တခါတလေ Lasalle-Sia ကျောင်းတုန်းက အကြောင်းလေးတွေ တွေးမိလျင် ရယ်လည်း ရယ်ချင်တယ်။ စိတ်ညစ်စရာတွေလည်း ပေါ်ပေါ်လာတယ်။ ဒါပေမယ့် တွေးမိလိုက်လျင်တော့ ပျော်စရာတွေက အများသား။
ကျွန်တော် Level 2 (second year) စတက်ချိန်ပေါ့။ Level 2 ရောက်မှ Interior Design ကို စသင်ရတယ်။ ပထမဆုံးစာသင်နှစ်ဝက်ကတော့ စိတ်ဝင်စရာတော်တော်ကောင်းပါတယ်။ သင်သမျှတွေက အသစ်အဆန်းတွေ ဖြစ်နေကြတာကိုး။ မှတ်မှတ်ရရ Material Board လုပ်တဲ့ အချိန်ပေါ့။ Material Board ဆိုတာ အခန်းတစ်ခုကို အလှဆင်တော့မယ်၊ ဖန်တီးတော့မယ်ဆိုရင် သုံးမယ့် အိမ်ဆောက်ပစ္စည်းတွေနဲ့ အလှဆင်ပစ္စည်းတွေရဲ့ အရောင်နဲ့ ပစ္စည်းတွေရဲ့ သဘောသဘာဝကို customerကို ပြဖို့ မာတဲ့ အရာဝတ္တုတစ်ခုခုပေါ်မှာ ကော်နဲ့ ကပ်ပြီး စီစီရီရီပြသရတဲ့ အရာတစ်ခုပါ။ များသောအားဖြင့် Contractorတွေက ကြမ်းခင်းဘယ်နေရာကို ဘယ်ကြွေပြား၊ ဘယ်သစ်သားစသည့်ဖြင့် ဖော်ပြသလိုပါပဲ။ ဒီMateril Board က ဒီဇိုင်နာတစ်ယောက်အတွက် အရေးကြီးပါတယ်။ သူ့ရဲ့ အတွေးအမြင်တွေ ဘယ်လောက်ရှိသလဲဆိုတာ Material Board ကို ကြည့်ပြီး သိနိုင်ပါတယ်။
ကျွန်တော်တို့ ကျောင်းမှာ ဆရာမSuhanက ဒိMaterial Boardနဲ့ ပါတ်သက်ပြီး အတွေးအခေါ်လေးတစ်ခု ကျွန်တော့်တို့ခေါင်းထဲကို ရိုက်သွင်းပေးခဲ့တယ်။ အဲဒါက Material Board မှန်သမျှ Artistic (အနုပညာ) ဖြစ်နေရမယ်ဆိုပြီးတော့လေ။ နောက်တော့ ခေါင်းစဉ်လေးတွေခွဲပြီး လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းတယ်။
ပထမခေါင်းစဉ်က Myselfတဲ့။ ကိုယ့်အကြောင်းကိုပေါ့။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ လူတစ်ယောက်ရဲ့ Personalityကို ဒိ Material Board တွေမှာ ဘယ်လို ဘာသာပြန်ရမှန်းမသိဘူး။ နောက်တော့ ပန်းချီပန်းပုအနုပညာနဲ့ဆိုင်တဲ့ ပစ္စည်းတွေ ရောင်းတဲ့ Bras Basah Complexမှာ ဖွင့်ထားတဲ့ Art Friend ဆိုင်မှာ လိုတာလေးတွေ သွားဝယ်ရတယ်။ ပရိုချက်တစ်ခုအတွက် တစ်ခါတစ်ခါ အ၀ယ်ထွက်ရင် စကာင်္ပူဒေါ်လာ ၂၀လောက်က အသာလေးပဲ။ ဈေးကြီးလွန်းလို့ ကျောင်းသားတွေက နာမည်ဖျက်ပြီး Art enemy