပေ အဆင့်အတန်း တိုးတက်စေလိုသော စိတ်သက်သက်ဖြင့် ...
ကိုမြတ်ဖုန်းမို ...
နာမည်မှာ "း " copy, paste လုပ်ရင်း မတော်တဆကျကျန်သွားတဲ့အတွက် တောင်းပန်ပါတယ်။
"စာရေးသူက သူတင်ပြချင်တဲ့အကြောင်းအရာကိုသာ ဂရုစိုက်ရတာ။ စာလုံးပေါင်းကို အဲလောက် ဂရုမစိုက်ဘူးတဲ့။ သူပြောတာကို ကျွန်တော်တော့လက်ခံပါတယ်။"
အမှန်က ကျွန်တော်ပြောချင်တာက ကိုပိုင့်ရဲ့ ပြောင်းလဲလာတဲ့ခေတ်တွေနဲ့ ဖြေရှင်းချက်ပေးတာထက် ကျွန်တော့်သူငယ်ချင်း ဖြေရှင်းချက်ပေးတာကို လက်ခံနိုင်ပါတယ်လို့ ရေးရမှာ။
ကျွန်တော်တို့ မြန်မာစာမှာ လက်ခံပါတယ်နဲ့ လက်ခံနိုင်ပါတယ်ဆိုတာတောင်မတူပါဘူး။ ဘာပဲဖြစ်ဖြစ်ဗျာ။ ခေတ်သစ်မြန်မာလူငယ်တွေ မြန်မာ စာပေနဲ့ ဘာသာစကားကို ဆက်လက်ထိန်းသိမ်းသွားနိုင်ကြမယ်လို့  မျှော်မှန်းပါတယ်။
Lun Lunn ထောက်ပြတဲ့ အောက်ဖော်ပြပါ စာသားက မြတ်ဖုန်းမို ပြောတာမဟုတ်ဘူးလေ ..
((ကိုမြတ်ဖုန်းမို တင်ပြတဲ့ ...
"စာလုံးပေါင်းမှားတာကို အပြစ်တခုအနေနဲ့ မဆိုချင် ပေမဲ့ မှန်နိုင်တဲ့ အနေအထားရှိနေတာတောင် မှားနေသေးတဲ့ တချို့ဘလော့ဂါတွေကိုတော့ စိတ်ပျက်မိပါတယ်။ မြန်မာစာပေကို တကယ်လေးစားရင် တခြားမှာ အချိန်ကုန်နေမယ့်အစား ကိုယ်ရေးတဲ့စာလေး မှန်မှန်ကန်ကန် ဖြစ်ဖို့ နည်းနည်း အချိန်လေး ပိုပေးသင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်စာက ပတ်ဘလစ်မှာ တင်နေတာ မဟုတ်လား။" ))
အဲဒါက မြတ်ဖုန်းမို ပြောတာမဟုတ်ဘူး။ သေချာပြန်ဖတ်ဦးလေ။ အကျွန်ုပ်ပြောခဲ့ ကြောင်းပါ။
အမည်မတပ်ဘဲ ခဏခဏလာရေးနေသူ။
မတွေ့တာတောင် ကြာပေါ့။ အဆင်ပြေတယ်မဟုတ်လား။
အရမ်းကောင်းတဲ့ ဆွေးနွေးချက်လေးပါပဲ။ ဘာသာစကား ဆိုတာ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ဖို့ဖြစ်တာကြောင့် သတ်ပုံတွေ ဂရုထားစရာ သိပ်မလိုဘူးလို့ဆိုကြတယ်။ ဒါဟာ အလေးအနက် မထားချင်သူတိုင်းရဲ့ ဆင်ခြေပါပဲ။ ပြောတဲ့ အခါမှာလည်း ပြောတဲ့အလျောက် ရေးတဲ့အခါလည်း ရေးတဲ့ အလျောက် စည်းကမ်းတွေရှိပါတယ်။ အဲဒီစည်းကမ်းတွေဟာ လုပ်ချင်တိုင်း လုပ်ထားတာတွေ မဟုတ်ပါဘူး။ သူ့ရည်ရွယ်ချက်က ဆက်သွယ်မှု ပိုကောင်းအောင် ပိုထိရောက်အောင်ဖြစ်ပါတယ်။ ဒါတွေကို အလေးအနက်မထားဘဲ ရေးချင်တိုင်းရေးမယ်ဆိုရင် စကားလုံးတွေ အဓိပ္ပါယ်တွေ ဖောင်းပွသွားမယ် တူညီစွာလက်ခံထားတဲ့ အချက်တွေ ကွဲလွဲကုန်မယ် မြောက်မြားလှတဲ့လူတွေ ရေးသမျှ အမှန်တွေ ဖြစ်နေပါလိမ့်မယ်။ အဲဒီလိုဆိုရင် နောက်လေ့လာချင်တဲ့သူတွေ အတွက် အခက်ဖြစ်စေပါတယ်။ အဲဒါကြောင့် အရေးအသားကို ဘုံသတ်မှတ်ချက်တွေ ထားရခြင်းဖြစ်ပါတယ်။ ဒါမှသာ စာလုံးတိုင်း လိုက်မေးစရာ မလိုဘဲ အရေးအသား ပုံစံ ဘုံသတ်မှတ်ချက်တွေ လေ့လာတာနဲ့ နားလည်နိုင် ရေးနိုင်ဖြစ်ပါလိမ့်မယ်။ ထို့အတူပဲ အင်္ဂလိပ်စာလည်း သူ့ Grammar အရေးအသား တစ်ခြားဘာသာဆိုလည်း သူ့အရေးအသားစည်းကမ်းတွေကို သိပြီး လိုက်နာဖို့ အရေးကြီးပါတယ်။ မဟုတ်ဘဲ ကိုယ်က အလွယ်လုပ်လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းကို ဗိုဂျုပ်အောင်ဆန်း ဆိုပြီးရေးသလို ဘာသာစကားကိုရော သူတို့အလေးထားတဲ့ ခေါင်းဆောင်ကိုပါ (မတော်တဆ) စော်ကားရာ ရောက်နေပါလိမ့်မယ်။ မှားမှန်းသိနေရက်နဲ့ ရပါတယ် သူတို့ ပြင်ဖတ်ပါလိမ့် ဆိုတဲ့အတွေးကို ကျွန်တော်တွေးမိမှာ အကြောက်ဆုံးပါပဲ။ ဘာလို့ဆို ကိုယ့်ရဲ့ (လုပ်နိုင်ရက်နဲ့ မလုပ်ဘဲ) အလေးမထားမှုကြောင့် တခြားသူတွေကို အမြင်မှားတွေ ပေးမိမှာဖြစ်လို့ပါပဲ။
TnT ပြောတာ ကျွန်တော်လက်ခံပါတယ်။ ဘာသာစကားဆိုတာ အားလုံးလိုက်နာနိုင်တဲ့ စံရှိရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အသုံးချမှုနဲ့ လူတွေရဲ့ကျင်လည်မှု ရှိဖို့လည်း လိုပါတယ်။ အခုလက်ရှိ ဘလော့ဂါတွေကြားမှာ စာလုံးပေါင်း သတ်ပုံမှားမှုနဲ့ ၀ါကျအထားအသိုမှားမှုတွေ အရမ်းများနေတယ်။ ဒါပေမယ့် သူတို့မှားနေတာကို လေ့လာကျင့်ရင်...
၁။ အဓိကက လက်ကွက်မပိုင်ကြတာနဲ့ မြန်မာအရေးအသားကတင် ရရစ်မှာတောင် အကြီးအသေးအတိုအရှည် အရေးအဆွဲက ကွဲနေသေးတယ်။
၂။ အင်တာနက် စာမျက်နှာပေါ်မှာ စာတွေရေးနေကြတဲ့အတွက် ပြောင်းလဲတိုးတက်မှုမြန်နေတဲ့ IT ခေတ်ကြီးမှာ လူတွေအားလုံးက ပို့စ်မြန်မြန်တင်ချင်တဲ့ စိတ္တဇက ၀င်နေတယ်။ ပို့စ်များများတင်လေ ကိုယ့်ဘလော့ လူလာလေဖြစ်မှာလေ။ (ဘယ်သူမှ အတင်ကြဲတဲ့ဘလော့ကို အမြဲမသွားချင်ကြဘုး၊ အဲဒီဘလော့က သေလောက်အောင် ကောင်းနေမှ သွားကြတယ်။)အဲဒီတော့ အချိန်ပေးစစ်ပြီး စာတစ်ပုဒ်လုံးကို အများရှေ့ ချပြဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် နိုင်ငံခြားက အလုပ်အရမ်းများတဲ့လူတွေ၊ မြန်မာပြည်က မီးလာတဲ့ အချိန်၊ ကော်နက်ရှင်ကောင်းတဲ့ အချိန်လေးတွေမှာ အပြေးအလွှား စာရေးကြတဲ့သူတွေ တွေ့မှာပါ။
