October 31, 2009

ကမ္ဘာပျက်မည့် ၂၀၁၂နဲ့ မာယန်းလူမျိုးများ(၁)


ာယန်းပိရမစ်၊ ထိုပိရမစ်က မာယန်းပြက္ခဒိန်ရဲ့ အနေအထားကို သင်္ကေတပြုပြီး ဆောက်ထားပါတယ်။
မာယန်းတွေရဲ့ မြို့တော်ဟောင်း


၂၀၁၂ ဒီဇင်ဘာ ၂၁ရက်နေ့မှာ ဘာတွေဖြစ်ကြမလဲ…။

ကမ္ဘာကြီးပျက်မယ်တဲ့ အားလုံးလိုလိုက ပြောကြတယ်။

အဲသည့်နေ့မှာ ကမ္ဘာက နေစကြာဝဠာရဲ့ အလယ်မှာ နေနှင့်တတန်းတည်းကျရောက်မယ်တဲ့….။

နေကနေဖြာထွက်လာတဲ့ မီးစတွေက ကမ္ဘာကို ကျရောက်ပြီး မီးဟုန်းဟုန်းတောက်ပြီး ပျက်စီးမတဲ့…..။

အဲဒါတွေကတော့ အခုတလော သိပ္ပံလောကကနေ ထွက်လာတဲ့ ကမ္ဘာပျက်မယ့်အကြောင်းတွေပေါ့….။

နောက်ထပ်ကမ္ဘာပျက်မယ့် အကြောင်းအရာကို ဖော်ပြထားတဲ့ အရာကတော့ မက်ဆီကိုလူမျိုးတွေ ၃၆ဘီစီ(နှစ်ပေါင်း၂၀၀၀ကျော်)မှာ ရေးဆွဲခဲ့တဲ့ Long Countပြက္ကဒိန်ပါပဲ။ အဲသည်ပြက္ကဒိန်အကြောင်း မပြောခင် ထိုအရာကို ရေးဆွဲခဲ့တဲ့ လူမျိုးတွေအကြောင်း စပြောရအောင်။

မာယန်းလူမျိုးများက မက္ကဆီကိုတောင်ပိုင်းကနေ စန်တရယ်အမေရိကမြောက်ပိုင်းအထိလွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်ကျော်ကတည်းက နေထိုင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း သမိုင်းမှတ်တမ်းအနေအရ ကြည့်မယ်ဆိုရင်တော့ နှစ်ပေါင်း ၃၀၀၀ကျော်လောက်ကပေါ့..။

မာယန်းလူမျိုးတွေ ကျွန်တော်တို့ ကမ္ဘာမြေအတွက် ဘာတွေချန်ခဲ့သလဲဆိုရင် လှပတဲ့ ဘုရားကျောင်းတွေနဲ့ ပိရမစ်တွေပါပဲ….။ နောက်ပြီး အားလုံးကို သို့လောသို့လော ဖြစ်စေတဲ့ Long Count ပြက္ကဒိန်ပေါ့။ တကယ်တော့ မာယန်းလူမျိုးတွေက အေးဆေးတဲ့ လူမျိုးတွေပါ။ တခါတရံ လူအချင်းချင်းယဇ်ပူဇော်တာကလွဲလို့ပေါ့လေ။ နောက်ပြီး သူတို့လူမျိုးတွေကို နက္ခတ်ဗေဒပညာရှင်တွေလို့လည်း ခေါ်ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်လောက်မှာ တယ်လီစကုတ်မပါဘဲ နေစကြာဝဠာ၊ ဂြိုလ်တွေရဲ့ လည်ပတ်နေပုံကို လေ့လာနိုင်ခဲ့ကြတယ်။ အချိန်ကိုအမြဲတမ်း သတိထားကြည့်တတ်ကြတဲ့ လူမျိုးများဖြစ်ကြပြန်တယ်။ မာယန်းလူမျိုးတွေ တည်ထောင်ခဲ့တဲ့ မြို့တော်က အမေရိကရဲ့ မဟတ်တန်မြို့တော်လောက်ကြီးပါတယ်။ လူဦးရေကလည်း တော်တော်များပါတယ်။ ဒါပေမယ့် အဲသည်မြို့တော်ကို သူတို့အားလုံး ရုတ်တရက်စွန့်ခွာသွားကြတယ်။ အခုထက်ထိ ဘာကြောင့် စွန့်ခွာသွားသလဲဆိုတာကို ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ သမိုင်းပညာရှင်တွေ၊ ရှေးဟောင်းသုတေသနပညာရှင်တွေအတွက် အခုထက်ထိ အဖြေရှာမရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။

မာယန်းလူမျိုးတွေက ပထမဆုံးဖတ်စာကို တီထွင်ကြသူတွေလို့လည်း ဆိုပြန်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဘာတွေ ရေးခဲ့သလဲဆိုတာကို တော်တော်နဲ့ အဖြေရှာမရခဲ့ပါဘူး။ သူတို့ရေးသားတဲ့ စာတွေက ပုံတွေ သင်္ကေတတွေချည်းပါပဲ။ စပိန်လူမျိုးတွေရဲ့လက်အောက်ကို ၁၇ရာစုမှာ ကျရောက်ခဲ့ပြီး မာယန်းလူမျိုးတွေရဲ့ လက်ဆင့်ကမ်းသယ်လာတဲ့ မှတ်တမ်းစာအုပ်တွေ အားလုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ ထိုမီးရှို့ခဲ့တဲ့ အထဲက စာအုပ်လေးအုပ်ပဲ မပျက်ဆီးပဲ ကျန်ရစ်ခဲ့တယ်။ ထိုကျန်ခဲ့တဲ့ စာအုပ်တွေက သချာင်္အက္ခရာတွေအကြောင်း ရေးထားပါတယ်။ ဒါပေမယ့် နောက်ပိုင်း သမိုင်းပညာရှင်တွေခမျာ သူတို့ ဘာတွေရေးထားသလဲဆိုတာ သေသေချာချာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီမှာ ဟစ်တလာစစ်ရှုံးပြီး သူ့ရဲ့အမျိုးသားစာကြည့်တိုက်ကြီး မီးလောင်ခံရပါတယ်။ ထောင်ပေါင်းများစွာသော စာအုပ်တွေမီးလောင်ခံနေရတဲ့အထဲက ရုရှစစ်ဗိုလ်တွေက တွေ့ရာစာအုပ်တွေကို ဆွဲပြီး လက်ဆောင်ပစ္စည်းအဖြစ်သိမ်းကြပါတယ်။ စစ်ဗိုလ်တစ်ဦးက မာယန်းလူမျိုးတွေရဲ့ အက္ခရာတွေကို ဖော်ပြထားတဲ့ စာအုပ်ကို ရခဲ့ပြိး ထိုစာအုပ်မှတဆင့် မာယန်းလူမျိုးတွေရဲ့ သမိုင်းနဲ့ အရေးအသားတွေကို အဓိပ္ပါယ်ဖော်နိုင်ခဲ့ကြတယ်။

စပိန်လူမျိုးတွေ မာယန်းကို သိမ်းပိုက်ပြီးနောက် ခရစ်ယာန်ဘာသာကို သွတ်သွင်းခဲ့ကြတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက မာယန်းတွေရဲ့ စကားကိုလေ့လာပြီး ဘာသာရေးဟောခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက် အခက်အခဲကတော့ ဒေသခံတွေက မာယန်းဘာသာနဲ့ ထုံးတမ်းစဉ်လာတွေကို ယုံကြည်ဆဲပါပဲ။ ထိုယုံကြည်မှုကို ပယ်ဖျောက်ဖို့အတွက် ဘုန်းတော်ကြီးက မာယန်းလူမျိုးတွေနဲ့ ပါတ်သတ်တဲ့ အုပ်ချုပ်ရေး ဘာသာရေး အနုပညာစာပေတွေအားလုံးကို တစ်ညတည်းနဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်။ စာအုပ်လေးအုပ်ပဲ မီးမလောင်ဘဲ ကျန်ခဲ့တယ်။ ထို့ကြောင့် နှစ်ပေါင်း ရာချီပြီး မာယန်းတွေ ဘာတွေ ရေးခဲ့သလဲ ဆိုတာ မဖတ်နိုင်ခဲ့ကြပါဘူး။