လို့တောင် ခေါ်ကြသေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း အဖြူအမဲ ကတ်ထူနှစ်ခုရယ် ကျွန်တော်သဘောကျတဲ့ သံဇကာပြားလေးတစ်ချက်ကို ၀ယ်ပြီး Material Board လုပ်တယ်။ ကျောင်းက စတူဒီယိုထဲ ပြန်ရောက်တော့ ဟိုစပ်ဒီစပ် ဟိုကပ်ဒီကပ်နဲ့ လုပ်လိုက်သေးတယ်။ သံဇကာလေးကို ကွေး၊ ပြီးတော့ အလကားရထားတဲ့ ခရမ်းရောင်ငှက်မွေးလေးတွေကို အလယ်မှာ သိပ်ထည့်ပြီး အမြန်ပြိးလိုက်တယ်။
ပရိုချက်တွေ တင်တဲ့ အခါကျတော့ ဆရာမက အကောင်းဆုံးတွေ ရွေးပြီး တစ်ခုနဲ့ တစ်ခု ယှဉ်ပြ။ ဘယ်အရာက ကောင်းတယ် ဘယ်အရာက မကောင်းဘူးဆိုပြီး နှိုင်းယှဉ်ရော။ မကောင်းဘူး အပြောခံရတဲ့ လူတွေကတော့ မျက်နှာတွေ သုန်မှုန်နေတာပေါ့။ ကျွန်တော်ကတော့ အလယ်အလတ်ပါပဲ။ ဒါပေမယ့် အကောင်းဆုံးထဲမပါတော့ စိတ်ညစ်မိတယ်။ ဆရာမက ရှင်းပြခိုင်းလို့ မိမိရဲ့ Material Boardကို ရှုင်းပြရသေးတယ်။အပြင်ပန်း သံစကာက ကျွန်တော့် သွင်ပြင်လက္ခနာလိုပဲ ကြမ်းတမ်းခိုင်မာမှုရှိပြီး ငှက်မွေးလေးတွေကတော့ ကျွန်တော့်စိတ်တွေ နူးညံမှုရှိတာကို ပြချင်တာလို့ ဆိုလိုက်တော့ ဘေးနားက ကျွန်တော့် သူငယ်ချင်းတွေက Very Gay လို့တောင် ၀ိုင်းနောက်ကျတယ်။ ငှက်မွေးလေးတွေကြောင့်ပေါ့။ ဘယ်လိုပဲ စစ၊ နောက်ဆုံးတော့ အလကားရတဲ့ ငှက်မွေးနဲ့ ပရိုချက်တစ်ခု ပြီးသွားတာ ကျေးဇူးတင်ရမယ်။
နောက်ထပ်ခေါင်းစဉ်က Season ရသီဥတုတဲ့။ ဒီတစ်ခါတော့ အရင်လို Material Board တစ်ခုတည်း လုပ်လို့မရတော့။ အနည်းဆုံး သုံးခုလုပ်ရမယ်တဲ့။ ကုန်ပေါက်တွေကို တွေးမိရင်း ဦးဏှောက်ခြောက်လာပြန်ရော။ မတတ်နိုင်ပါဘူးလို့ ကိုယ့်ကိုယ်ကို ဖြေတွေးရင်း… စက္ကူဘူးတွေထဲမှာ ပိုလို့ အတိုအထွာတွေ ကောက်သိမ်းထားတဲ့ Model လုပ်တဲ့ အပိုင်းအစတွေနဲ့ ရာသီဥတု တစ်ခုချင်းစီ ဘယ်လို ဖန်တီးရရင် ကောင်းမလဲလို့ စဉ်းစားရပြန်ရော။ ကျွန်တော့်မှာ 3d Model လုပ်ဖို့ဆိုပြီး ၀ယ်စုထားတဲ့ သတ္တုပြားလေးတွေ တော်တော်များများ ရှိတယ်။ Metallic ကာလာဆို ကျွန်တော်က ကြိုက်တော့ Model လုပ်တဲ့ အချိန်မှာ တော်တော်သုံးမိတယ်။ တောက်ပြောင်နေတဲ့ သွပ်ရောင်က မိုးချိမ်းတဲ့ အခါလတ်သွားတဲ့ အရောင်မျိုးလို့ ကျွန်တော် တွေးမိတယ်။ အဲဒါနဲ့ပဲ ပါကင်ထုပ်ရင် သုံးတဲ့ ပလပ်စတစ်အဖုလေးတွေကို မိုးစက်လိုလုပ် သတ္ထုပြားနဲ့တွဲလိုက်တော့ မိုးရာသီတစ်ခု ကျွန်တော်ဖန်တီးလိုက်နိုင်တယ်။
