ရှင်စောပုရဲ့ ဟိုဘက်ခြမ်းမှာတော့ ကျောက်ကလပ်လို့ ခေါ်တဲ့ ဘုရားနဲ့ ကမ်းခြေရှိပါတယ်။ အရမ်းလှတယ်။ ကျွန်တော်အချစ်ဆုံးက ကျောက်လွှာတွေပေါ်မှာ ပင်လယ်ရေနဲ့ပေါက်နေတဲ့ ရေမှော်လိုလို မြက်စိမ်းစိမ်းလေးတွေပါပဲ။
အဲဒီမြက်စိမ်းနုနုလေးတွေမှာ လမ်းလျှောက်ရတာ အရသာ အရမ်းရှိတယ်။ ဒါပေမယ့် ကျောက်လွှာမှာ နှစ်ပေါင်းများစွာ ကပ်နေတဲ့ ခရုခွံသေးသေးလေးတွေက ဓါးလို ထက်နေတော့ အမှတ်တမဲ့ နင်းမိရင် ခြေမကွဲသွားနိုင်တယ်။ တကယ်တော့ ကျောက်ကလပ်က ကျောက်လွှာတွေက ကျွန်တော်မြင်ဖူးနေကျ ပင်လယ်ကမ်းခြေက ကျောက်လွှာတွေနဲ့ တော်တော်ကွာခြားပါတယ်။ မြက်စိမ်းလို ရေညှိစိမ်းစိမ်းလေးတွေ ပေါက်နေတဲ့ ကျောက်လွှာတွေက အတော့်ကို ကြီးမားတဲ့ ကျောက်ဖျာကြီးတစ်ချပ်လို့ တင်စားလို့ရရင် တင်စားနိုင်တယ်။
ကျောက်ဖျာပေါ်မှာတော့ ကျောက်ခွက်သေးသေးလေးတွေ ရှိတယ်။ အဲဒီရေအိုင်လေးတွေက ဘာနဲ့တူသလဲဆိုရင် ညီညာတဲ့ သဲမျက်နှာပြင်ပေါ်ကို ရေမှုန်တွေဖွဲခနဲ ကျသွားလို့ ဗြုတ်ထသွားတဲ့ မျက်နှာပြင်နဲ့တူတယ်။ ကျောက်ခွက်ထဲမှာ ပင်လယ်ရေတွေ တင်ကျန်နေပြီး ရေထဲမှာ ငါးသေးသေးလေးတွေ လန်းလန်းနဲ့ ကူးနေကြတယ်။ တချက်တချက် ၀င်ကစွပ်လေးတွေကလည်း ရေထဲမှာ ပုန်းနေတတ်ကြသေးတယ်။
အဲဒီကျောက်ဖျာပေါ်မှာတော့ နှစ်ပေါင်းများစွာကတည်းက သဘာဝအလျောက်ဖြစ်နေတဲ့ ရေမြောင်း သေးသေးလေးတွေက ဖြောင့်တန်းပြီး ပင်လယ်ထဲကို စီးနေကြသေးတယ်။ အတော့်ကို လှတယ်ဗျ။
ကျောက်ကလပ်ရဲ့ နောက်ထပ်ထူးခြားချက်က ကျောက်မှိုပွင့်ကြီးတွေလေ။ ရေနဲ့ လေတိုက်စားပြီး ကျောက်နံရံတွေက အဖြူရောင် အကွေ့အကောက် ဟိုးလိုးပေါက်တွေနဲ့ သဘာဝအတိုင်းကို လှနေပါတယ်။ ကျောက်မှိုပွင့်ကြီးဆိုပြီး မှိုပွင့်တစ်ခုလိုနာမည်ကြီးနေတဲ့ ကျောက်ဆောင်ကတော့ နာဂစ်ဒဏ်ကောင်းကောင်းလေး ခံလိုက်ရတယ်။ ခါးလည်ကကျိုးပြီး ဗုန်းဗုန်းကြီး လဲကျနေလေရဲ့။
