တခါတလေ ဖက်ရှင်နဲ့ပါတ်သက်လာရင် ကျွန်တော်အတော့်ကို စိတ်ဝင်စားတယ်။ လှလှပပ စမတ်ကျကျ ၀တ်ထားတဲ့လူတွေ့ရင် ကျွန်တော်လိုက်ငေးမိရော။ ဒါပေမယ့် ကျွန်တော်တို့ မိသားစုက ပြည့်ပြည့်စုံစုံမရှိတော့ ငယ်ငယ်ကတည်းက အ၀တ်အစားကောင်းကောင်းဆိုတာ တစ်စုံတစ်လေလောက်ပဲ ရှိတယ်။ အလယ်တန်းအထက်တန်းရောက်လာတဲ့အချိန်၊ ပုဆိုးကောင်းကောင်း ၀တ်တတ်လာတဲ့အခါ သူများတကာတွေလို ထည်လဲ ၀တ်ချင်လာတယ်။ ကံကောင်းတော့ ဖေဖေက အထက်တန်း ကျောင်းအုပ်ဆရာကြီးဆိုတော့ တစ်နှစ်ပတ်လုံး အိမ်မှာ ပုဆိုးဆိုတာ လာကန်တော့တဲ့လူတွေရှိတော့ ပေါမှပေါ။ တခါတလေ ဖေဖေတောင် သူ့ကို ဘာလာကန်တော့မှန်းမသိဘူး။ ကျွန်တော်က မေမေ့နားကပ်ပြီး ပုဆိုးအသစ်ဆို ကိုယ့်ဗီရိုထဲ ထည့်သိမ်းလိုက်တော့တာပဲ။ အငယ်ဆုံးဆိုတော့ ဆိုးတာလည်းပါတာပေါ့။
နောက်တော့ စကာင်္ပူရောက်လာတယ်။ တွေ့သမျှုဝယ်ဝတ်ချင်လာတယ်။ ဒါပေမယ့် မတတ်နိုင်ပါဘူး။ ကျောင်းပြီးသွားရင် ၀ယ်ဝတ်မယ်လို့ အားခဲထားပြန်တယ်။ ကျောင်းပြီးတော့လည်း တင်နေတဲ့ အကြွေးတွေကို ဆပ်နေရတော့ အ၀တ်အစားအသစ်ဘက်ကို မလှည့်နိုင်ပြန်ဘူး။ ကျွန်တော်ကြိုက်လိုက်သမျှကလည်း စကာင်္ပူဒေါ်လာ တစ်ရာအောက်က မဆင်းဘူး။ ဒါနဲ့ပဲ အကြံဥာဏ်ထုတ်ပြီး ရန်ကုန်က အပ်ချုပ်ဆိုင်တွေမှာ လိုက်အပ်ကြည့်တယ်။ ကိုယ်က ပုံဆွဲ၊ နမူနာ ရှပ်အကျီင်္ပုံစံပေးပေါ့ဗျာ။ ပထမစက်ချုပ်သမားဆီမှာ မအောင်မြင်ဘူး။ နောက်တစ်ယောက် ထပ်ပြောင်းရတယ်။ နောက်တစ်ယောက်လည်း မအောင်မြင်ပြန်ဘူး။ သူတို့က ကိုယ်ပေးတဲ့ cutting ကို ကောင်းကောင်း မလုပ်နိုင်ဘူး။ ကျွန်တော်က ခါးလေးသိမ်အောင် ညှပ်ပြီး ကိုယ်နဲ့ အနေတော်လေးချုပ်တာကို သဘောကျတယ်။ ဒါပေမယ့် မြန်မာပြည်က အပ်ချုပ်သမားတွေက ခါးသိမ်ရင် မိန်းကလေး cutting ဆိုပြီး ဒဲ့ကြီးတွေ လုပ်လုပ်ပြစ်တယ်။ နောက်တော့လည်း တတိယမြောက်ကျတော့မှ အဆင်ပြေသွားတော့တယ်။ အဲဒါတွေက လွန်ခဲ့တဲ့ လေးနှစ်လောက်ကပေါ့။ အခုတော့လည်း ရှပ်အကျီင်္ဆိုရင် ၀ယ်မ၀တ်တော့ဘူး။ ချုပ်ဝတ်တာများတယ်။