ဆောင်းရာသီကို ကျွန်တော် အပြာရောင်တစ်ခုလို့ မြင်တော့ ဆောင်းရာသီ Materal Board က အပြာရောင်လေးတွေ လွှမ်းနေပြန်ရော။ ဖော့လုံးအကြီးအသေးလေးတွေဝယ် အပြာရောင်နဲ့ အဖြူရောင်ရောပြီး ဆေးခြယ်။ နောက်ခံမှာ မြန်မာလို ဆောင်းရာသီတွေ ရေးလိုက်သေးတယ်။ ဆရာမက အဲဒါက ဘာဘာသာစကားလဲလို့ မေးလိုက်တော့ ရိုးရိုးပဲ မြန်မာစာလို့ ဖြေလိုက်တယ်။ တခါတလေ ကိုယ်လုပ်တဲ့ ပရိုချက်တွေမှာ မြန်မာနဲ့ဆိုင်တာလေးတွေ ထည့်ချင်မိသား။
နွေဦးနဲ့ နွေရာသီကျတော့ နှစ်ခု ကျွန်တော်လုပ်လိုက်တယ်။ နွေဦးမှာ ပန်းတွေ တော်တော်ပွင့်ကြတော့ အရောင်တောက်တောက်ကာလာတွေ သုံးမိတယ်။ နွေရာသီအတွက်ကြတော့ သိပ်ပြီး ခေါင်းရှုပ်ခံစရာ မလိုတော့ဘူး။ သစ်ကိုင်းခြောက်လေးတွေ ဟိုကပ်ဒီကပ် လုပ်ပေးလိုက်တယ်။ နောက်တစ်ပတ် ပရိုချက်တွေ တင်တော့ ကျွန်တော့် ရာသီဥတုလေးတွေ ရှေ့ဆုံးမှာ နေရာယူနိုင်ခဲ့တယ်။
နောက်ဆုံးလေ့ကျင့်ခန်းနာမည်ကတော့ Gender တဲ့။ ကျားမ ပုံစံသင်္ကေတပါတဲ့ အရာနှစ်ခု ဖန်တီးရမယ်လေ။ အကောင်းဆုံး Board ကို ရွေးမယ်ဆိုလို့ ကျောင်းသားတွေ အပြိုင်အဆိုင်ဖြစ်ကုန်ကြတယ်။ တခါတလေ ဒိဇိုင်နာ တစ်ယောက်ဖြစ်ရတာ မလွယ်ပါဘူး။ အပြိုင်အဆိုင် အတွန်းအပို့တွေက တော်တော်များတယ်။ ကျွန်တော်လည်း ဒီတစ်ခါတော့ သူများထက် ထူးအောင်တော့ လုပ်ပစ်လိုက်ချင်တယ်။ သိတဲ့ အတိုင်း ကျွန်တော့် ဦးဏှောက်က မဟုတ်တယုတ်တွေဆို ဖျတ်ခနဲပဲ။ ပုလင်းကွဲတွေနဲ့ အကျီင်္ချုပ်ပြီး ကချေသည်တစ်ယောက်ကို ၀တ်ခိုင်းကခိုင်းတာမျိုးတွေပေါ့။ အခုလည်း ဒီGender အတွက် အတွေးတွေ ရနေပြန်ပြီ။ တချို့အတန်းဖော်တွေက ယောက်ျားမှန်ရင် စစ်တပ်နဲ့ဆိုင်ရမယ်ဆိုပြီး စစ်သားသုံးပစ္စည်းတွေနဲ့ လုပ်ကြတယ်။ တချို့ကြပြန်တော့လည်း မိန်းမဆန်ရင် ပန်းကြိုက်ရမယ်ဆိုပြီး ပန်းတွေနဲ့ ဒီဇိုင်းလုပ်ကြပြန်တယ်။ ကျွန်တော်ကတော့ သူများထက်ထူးပီး စဉ်းစားမိတာက ယောက်ျားတစ်ယောက်အတွက် အနီးစပ်ဆုံးဆိုတာ condom၊ မိန်းမတစ်ယောက်အတွက်ကျတော့ ရာသိသုံးပစ္စည်းပေါ့။