ကံကောင်းတယ်လို့ဆိုရမှာလား။ ရုရှစစ်ဗိုလ်က မာယန်းဘာသာစာပေကို ဖတ်လို့ရမယ့် သင်္ကေတတွေကို ဖတ်လို့ရမယ့် စာအုပ်ကို အမှတ်မထင်ဘဲ ရှာဖွေတွေ့ရှိခဲ့တယ်။ ထိုစာအုပ်ကနေတဆင့် မာယန်းတွေရဲ့ လျို့ဝှက်ချက်တွေကို တွေ့ရှိခဲ့ကြတယ်


မာယန်းလူမျိုးတွေရဲ့အကြောင်းကို ဆက်ပြောပြရလျင်တော့ အံ့သြဖွယ်ရာကောင်းတဲ့ သူတို့ရဲ့ နက္ခတ်ပညာပါပဲ။ ကြယ်တွေရဲ့ အခင်းအကျင်းကို တယ်လီစကုတ်မပါဘဲ လေ့လာနိုင်ခဲ့ကြတယ်။ နောက်ပြီး မာယန်းရှေးဟောင်းမြို့တော်အချို့ကိုလည်း ခုနှစ်စဉ်ကြယ်ဘက်ကို မျက်နှာလှည့်ပြီး တည်ထောင်ခဲ့ကြတယ်။ မာယန်းတွေအားလုံး Zenial passages လို့ခေါ်တဲ့ နေရဲ့ အရိပ်ပျောက်တဲ့ အချိန်ကို အရမ်းစိတ်ဝင်စားကြပါတယ်။ Zenial Passages ဆိုတာ Tropic cancer လို့ခေါ်တဲ့ မြောက်ဘက် အီကွေတာနဲ့ Tropic Capricorn လို့ခေါ်တဲ့ တောင်ဘက် အီကွေတာကြားက အလယ်တည့်တည့်မှာရှိတဲ့ နေရာမှာ နေက ဦးခေါင်းထက်မှာဆိုရင် အရိပ်မထင်ပါဘူး။ အဲသည်လို အရိပ်မထင်တာကလည်း တစ်နှစ်မှာ နှစ်ကြိမ်ဘဲ တွေ့ရပါတယ်။

မာယန်းလူမျိုးတွေက အာကသသဘောတရားနဲ့ သက်ဆိုင်တဲ့ အချိန်တွေကို ယုံကြည်ကြတယ်။ သူတို့ရဲ့ ဘာသာရေးပွဲတွေဟာ အာကာသနဲ့ မိခင်ကမ္ဘာမြေကြီးတို့ရဲ့ သဘာဝလည်ပတ်မှုနဲ့ အလွန်ပဲ ဆက်စပ်နေကြပြီး ပြက္ကဒိန်တွေကို အသုံးပြုခဲ့ကြတယ်။ မာယန်းဘုန်းတော်ကြီးတွေက ထိုလည်ပတ်မှုသံသရာကို လေ့လာပြီး ပြက္ကဒိန်ပေါ်က ခုနှစ်တွေ ဂဏန်းတွေပေါ်မှာ မူတည်ပြီး အနာဂတ်ကို တွက်ချက်ကြပါတယ်။ ထိုပြက္ကဒိန်ပေါ်မှုတည်ပြီးတော့လည်း အာကာသဂြိုလ်သွားဂြိုလ်လာနဲ့ဆိုင်တဲ့ အခမ်းအနားတွေကို ကျင်းပကြတယ်။ တခါတရံ ထိုအခမ်းအနားတွေအတွက် လူကို စတေးတဲ့ ယဇ်ပူဇော်ပွဲတွေကို ထည့်သွင်းကြတယ်။ စတေးခံရမည့်လူရဲ့ ခြေတွေလက်တွေကို ကိုင်ထားပြီး ဘုန်းတော်ကြီး လုပ်သူက ထိုလူရဲ့ ရင်ကိုခွဲ အသည်းကို ထုတ်ပြီး ပူဇော်ကြပါတယ်။ တခါတရံ ကလေးတွေကို ဖြူစင်မှုအထိန်းအမှတ်အနေနဲ့ စတေးကြပြန်ပါသေးတယ်။ ဘာပဲပြောပြော သူတို့ရဲ့ ဘာသာရေး ဓလေ့ထုံးစံတွေကို ပညာရှင်တွေ သေသေချာချာ နားမလည်နိုင်ကြသေးပါဘူး။ ဒါပေမယ့် ပညာရှင်တွေက မာယန်းတွေက စကြာဝဠာနဲ့ဆိုင်တဲ့ သဘောတရားကို ခေတ်ဆန်ဆန်တွေးတတ်သူများလို့ ကောက်ချက်ချပြန်ပါတယ်။ သူတို့တွေက ကောင်းကင်၊ မြေကြီးနဲ့ မြေအောက်သဘာဝတွေကို နားလည်ခဲ့ကြတယ်။ ကောင်းကင်ဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြည့်လို့ရတဲ့ ပြတင်းပေါက်လို့ တင်စားခဲ့ကြပြီး ကြယ်တွေ ဂြိုလ်တွေရဲ့ အသွားအလာကို နက္ခတ်မျှော်စင်တွေဆောက်ပြီး စောင့်ကြည့်လေ့လာ အနာဂတ်ကို ကြိုတင်ဟောခဲ့ကြတယ်။ မာယန်းတွေရဲ့ ဘာသာရေးအနှစ်ချုပ်က Cycles လို့ခေါ်တဲ့ သဘာဝလည်ပတ်မှုနဲ့ မတည်မြဲချင်းတရားပါပဲတဲ့။

မာယန်းလူမျိုးများရဲ့ နက္ခတ်မျော်စင်
အခုတလော ခေတ်စားနေတဲ့ Change ဆိုတဲ့ စကားလုံးက မာယန်းတွေအဖို့ ရိုးရှင်းတဲ့ စကားတစ်ခုဖြစ်ခဲ့ပါတယ်။ ပြောင်းလဲဖို့ အချိန်တန်လာရင် ပြောင်းလဲရမယ်ဆိုတဲ့ သဘောတရားတွေဟာ မာယန်းတွေကြားမှာ ကြာမြင့်စွာ ဖြစ်တည်ခဲ့ကြပါတယ်။ ထိုပြောင်းလဲခြင်းတွေကိုလည်း မာယန်းတွေရဲ့ ပြက္ကဒိန်မှာ အတိအကျ ဖော်ပြခဲ့ကြတယ်။ အချိန်ရဲ့ လည်ပတ်မှုတွေ တစ်နေ့ထက်တစ်နေ့ မြန်ဆန်လာကြတယ်ဆိုတာကိုလည်း အဲဒီပြက္ကဒိန်တွေပေါ်မှာ ထောက်ပြခဲ့ကြတယ်။ သူတို့ရဲ့ ပြက္ကဒိန်တွေမှာ နေဘယ်တော့ကြတ်မယ်ဆိုတာက အစ နှစ်ပေါင်းထောင်ချီပြီး ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြတယ်။ ကမ္ဘာကြီးဖြစ်တည်လာတဲ့ အစပိုင်းကနေတွက်ချက်လာတဲ့ သူတို့ရဲ့ ပြက္ကဒိန်ဟာ ၂၀၁၂ ဒီဇင်ဘာ၂၁ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲသည့်ရက်ကပဲ အခုတလော လူတွေတော်တော်များများကို ဦးဏှောက်စားစေတာပေါ့။

ပြက္ကဒိန်ကို ပြက္ခဒိန်ဟု ပြင်ဖတ်ပါ


ဆက်ပါဦးမည်။ နောက်တစ်ပိုင်းတွင် ပြက္ကဒိန်အကြောင်း ဆက်ပြီး ပြောပြပါမည်။

မာယန်းလူမျိုးတွေရဲ့ ဓလေ့ကို ရုပ်ရှင်အဖြစ် ဖန်တီးထားပုံ

October 24, 2009

မြန်မာပါယန်နမ်ခမ်းပသျှူးလူမျိုးများ




၁၉၁၅ ရန်ကုန်မှာနေထိုင်သည့် ပါယမ်နမ်ခမ်းအမျိုးသမီး ပီနန်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားစဉ်။