အခုတော့ ပုံမှန်ချုပ်ဝတ်တာထက် တဆင့်တက်ပြီး စီးပွားရေးနည်းနည်းဆန်ချင်လာတယ်။ ကိုယ်မတောက်တခေါက် ဒီဇိုင်းလုပ်ထားတဲ့ အကျီင်္တွေကို အွန်လိုင်းမှာ ရောင်းမလို့လေ။ အခုထက်ထိတော့ ကိုယ့်ဝက်ဆိုဒ်ကိုနာမည်ပေးဖို့စဉ်းစားတုန်းပါပဲ။ ဒီနှစ်ကျောင်းပြန်တက်ဖို့ လုပ်ထားတော့ အဲဒါလေးကိုပဲ part time အနေနဲ့ လုပ်ရမှာ။ ကျောင်းကလည်း Full Time…..။ တက်မှာကလည်း Interior design ဆိုတော့ အချိန်ရဖို့ သိပ်လွယ်မယ်မထင်မိဘူး။ ကျောင်းလခကလည်း တစ်နှစ်ကို စကာင်္ပူဒေါ်လာ တစ်သောင်းခုနှစ်ထောင်ဆိုတော့ Bank Loan ရမှပဲ ဖြစ်မှာ။ ကျောင်းခေါ်စာတော့ရပြီ။ bank loan လျှောက်ဖို့ပဲ ကျန်တော့တယ်။ နောက်ပြီး အွန်လိုင်းကိစ္စလေး အဆင်ပြေသွားရင်လည်း မဆိုးပါဘူး။ အခုတော့ ကြိုးစားလိုက်ဦးမယ်။ စာဖတ်သူတွေလည်း ကျွန်တော့်ဒီဇိုင်းလုပ်ထားတာလေးကြည့်ပြီး ကွန့်မန့်လေးပေးခဲ့ပါ။ ဘောင်းဘီရော အကျီင်္ရော ကျွန်တော်ကိုယ်တိုင်မချုပ်တဲ့ ကျွန်တော့်လက်ရာတွေပါ။ ကောင်းတာ ဆိုးတာလေး အကြံဥာဏ်လိုချင်လို့ပါ။ (အားလုံးကပြောတယ် အကျီင်္ကလှတယ် မော်ဒယ်က ဖျက်နေတာတဲ့း)…this is the cheap way to get model lay…. ဓါတ်ပုံတွေရိုက်ပေးတဲ့ ကိုဘိုဘို(မိုးကုတ်သား)ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ)

18 ယောက်ကဒီလိုမြင်တယ်တဲ့...:
မိုက်တယ်ဗျာ.. မှော်ဘီကျောင်းက မော်ဒယ်လ်ဘွိုင်းလဲ ထွက်တာကိုး
ပတ်တိုင်း မော်ဒယ် လုပ်ပေါ့ .. :D
အကျီ ပုံလေးတွေ မိုက်တယ် .. မိန်းကလေး ပုံတော့ မရှိဘူးလား :D
(ကျွန်တော်ကြိုက်လိုက်သမျှကလည်း စကာင်္ပူဒေါ်လာ တစ်ရာအောက်က မဆင်းဘူး။)
အော် ကိုယ့်လိုပါပဲလား။
ဈေးပေါတာကျလည်း မကြိုက်၊ ဈေးကြီးတော့လည်း နှမျောနဲ့ ဘာမှ မဝယ်ဖြစ်သလောက်ပါပဲ။ ဘာပဲဝတ်ဝတ်လှတာတော့ အမှန်ပဲ။ (ကိုယ့်ဘာသာကိုယ် ပြောခြင်းဖြစ်သည်။ အဟွတ် အဟွတ်)
မိန်းကလေးတွေ အတွက် ထွင်ပါဦး။ ပေါ ချောင် ကောင်း ဆို အသေအချာ အားပေးပါမယ်။ မော်ဒယ်လိုရင်လည်း ပြောနော်။
Good Idea!
တစ်ခုတော့ သတိထားပေါ့...။
မြန်မာပြည်က ဒီဇိုင်နာတွေတော့ မငိုစေနဲ့နော်....
(သူတို့ဆီ မလာပဲ သက်ပိုင်သူဆီပဲ လာနေမှာစိုးလို့ ခိခိ :P)
အမလေး ...ကိုယ်တင်ပိန်လှပီမှတ်နေတာ ဟိဟိ
ကိုသက်ပိုင်သူဒီဇိုင်းတွေကတော့မိုက်တယ် နည်းနည်းမှဝလာလို့ မရဘူး ..ဟက်ဟက်
လက်ပြတ်လေးနဲ့ အကျီလေး တော်တော်လှတယ် .. မော်ဒယ်ကပါ အရိုင်းဆန်သွားတယ်
100 million Cheers ....