ကျောက်ကလပ်မှာ အားရအောင် လည်ပြီး ကျွန်တော်တို့တတွေ ကျောက်ကလပ်ကနေ ပြန်လာတယ်။ လမ်းမှာ အမက အသိတစ်ယောက်အိမ်ဝင်လိုက်ရသေးတယ်။ အဲဒီအိမ်က ဖေဖေ့တပည့်ဆိုတော့ ဖေဖေစားဖို့ ငါးမန်းအရေခွံနဲ့ တိမ်ခိုးငါးပိပေးလိုက်တယ်။ ငါးမန်းအရေခွံကို ဒေသခံတွေက သုတ်စားကြတယ်။ ပထမဆုံး ငါးမန်းအရေခွံကို ရေနွေးနဲ့ ပြုတ်ရတယ်။ အပူပေးပြီး သိပ်မကျခင် ခွင်ပေါ်ကချပြီး ရေဆေးရတယ်။ အရေခွံက မပြုတ်ခင်မှာ အတော့်ကို မာတယ်။ ပြုတ်လိုက်တော့မှ ပျော့သွားပြီး အရေခွံမှာ ကပ်နေတဲ့ သဲတွေ ရွှံ့တွေကို ခွာရတယ်။ မပြုတ်ရင် ခွာလို့မရပါဘူး။ နောက်ဆုံး ငါးအရေခွံလို ချောကျိလာတော့မှ ရပ်ပြီး ထပ်ပြုတ်ရတယ်။ ပြုတ်တဲ့ အခါလည်း နူးအိသွားအောင် မပြုတ်ရပါဘူး။ ပြီးတော့မှာ ပါးပါး ပါးပါးလှီး။ ဂေါ်ဖီရယ် သံပုရာရည်ရယ် ငရုတ်သီးစိမ်းရယ်ရောပြီး သုတ်ရတယ်။ အပေါ်ကနေ ရှောက်ရွက်လေးဖြူးလိုက်တဲ့ အခါမှာတော့ အတော့်ကို မွှေးသွားတယ်။ စားကြည့်တော့ ထုတ်ထုတ် ထုတ်ထုတ်နဲ့ လက်ကနေ မချနိုင်တော့ဘူး။
လက်ဆောင်ပေးလိုက်တဲ့ တိမ်ခိုးငါးပိကလည်း အတော့်ကို ရှားတယ်။ ပုစွန်ငါးပိလို့ ဆိုရင် ပိုမှန်လိမ့်မယ်။ ပုစွန်ဆိတ်လေးတွေနဲ့ လုပ်ထားတာလေ။ အဲဒီပုစွန်ကလည်း ကျောက်ကလပ်ကပုစွန်မှ ပိုကောင်းပြီး ဆောင်းတွင်းမှာမှ ရတတ်ပါတယ်။ တခါတလေတစ်ရွာလုံး ပတ်ရှာတာတောင် မရတတ်ပါဘူး။ အဲဒီငါးပိက သူ့အလိုလိုကိုချိုတာ။ ငါးပိက ဘယ်လောက်တောင် သန့်သလဲဆိုရင် လက်ညိုးလေးနဲ့ ကလော်ပြီး ပြန်ချလိုက်ရင်တောင် ငါးပိက လက်မှာ ကပ်မနေပါဘူး။ အဲဒီငါးပိကို မီးဖုတ်ပြီး ဆီနဲ့ သိပ်ထားလိုက်ရင် တစ်ရာသီလုံးခံတယ်။ စားခါနီးကျမှာ ဇွန်းအသန့်လေးနဲ့ ကလော်ပြီး စားရုံပဲ။ ဖေဖေက ကျွန်တော် စကာင်္ပူပြန်တော့ သေချာမီးဖုတ်ပြီး ဆီနဲ့ သိပ်ပေးလိုက်တယ်။ အဲဒါလေးကို ဒီရောက်တော့ ကြက်သွန်နီပါးပါးလှီးပြီး ဆီရယ်၊ သံပရာရည်ရယ်ရောပြီး သုတ်စားတာ အရမ်းကောင်းတယ်။
လမ်းမှာ တောမင်္ဂလာဆောင်လေးတစ်ခု တွေ့ခဲ့သေးတယ်။ ကျွန်တော်တို့ ဖြတ်သွားတော့ ၀င်စားဖို့ ဖိတ်သေးတယ်။ အချိန်မရတာနဲ့ မ၀င်လိုက်ရဘူး။ ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းနဲ့ တူပါတယ်။ တောမင်္ဂလာဆောင်ဆိုပေမယ့် ကိုယ်ပိုင်စတိတ်ရှိုးတွေ ဘာတွေနဲ့။ အရင်လို စိန်ဗေဒါလက်သံတွေ ဘာတွေ မရှိတော့ပါဘူး။