ဆရာကြီးဦးသော်ကောင်း ပါယန်နမ်ခမ်းယဉ်ကျေးမှုအကြောင်း ရှင်းပြနေစဉ်


မြန်မာပြည်က ပါယန်နမ်ခမ်းလူမျိုးတွေအကြောင်းကို ဆရာကြီးဦးသော်ကောင်းက စကာင်္ပူက ပါယန်နမ်ခမ်းပြတိုက်မှာ ၂၃ အောက်တိုဘာ ၀၉က ဆွေးနွေးပွဲလေးလုပ်ခဲ့ပါတယ်။ ဆရာကြီး လေ့လာထားသမျှတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်တော်ကတော့ ဆရာကြီးပြောသမျှကို သည်မှာ ဖောက်သည်ချမယ်လို့ စိတ်ကူးမိပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်လူမျိုးတွေတော်တော်များများရှိပါတယ်။ အထူးသဖြင့် တရုတ်လူမျိုးတွေတော်တော်များများကို လသာလိုနေရာမှာ အများအပြားတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတွေ့ရတဲ့ တရုတ်တော်တော်များများက ပါယန်နမ်ခမ်းလူမျိုးတွေ မဟုတ်ကြပါဘူး။ ပြည်မကြီးက တရုတ်တွေ များပါတယ်။ ပြည်မကြီးက တရုတ်လူမျိုးတွေနှင့် ပါယန်နမ်ခမ်းတရုတ်လူမျိုးတွေနဲ့ မတူကြပါဘူး။ ပါယန်နမ်ခမ်းတရုတ်တွေရဲ့ ယဉ်ကျေးမှုတွေက မလေးလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ဆက်နွယ်နေကြပြီး မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံနဲ့ နီးစပ်တယ်လို့ ထင်ပါတယ်။ ပြည်မကြီးတရုတ်တွေကတော့ တရုတ်ရိုးရာ သီးသန့်ပေါ့။

ပြည်မကြီးတရုတ်တွေက ကချင်ပြည်နယ်၊ရှမ်းပြည်နယ်က ဖြတ်ပြီး မြန်မာပြည်ထဲကို ရောက်လာကြတယ်။ ပါယန်နမ်ခမ်းလူမျိုးတွေကတော့ မြိတ်၊ ထားဝယ်ကနေတဆင့် မလေးကျွန်းဆွယ်က ပီနန်မြို့၊ စကာင်္ပူမြို့တိုကနေ ရောက်လာကြတယ်။ ပါယန်နမ်ခမ်းလူမျိုးတွေကို အများဆုံးတွေ့ရတာကတော့ ပီနန်၊ မလ္လကာနဲ့ စကာင်္ပူတို့မှာပါ။ မြန်မာတွေကတော့ ပါယန်နမ်ခမ်းလူမျိုးတွေကို ပသျှူးလို့ခေါ်ကြပါတယ်။ မလေးကျွန်းဆွယ်ကို မြန်မာလူမျိုးတွေက ပသျှူးကျွန်းဆွယ် သို့မဟုတ် မာလာယုလို့ခေါ်ကြပါတယ်။ ဒါကြောင့် မလေးကျွန်းဆွယ်က ရောက်လာတဲ့ ပါယန်နမ်ခမ်းလူမျိုးတွေကို ပသျှူးလူမျိုးလို့ခေါ်တယ် ထင်ပါတယ်။

ပသျှူးလို့ခေါ်တဲ့ ပါယန်နမ်ခမ်းလူမျိုးတွေဟာ မြန်မာပြည်မှာနေထိုင်ကြပေမယ့် တကယ်တမ်း ကြင်ယာရှာတဲ့ အခါ မြန်မာလူမျိုးတွေကို ရွေးခဲပါတယ်။ ပီနန်ဘက်ကိုဆင်းပြီး သတို့သမီးရှာတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ မြန်မာပြည်ကိုရောက်လာတဲ့ ပသျှူးတော်တော်များများမှာ ညွန်ညလို့ခေါ်တဲ့ အမျိုးသမီးတွေ တော်တော်များများရှိတတ်ကြပါတယ်။ အဲသည်လူမျိုးတွေက မြန်မာပြည်မှာ နေထိုင်ပြီး ပသျှူးလူမျိုးတွေလို ၀တ်စားဆင်ယင်ကြပါတယ်။ ပထမဆုံးမျိုးဆက်ကတော့ kebara လို့ခေါ်တဲ့ ထိုင်မသိမ်းအကျီင်္လို ပုံစံမျိုးနဲ့ ပါတိတ်ထမီတွေ ၀တ်ဆင်ကြပါသေးတယ်။ ဒုတိယမျိုးဆက်ရောက်သွားတဲ့ အခါမှာတော့ ဗမာဆန်ဆန် ရင်ဖုံးနဲ့ ဘီအေဆံထုံးနဲ့ ဖြစ်သွားကြပါပြီ။ အခုဆိုရင်တော့ ဘယ်သူက ပသျှူးလူမျိုးလည်းဆိုတာ ရှာရခက်သွားပါပြီ။ ဘာလို့လည်းဆိုတော့ ပသျှူးလူမျိုးတော်တော်များများက ဗမာတွေနဲ့ သွေးနှောပြီး ဗမာဆန်နေကြလို့ပါပဲ။

စားစရာအနေနဲ့ကတော့ တော်တော်များများကျန်ပါသေးတယ်။ ပါယန်နမ်ခမ်းအမျိုးသမီးတွေက အချိုပွဲလုပ်တဲ့ နေရာမှာ အတော့်ကို တော်ကြပါတယ်။ မုန့်မျိုးစုံကိုလည်း တီထွင်ပြီး ကိုယ်ပိုင်နာမည်လေးတွေ ပေးတတ်ကြပါတယ်။ ကျွန်တော့်စိတ်အထင် သာကူ မုန့်လက်ဆောင်း၊ ကျောက်ကျောတွေက ပါယန်နမ်ခမ်းလူမျိုးတွေဆီက ရတယ်လို့ထင်ပါတယ်။ (မှန်းဆချက်)။ နောက်ပြီး ဆန်မှုန့်လေးတွေကို အုန်းသီးနဲ့ ထညက်နဲ့မွှေပြီး အုံထားတဲ့ မုန့်ဌာပနာဆိုရင်လည်း ပါယန်နမ်ခမ်းလက်ရာလို့ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ စကာင်္ပူကနေရာတော်တော်များများမှာ တွေ့နေရလို့ပါပဲ။

မြန်မာပြည်မှာ နေထိုင်သွားတဲ့ ပါယန်နမ်ခမ်းလူမျိုးတွေမှာ ကျားဘန်းပရုတ်ဆီ ထုတ်လုပ်တဲ့ သူဌေးကတော့ တော်တော့်ကို ထင်ရှားပါတယ်။ မြန်မာ့ဆေးဝါးကိုပါ အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ကျားဘန်းပရုတ်ဆီက ကမ္ဘာကျော် အကိုက်အခဲ ပျောက်ဆေးတစ်ခုပါ။ နောက်တော့ မိသားစုတစ်စုလုံး စကာင်္ပူကို ပြောင်းရွှေ့သွားကြပါတယ်။ နောက်ထပ်ထင်ရှားတဲ့ တစ်ယောက်ကတော့ Chen Ma Pheeပါ။ ၁၉၁၈မှာ ပီနန်ကနေရောက်လာပါတယ်။ သူ့ရဲ့ဇာတ်ကြောင်းလေးက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒေးဒရဲမှာ မုန်တိုင်းမိ၊လှေမှောက်ပြီး ရွာသူကြီးက ကယ်လိုက်ပါတယ်။ နောက်တော့ သူက အလုပ်အရမ်းကြိုးစားတော့ သူကြီး သမီးဗမာလူမျိုးနဲ့ အကြောင်းပါပြီး မြန်မာပြည်မှာ နေထိုင်သွားပါတယ်။ သူပိုင် အိမ်တွေ ရန်ကုန်မှာ တော်တော်များများရှိပါတယ်။ နောက်ဆုံးရွှေတိဂုံဘုရားမှာ သူလှူခဲ့တဲ့ ဇရပ်တွေလည်း ရှိပါတယ်။ အခုတော့လည်း မြန်မာပြည်မှာ ပါယန်နမ်ခမ်းလူမျိုးမိသားစုတွေ တွေ့ဖို့ဆိုတာ အရမ်းကို ရှားသွားပါပြီ။