သတ္ထူဘူးလေးရဲ့ အပြင်မျက်နှာစာ။လူပျိုဖော်ဝင်လာတော့ ဘူးရဲ့ အပေါ်က တစ်ဝက်တစ်ပျက်ဖုံးထားတဲ့ သတ္ထုပြား အပေါက်လေးတွေကတဆင့် အထဲမှာ ဘာရှိသလဲဆိုတာ ခိုးပြီး ကြည့်တတ်လာတယ်။
အမျိုးသမီးတစ်ယောက်ကိုယ်စားပြုတဲ့ Board ကျတော့ အမျိုးသမီးတွေသုံးတဲ့ ဂွမ်းစလေးတွေကို ဖြဲဆုတ်ပြီး ပန်းပွင့်ပုံစံလေးတွေ လိုက်ဖော်လိုက်တယ်။ တော်တော့်ကို လွယ်ပါတယ်။ အမျိုးသားအတွက်ကျတော့ နည်းနည်းခက်တယ်။ အရင်လို လုပ်နေကြ ကတ်ထူစက္ကူပေါ်မှာ မလုပ်ချင်တော့ဘူး။ သတ္ထုပါးပါးလေးနဲ့ လုပ်ထားတဲ့ ဘူးလေးထဲမှာ Condom တွေထည့်ပြီး Installation Art ပုံစံလုပ်ချင်လာတယ်။ အဲဒီသတ္ထုဘူးလေးရဲ့ အဓိပ္ပါယ်ကို မြန်မာလူငယ်တစ်ယောက်ရဲ့ ဖျက်သန်းလာရတဲ့ အသက်အရွယ် အပိုင်းအခြားအပေါ်မှာ မူတည်ပြီး လွိင်နဲ့ ပါတ်သက်တဲ့ အသိပညာတွေပေါ့။ ဘူးရဲ့ အောက်ခြေကို အလုံပိတ်ထားလိုက်တယ်။ အဲဒီအောက်ခြေက ကြည့်ရင် ဘူးထဲမှာ ဘာရှိလဲဆိုတာ မသိနိုင်ပါဘူး။ အဲဒါက အမျိုးသားတစ်ယောက်ရဲ့ ဘ၀ပါပဲ။ ငယ်စဉ်မှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေက လွိင်နဲ့ ပါတ်သက်တာကို ရှက်စရာတစ်ခုလို့ မြင်တတ်ကြတယ်။ အရာရာကို ဖုံးတတ်ဖိတတ်ကြတယ်။ လူပျိုဖော်ဝင်လာတော့ ဘူးရဲ့ အပေါ်က တစ်ဝက်တစ်ပျက်ဖုံးထားတဲ့ သတ္ထုပြား အပေါက်လေးတွေကတဆင့် အထဲမှာ ဘာရှိသလဲဆိုတာ ခိုးပြီး ကြည့်တတ်လာတယ်။ သူတို့မြင်နေရတာတွေက မှန်ထဲမှာ မြင်နေတဲ့ အရိပ်(ကွန်ဒုံး)တွေလိုပါပဲ။ သြော်… ဒါလားဆိုတဲ့ အတွေးပေါ့။ မှန်ထဲမှာ ထင်နေသလို ကိုယ့်ရဲ့ Sexual orientation က ဘာလဲဆိုတာ ကွဲကွဲပြားပြား မသိသေးတဲ့ အချိန်လေ။ ဘူးရဲ့ ဘေးဘက်အကာလေးကြတော့ ဘာသတ္ထုပြားမှ မကာထားဘူး။ အထဲက လေနဲ့ မှုတ်ထားလို့ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ကွန်ဒုံးတွေကို အရှင်းသား မြင်နေရတယ်။ ဒါဟာ အရွယ်ရောက်လာတဲ့ အမျိုးသားတစ်ယောက်ရဲ့ လွိင်နဲ့ ပါတ်သက်တဲ့ အရာပါပဲ။ အဲဒီအရွယ်မှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြက်ပြက်သားသား မြင်နေရတဲ့ သဘော၊ လုပ်ပိုင်ခွင့် ရှိလာတဲ့ သဘောပါပဲ။