၃။ စာလုံးပေါင်းသတ်ပုံမှားတဲ့ ကိစ္စကတော့ ဘလော့ဂါတွေ လုပ်လို့ စိုးရိမ်ရေမှတ်ကို မရောက်သေးပါဘူးလို့ ထင်ပါတယ်။ ဘလော့ဂါတွေ အများဆုံးမှားတတ်တာ၊ ကသတ်တို့၊ တ၀န်းပူသတ်တို့၊ ပါဠိစာလုံးတွေပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းကို ဗိုဂျုပ်အောင်ဆန်းဆိုပြီး တလွဲတချော် ရေးတဲ့ ဘလော့မျိုးမတွေ့ဘူးသေးပါဘူး။(ရှိတဲ့ဆိုရင်တော့ ကျွန်တော် ဘလော့မလည်တာ ပေါ်ကုန်ပြီနဲ့ တူပါတယ်)
၎။မြန်မာ Dictionary ကို ဘေးနားချပြီး သတ်ပုံစစ်ရအောင်လည်း ကျွန်တော်တို့မှာ မြန်မာ dic ကိုင်တဲ့ အကျင့်ပါလာတဲ့သူ အရမ်းနည်းမယ်လို့ထင်ပါတယ်။ စာဖတ်သူတွေရော မြန်မာ Dic ကို ဘယ်နှစ်ကြိမ်လှန်ဖူးပါသလဲ။ ကျွန်တော်ကတော့ တခါတလေ လှန်ဖူးတယ်။ ဒါပေမယ့် မြန်မာ Dic က ကိုယ်လိုချင်တဲ့ စာလုံးကို မြန်မြန်ရှာဖို့ မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ ကကြီးဆိုရင် သဝေထိုးတို့ လုံးကြီးတင်တို့က တစ်အုပ်စုစီဖြစ်နေတော့ ကိုယ့်စာလုံး မှားမှန်းသိပေမယ့် အမှန်ကိုရှာရတာ A B C D တွေလောက် မလွယ်ပါဘူး။
၅။ အဓိက အရေးကြီးဆုံးအချက်က ဘလော့မှာ စာရေးတာ လွယ်ကူလို့၊ အိုင်ဒီယာပြရတာ ကောင်းလို့။ အဲဒီတော့ Perfect ဖြစ်မှ စာရေးပါဆိုရင် ဘလော့မှာ စာရေးဖြစ်မှာ မဟုတ်တော့ပါဘူး။
၆။ ဘလော့ကြောင့် စာလုံးအသစ်တွေ ၀ါကျအသစ်တွေ ပေါ်လာမယ်ဆိုရင် (ကောင်းမယ်ထင်က) လက်ခံလိုက်ပါ။ မြန်မာ သဒ္ဒါမှာတောင် ဒရိုင်ဘာတို့၊ ဒါရိုက်တာတို့ဆိုပြီး (မွေးစားနာမ်လို့ ထင်၏) သူနဲ့ သက်ဆိုင်တဲ့အောက်မှာ အကျယ်တ၀န့်ထည့်ထားဘူးပါတယ်။
မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းနဲ့ ခွဲထားစာအုပ် အွန်လိုင်းမှာ နေရာတကာ ရနိုင်ပါတယ်။ မသေချာတဲ့ စာလုံးဆိုရင် အဲဒီစာအုပ်ထဲမှာ ရှာပြီး ရိုက်လို့ ရပါတယ်။ မကြာပါဘူး စက္ကန့်ပိုင်းပါပဲ။ အဘိဓာန် (dic) ကြည့်ဖို့ မလိုပါဘူး။ သတ်ပုံကျမ်းဆိုရင် လုံလောက်ပါပြီ။ စာအုပ်က အိတ်ဆောင်အရွယ်မို့ စာမျက်နှာလည်း မများပါဘူး။ ကြည့်ရင်းနဲ့ အလေ့အကျင့် ဖြစ်သွားတဲ့အခါ စာလုံးတွေကို မှတ်မိလာပါလိမ့်မယ်။ ခဏခဏ ကြည့်စရာ မလိုတော့ပါဘူး။
တချို့က လက်ကွက်မသိလို့ တွေ့တဲ့စာလုံးပဲ အလွယ်တကူ ရိုက်လိုက်ကြတယ်။ အဲဒါလဲ အပေါ်က လူတယောက်ပြောခဲ့သလို လက်ကွက်အမှားအယွင်း မရှိရအောင် ပရင့်ထုတ်ပြီး ကပ်ထားရင် အဆင်ပြေနိုင်ပါတယ်။
ထပ်ပြောပါမယ်။ မှားတာကို အပြစ်မဆိုပေမဲ့ မမှားနိုင်တဲ့ နည်းလမ်းကို ရှာပြီး အမှားနည်းနိုင်သမျှ နည်းအောင် လုပ်ကြရင် မကောင်းဘူးလား။