ကျားဘန်းပရုတ်ဆီပိုင်ရှင် Mr. and Mrs Aw Boon Haw

Mr Aw Boon Haw မိသားစု


ပါယမ်နမ်ခမ်းအမျိုးသမီးတစ်ဦး၏ ၁၉၁၅က ပီနန်ရိုးရာ ပါယမ်နမ်ခမ်းဝတ်စုံနှင့် ၁၉၂၀က မြန်မာဝတ်စုံ ၀တ်ဆင်ထားပုံ

ပါယန်နမ်ခမ်းယဉ်ကျေးမှုဆိုတာ ယဉ်းကျေးမှုတစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ။ သူ့ယဉ်ကျေးမှုထဲမှာ ပေါ်တူဂီရဲ့ အငွေ့အသက်တွေလည်း ပါနေမယ်။ မလေးနဲ့ တရုတ်လူမျိုးရဲ့ အငွေ့အသက်တွေလည်း ပါနေမယ်။ မြန်မာပြည်ကို ရောက်လာတဲ့အခါ မြန်မာလူမျိုးတွေရဲ့ အငွေ့အသက်တွေလည်း ပါနေမှာပါ။ တကယ်လို့သာ မြန်မာဓလေ့တွေ ထုံးလွှမ်းနေတဲ့ ပါယန်နမ်ခမ်းလူမျိုးတွေအကြောင်း သေသေချာချာ လေ့လာခွင့်ရမယ်ဆိုရင်တော့ အရှေ့တောင်အာရှယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှု ကူးလူးဆက်နွယ်မှုကို သိနိုင်မယ်လို့ ထင်ပါတယ်။

ဤစာပါ အကြောင်းအရာနှင့် ဓါတ်ပုံများသည် ဆရာကြီးဦးသော်ကောင်း၏ တင်ပြချက်များမှ စာရေးသူအမြင်ဖြင့် ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။


ရန်ကုန်မှ Lim Chin Tsong Garden

October 22, 2009

မြန်မာ ပါယန်နမ်ခမ်းလူမျိုးများ



Talks
Peranakan Museum: Preliminary Survey of the Peranakan in Myanmar
23 Oct 2009
Friday | 7pm - 8pm | @ Peranakan Museum, 39 Armenian Street


About the Talk
The coastal region of Myanmar seems to be one of the most northern expansions of the Peranakans in the former British Straits Settlements. There are Peranakans in Mergui, Tavoy, Moulmein and Yangon. They are known as “Pashu” by the Myanmar, the Chinese, and the Sino-Myanmar participants we interviewed for this preliminary survey. The Pashu community in Yangon is disappearing fast as they integrate with the local Myanmar people and other Overseas Chinese. This talk is based on the interviews Dr Thaw Kaung and his team conducted in 2003 with Pashu descendants in Yangon. Examples of some sojourners and settlers amongst the Overseas Chinese will be given, with emphasis on the Myanmar-Penang relationship. In addition, some brief biographies of Overseas Chinese leaders in Myanmar and short accounts of Chinese temples, clan houses and associations will be featured in the lecture.
About the Speaker
Dr Thaw Kaung studied and obtained a 1st class B.A. Hons. in English Literature from Yangon University in 1959. He later studied Librarianship at University College London and was awarded a Postgraduate Diploma in Librarianship from the University of London in 1962 and an Honorary Fellowship by the Library Association (U.K.) in 1984. Dr Thaw Kaung worked in various libraries of Yangon University from 1957, and was the Chief Librarian of the Universities Central Library from 1969 until his retirement in December 1997. From January 1998 to the present, he has been a Full-time Member of the Myanmar Historical Commission, part-time Professor in Library and Information Studies at the University of Yangon and the University of East Yangon, the Vice-Chairman of the National Literary Awards Selection Committee and a Member of a number of other Literary Prize committees. He established the Department of Library and Information Studies at Yangon University in 1971 and also the Myanmar Library Association in the early 1990s. Recently he was nominated as the Myanmar scholar to serve on the Advisory Council of the Nalanda Mentor Group in 2007 for re-establishing the Nalanda University in India.

Talk is free. Limited spaces available. No registration required.


October 20, 2009

မြန်မာဆန်သော ပါယန်နမ်ခမ်းလူမျိုးများ


မြန်မာမလေးတွေလား။
မဟုတ်ကြပါ။

သူတို့လေးတွေက မြန်မာမလေးတွေ မဟုတ်ကြပါ။


ကျွန်တော်သူတို့ကို ပထမဦးဆုံးတွေ့စဉ်က ရှေးမြန်မာအမျိုးသမီးတွေလို ခါးရှည်အင်္ကျီလေးဝတ်ထားပြီး ပါတိတ်ထဘီအရောင်ဆန်းဆန်းလေးနဲ့ ယဉ်ယဉ်လေးလှနေတာကို မြင်တော့ မြန်မာမလေးများလားလို့ ထင်ခဲ့မိသေးသည်။ နောက်တော့မှ ပါးမှာ သနပ်ခါးမပါတော့မှ မြန်မာမလေးမဟုတ်မှန်းသိတော့သည်။ သူတို့ကို ပါယန်နမ်ခမ်း (Peranankan) လူမျိုးများဟု ခေါ်ကြသည်။

ပါယန်နမ်ခမ်းလူမျိုးများမှာ များသောအားဖြင့် မလေးရှား၊ အင်ဒိုနီးရှားမှ တရုတ်လူမျိုးများ ဖြစ်ကြ၏။ အဓိကအားဖြင့် ပါယန်နမ်ခမ်းတရုတ်လူမျိုးများသည် တရုတ်ပြည်မကြီးမှ ဆင်းသက်လာကြသည်ဟု ယူဆကြသည်။ တရုတ်ပါယန်နမ်ခမ်းအပြင် အိန္ဒိယ ဟိန္ဒူလူမျိုး ချစ်တီးပါယန်နမ်ခမ်း၊ အိန္ဒိယ ဂျဝီပီကမ်းပါယန်နမ်ခမ်း၊ ဘိုကပြား ခရစ်စ်တန်ပါယန်နမ်ခမ်းတို့လည်း ရှိကြပါသေးသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်တွင် လာရောက်နေထိုင်ကြသော ကုလားလူမျိုးများမှာ ချစ်တီးပါယန်နမ်ခမ်းများပင် ဖြစ်သည်။

ပါယန်နမ်ခမ်းယဉ်ကျေးမှုမှာ မြန်မာလူမျိုးတွေရဲ့ လွှမ်းမိုးမှု ရှိကြောင်း စကာင်္ပူက ပါယန်နမ်ခမ်းပြတိုက်မှာ ထိုသို့ရေးထားပါတယ်

ပါယန်နမ်ခမ်းဆိုသည်မှာ ယဉ်ကျေးမှု တစ်ခုနဲ့တစ်ခု ပေါင်းစပ်သွားရာမှ ဖြစ်ပေါ်လာသော လူမျိုးများဖြစ်သည်။ တရုတ်ပါယန်နမ်ခမ်းများကို ဘာဘာ၊ ညွန်ည(Baba-Nyonya) လို့ ခေါ်ပြီး မလက္ကာရေလက်ကြားမှာ နေထိုင်ကြပါသည်။ ထိုပါယန်နမ်ခမ်းများသည် များသောအားဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကြပြီး ဒေသခံယဉ်ကျေးမှုများကိုလည်း ကိုယ့်ယဉ်ကျေးမှုဖြစ်အောင် ပြုပြင်မွမ်းမံယူကြသည်။ မလက္ကာရေလက်ကြားမှ ပါယန်နမ်ခမ်းလူမျိုးများသည် မလေးလူမျိုးများ၏ အစားအစာ၊ အ၀တ်အစား၊ ဘာသာစကားတို့ကို မိမိကိုယ်ပိုင်အဖြစ်ဖန်တီးယူကြ၍ လက်ရှိတရုတ်ရိုးရာယဉ်ကျေးမှုတို့ကို ထိန်းသိမ်းကြပါသေးသည်။ သို့သော်လည်း ပါယန်နမ်ခမ်းအများစုမှာ တရုတ်စကားမတတ်ကြတော့ပါ။