မှန်ထဲမှာ ထင်နေသလို ကိုယ့်ရဲ့ Sexual orientation က ဘာလဲဆိုတာ ကွဲကွဲပြားပြား မသိသေးတဲ့ အချိန်လေ။
မှတ်မိသေးတယ်။ ကွန်ဒုံးဘူးနှစ်ဘူးလောက်ကို ၀ယ်ပြီး ဒီအတိုင်း အခွေလိုက်ကလေးတွေ မသုံးချင်တော့ ကျွန်တော့် ခမျာ တစ်ညလုံး မှုတ်လိုက်ရတာ။ နှုတ်ခမ်းမှာလည်း အဲဒီက ရာဘာနံ့ အဆီတွေပေနေလို့ တစ်ညလုံး စိတ်ဖျောင့်ဖျောင့် မအိပ်လိုက်ရဘူး။ ဒါပေမယ့် အောင်မြင်တယ်လို့ ဆိုရမလားပဲ။ ကျွန်တော့်ရဲ့ Male Gender Material Board က အကောင်းဆုံးဖြစ်သွားတယ်။ ဆရာမကလည်း သဘောတွေကျလွန်းလို့ တစ်ယောက်ချင်းစီကို လက်ဆင့်ကမ်းခိုင်း သေချာကြည့်ခိုင်းတယ်။ တရုတ်မတွေက အေးဆေးပါ။ ဟန်မပျက်ဘူး။ မလေးမတွေကတော့ သူတို့လက်ထဲရောက်လာတဲ့ ဘူးကြီးကို ဆရာမကြည့်ခိုင်းလို့သာ ကြည့်ကြတယ်။ တွန့်ဆုတ်တွန့်ဆုတ်နဲ့။ ဆရာမက ပြောပါတယ်။ နင့်ရဲ့ Female Material Boardက သိပ်မကောင်းဘူး။ မိန်းမတွေ အကြောင်း နင် သိပ်နားမလည်ပါဘူးတဲ့။ ကျွန်တော်ကတော့ ခပ်ပြုံးပြုံးပါပဲ။ ဟုတ်တယ်လေ။ ယောကျာ်းပဲ။ ယောက်ျားတွေ အကြောင်းပဲ နားလည်တာ ဆန်းသလားဗျာ။

28 ယောက်ကဒီလိုမြင်တယ်တဲ့...:
သူငယ်ချင်းရေ မင်းပဲ ရှာရှာကြံကြံတွေးတတ်တယ်။
မင်း Material Art ကိုတကယ်သဘောကျပါတယ် .... :D
မှန်ထဲမှာ မြင်နေသလို ကိုယ့်ရဲ့ sexual orientation ကိုသေချာမသိသေးတဲ့အချိန်မှာ ဖြစ်လာတဲ့ လိင်တူချင်း စိတ်ကစားမိတဲ့ လိင်စိတ်နဲ့ လူတွေကို ဂေးလို့တခါတည်းမသတ်မှတ်သေးပါဘူးတဲ့
သားငယ်တို့အသိကြွယ်စေဖို့မှာ အတ္တကျော် (ဆူဒိုနင်) ကပြောပါတယ်
လွတ်လပ်စွာ ဖြန့်ကြတ်တွေးတောနိုင်မှုနဲ့ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို တကယ်ချီးကျူးပါတယ် အကိုသက်ပိုင်သူရေ
ကိုယ့်စိတ်ကူးအတိုင်း လွတ်လပ်စွာ ချပြခွင့် ဖန်တီးခွင့် ဖော်ပြခွင့်ရတဲ့အခါ နှလုံးသားတွေက အစ လွတ်လပ်ပေါ့ပါးနေမှာပဲနော်
အကိုသက်ပိုင်သူရဲ့ Material Board လေးတွေကို သဘောတကျ ကြည့်သွားပါတယ် အကိုရေ :)
ယောကျာ်းပဲ။ ယောက်ျားတွေ အကြောင်းပဲ နားလည်တာ ဆန်းသလားဗျာ။
(ဟုတ်လို့လားတော်)
အဲတော်တော့်ကိုတတ်နိုင်ပါတယ်..
