May 13, 2010

စိတ်ကူးတိုက်ခန်း




ကိုလုံးတုံးရဲ့ စာအုပ်စင်လေးတွေအကြောင်း ဖတ်ပြီး အရင်တစ်ခေါက်က ကျွန်တော်စိတ်ကူးယဉ်ပြီး ဒီဇိုင်းလုပ်ထားတဲ့ တိုက်ခန်းလေးကို သတိရမိတယ်။ ကျွန်တော် စကာင်္ပူမှာ တိုက်ခန်းဝယ်ပြီးရင် ဘယ်လိုဘယ်ညာ အခန်းဖွဲ့ပြီး ဘယ်လိုနေပစ်လိုက်မယ် စိတ်ကူးနဲ့ပေါ့။ အိပ်ခန်း သုံးခန်းပါတဲ့ အိမ်ဝယ်မယ်။ တစ်ခန်းက ကျွန်တော်နေဖို့။ နောက်တစ်ခန်းက ဧည့်သည်လာရင် နေဖို့။ နောက်ထပ်အိပ်ခန်းတစ်ခန်းကိုတော့ ဖြိုပြီး စာကြည့်ခန်း Study Lounge နဲ့ ဧည့်ခန်း Living Room တို့ကို တွဲရက် အခန်းကျယ်ကျယ်ဖြစ်အောင် ဖွဲ့ပစ်မယ်ပေါ့လေ။

စာကြည့်ခန်းထဲမှာ နံရံကပ် စာအုပ်ဗီရိုကြီးတွေ ထည့်မယ်။ ကျွန်တော့် အိပ်ခန်းထဲဝင်တဲ့ အိပ်ခန်းတံခါးကိုပါ နံရံနဲ့ တစ်ထေရာတည်းတူတဲ့ သစ်သားရောင်ကိုသုံးမယ်။ အိပ်ခန်းတံခါးဘောင်ရဲ့ အပေါ်အထိ စာအုပ်စင်လေးထားမယ်။ အဲဒီစာအုပ်စင်မှာလည်း မှီငြမ်းစာအုပ်တွေ၊ စွယ်စုံကျမ်းတွေထား၊ လိုတော့မှ လှေကားလေးနဲ့ တက်ယူ။ စိတ်ကူးယဉ်ကြည့်တာပေါ့ဗျာ။ စာကြည့်စားပွဲလေးကိုလည်း စာအုပ်စင်နဲ့ တွဲလျက်လေး လုပ်ထားသေးတယ်။ ဘေးနားကနေ အေးအေးလူလူထိုင်ပြီး စာဖတ်လို့ရအောင် ဆိုဖာထိုင်ခုံလေးကိုပါ လုပ်ထားပြီး ဘေးနံရံဘီရိုကနေ တွဲပြီးလုပ်ထားတဲ့ စားပွဲမျက်နှာပြင်နဲ့ တစ်ညီတည်းလုပ်ထားတယ်။

ဧည့်ခန်းနဲ့ စာကြည့်ခန်းကို နံရံတစ်ခုလို့ ပြောလို့ရနိုင်သလို၊ နံရံဗီရိုတစ်ခုလို့လည်း ပြောလို့ရမယ့် အရာနဲ့ခြားထားလိုက်တယ်။ အဲဒီဗီရိုမှာ Buil-in ဘုရားစင်လေးပါမယ်။ ကျွန်တော်ရဲ့ ဘုရားစင်လေးက ဘုရားပွဲတွေ အုန်းတွေ ငှက်ပျောတွေနဲ့ ရှုပ်ရှက်မနေချင်ဘူး။ ပြတိုက်မှာ ဘုရားဆင်းတုတွေ ပြထားသလို ရှင်းရှင်းလင်းလင်းနဲ့ ခပ်သေးသေးဘုရားပန်းအိုးလေး ရှိရင် လုံလောက်ပြီ။ နောက်ပြီး အမြဲတမ်းစိတ်ကူးယဉ်နေမိတဲ့ ငါးကန်သေးသေးလေးလည်း ပါတာပေါ့။ အဲဒီငါးကန်သေးသေးလေးမှာ ချစ်စရာငါးသေးသေးလေးတွေပဲ ရှိနေမယ်။ ဧည့်ခန်းထဲမှာလည်း မော်ဒန်ပန်းချီကားတွေ ၀ယ်ပြီး ချိတ်ဆွဲထားမယ်။ ကျွန်တော်က ပန်းချီကားစုရတာ ၀ါသနာပါတယ်ဗျ။


သူငယ်ချင်းတွေ လာရင် ဟော့ပလိတ်ပါတွဲရက်ပါတဲ့ ကောင်တာမှာထိုင်၊ ကျွန်တော်က စကားတပြောပြောနဲ့ ဂေါ်ဖီ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ လက်ဖက်ကို ချဉ်စပ်လေးသုတ်၊ ယွန်းပန်းကန်လေးမှာထည့်ပြီး ချက်ချင်းဧည့်ခံနိုင်တဲ့ မီးဖိုချောင်လေးလည်း ဖြစ်ချင်တာပေါ့။ ကျန်တဲ့ ငါးပိရည်ကြိုတာတို့၊ ချဉ်ပေါင်ကြော်တာတို့ သားကြီးငါးကြီး ချက်တာတို့ကတော့ Wet Kitchen လို့ခေါ်တဲ့ အလုံပိတ် မီးဖိုချောင်လေးမှာ ချက်ပြုတ်မှာပေါ့ဗျာ။ တစ်ခါတစ်လေကျရင်လည်း အဲဒီနေရာလေးကို ဘားကောင်တာလေးလို လုပ်ပြီး သူငယ်ချင်းတွေနဲ့ သောက်ကြစားကြ ပျော်ကြပါးကြပေါ့။ ဒါမှမဟုတ်ရင်လည်း ဧည့်ခန်းထဲမှာ အေးအေးလူလူထိုင်ပြီး Floral Tea(လက်ဖက်ခြောက်နဲ့ ပန်းခြောက်လေးတွေရောထားသည့် လက်ဖက်ရည်ကြမ်း) လေးထိုင်သောက်ပြီး ရုင်ရှင်ကြည့် စကားထိုင်ပြောပေါ့ဗျာ။ အင်းစိတ်ကူးယဉ်ကြည့်တာပေါ့။ တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မယ်လို့တော့ ယုံကြည်သား။

16 ယောက်ကဒီလိုမြင်တယ်တဲ့...:

Zaw said...