ညကျတော့ အမသူငယ်ချင်း ရက်လည်ကိုသွားတယ်။ သူတို့ဓလေ့က ရန်ကုန်ကနဲ့ မတူဘူးဗျ။ ရန်ကုန်ကလူတွေက ရက်လည်ကို တကယ်၇ရက်ပြည့်မှ သွားကြတယ်။ သူတို့ဆီမှာက ၆ရက်နေ့ညမှာ လူတွေအကုန်လုံးလာကြပြီး ဧည့်ခံပွဲစပါတယ်။ ကျွန်တော်လည်း အတော်လေးကြာအောင် နေလိုက်ပါသေးတယ်။ ဒါပေမယ့်မနက်ကျရင် မော်တင်စွန်း ဆင်းမှာဆိုတော့ စောစောပြန်လာခဲ့လိုက်တယ်။
ကျောက်ကလပ်ကို ရောက်ပါပြီ။ ဒီနေရာကနေ အောက်ကကမ်းခြေကို စီးပြီး မြင်နေရတယ်။ အပေါ်ကကျောက်လွှာက အမဲရောင်။ လာ..... ဆင်းကြည့်ရအောင်။ အောက်က ဘာအရောင်ရှိလဲလို့။
အောက်မှကျတော့ နံရံတွေက အဖြူရောင်တွေလေ။ တွေ့လား တမျော်တခေါ်ကြီး မြင်နေရတယ်။ အောက်ခြေက သဲတွေမဟုတ်ဘူး။ တကယ်ကျောက်အစစ်။ ညီညာပြန့်ပြူးနေတာပဲ။ ညာဘက်ဘေးမှာ အက်ကြောင်းလေး တွေ့လား။ အဲဒါ ရေစီးမြောင်းလေး။ အဲဒီအတိုင်း ရေတွေစီးသွားတာ နောက်ဓါတ်ကျရင် တွေ့လိမ့်မယ်။
အမှတ်တရပေါ့။
အရမ်းကိုလှတဲ့ သဘာဝဗိသုကာတွေ။
ဟဲ.... ဟဲ.. ကြုံတုန်းပါ။ မလန့်ပါနဲ့။
နာဂစ်မွှေသွားလို့ ခါးကနေကျိုးသွားတဲ့ မှိုပွင့်ကြီး။ နှမျောစရာကြီးဗျာ။
တွေ့ပီလား။ ကျွန်တော်ပြောတဲ့ ကျောက်ဖျာပေါ်က ကျောက်ခွက်လေးတွေလေ။ ငါးလေးတွေလည်း ရှိတယ်။
ကျောက်ဖျာပေါ်က မြက်ပင်လိုလို ဘာလိုလိုနဲ့ ပေါက်နေတဲ့ ရေညှိုပင်လေးတွေ။
ဟောဒီမှာ ရေစီးကျောင်းလေး။
ရေစီးကြောင်းလေးက တဖြေးဖြေးကျယ်လာပြီး အခုလို ပင်လယ်ထဲကို စီးသွားတယ်။ ငါးတွေ ခရုတွေ ၀င်ကစွပ်တွေ ရေထဲမှာ အများကြီးပဲ။
ဟိုးအဝေးကနေ ကျောက်ကလပ်ဘုရားဘက်ကို မျှော်ကြည့်လိုက်တော့ လွမ်းစရာကောင်းပြန်ရော။
ညဘက်ရက်လည်အိမ်လေ။
ဧည့်သည်တွေကို ရွှေကြည်မုန့်နဲ့ ဧည့်ခံတယ်။ ချိုပြီး စိမ့်နေတာပဲ။
အဲဒီမြက်စိမ်းနုနုလေးတွေမှာ လမ်းလျှောက်ရတာ အရသာ အရမ်းရှိတယ်။ ဒါပေမယ့် ကျောက်လွှာမှာ နှစ်ပေါင်းများစွာ ကပ်နေတဲ့ ခရုခွံသေးသေးလေးတွေက ဓါးလို ထက်နေတော့ အမှတ်တမဲ့ နင်းမိရင် ခြေမကွဲသွားနိုင်တယ်။ တကယ်တော့ ကျောက်ကလပ်က ကျောက်လွှာတွေက ကျွန်တော်မြင်ဖူးနေကျ ပင်လယ်ကမ်းခြေက ကျောက်လွှာတွေနဲ့ တော်တော်ကွာခြားပါတယ်။ မြက်စိမ်းလို ရေညှိစိမ်းစိမ်းလေးတွေ ပေါက်နေတဲ့ ကျောက်လွှာတွေက အတော့်ကို ကြီးမားတဲ့ ကျောက်ဖျာကြီးတစ်ချပ်လို့ တင်စားလို့ရရင် တင်စားနိုင်တယ်။