ငါတို့က အချိန်မရှိလို့ မအားလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ အမှားကို ကာဗာလုပ်တာထပ် စာရင် အမှားနည်းအောင် ပြုပြင်မယ့် နည်းလမ်းတွေကို ရှာသင့်တယ် ထင်တာကြောင့် ခုလို ပြောရခြင်းပါပဲ။
မြန်မာအဘိဓာန်ကို ဘယ်နှကြိမ်လှန်ဖူးသလဲလို့ သက်ပိုင်သူက မေးထားတာကို ဖြေပါမယ်။ စာလုံးပေါင်း သတ်ပုံအတွက် မြန်မာအဘိဓာန်ကို တခါမှ မလှန်ဖူးသော်လည်း စာရေးတဲ့အခါ ခုနပြောတဲ့ သတ်ပုံကျမ်းကလေးကိုဖြင့် မကြာခဏ လှန်ခဲ့ရကြောင်းပါ။
ကိုယ်လိုချင်တဲ့ စာလုံးကို ရှာဖို့လည်း လွယ်ပါတယ်။ သက်ပိုင်သူပြောသလောက် မခက်ပါဘူး။ က-ခ အစဉ်အတိုင်း ရေးထားတာပဲ။ အပင့်အရစ် နဲ့ လုံးကြီးတင် သဝေထိုးတို့အတွက်ကတော့ ငယ်ငယ်က သင်ရတဲ့ အ၊ အိ၊ အု၊ အေ၊ အဲ၊ အော၊ အံ၊ အို ဆိုတာလေးကို မှတ်မိနေရင် ... ပြီးတော့ ပင့်၊ ရစ်၊ ဆွဲ၊ ထိုး၊ ပင့်ဆွဲ၊ ရစ်ဆွဲ၊ ပင့်ထိုး၊ ရစ်ထိုး၊ ပင့်ဆွဲထိုး၊ ရစ်ဆွဲထိုး ဆိုတာလေးကို မှတ်မိနေရင် ရှာရတာ အဆင်ပြေမယ် ထင်ပါတယ်။
သက်ပိုင်သူက က-သတ်၊ တ၀မ်းပူ (၀န်းပူမဟုတ်) သတ် တို့ကို မှားတတ်တယ်ဆိုလို့ ပြောချင်သေးတယ်။ က-သတ်နဲ့ တ-သတ် မှားရင် အတော်လေး ကြောက်ဖို့ကောင်းပါတယ်။
သက်ပိုင်သူ ကို သတ်ပိုင်သူ ဆိုပြီးမှားရေးလိုက်လို့ကတော့ ကျောချမ်းစရာပဲ။
နောက် ဌ၀မ်းဘဲနဲ့ င-ဟထိုး ငှကိုလည်း မှားတတ်ကြသေးတယ်။ မခင်ဦးမေ ဆိုရင် ဟိုတလောကထိ ဦးငှေးမြင့် လုပ်နေတုန်းပဲ။ တမင်လား မသိတာဘဲလားတော့ မပြောတတ်ဘူး။ အဲဒါလည်း တခါတလေသာ ရယ်စရာ ကောင်းပေမဲ့ အမြဲလိုလို ဖြစ်လာပြီး(စာလုံးအသစ် ထွင်သလိုဆိုရင်တော့) မကောင်းဘူးလို့ ယူဆပါတယ်။
တချို့ တမင်ရေးတဲ့ တရ်တို့ မရ်တို့ကိုလည်း အပြင်းအထန် ရှုံ့ချ ကန့်ကွက်ပါတယ်။ အဲဒီလို ရေးလို့ စာလုံးအသစ်ပေါ်မယ် ၀ါကျအသစ်ပေါ်မယ်ဆိုရင်ဖြင့် ကောင်းမယ်မထင်၍ လက်သင့် မခံနိုင်ပါကြောင်း။
ပုံ
အမည်မဖော်ဘဲ ခဏခဏလာရေးသူ။
ကျနော်လည်း စာလုံးပေါင်း မှားတော့ မှားတယ် ဒါမယ့် အများကြီးတော့ မမှားပါဘူးး) ကျနော် ဟိုး အရင်တုန်းက ပို့စ်တစ်ပုဒ်ရေးဖုးတယ် သတ်ပုံမှားတဲ့ဘလော့ဆိုပြီး နည်းနည်းတောင် ဆော်ခံထိလိုက်သေး ။
ဒါပေမယ့် ဘလော့ဂါကိုကိုမမ ညီညီ ဒေါ်ဒေါ်တွေ သူများလက်ညိုးထိုးစရာ ဖြစ်အောင် စာလုံးပေါင်းတော့ သိပ်မမှားနဲ့ပေါ့ဗျာ
ဟုတ်ကဲ့ လိုက်နာပါ့မယ် ဒါမယ့် ဘလော့မယ်ဒေါ်ကြီးဖြစ်တဲ့ အန်တီင်္ခင်ဦးမေကျတော့ကော သူ့ကိုကျ ဘီလိုလုပ်မတုန်း ဟိဟိ ဖွပြန်ပြီး ။
Anonymous ခင်ဗျာ ...