ဒုတိယပုံ(မီးခိုးရောင် ဒေါင်လိုက်ဆင်း)က အိတ်ကပ် ပုံစံကြိုက်တယ်။ အိတ်ပျောက်လို့ ခေါ်မလားတော့မသိဘူး။ အရောင်ရော အဆင်ရောကောင်းတယ်။
စိမ်းပြာကွက်နဲ့ အနီကွက်ဆိုရင် စိမ်းပြာကွက်မှာ စပ်ထားတဲ့ ဒီဇိုင်းကို ကြိုက်တယ်။ အနီကွက်စပ်ထားတာ မိန်းမဆန်သလိုပဲ။ မကြိုက်ဘူး။
လက်ပြတ်နဲ့ပုံတွေ့တော့ ကိုဖိုးစိန်များလားလို့..း))
မော်ဒယ်ကိုတော့ ဘာမှမပြောတော့ပါဘူး :P
ကြိုက်၏... အားပေးမည်... လက်ပြတ်ဒီဇိုင်းက ကိုဘိုဘို(မိုးကုတ်သား) ၀တ်တာတောင် သွားသတိရတယ်.. သူကအဲလိုမျိုး ၀တ်တတ်တာကိုးးးး)))))) မိန်းကလေးတွေ အတွက်လဲ လုပ်ဦးလေ..း)
ဖက်ရှင်ဆိုလို့ စိတ်ဝင်စားသွားတယ် ...
ပထမ ဆုံး ပုံနဲ့
အနီရောင် အကျီပုံ လှတယ် ..
မိန်းကလေး ဒီဇိုင်းလည်း ထုတ်လေ ..
မိန်းကလေး ရှပ်ဒီဇိုင်း လေးတွေ ရှိတယ် ..
ယောကျာင်္လေး အတွက်ရော ၊
မိန်းကလေး အတွက်ရော အတွက်
စဉ်းစားပေါ့ ...
ဒုတိယ စတုတ္ထနဲ့နောက်ဆုံးဝတ်စုံလေးက တော်တော်လေး အဆင်ပြေ ချောမွေ့တယ်
အထူးသဖြင့်.....
ဒုတိယနဲ့ နောက်ဆုံးပုံလေးက ဒီက
formal ၀တ်စုံပုံစံလေးဖြစ်နေလို့
တော်တော်သဘောကျတယ်...
congratulation ပါသက်ပိုင်သူရေ
NTU or NUS ?
Anyway....good :)
ကျွန်တော်လည်း အ၀တ်အစား အရမ်း ဂရုစိုက်သူမို့ ထင်မြင်တာလေးတွေ ပြောကြည့်မယ်နော် ...
ပထမဦးဆုံး ၄ပုံရဲ့ အင်္ကျီဒီဇိုင်းက ကြယ်သီးကို အနည်းဆုံး ၁လုံး ထပ်ဖြုတ်ဝတ်မှ ပိုပြီး ဆွဲဆောင်မှုရှိမယ်။ နေရာဒေသပေါ် မူတည်ပြီး ၂လုံး ဖြုတ်နိုင်တယ်။ (ရင်အုပ် ကြွက်သားလှပသူများအနေနဲ့ ပိုသင့်တော်၊ မိန်းကလေးတွေ ရင်ဖိုချင်စရာပေါ့။)
ရှပ်အင်္ကျီကောင်း တစ်ထည်မှာ ရှိရမည့် အချက်များ ... (ဒေါင်လိုက် (သို့) ကန့်လန့် (သို့) မည်သို့သော အဆင်း၊ ဒီဇိုင်းဖြစ်ပါစေ)
၁)အင်္ကျီအရှေ့ဖက် ဘယ်၊ ညာ နှစ်ဖက်မှာ ရှိတဲ့ အဆင်ဟာ ထပ်တူညီမှုရြှိခင်း
၂)ကော်လာမှာ ရှိတဲ့ အဆင် ထပ်တူညီခြင်း (သို့) လိုင်း အကွာအဝေး အစရှိသည် တူညီခြင်း
၃)ပခုံးမှ ရှိတဲ့ အဆင် ထပ်တူညီခြင်း (သို့) လိုင်း အကွာအဝေး အစရှိသည် တူညီခြင်း