မလက္ကာရေလက်ကြားမှ ပါယန်နမ်ခမ်းလူမျိုးများတွင် အမျိုးသားများကို ဘာဘားလို့ခေါ်ကြပြီး၊ အမျိုးသမီးများကို ညွန်ညလို့ခေါ်ကြသည်။ သူတို့သည် Shophouse လို့ ခေါ်သော နံရံချင်းဆက် တိုက်အိမ်များတွင် နေကြသည်။ ဘာဘားတို့သည် အိမ်ထောင်ဦးစီးများဖြစ်ကြပြီး အိမ်၏စီးပွားရေးကို တာဝန်ယူကြရသည်။ ဘာဘားတို့ စီးပွားရေးလုပ်ငန်းကို တာဝန်ယူနေကြချိန်မှာ ကျန်နေခဲ့တဲ့အမျိုးသမီးတွေက အိမ်ထောင်တာဝန်ကို ယူကြရသည်။ ညွန်ညအမျိုးသမီးတွေဘ၀က မြန်မာအမျိုးသမီးတွေဘ၀နှင့် ခပ်ဆင်ဆင် တူပါသည်။ ငယ်စဉ်ကတည်းက ဗိုင်းကောင်းကျောက်ဖိနေကြရပါသည်။ ထိုသို့ မနေပါက အချိန်တန်လူလားမြောက်တဲ့ အချိန်မှာ အိမ်ထောင်ကျဖို့ မလွယ်ပေ။ တစ်ခုပဲ မြန်မာအမျိုးသမီးတွေနဲ့ ကွာသည်။ မြန်မာအမျိုးသမီးတွေက အိမ်ထောင်ကျပြီးလျင် ယောက်ျားအိမ်မှာ နေချင်ရင်နေ၊ မနေချင်လျင်တော့ ကိုယ့်မိဘအိမ်ပြန်ခွင့်ရှိသေးသည်။ ညွန်ညအမျိုးသမီးတွေကတော့ ထိုသို့မဟုတ်။ သေတပန်သက်တဆုံး ယောက္ခမအိမ်မှာနေသွားကြရသည်။ ထို့ကြောင့်ညွန်ညအမျိုးသမီးတို့သည် မိမိရောက်ရာအိမ်တွင် အာဏာထက်ရေးအတွက် ရုန်းကန်ကြရသည်။

ပါယန်နမ်ခမ်းယဉ်ကျေးမှုတွင် ဘာဘားထက် ညွန်ညများက ပိုပြီင်္းစိတ်ဝင်စားစရာကောင်းသည်။ ရှေးယခင်က ညွန်ညအမျိုးသမီးတို့သည် အိမ်မှုထိန်းသိမ်းရေသာမက လက်မှုပညာတို့ပါသင်ကြရသည်။ ယောက်ျားလေးရှင်ဘက်က မိန်းကလေးတစ်ယောက်ကို ချွေးမအဖြစ်ရွေးကြတော့မည်ဆိုလျှင် လက်မှုအတတ်ပညာကိုပါ မပါမနေရွေးချယ်ကြရသည်။ ထို့အပြင် ပါယန်နမ်ခမ်းလူမျိုးအချင်းချင်းသာ အိမ်ထောင်ပြုကြရသည်။ ရှေးယခင်က ချွေးမရွေးတော့မည်ဆိုလျှင် ချွေးမလောင်းသည် ယောက္ခမလောင်းနှင့် ခဏတာနေရသည်။ ထိုအချိန်တွင် သားရှင်ဘက်က မိန်းကလေးရှင်ဘက်ကို အမျိုးမျိုးစမ်းသပ်တော့သည်။ ထိုစမ်းသပ်မှုများတွင် အချက်အပြုတ်၊ အချုပ်အလုပ်က အဓိကကျသည်။

ညွန်ညမိန်းမပျိုတစ်ဦး ငရုတ်သီးထောင်းနေပုံ (The Little Nyonya drma series)

အချက်အပြုတ်ဆိုရာဝယ် ညွန်ညတို့သည် ပါယန်နမ်ခမ်းအစားအစာကို အရသာအဟာရ မျှတအောင်ချက်တတ်ရသည်။ မြန်မာမိန်းကလေးတို့ ငရုတ်သီးညက်မညက် ထောင်းနိုင်တာကို ကြည့်ပြီး မိန်းကလေးပီသ၊ မပီသ ကြည့်ပြီးဆုံးဖြတ်ကြသကဲ့သို့ ညွန်ညမိန်းကလေးတို့ကိုလည်း ငရုတ်သီး လေးစိတ်ကွဲမကွဲ ဆုံးဖြတ်ကြရသည်။ ညွန်ညဟင်းအရသာသည် မလေးနှင့် တရုတ်ရောထားလို့လားမသိ။ အချင်အငံအစပ် တည့်လှသည်။ တချို့ ဟင်းလျာနှင့် အချိုပွဲများမှာ မြန်မာတို့နှင့် အတော့်ကိုတူလှပါသည်။

ညွန်ညမိန်းမပျိုလေး ဖန်သီးလေးများသီနေပုံ

အချုပ်အလုပ်ဆိုရာဝယ် ရှေးအခါက ညွန်ညမိန်းမပျိုတို့သည် မိမိအင်္ကျီ၊ မိမိဖိနပ် ကိုယ့်ဘာသာချုပ်ဝတ်ကြရသည်။ မြန်မာမိန်းကလေးတို့သည် မိမိတို့ဝတ်မယ့် အင်္ကျီကို ဘော်ကြယ်၊ ပန်းတွေထိုးရသကဲ့သို့ ညွန်ညတို့ကလည်း ရောင်စုံဖန်သီးလေးများဖြင့် တန်ဆာဆင်ကြရသည်။ ညွန်ညတို့၏ ဖန်သီးလေးများထိုးပြီး ဒီဇိုင်းဖော်ထားသော ဖန်စီဖိနပ်နဲ့ အိမ်သုံးပစ္စည်းများမှာ ထိုခေတ်ထိုအချိန်က အလွန်ပဲနာမည်ကြီးသည်။ ကိုယ်လိုချင်သလောက် ပိတ်စပမာဏကို တင်းနေအောင် သစ်သားဘောင်နဲ့ ညှပ်ပြီး၊ ပိတ်စပေါ်တွင် ခပ်ရေးရေးပုံဆွဲသည်။ ကိုလိုချင်တဲ့ ပုံပေါ်မှာ ဖန်ဖြင့်လုပ်ထားသော အလွန်သေးငယ်တဲ့ သာကူစိလိုအသီးလေးများကို တစ်ခုချင်းစီ အပ်ချည်ကြိုးနဲ့သီရသည်။ ဖန်သီးတစ်ခုနှင့် တစ်ခုနဲ့မခွာပဲ စိပ်နေအောင် သီရသည်။ လက်ရာကောင်းကောင်းရရန်အတွက် အဓိကစိတ်ရှည်ရသည်။ ကျင့်သားရှိရသည်။ ထို့ကြောင့် ထိုမိန်းကလေးစိတ်ရှည်၊မရှည်ကို ထိုမိန်းကလေးသီထားသော ဖန်စီလက်မှုထည်များကိုကြည့်ပြီး သားရှင်ဘက်က ဆုံးဖြတ်ကြခြင်းဖြစ်သည်။

Kebaya ၀တ်ဆင်ထားသော The Little nyonnyaမှ မင်းသမီးနှင့် စင်္ကာပူလေကြောင်း လေယာဉ်မယ်များ







ညွန်ညအမျိုးသမီးများရဲ့ ၀တ်စားဆင်ယဉ်မှုကလည်း မြန်မာမိန်းကလေးတွေနဲ့ အတော့်ကို တူပါသည်။ သူတို့၏အ၀တ်အစားကို ကီဘာယ Kebaya လို့ခေါ်ပြီး ပန်းဖောက်ထားသော အင်္ကျီကို ပါတိတ်ထဘီနဲ့ တွဲဝတ်ကြသည်။ သူတို့၏ အင်္ကျီများမှာ အလွန်ပင်စိတ်ဝင်စားစရာ ကောင်းလှသည်။ ပန်းဖောက်ထားသော အင်္ကျီတစ်ဖက်ခြမ်းသည် တခြားတစ်ဖက်ခြမ်းမှာရှိသော ပန်းခက်ပန်းနွယ်တို့နဲ့ တထေရာတည်း တူညီရသည်။ လက်အတိုအရှည်ကလည်း အချိုးအစားညီရသည်။ ၀တ်ထားသော အင်္ကျီမှာ ဘက်မျှနေမှ မိန်းကလေး၏ စိတ်နေစိတ်ထားမှာ တည်တည်ငြိမ်ငြိမ်နဲ့ သာတူညီမျှရှိသည်ဟု ယူဆကြသည်။