ကျောက်ဖျာပေါ်မှာတော့ ကျောက်ခွက်သေးသေးလေးတွေ ရှိတယ်။ အဲဒီရေအိုင်လေးတွေက ဘာနဲ့တူသလဲဆိုရင် ညီညာတဲ့ သဲမျက်နှာပြင်ပေါ်ကို ရေမှုန်တွေဖွဲခနဲ ကျသွားလို့ ဗြုတ်ထသွားတဲ့ မျက်နှာပြင်နဲ့တူတယ်။ ကျောက်ခွက်ထဲမှာ ပင်လယ်ရေတွေ တင်ကျန်နေပြီး ရေထဲမှာ ငါးသေးသေးလေးတွေ လန်းလန်းနဲ့ ကူးနေကြတယ်။ တချက်တချက် ၀င်ကစွပ်လေးတွေကလည်း ရေထဲမှာ ပုန်းနေတတ်ကြသေးတယ်။
အဲဒီကျောက်ဖျာပေါ်မှာတော့ နှစ်ပေါင်းများစွာကတည်းက သဘာဝအလျောက်ဖြစ်နေတဲ့ ရေမြောင်း သေးသေးလေးတွေက ဖြောင့်တန်းပြီး ပင်လယ်ထဲကို စီးနေကြသေးတယ်။ အတော့်ကို လှတယ်ဗျ။
ကျောက်ကလပ်ရဲ့ နောက်ထပ်ထူးခြားချက်က ကျောက်မှိုပွင့်ကြီးတွေလေ။ ရေနဲ့ လေတိုက်စားပြီး ကျောက်နံရံတွေက အဖြူရောင် အကွေ့အကောက် ဟိုးလိုးပေါက်တွေနဲ့ သဘာဝအတိုင်းကို လှနေပါတယ်။ ကျောက်မှိုပွင့်ကြီးဆိုပြီး မှိုပွင့်တစ်ခုလိုနာမည်ကြီးနေတဲ့ ကျောက်ဆောင်ကတော့ နာဂစ်ဒဏ်ကောင်းကောင်းလေး ခံလိုက်ရတယ်။ ခါးလည်ကကျိုးပြီး ဗုန်းဗုန်းကြီး လဲကျနေလေရဲ့။
ကျောက်ကလပ်မှာ အားရအောင် လည်ပြီး ကျွန်တော်တို့တတွေ ကျောက်ကလပ်ကနေ ပြန်လာတယ်။ လမ်းမှာ အမက အသိတစ်ယောက်အိမ်ဝင်လိုက်ရသေးတယ်။ အဲဒီအိမ်က ဖေဖေ့တပည့်ဆိုတော့ ဖေဖေစားဖို့ ငါးမန်းအရေခွံနဲ့ တိမ်ခိုးငါးပိပေးလိုက်တယ်။ ငါးမန်းအရေခွံကို ဒေသခံတွေက သုတ်စားကြတယ်။ ပထမဆုံး ငါးမန်းအရေခွံကို ရေနွေးနဲ့ ပြုတ်ရတယ်။ အပူပေးပြီး သိပ်မကျခင် ခွင်ပေါ်ကချပြီး ရေဆေးရတယ်။ အရေခွံက မပြုတ်ခင်မှာ အတော့်ကို မာတယ်။ ပြုတ်လိုက်တော့မှ ပျော့သွားပြီး အရေခွံမှာ ကပ်နေတဲ့ သဲတွေ ရွှံ့တွေကို ခွာရတယ်။ မပြုတ်ရင် ခွာလို့မရပါဘူး။ နောက်ဆုံး ငါးအရေခွံလို ချောကျိလာတော့မှ ရပ်ပြီး ထပ်ပြုတ်ရတယ်။ ပြုတ်တဲ့ အခါလည်း နူးအိသွားအောင် မပြုတ်ရပါဘူး။ ပြီးတော့မှာ ပါးပါး ပါးပါးလှီး။ ဂေါ်ဖီရယ် သံပုရာရည်ရယ် ငရုတ်သီးစိမ်းရယ်ရောပြီး သုတ်ရတယ်။ အပေါ်ကနေ ရှောက်ရွက်လေးဖြူးလိုက်တဲ့ အခါမှာတော့ အတော့်ကို မွှေးသွားတယ်။ စားကြည့်တော့ ထုတ်ထုတ် ထုတ်ထုတ်နဲ့ လက်ကနေ မချနိုင်တော့ဘူး။