ကျွန်တော် အဲဒီနေ့က Lap Top အသေးလေး သုံးလိုက်တဲ့အတွက် ကွန်မန့် ဘောက်စ် သေးသေးလေးမှာ တစ်ယောက်တည်း ဆက်တိုက် ရေးထားတာလို့ အကြည့်သျှမ်းပြီး နာမည်မှား ရေးမိတာ တောင်းပန်ပါတယ်။
ညီလင်းဆက်က -ါ ကို -ာ လို့ ရေးတယ်။
ြ ရေးရမယ့် နေရာမှာြ ကို ရေးတယ်။
အဲ့လိုရေးတော့ စာ ဖတ်ရတာ အရမ်းဆိုးတယ်။
အများသူငါ ဖတ်စေချင်လို့ ရေးတဲ့စာမှာတော့ အများ ဖတ်ရတာ မခက်အောင် ရေးတာပဲ ကောင်းပါတယ်။
ထွင်တာလား၊ ဖောင့်မတူတာလားတော့ မသိပါဘူး။ ထွင်ရေးတာဆိုရင်တော့ မှားတာကို ခဏခဏ ကျုးလွန်ရင် ဦးနှောက်က ကြာလာတော့ အမှားကို အမှန် ထင်သွားလိမ့်မယ်။
ဒါကိုါ နဲ့ပဲ ရေးတာ အမှန်မလား။ ဘယ်သူမှာ နဲ့ မရေးပါဘူး။ ဝါသနာက ဝာသနာ ဆိုတော့ ဖတ်ကြည့်ပါအုန်း။
LunLunn
ကိစ္စမရှိပါဘူး။ ဒါမျိုးဖြစ်တတ်ပါတယ်။ တောင်းပန်ရလောက်တဲ့ထိ မဟုတ်ပါဘူး။ ကျေးဇူးပါပဲ။
အပေါ်က အနောနိမတ်သို့
အဲဒါက ညီလင်းဆက် တမင်ရေးတာမဟုတ်ဘူး။ ဇော်ဂျီနောက်ဆုံးဗားရှင်းကြောင့် အဲဒီလိုဖြစ်နေတာ။
နောက်ဆုံးဗားရှင်း ဒေါင်းလုတ်လုပ်ထားရင် ပုံမှန်ပဲ မြင်ရပါတယ်။
ညီလင်းဆက်ထွင်တာ မဟုတ်ပါ။ ဖောင့်မတူခြင်းသာ ဖြစ်ပါတယ်။
ဒါ ကို မောက်ချ -ါ နဲ့သာ ရေးပါတယ်။
င၊ ဒ၊ ပ၊ ၀ စာလုံးတွေကို တို့ကို မောက်ချနဲ့ ရေးရတယ်။
တခြားစာလုံးတွေနဲ့ မှားနိုင်လို့ပါ။ ၀ါကို ၀ာ လို့ရေးရင် တ-၀မ်းပူနဲ့ မှားနိုင်တာမျိုး၊ ဒါကို ဒာ လို့ရေးရင် အ နဲ့ မှားနိုင်တာမျိုးကြောင့်ပါ။
မောက်ချ ရေးတဲ့ထဲမှာ စာလုံးတချို့ကျန်သွားလို့။
ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ အဲဒီငါးလုံးကို -ါ (မောက်ချနဲ့ ရေးပါတယ်။)
ငယ်ငယ်တုန်းက တော့ ခင်ဂူငေါ ဒေါပုံဝ လို့ အလွယ်မှတ်ခဲ့ဖူးတယ်။
ဘာပြောရမလဲ စဉ်းစားရင်းနဲ့
ဖတ်သွားတယ် ပဲ ပြောတော့မယ် ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ဘလော့ဂါတွေ မြန်မာစာမဖျက်ဆီးပါ....သို့သော် ဂရုစိုက်ဖို့ လိုပါသည်