ညွန်ညမိန်းမပျိုတို့၏ ၀တ်စားဆင်ယဉ်မှုတို့တွင် နောက်ထပ် ထူးခြားချက်မှာ ရောင်စုံဖန်သီးများနဲ့ စီထားသော ဖိနပ်ပါးလေးများဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးမှာ အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းလာသောကြောင့် ဖိနပ်ပါးလေးများတွင် ဒေါက်ထည့်ပြီး စီးလာတတ်ကြသည်။ ယခုခေတ်တွင် ထိုဖန်စီဖိနပ်လေးများမှာ အနည်းဆုံး USဒေါ်လာ ၅၀၀ ကျော်ပေးနေရပြီဖြစ်သည်။ ညွန်ညမိန်းမပျိုလေးများသည် အိမ်တွင်းသွားသွားလာလာအတွက် မြန်မာတွေစီးလေ့စီးထရှိခဲ့ဖူးသော သစ်သားခုံဖိနပ်များကိုသာ ၀တ်ဆင်တတ်ကြပါသည်။









ပါယန်နမ်ခမ်းငွေကွမ်းအစ်နဲ့ ထွေးခံ(ပြတိုက်ကိုရောက်စဉ်က ရိုက်ကူးထားပုံ)

ညွန်ညကလေးတို့သည် အရွယ်ရောက်လာသည့်အခါ ကွမ်းစားတတ်အောင် ကျင့်ရသေးသည်။ သူတို့၏ ကွမ်းစားပုံ ကွမ်းစားနည်း၊ ကွမ်းယာပုံ ကွမ်းယာနည်းမှာ မြန်မာတို့နဲ့ တပုံစံတည်းပင်။ မြန်မာတို့မှာ ယွန်းကွမ်းအစ်ရှိသကဲ့သို့ သူတို့ဆီမှာလည်း ငွေဖြင့်ပြုလုပ်ထားသော ကွမ်းအစ်များလည်းရှိ၏။ ထိုကွမ်းအစ်များမှာ မင်္ဂလာခန်းဝင်ပစ္စည်းများတွင် တစ်ခုအပါအ၀င်လည်းဖြစ်သည်။ မိန်းကလေးတစ်ယောက်သည် ကွမ်းယာတတ်ရုံသာမက စားပြီးသား ကွမ်းသွေးကိုလည်း ထွေးထုတ်တတ်ဖို့လည်း လိုပါသေးသည်။ ကွမ်းသွေးထွေးထုတ်သည့်အခါ အပြင်သို့မစင်အောင် လည်တံရှည် ကြွေခွက်ထဲကို ညင်ညင်သာသာ ထွေးတတ်အောင်ကျင့်ကြရ၏။ ယခုခေတ်တွင်တော့ ကွမ်းစားတဲ့သူ အတော့်ကို နည်းသွားပြီ။


ညွန်ညလက်မှုပညာတွင် နောက်ထပ်မပါမဖြစ်မှာ ကြွေထည်လုပ်ခြင်း အတတ်ပညာပင်ဖြစ်၏်။ ကြွေထည်လုပ်ငန်းမှာ တရုတ်ပြည်မှ ဆင်းသက်လာခြင်းဖြစ်ပြီး တဖြေးဖြေးနဲ့ ပါယန်နမ်ခမ်းအငွေ့အသက်လေးများ လွှမ်းမိုးလာခဲ့၏။ ပါယန်နမ်ခမ်းတို့သည် တောက်ပသော လိမ္မော်ရောင်၊ အ၀ါရောင်၊ အစိမ်းရောင်တို့ကို အသုံးများပြီး ကြွေထည်ပစ္စည်းများကို လှပ၍ အနုစိတ်သော ပန်းခက်ပန်းနွယ်များဖြင့် တန်ဆာဆင်လေ့ ရှိကြပါသည်။ ယခုအခါတွင်မတော့ ပါယန်နမ်ခမ်း ကြွေထည်ပစ္စည်းများကို ဒေါ်လာရာချီပြီး ပေးဝယ်နေကြရပြီဖြစ်သည်။

ယခုခေတ် ပါယန်နမ်ခမ်းသမီးပျိုလေးများသည် အိမ်ထောင်မှုနှင့် လက်မှုပညာမတတ်တော့။ လွန်ခဲ့သော ၁၅ရာစုခန့်က ထွန်းကားလာခဲ့သော ပါယန်နမ်ခမ်းယဉ်ကျေးမှုသည် တဖြေးဖြေးပျောက်ကွယ်ခါစပြုလာပါပြီ။ စကာင်္ပူနိုင်ငံက ပါယန်နမ်ခမ်း ယဉ်ကျေးမှုကို ထိန်းထိန်းသိမ်းသိမ်းရှိသလောက် မလေးရှားနှင့် အင်ဒိုနီးရှားမှာတော့ လစ်လျူရှုခြင်း ခံနေရပါပြီလို့ သမိုင်းပညာရှင်တွေက သတိပေးနေကြပြီ။ တကယ်ရော ပါယန်နမ်ခမ်းယဉ်ကျေးမှုက ဆိတ်သုဉ်းစ ပြုနေပြီလား ကျွန်တော်မသိ။ ကျွန်တော်သိသည်က ကျွန်တော်တို့ မြန်မာတွေနဲ့ ဓလေ့ထုံးစံခြင်း ဆင်တူသော ပါယန်နမ်ခမ်း ယဉ်ကျေးမှုကို မြတ်နိုးမိခြင်းသာ ဖြစ်ပါတော့သည်။ ။
Kebaya ဖက်ရှင်စာအုပ်။ အရမ်းကောင်းတဲ့ စာအုပ်လေးပါ။ စာအုပ် အင်္ကျီပုံစံအမျိုးမျိုးသာမက ပါတိတ်အမျိုးမျိုးပါ ပါဝင်ပါတယ်။ ဖက်ရှင်စိတ်ဝင်စားရင် ၀ယ်သင့်တဲ့ စာအုပ်လေးပါ။



စင်္ကာပူတွင် ယခုနှစ်ပြသပြီး အောင်မြင်ကျော်ကြားခဲ့သော The little nyonya Tv Drama Series။ ထိုဇာတ်လမ်းသည် ပါယန်နမ်ခမ်းယဉ်ကျေးမှုကို နောက်ခံပြီး ဇာတ်အိမ်ဖွဲ့ထားခြင်းဖြစ်သည်။ ဇာတ်လမ်းတွဲ ကြည့်ချင်ပါက Youtubeတွင် ကြည့်နိုင်ပါသည်။


Gangster က TV series အမည်ကို ပြင်ပေးသွားပါတယ်။ ကျေးဇူးပါပဲဗျာ။

ပုလုကွေးက ကိုးကားတွေတောင်းလို့ ပြန်ရေးပေးလိုက်ပါတယ်။

- Peranakan Museum, Singapore.

- The nyonya kebaya : a century of Straits Chinese costume by Datin
Seri Endon Mahmood.

- The Little Nyonya, Singapore Drama Series, Media corp.