လက်ဆောင်ပေးလိုက်တဲ့ တိမ်ခိုးငါးပိကလည်း အတော့်ကို ရှားတယ်။ ပုစွန်ငါးပိလို့ ဆိုရင် ပိုမှန်လိမ့်မယ်။ ပုစွန်ဆိတ်လေးတွေနဲ့ လုပ်ထားတာလေ။ အဲဒီပုစွန်ကလည်း ကျောက်ကလပ်ကပုစွန်မှ ပိုကောင်းပြီး ဆောင်းတွင်းမှာမှ ရတတ်ပါတယ်။ တခါတလေတစ်ရွာလုံး ပတ်ရှာတာတောင် မရတတ်ပါဘူး။ အဲဒီငါးပိက သူ့အလိုလိုကိုချိုတာ။ ငါးပိက ဘယ်လောက်တောင် သန့်သလဲဆိုရင် လက်ညိုးလေးနဲ့ ကလော်ပြီး ပြန်ချလိုက်ရင်တောင် ငါးပိက လက်မှာ ကပ်မနေပါဘူး။ အဲဒီငါးပိကို မီးဖုတ်ပြီး ဆီနဲ့ သိပ်ထားလိုက်ရင် တစ်ရာသီလုံးခံတယ်။ စားခါနီးကျမှာ ဇွန်းအသန့်လေးနဲ့ ကလော်ပြီး စားရုံပဲ။ ဖေဖေက ကျွန်တော် စကာင်္ပူပြန်တော့ သေချာမီးဖုတ်ပြီး ဆီနဲ့ သိပ်ပေးလိုက်တယ်။ အဲဒါလေးကို ဒီရောက်တော့ ကြက်သွန်နီပါးပါးလှီးပြီး ဆီရယ်၊ သံပရာရည်ရယ်ရောပြီး သုတ်စားတာ အရမ်းကောင်းတယ်။
လမ်းမှာ တောမင်္ဂလာဆောင်လေးတစ်ခု တွေ့ခဲ့သေးတယ်။ ကျွန်တော်တို့ ဖြတ်သွားတော့ ၀င်စားဖို့ ဖိတ်သေးတယ်။ အချိန်မရတာနဲ့ မ၀င်လိုက်ရဘူး။ ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းနဲ့ တူပါတယ်။ တောမင်္ဂလာဆောင်ဆိုပေမယ့် ကိုယ်ပိုင်စတိတ်ရှိုးတွေ ဘာတွေနဲ့။ အရင်လို စိန်ဗေဒါလက်သံတွေ ဘာတွေ မရှိတော့ပါဘူး။
ညကျတော့ အမသူငယ်ချင်း ရက်လည်ကိုသွားတယ်။ သူတို့ဓလေ့က ရန်ကုန်ကနဲ့ မတူဘူးဗျ။ ရန်ကုန်ကလူတွေက ရက်လည်ကို တကယ်၇ရက်ပြည့်မှ သွားကြတယ်။ သူတို့ဆီမှာက ၆ရက်နေ့ညမှာ လူတွေအကုန်လုံးလာကြပြီး ဧည့်ခံပွဲစပါတယ်။ ကျွန်တော်လည်း အတော်လေးကြာအောင် နေလိုက်ပါသေးတယ်။ ဒါပေမယ့်မနက်ကျရင် မော်တင်စွန်း ဆင်းမှာဆိုတော့ စောစောပြန်လာခဲ့လိုက်တယ်။

12 ယောက်ကဒီလိုမြင်တယ်တဲ့...:
Thanks for your post. keep carrying on.