အားလုံး အားလုံးဘဲ တခု ကို တစ်ခု လို့ မရေးပါနဲ့ နှခု ကို နှစ်ခု လို့ မရေးပါနဲ့
အဲဒါတွေက ဦးနေဝင်း ဖျက်စီးထားတာတွေပါ
အဲဒါကိုတော့ ဆန့်ကျင့်ကြပါ ဘလော့ဂ်ဂါ များ နံမည်ကြီး လာလျှင် စာပြင်ဆရာ များက စာပြင်ပေးကြပါလိမ့်မည်
တတ်နိုင်သမျှတော့ မှန်အောင် ကျိုးစားကြပေါ့ ဒါပေမဲ့ ပေးတဲ့ message ကပိုအရေးကြီးပါတယ်
အင်း ဟုတ်တယ် ကျမလည်း သိသိကြီးနဲ့ ကျွန်မလို့ မရေးပဲ ကျမလို့ အလွယ်ရေးနေမိတုန်း....။ အဓိက ကတော့ အချိန်ကြောင့်ပါ၊ အနဲဆုံး ကျမလို့ တခါရိုက်တိုင်း ဝဆွဲ နဲ့ နသတ် ရေးရမဲ့အချိန် သက်သာတယ်လေ...။ တတ်နိုင်သမျှတော့ စာလုံးပေါင်း မှန်အောင်ရေးပါတယ်။
သဒ္ဒါကလည်း ဒီလိုပဲ တခါတလေ စကားပြောဟန်က ပိုဖတ်ရသွက်တာမို့ "နေ့လည်က စားပြီးပြီ" ကို "စားပြီးပြီ နေ့လည်က" အဲသလို ရေးမိတာမျိုးပေါ့..။
နောက်ကျမှ ဖတ်မိလို့ ခုမှပဲ မန့်သွားပါတယ်။
ဘာလော့ တွေနဲ့ ပတ်သက်ပြီး စာပေထဲမှာလည်း အဆိပ်တွေပါတယ်လိုပဲပြောပြော၊ မြန်မာစာဖျာက်ဆီး တာမဖျက်ဆီးတာ အသာထား၊ အင်္ဂလိပ်လို ဘလော့တွေရေး အင်္ဂလိပ်လို မှတ်ချက်တွေပေးနေကြတာ၊ Burglish ကိုသုံးနေကြတာထက်စာရင် အများကြီးပိုကောင်းတယ်လို့ထင်ပါတယ်။ ဘလော့တွေကို သာ Burglish နဲ့ရေးကြရင် နောက်တချိန်မှာ မလေးစာလို ချင်းစာပေတွေလို အသံထွက်အတိုင်း အင်္ဂလိပ်စာလုံးတွေ ပေါင်းတဲ့ အခြေအနေရောက်သွားနိုင်ပါတယ်။
အပေါ်က မြန်မာစာ ဆရာကြီးတွေ အကုန် ရေးသူကော ဆွေးနွေးသူတော်တော်များများပါ
“ဝလုံး” ကို “သုည” နဲ့ မှားရေးနေကြတယ်
ဟိဟိ
ဝ နဲ့ ၀ လေ အဲ့တာကြောင့် မဆကမဘူးဖြစ်နေတာ
Post နဲ့Comment တွေကို ဖတ်ရတာ ပညာတော်တော်ရသွားတယ်...
ကိုယ်ကရေးချင်တဲ့စိတ်ပဲ များနေတာ..
စာလုံးပေါင်းသတ်ပုံတော့ ညံ့တယ်ရှင်..း(
စာလာဖတ်တဲ့သူငယ်ချင်းတွေက ပြင် ပြင်ပေးသွားကြတာ အခုထိ ပါပဲ..း(
Post a Comment