- http://www.kebayas.com/

- http://en.wikipedia.org/wiki/Peranakan

- http://en.wikipedia.org/wiki/Batik


October 14, 2009

စကာၤပူက ဗိသုကာ

စကာၤပူကို City of Architecture လို့ ဗိသုကာ ပညာရှင်တွေက တင်စားကြပါတယ်။ တကယ်လည်း သူတို့တင်စားသလို စကာင်္ပူမှာ တော်တော်လှပ ခေတ်မီတဲ့ ဒီဇိုင်းတွေတော်တော်များများ ရှိလာပါပြီ။ ဥယျာဉ်မြို့တော်လို့ခေါ်တဲ့ သည်ခြင်္သေ့မြို့လေးမှာ တကယ်ကို ဗိသုကာနဲ့ ပါတ်သက်တဲ့ လေ့လာစရာတွေ ကြည့်ရှုစရာတွေက များလာပါပြီ။ Orchard ကို သွားရင် Shopping Mall အသစ်တွေ တိုးလာသလို Sentosa မှာလည်း အပမ်းဖြေစရာ နေရာတွေလည်း မကြာခင်တိုးပွားလာတော့မှာပါ။ အခုလိုအသစ်တိုးလာတဲ့ လှပတဲ့ ဗိသုကာ အဆောက်အဦးတွေကို လေ့လာဖို့ SIA စကာင်္ပူဗိသုကာအဖွဲ့က ကျောင်းသားနဲ့ မျိုးဆက်သစ်တွေ လေ့လာဖို့ Architecture Tour ကို သည်တစ်လလုံး စီစဉ်ပေးပါတယ်။ အခုအသစ်ပြီးသွားတဲ့ Orchard Shopping Mall တွေကအစ Community Centre တွေလည်း ပါပါတယ်။ စနေ၊တနင်္ဂနွေမှာ နေရာတစ်ခုစီစဉ်ပါတယ်။ ကျွန်တော်နဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကတော့ Santctury Safari လို့ခေါ်တဲ့ အိမ်တွေကို လေ့လာလို့ရမယ့် Tour ကို ရွေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်တွေက တော်ရုံတန်ရုံအပြင်လူကို ၀င်ခွင့်မပေးတော့ အခုလို အခွင့်အရေးရှိတုန်း ရွေးလိုက်တာပါ။

ကျွန်တော်တို့ အားလုံး Bugis National Library မှာာ စုရပ်လုပ်ကြပါတယ်။ မနက်ကိုးနာရီထိုးတော့ ကျွန်တော်တို့အားလုံး အသီးသီး ကိုယ်ရတဲ့ ကားပေါ်ကို တက်ပြီး ပထမဆုံး လေ့လာမယ့်အိမ်ကို ထွက်လာကြတယ်။ အဲသည်မနက်က မိုးကဖွဲဖွဲ ရွာနေတယ်။ နည်းနည်းတော့ စိတ်ညစ်သွားတာပေါ့။ ဘာလို့လည်းဆိုတော့ ဓါတ်ပုံကောင်းကောင်းမရိုက်နိုင်မှာ စိုးလို့ပါ။


Lien Villas ပထမဆုံးအိမ်...K2LDက ဒီဇိုင်းရေးဆွဲထားတာပါ။

Ministry of Design ဖန်တီးထားတဲ့ အိမ်လေးပါ။ အိမ်အမိုးကို မြက်ခင်းပြင်လေးလုပ်ထားတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ပထမတော့ ကျွန်တော်တို့ကGolf ကွင်းအသေးစားလေးလို့တောင် ထင်မိတယ်။ အမိုးကို မြက်ခင်းပြင်လေးလုပ်ထားတဲ့ အတွက် အိမ်အတွင်းပိုင်းကို အပူအအေးမျှစေနိုင်ပါတယ်။

ပထမဆုံးအိမ်ကတော့ Holland Park နားက Lien Villas လို့ခေါ်တဲ့ အိမ်တွေပါ။ အိမ်ပိုင်ရှင်ကတော့ UOBက သူဌေးလို့ထင်ပါတယ်။ မြေကွက်တစ်ကွက်ထဲမှာ အိမ်ငါးလုံးရှိပြီး။ အိမ်တစ်လုံးစီကို စကာင်္ပူလူမျိုး ဗိသုကာတစ်ယောက်စီက ဒီဇိုင်းရေးဆွဲထားတာပါ။ ပထမဆုံးလေ့လာရတဲ့ အိမ်က K2LD က ရေးဆွဲထားတဲ့ ဒီဇိုင်းပါ။ တော်တော်လေးလှပါတယ်။ အိမ်မကြီးကနေ ထိုးထွက်နေတဲ့ ဖြေဖျော်ရေးအခန်းကတော်တော်ကြီးပါတယ်။ အဲသည်အခန်းကနေ ကြည့်ရင် မြေကွက်အလယ်က ဥယျာဉ်တစ်ခုလုံးကို မြင်ရပါတယ်။ ဒုတိယမြောက်အိမ်ကတော့ ကျွန်တော့်တို့ကို အသက်ရှူမှားသွားစေတယ်။ ဘာလို့လဲဆိုတော့ အဲဒီအိမ်ရဲ့ Detailတွေက အတော့်ကိုလှလို့ပါ။ ကွန်ကရစ်အကြမ်း မီးခိုးရောင်ရယ် အနက်ရောင်ရယ်က အိမ်ရဲ့ အရောင်ပါ။ ရေချိုးခန်းတွေ အိပ်ခန်းတွေကလည်း အတော့်ကို လှပါတယ်။ Open Type လို့ခေါ်တဲ့ ရေချိုးခန်းတွေ ဥယျာဉ်သေးသေးလေးတွေ ထည့်ထားပြီး အဲသည် ဥယျာဉ်လေးတွေက အပြင်လူကြည့်လို့မရအောင် လုပ်ထားတာပါ။ ရေချိုးနေတဲ့ အချိန်မှာ ဥယျာဉ်ထဲကို ရောက်နေသလို ခံစားရမှာပါ။ နောက်ပြီး အိမ်အမိုးတွေပေါ့။ Flat Roof လို့ခေါ်တဲ့ အိမ်အမိုးတွေအပေါ်ကို လမ်းလျောက်လို့ရပါတယ်။ ဒါပေမယ့် လက်ကိုင်တန်းတွေတစ်ခုမှ မရှိပါဘူး။ အိမ်မကြီးကနံရံတွေက လမ်းလျှောက်နေတဲ့ လူတွေ ပြုတ်မကျရအောင် လုပ်ထားတာ ပညာပါပါတယ်။ အဲသည်အိမ်ကို ဖန်တီးခဲ့တဲ့ ဗိသုကာပညာရှင်ကတော့ Zarch Architect ပါ။


ပင်မအိမ်ကြီးကနေ ချဲ့ပြီးဆောက်ထားတာပါ။ အဆောက်အဦးတစ်ခုလုံး ထိုးဖောက်ပြီး ထွက်လာတယ်လို့ထင်ရတယ်။ အဓိကကတော့ အဆောက်အဦးအသစ်မှာ အိပ်ခန်းတွေ ရှိပါတယ်။ အိပ်ခန်းကနေ ကြည့် ရင့် ခြံတစ်ခုလုံးကို မြင်ရပါတယ်။
အိမ်ရဲ့ အတွင်းပိုင်း Show Kitchen နေရာပါ။ အိမ်ထဲမှာ သစ်ပင်တစ်ပင်စိုက်ထားတာ ကဗျာတော်တော်ဆန်ပါတယ်။ အပြင်က သစ်သားဝရန်တာမှာလည်း အပမ်းဖြေရင်း ညစာစားနိုင်ပါသေးတယ်။
Lien ရဲ့ တတိယမြောက်အိမ်ကလည်း လှပါတယ်။ အပြင်ကကြည့်ရင် အဆောက်အဦးတစ်ခုလုံး ထိုးထိုးထောင်ထောင်နဲ့ မြင်ရပါတယ်။ နေချင်စရာလေးပါပဲ။ ဒီဇိုင်းနာကတော့ Tierra Architect ပါ။ စတုတ္ထမြောက်အိမ်ကျတော့ ကျွန်တော်တို့နည်းနည်း စိတ်ပျက်သွားမိတယ်။ အိမ်ကို မြွေလိမ်မြွေကောက်လို ဆောက်ထားတာပါ။ အိမ်ကအကြီးကြီးဖြစ်ပြီး အိမ်တစ်အိမ်ရဲ့ ချစ်စရာကောင်းတဲ့ အရာလေးတွေ ပျောက်နေလို့ပါပဲ။ Ministry of design က ဖန်တီးထားတဲ့ အဲသည်အိမ်က အရမ်းကို ရိုးရှင်းလှတယ်လို့ထင်ပါတယ်။ ဒါပေမယ့် အိမ်အမိုးပေါ်မှာ မြက်ခင်းလေးလုပ်ထားတာ အပြင်ကနေကြည့်လျင် တော်တော်လှပါတယ်။ နောက်အိမ်ကနေ မူလအိမ်မကြီးနဲ့ တွဲပြီး ချဲ့ဆောက်ထားတဲ့ အိမ်ပါ။ Lien Collection Villas တွေကတော်တော် လှပါတယ်။ အဲသည်အိမ်တွေကို မီလီလျှံချည်ပြီးဆောက်ထားတာပါ။ အတော့်ကို ချမ်းသာတဲ့ မိသားစုပါပဲ။