၎)လက်ပတ်မှာ ရှိတဲ့ အဆင် ထပ်တူညီခြင်း (သို့) လိုင်း အကွာအဝေး အစရှိသည် တူညီခြင်း
၅)ကျောဖက်ခြမ်းမှာ ရှိတဲ့ အဆင် ထပ်တူညီခြင်း (သို့) လိုင်း အကွာအဝေး အစရှိသည် တူညီခြင်း
ဥပမာ ... ပုံ ၃ အင်္ကျီ အနီရောင်လိုမျိုး Symmetrical ဖြစ်နေမှ ဒီဇိုင်းကောင်းမွန်သော အင်္ကျီ တစ်ထည် ဖြစ်ပါမယ်။
ပုံ ၅ အင်္ကျီ ဒီဇိုင်းက ကောင်းမွန်ပါတယ်။ အဆင် နုတ်နုတ် (သို့) ပြောင်အစား အဆင် ခပ်ကျဲကျဲကြမ်းကြမ်းလေးဆို ပို ဟော့မယ်လို့ ယူဆပါတယ်။
ဘောင်းဘီကတော့ ပြောစရာ မရှိပါ။ ကျွန်တော်ကိုယ်တိုင်လည်း Fit ပဲ ကြိုက်တယ်။ချပ်ချပ်ရပ်ရပ် ရှိသလို ၀လာ၊ ပိန်လာရင် ချက်ချင်းသိပြီး ထိန်းနိုင်လို့။
သို့သော် ပိန်သောသူ (သို့) ပေါင်တံ၊ တင်ပါး သေးသူများနှင့် မသင့်တော်ပါ။
အင်္ကျီ လက်ဆောင်ပေးမယ်လို့ ပိုင်ပိုင် ပြောဖူးသလိုပဲနော်။
အင်း.... ဝတ်ရချေရဲ့လို့ အိပ်မက်မက်တာလဲ အခါခါ..
အပြာကွက်လေးနဲ့ လက်ပြတ် က my favourite
အနီကွက်လေးကို လုပ်ထားတာလေး သဘောကျတယ်.. ညီညီလည်း ရှပ်အကွက်တွေ သဘောကျတတ်သူမို့လို့.. ရှပ်အကွက် ၂ ခုကို ကြိုက်သွားပါသည်.. တထည်လောက် လက်ဆောင်ပေးပါ.. မော်ဒယ်ငှားပါမည်.. (ကျားမော်ဒယ်လ်ရော မမော်ဒယ်လ်ရော ၂ ခုလုံးရှိတယ်နော်.. အထင်မသေးနဲ့)
အင်္ကျင်္ီအနီစင်းကို လုံးဝ မကြိုက်... ရင်ဘတ်နား ဖြတ်ဆက်တဲ့ပုံကို မိန်းကလေးတွေပဲ ဝတ်ကြတာ မြင်ဖူးလို့..။
ဒုတိယပုံ ကို တော်တော်လေးကြိုက်ပါသော်လည်း ဘောင်းဘီက ခါးကြယ်သီးဖြုတ်ဝတ်ရတဲ့ ဒီဇိုင်းဆို မကြိုက်.....။
ကျန်တာတွေ အားလုံးကြိုက်ပါသည်။
pifpif
ကွက်တိလေးတွေကြည့်ပဲဖြစ်နေတယ်နော်။ ပိန်တဲ့သူ၊ သေးတဲ့သူတွေ အတွက် ပိုပြီး ကျုံ့သွားစေမှာလား တော့ မပြောတတ်ဘူး။ ခုစတိုင်တွေ အများစုကတော့ high class ဆန်ပြီး ပုံစံသွက်သွက်လေးတွေ ဖြစ်တယ်လို့ ထင်မိပါတယ်။
ဝတ်ထားတဲ့ မော်ဒယ်နဲ့ လိုက်လဲလိုက်ဖက်ပါတယ်။ အဝတ်အစား ပုံစံတွေကိုလည်း သဘောကျပါတယ်။
လန်းလှချည့်လား ကိုယ့်လူ။
ချစ်ချာရေး..
များကတော့ ချစ်သွားပီ တိရား..
တီတီချစ်
Post a Comment