ဒါနဲ့ လင့်ပြုတ်သွားလို့ ပြန်လင့်ထားတယ်နော်
ဲJueရေ...
သေသေချာချာ ရိုက်ထားတဲ့ ပုံတွေက အိမ်ပြောင်းရင်း ရွှေ့ရင်း ပျောက်သွားတယ် Female Board လေးပါပါသွားတယ်။ Quality မကောင်းတဲ့ ပုံတွေပဲ ဟိုကြောင်ကြား ဒီကြောင်ကြား ကျန်ခဲ့တယ်... အခုတောင် ပုံတွေက သိပ်မကြည်ဘူးး(
Designer တစ်ယောက်ရဲ့ တွေးခေါ်မှုက ကျွန်တော် ထင်ထားတာ ထက်အောင် အနုစိတ်နေသေးတာပါလား ..
Personality ကို Material Board နဲ့ ပြတယ်တဲ့ .. တော်တော်တော့ လက်ပေါက်ကတ်မယ့် အလုပ်ပဲ ..
ကျွန်တော်တော့ နွေရာသီကို ပုံဖော်ထားတာ ကြိုက်တယ် .. နောက်ပြီး အသက်အရွယ် အပိုင်းအခြားလိုက် ဖြတ်သန်း သိမြင်လာတဲ့ ယောကျာင်္းတစ်ယောက်ရဲ့ လိင်မှု ဆိုင်ရာ တွေးခေါ်မျှော်မြင်မှုကို Installation Art ပုံစံနဲ့ ဖော်ပြထားတာလေးလည်း သဘောကျတယ် ... ဒါပေမယ့် နောက်တစ်ခါ ဆိုရင်တော့ နှုတ်ခမ်းကြီးနဲ့ မမှုတ်ပါနဲ့ဗျာ .. ကျွန်တော် လေထိုးတံ ဌားပေးပါ့မယ် .. haha :)
ဒါမှ Designer ကွ :) :P
ပညာတွေ..တွေးတတ်ရမယ့် designer တွေရဲ့ ခံစားမှုတွေကို ကိုယ်စားပြုနေသလိုပါပဲ...
nth is impossible to a willing mind, they said. The magnificent project with a tiny budget shows how deep ur talent and passionate are. Well done, bro. Congrat'n :))
သဘောကျတယ် သက်ပိုင်သူရေ
ကြိုးစားထားဟ..
ဘာဖြစ်ဖြစ်ပေါ့ လူတွေအများကြားမှ ကိုက ဘာသာခြား လူမျိုးခြားလေအခုလို အသိမှတ်ပြုခံရတဲ့အတွက် လေးစားမိပါတယ်..
တင်ပြပုံလေးတွေ သဘောကျသွားလို့ သေချာကို ဖတ်သွားတယ်..
Female Material Board က သိပ်မကောင်းဘူးဆိုပေမယ့် တင်ပြသင့်တာပေါ့ ကောင်းကောင်း မကောင်းကောင်းပေါ့..း)
ဟုတ်တယ်ဗျာ..
နောက်ဆို အဲလိုမလုပ်နဲ့နော် အဲလိုလုပ်မှန်းသိရင် ခေါ်လိုက်တာ မဟုတ်ဘူးဗျာ Video Camera နဲ့ ရိုက်ပြီး AFV ကို တစ်ခါတည်း ပို့လိုက်ရင် ဆုတွေတောင် ရချင်ရအုံးမှာ..းP
ခင်မင်ခြင်းများစွာဖြင့်
စည်သူ။
u really r a creative one!!!!! I just like it .