ကျွန်တော်အကြိုက်ဆုံး Zarch Architect ရဲ့ အိမ်လေးပါ။

ရေချိုးခန်းကို အပြင်က မြင်ရတဲ့ပုံမှာ။ အပင်လေးတွေ စိုက်ပြီး လုံခြုံမှုရှိအောင် လုပ်ထားပုံက အတော့်ကို ချစ်ဖို့ကောင်းပါတယ်။

ရေချိုးခန်းရဲ့ အတွင်းပိုင်းပါ။ အိမ်ရဲ့ အတွင်းပိုင်း ဖြစ်ပေမယ့် ဥယျာဉ်သေးသေးလေးက တင်းကျပ်မှုတွေကို ပြေပျောက်စေပါတယ်။

ဧည့်ခန်းပါ။ လှေကားကို အပြင်ဘက်မှာ ဆောက်ထားပါတယ်အိမ်ရဲ့ အလည်တည့်တည့်မှာ Courtyard တစ်ခုရှိပြီး ဂျပန်က ဇန်ဥယျာဉ်တွေကို လေ့လာပြီး ဖန်တိးထားတာပါ။ အလယ်က အလူမီနီယံနဲ့ လုပ်ထားတဲ့ အပင်ပုံစံလေးကလည်း အတော့်ကို ချစ်စရာကောင်းပါတယ်။


Zarch ရဲ့ အမိုးတွေပါ။ အမိုးတွေပေါ် လမ်းလျှောက်လို့ ရပါတယ်။ လက်ရန်းတန်းတွေ မထည့်ဘဲ အိမ်မကြီးရဲ့ နံရံနှစ်ခုက အကာအကွယ် လုပ်ထားပုံက အတော့်ကို စိတ်ကူးကောင်းနေပြန်တယ်။
Lien Collection တွေလေ့လာပြီးတော့ ကျွန်တော်တို့ နောက်ထပ်တစ်နေရာကို လေ့လာဖို့ထွက်လာကြပါတယ်။ အဲသည်အိမ်ကတော့ မပြီးသေးပါဘူး။ ကျွန်တော်တို့ရောက်သွားတဲံ အချိန်မှာ ဆောက်နေတုန်းပါပဲ။ အဲသည်အိမ်ကို Aamer Architect ကရေးဆွဲထားတာပါ။ အိမ်ရဲ့ ပင်မဒီဇိုင်းက ဆလင်ဒါပုံစံ ဖော်ထားတဲ့ သစ်သားအိမ်ပါပဲ။ ကြမ်းခင်းတစ်ချို့ကိုလည်း မှန်တွေနဲ့ ဆောက်ထားပါတယ်။ အဲသည်အိမ်ပြီးလျင်တော့ တော်တော်လှမှာပါ။


ဆောက်လက်စ Aamer Architectရဲ့ အိမ်ပုံစံပါ။ ဓါတ်ပုံရိုက်ခွင့်မပေးပါဘူး။ ဒါပေမယ့် မရရအောင် ရိုက်ခဲ့ပါတယ်။
ကျွန်တော်တို့တွေ နောက်ထပ်တစ်နေရာကို လေ့လာဖို့ထွက်လာပါတယ်။ ဗိသုကာ Mark Wee ရေးဆွဲထားတဲ့ အိမ်ပါ။ အိမ်တစ်ခုလုံးကို ကွန်ကရစ်အကြမ်းထည်တွေနဲ့ဆောက်ထားပါတယ်။ နီညိုရောင် သစ်သားရောင်က မီးခိုးရောင်တွေကြားက ထင်းကနဲ ဖြစ်နေတာ အတော့်ကို ကြည့်လို့ကောင်းပါတယ်။ အဲသည်အိမ်ကို ဆောက်ဖို့ ပိုင်ရှင်မှာ ပိုက်ဆံပိုပိုလိုလို သိပ်မရှိပါဘူး။ ရှိတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် ဗိသုကာ ပညာရှင်က ဖန်တီးခဲ့ရတာပါ။ နေရာတော်တော်များများကို တောက်ပပြီး ဈေးကြီးတဲ့ အိမ်ဆောက်ပစ္စည်းတွေကို မသုံးထားပါဘူး။ ဒါပေမယ့် အိမ်လေးကတော့ အတော့်ကို နေချင်စရာလေးပါ။ အိမ်က နှစ်ထပ်ရှိပေမယ့် အိမ်ပိုင်ရှုင်က ခွင့်မပြုလို့ အပေါ်ထပ်ကို မတက်ခဲ့ရပါဘူး။

အိမ်ကို အတတ်နိုင်ဆုံး ချွေချွေတာတာ ဆောက်ထားပေမယ့်လည်း နေချင့်စဖွယ်လေးဖြစ်အောင် ဖန်တီးထားပုံက ထိုဗိသုကာရဲ့ ကျွမ်းကျင်မှုပါပဲ။


ဗိသုကာတစ်ယောက်က အိမ်ရဲ့ ဒီဇိုင်းကို ရှင်းပြနေပုံပါ။


ဧည့်ခန်းရဲ့ မျက်နှာကျက်ဒီဇိုင်းပါ။
နောက်ဆုံးအိမ်ကတော့ Bukit Temah ကအိမ်လေးပါ။ ကျွန်တော်တို့ ကြည့်ခဲ့တဲ့ အိမ်တော်တော်များက ဆောက်လုပ်ဆဲ၊ ဆောက်ပြီးကာစ အိမ်ရှင်တွေ မပြောင်းလာသေးတဲ့ အိမ်တွေပါ။ အခုနောက်ဆုံးအိမ်လေးးကတော့ ပိုင်ရှင်တွေ နေနေကြပါပြီ။ မြေကွက်သေးသေးလေးပေါ်မှာ ချစ်စရာအကောင်းဆုံးဆောက်ထားပါ။ အိမ်ပိုင်ရှင်ကိုယ်တိုင်က ဗိသုကာ ပညာရှင် Albert Lim ပါပဲ။ အိမ်ဘေးနားမှာ ငါးပေလာက်ရှိတဲ့ ရေကူးကန်လေးရှိပါတယ်။ အိမ်ပိုင်ရှင်ရဲ့ သမီးလေးက ရေကူးကန်လိုချင်တာနဲ့ ဖခင်ဖြစ်သူက မြေကွက်ကျဉ်းကျဉ်းလေးပေါ်မှာ မဖြစ်ဖြစ်အောင် ဖန်တီးပေးခဲ့တာနဲ့။ မိသားစုတစ်ခုလုံး အလွန်ပဲ နွေးထွေးစရာကောင်းပါတယ်။ အိမ်လေးရဲ့ အပေါ်ထပ်မှာ စတူဒီယိုသေးသေးလေးလဲ ထည့်ထားပါတယ်။ ကျွန်တော်လည်း လျှောက်ကြည့်ရင်းနဲ့ တစ်နေရာရောက်တော့ အံ့သြသွားမိတယ်။ ပုဂံက သဗ္ဗညုဘုရားဗိသုကာပုံကို မှန်ဘောင်လေးနဲ့ ထည့်ထားလို့ပါ။ ကျွန်တော်အဲသည်ပုံလေးကို မြင်လိုက်ရတော့ အရမ်းကို ၀မ်းသာသွားမိတယ်။ နောက်တော့ အိပ်ခန်းလေးတွေထဲကို လိုက်ကြည့်မိတယ်။ အိမ်ခန်းတစ်ခန်းရဲ့ နံရံကပ်စင်တစ်ခုပေါ်မှာ မြန်မာပြည်က ယွန်းဘူးတွေကို လှလှပပထင်ထားပြန်ပါသေးတယ်။ ကိုယ့်မြန်မာပြည်က အရာဝတ္ထုလေးတွေကို စကာင်္ပူလူမျိုးတစ်ယောက်ရဲ့ အိမ်မှာ တွေ့လိုက်ရတာ အရမ်းကို ဂုဏ်ယူမိတာအမှန်ပါ။



အလုပ်က သူငယ်ချင်းတစ်ယောက်က အမှတ်တမဲ့ ရိုက်လိုက်တဲ့ ပုံလေးပါ။ ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ ကောင်မလေးက ထိုင်းကပါ။