ဖတ်လို့ ကောင်းလိုက်တာဗျာ
ကိုယ်တိုင်သွားနေရသလိုကိုပဲ ၊ ဆက်ပါအုံး ကိုသက်ပိုင်
ကျောက်ကလပ်ကိုပြန်မြင်လိုက်ရတော့ မိသားစုတူတူသွားခဲ့ဖူးတာလေး သတိရသွားတယ်.. ခုတော့ ဖေဖေလည်းရှိတော့ဘူး.. မောင်နှမတွေလည်းတကွဲစီလေ..
ဖတ်ရင်း
ဗဟုသုတ တစ်ခု ရသွားတယ် ..
ငါးပိသန့်ရင်
လက်ညှိုးနဲ့ ကလော်ပြီး
ပြန်ချတောင် ငါးပိ လက်မှ ကပ်မနေဘူးဆိုတာ ..
အိမ်က ငါးပိ စမ်းကြည့်လိုက် အုံးမယ် .. >>
ဗဟုသုတလေးတွေနဲ့ ဖတ်လို့ကောင်းပါတယ် ရောက်ဖူးချင်တယ် ပြန်ရင်အဆင်ပြေရင် သွားလည်ချင်သားး ပုံအောက်မှာ ရေးထားတာက ဖတ်ရတာ တမျိုးကြီး ဖြစ်နေတယ်ဗျ ဘာတဲ့ "ညဘက်ရက်လည်အိမ်လေ" ဆိုတော့ အဟေး အခေါ်အဝေါ်လေး ကွဲတယ်ထင်တယ် ညဘက် အိမ်လည်ထွက်တာကို ဆိုလိုတယ်ထင်ပါ့
လေးစားလျက်
တောင်ပေါ်သား
ဖတ်လို့ကောင်းလိုက်တာ
တင်ပြပေးတာကျေးဇူးပါ
@ကိုတောင်ပှောသား
ကိုသက်ပိုင်သူ မရှိသေးလို့ထင်တယ် ကျွန်တှော ကြားဝင်ဖြေလိုက်ဦးမယ်။ :)
အေခာှအေဝာှမလြဲပာဘူး။ အရင်ပို့စ်မှာတုန်းက ကိုသက်ပိုင်သူ အစ်မသူငယ်ချင်း နာရေးသွားရင်းနဲ့ လို့ ရေးထားပာတယ်။ ဒာကြောင့် ရက်လည်နေ့မှာ သွားခဲ့တဲ့အိမ်ကို ပြောတာဖြစ်ပာလိမ့်မယ်။
@Ko TPT
စိတ်ဝင်စားစရာတွေ ရေးပေးလို့ ကျေးဇူးအများကြီးတင်ပာတယ်။ နောက်လည်း ဒေသဗဟုသုတအကြောင်းလေးတွေ ပိုရေးပေးပာလို့လည်း တောင်းဆိုချင်တယ်။ :) Thanks.
ကျေးဇူးပဲ Talkii..
အလုပ်မှာ ဆိုတော့ ဖြေလို့မရဘူး
တောင်ပေါ်ရေ... အဲဒါရက်လည်အိမ်လို့ ပြောတာပါဗျာ
အရေးကောင်းလို့ တစ်ခေါက်လောက် သွားလည်ချင်စိတ် ပေါက်လာပြီ။
အမ ဒီဇင်ဘာ ပြန်တုန်းက ပင်လယ်ကို ဖြတ်၍ ရုပ်ရှင်ဇတ်ကားကို နာဂစ်မတိုင်မီ ဟိုင်းကြီးကျွန်းဒေသ တ၀ိုက် အလှအပတွေ ပါတယ်လို့ ကြေငြာလို့ သွားကြည့်ခဲ့ပါတယ်။ ဒီပို့စ်ဖတ်ရတာလောက်တောင် စွဲဆောင်မှုမရှိ
I am waiting for the next post, မော်တင်စွန်း trip.
ဟိုင်းဋ္ဌကီးကျွန်းကဓါတ်ပုံကဘယ်လိုဖြစ်သွားတာလည်း
ပြန်ကြည့်ပါအုံး-ဓါတ်ပုံတွေကိုအားရပါးရကြည့်သွားပါသည်
ဂျစ်တူးကတော့အားလုံးကိုကြိုက်ပါသည်။
Post a Comment