Great Idea lol .......wanna drink @ ur flat bar ......also want to watch video lol .........

johnmoeeain said...

wah.. စိတ်ကူးတွေကတော့ အလန်းပါပဲလား...။
အနီးဆုံး တစ်နေ့နေ့ စိတ်ကူးတိုက်ခန်းလေး လက်တွေ့ဖြစ်လာပါစေနော့... :)

Rita said...

ကိုယ့်ကို ဖိတ်ပါ လာလည်ဖို့။

Anonymous said...

Nice Idea ....

I also may need your advice for home decoration in the future ....
Coz, I may need a lot of space for books also ... But I prefer to live in wooden hut or cottage .. in stead of HDB flat ... :)

I like the way you make decoration. Just few electric light and try to get natural sunlight as much as possible.

Of course, this post is nice !!

With Peace,
Zephyr

အန်တီချမ်း said...

ကိုကတော့ အိမ်ဝယ်ဖြစ်ရင် သူသူ့ကို ဒီဇိုင်း လုပ်ခိုင်းမယ်
ပြီးရင် တပတ်တခါ ကိုယ့် အိမ်မှာ စာဘတ်နာတဲ့ ဒေါ်ရီတာ တို့ သူသူ တို့လို လူတွေစုပြီး
reader club လေး လုပ်ကြမယ်
ကိုယ်က ချက်ကျွေးမယ်
မိုက်တယ် ဟုတ်

ဒါပေမယ့်
အဲ့တာတွေအကုန် ကိုယ်ချစ်တဲ့မြန်မာပြည်မှာပဲ လုပ်ချင်တယ်
အဲ့တော့ ပြန်လာကြ
ဒါပဲ

ကြည်ဖြူပိုင် said...

အားးးးးးးးးးးးးးပါးးးးးးးးးးးးးးးး
ရှယ်ပဲ
ရေလည်မိုက်တယ်
လာလည်မယ်ဟယ်
အလည်ခေါ်နော်

lonetone said...

Nice ideas & great decoration style!! and thank you for linking my post too.

Lun Lunn said...

စိတ်ကူးလေးက ပြည့်စုံပါတယ်။

ဒါပေမယ့် .... တစ်ခုလိုသေးတယ် ....မပြည့်စုံဘူး ...

Anonymous said...

နိုက်စ်စ် .. !!

ဘန်ဂလို ၀ယ်ပြီးတဲ့ အခါ
ဆက်သွယ်လိုက်မယ် နော် ... >>>

ခင်မင်လျှက်
ဆောင်းနှင်းရွက်

သက်ပိုင်သူ said...

အရင်ဆုံး ဆောက်ဖြစ်ရင် အရီးတားကို ခေါ်လိုက်မယ်.... Zephyr နဲ့ ဆောင်းနှင်း ကိုလည်း ဒီဇိုင်းဆွဲပေးမယ်.. ဒါပေမယ့်ဆွဲခ ကွန့်မန့် တစ်ထောင်ပေးရမယ်.. ဟဲ ဟဲ

တီချမ်းအတွက်တော့ ရှယ့်တခါရှယ်ပေါ့... တီချမ်းပြန်ရင် လိုက်ခဲ့မယ်လေ..း)

MANORHARY said...

အတော်ပဲ စာအုပ်တွေအများကြီးကို ဘယ်လို စင်တွေနဲ့ လှအောင် ထားရမယ်ဆိုတာလေး ဆွဲပေးပေတော့
ရော့ ဒီမှာ (ကွန်မင့်)၁၀၀၀း)

သက်ပိုင်သူ said...

း( ဟူး.. ဆွဲပေးရတော့မှာပေါ့လေ

Anonymous said...

စိတ်ကူးလေးကတော့ ကောင်းပါတယ် ကိုပိုင်
ဒါပေမဲ့ အရစ်ကြပေးတဲ့စနစ်မို့ အိမ်ငှါးဘယ်လိုတင်မလည်း ဆိုတာစဉ်းစားအုံး

TARKARSHI said...

စိတ်ကူးလေးကတော့ ကောင်းပါတယ် ကိုပိုင်
ဒါပေမဲ့ အရစ်ကြပေးတဲ့စနစ်မို့ အိမ်ငှါးဘယ်လိုတင်မလည်း ဆိုတာစဉ်းစားအုံး

Anonymous said...

တိုက်ခန်း ( မြန်မာပြည်မှာတော့ ကွန်ဒို ပေါ့လေ) ရှိတယ်၊၊ interior decoration အတွက် ကူညီပြီး အကြံပေးမယ် ဆိုရင် တိုက်ခန်းပုံကို လှမ်းပို့ ချင်ပါတယ်၊၊

ကျေးဇူးတင်စွာဖြင့်

သက်ပိုင်သူ said...

Anonymous.>>
ကျွန်တော်တတ်နိုင်သလောက် ကူညီပေးဖို့ ၀န်မလေးပါဘူးဗျာ.. ကျွန်တော့်အီးမေးကို ပေးပို့လို့ရပါတယ်။