အိုင်ဒီယာတွေ ခိုးသွားတယ်...
ပိုင်တော်တယ်...
ပရောဂျက် တစ်ခု အတွက် ခေါင်းခြောက်ခဲ့ရတဲ့ ရက်ပေါင်းများပြီး...
ချစ်ခင်စွာဖြင့်
ဖိုးစိန်
သေခြာလာဖတ်သွားပါတယ် ကိုသက်ပိုင်သူ. မိုးရာသီ နဲ့နွေရာသီ ဒီဇိုင်းလေးကို ကြိုက်တယ်၊ Gender idea က မိုက်တယ်။
မိုက်တယ်.. ဒီကကျောင်းကတော့ ၄ နှစ်သာပြီးတယ်.. အဲ့ဒါမျိုးတွေ မလာဘူး.. တစ်နေ့လာလည်း still life.. နောက်နေ့ကျ ပန်းသီး.. နောက်နေ့ကျ အိုးတွေခွက်တွေ.. နောက်နေ့ကျ အောက်ဒိုးထွက် သစ်ပင်ရေး..
ဒါထက် လွိင် လွိင်နဲ့ ဘာဖြစ်နေသတုံး.. လိင်ပါဗျ

"Great people talk about idea" ဆိုတဲ့စကားကိုသွားသတိရတယ်။ ကိုသက်ပိုင်သူက idea ကိုပြောမနေတော့ပဲတခါတည်း "ချပြ" ထားတာကိုး...။
ကျောင်းတုန်းက ပရောဂျက်တွေကို လာကြည့်သွားတယ်... အိုင်ဒီယာတွေကို သဘောကျတယ်
ကျောင်းမှာ ပရိုဂျက်လုပ်ခိုင်းတိုင်း အမြဲ ပေါက်ကရအတွေးဝင်တာခြင်း တူတယ် နောက် မြန်မာအကြောင်းလေးတွေ အမြဲ ထည့်ပြောချင်တာလဲ တူတယ်..စိတ်ကူးဆန်းဆန်းလေးတွေကို ပြုံးပြီး ကြည့်သွားတယ်..
အကိုရေ လေးစား ဂုဏ်ယူပါတယ်။ မြန်မာတွေနဲပါးတဲ့ အကြားမှ ကိုယ့်ရိုးရာ အကျင့်စရိုက်ကို ဖော်ပြနိုင်တာ ဂုဏ်ယူစရာပါပဲ လေးစားပါတယ်
လေးစားလျက်
တောင်ပေါ်သား
ကောင်း၏။
Cheer Ko Paing..... Nice post
စိတ်ဝင်စားပါတယ်။ ကျောင်းတောင် အစကနေ ပြန်တက်ချင်စိတ်ပေါက်သွားတယ်။
လင့်ခ်လေး ငှားသွားပါတယ်။ (ပြန်ပေးမည် မဟုတ်ပါ။)
Project ပုံတွေလာကြည့်သွားတယ်
စိတ်ဝင်စားစရာကောင်းတယ်
တင်မင်းထက်ပြောသလို ကျောင်းတောင်ပြန်တက်
ချင်လာတယ် ...း)
ဖတ်နေတုန်းက နားလည်သလိုလိုနဲ့ ပြီးတော့ ဘာတွေမှန်းကို မသိတော့ဘူး။ အနုပညာကို ကောင်းကောင်းမခံစားတတ်ဘူးပဲ ခေါ်မလားပဲ။ ဒါပေမယ့် စိတ်ကူးစိတ်သန်းလေးတွေကိုတော့ တကယ်သဘောကြတယ်ဗျာ။
ကိုသက်ပိုင်သူရဲ့ အတွေးတွေကို သဘောကျစွာနဲ့ လေ့လာသွားပါတယ်...
း)
ဒီလေးဖတ်ရတာကြိုက်တယ်
စိတ်ကူးကောင်းတယ်ဆိုတာတော့ အစတည်းက လက်ခံပြီးသားပဲ ..း))
ဂုဏ်ယူပါ၏း))
ဒီထက်ပို အောင်မြင်ပါစေး)
Post a Comment