ညတုန်းက တန်ဆောင်တိုင် သူခိုးကြီးညလေ ဒီပို့စ်လေးကို ဒီနေရာကနေ ခိုးလာတာ.. ပိုင်ရှင်လာလို့ ပြန်သိမ်းထားတာ... ပိုင်ရှင်မရှိတုန်း ဖတ်ကြနော်... ဟီး.. သူလာရင် ပြန်ဖွက်ရမှာ...
ကိုကို
အဲဒီနှစ်က ကိုကို ရန်ကုန်မှာ ဆုတက်ယူရသည်။
ကိုကို ပြန်လာတော့ ညစာစားပွဲက ဓါတ်ပုံတွေ ပြန်ကြည့်ရင်းနဲ့ ကိုကို့ကို တခုမေးမိ၏။
"ကိုကို ဘာဆက်တက်မှာလဲဟင်"
ကိုကိုက "အုန်းပင်" ဟု သာပြန်ဖြေခဲ့၏။
"ဟင် ကိုကိုကလဲ အမြင့်ကြီးရယ်။ မကြာခင်ပဲ တက်ရတော့မယ့်ဟာ"
ဘေးနားက သူငယ်ချင်းကတော့ ရီမောလွယ်သူပီပီ "အုန်းသီးတွေ အများကြီးနဲ့ ကြိုက်တာရွေးလို့ ရနေတော့လည်း ဒီလိုပဲပေါ့လေ" ဟု ကိုကို မခံချင်အောင် ပြောခဲ့သည်။
ကိုကိုက မဲ့ကာရွဲ့ကာနဲ့ ပြုံးနေခဲ့၏။
ကိုကို ကြီးကျယ်ပြီး ပြောနေတာ ကိုယ်ကတော့ သိပါသည်။
မကြာခင်မှာပဲ ကိုကို စာရေးဖူးတဲ့ ပညာရေးစာစောင်တွေမှာ ကိုကို့ အတင်းတချို့ပါလာသည်။ အနာဂတ်ရည်မှန်းချက် အကြောင်းကို မေးတော့ ကိုကိုက "အောင်မြင်တဲ့ အုန်းစိုက်သမား တယောက် ဖြစ်ဖို့ပါ" ဟု ဖြေခဲ့သည်။
အဲဒီ ခေတ်ကာလမှာ ဘယ်လို ထူးချွန်သူမှ မဖြေခဲ့ဖူးသေးတဲ့ အဖြေမျိုး။
ကိုယ်ကတော့ တိတ်တိတ်ကလေးပဲ စိတ်ကျေနပ်စွာ ပြုံးနေခဲ့သည်။
"ကိုကိုက သိပ်တက်တာပဲ" လို့လည်း ခဏခဏ မှတ်ချက်ပြုမိသည်။
ကိုယ့် ငယ်ဘ၀တလျှောက်လုံးရဲ့ သူရဲကောင်းဟာ ငထွေရူး ပြီးရင် ကိုကို ပါ။ ဒါတောင် ကိုကိုက ငထွေရူးကို သမိုင်းမှာ နေရာပေးချင်လို့ အုန်းပင်ပဲ ရွေးတက်တာ
*****
ကိုကို့ကြောင့် အဲဒီနှစ် စာမေးပွဲကို ကောင်းကောင်း ကျခဲ့သည်။
နွေကျောင်းပိတ်ရက် ခဏလေးမှာ သူငယ်ချင်းရယ်၊ ကိုကိုရယ်၊ ကိုယ်ရယ် မခွဲမခွာ ရှိခဲ့သည်။
ကိုကိုတို့ အိမ်ရှိတဲ့ လူစည်ကားရာ လမ်းကျဉ်းကလေးမှာ ညနေတိုင်ရင် လမ်းလျှောက်ကြသည်။ မြစ်ကမ်းနဖူးက ဇရပ်ကို ရောက်တဲ့ထိပေါ့။
မြစ်ရေပြင်ကို ဖြတ်ကျော်ပြီး တိုက်လာတဲ့ နွေရာသီ ပုတ်အန့်အန့်ရနံ့လေးတွေရယ်။
ကိုကို့နဖူးပေါ်က ဘုလေးတွေရယ်။
ဘုရားပေါ်က တံမြတ်စည်းလှဲသံလေးတွေရယ်။
အင်မတန်မှ ချိုမြလှိုက်လှဲခဲ့သည့် အချိန်တွေပဲ။
အဲဒီအချိန်မှာ ကိုကိုလည်း တက္ကသိုလ်ဝင်ခွင့် တင်လိုက်ပြီ။
စာသင်ချိန်တွေ ဖြုတ်လိုက်ပြီး ကိုကို့ဖေဖေရဲ့ စာအုပ်တချို့ စပြီး လေ့လာနေပြီ လို့ သိရသည်။
"ဒါဖြင့် ကိုကိုက ၀မ်းဆွဲပဲ လုပ်မှာပေါ့နော်"
ကိုယ်ကတော့ ကိုကိုဖြေဖူးတဲ့ အင်တာဗျူးကို စိတ်စွဲလမ်းစွာနဲ့ နှမျောတသစွာ မေးခဲ့မိသည်။
ကိုကိုက အေးအေးသက်သာပဲ ခေါင်းငြိမ့်ပြသည်။
ကိုယ့် သူငယ်ချင်းကတော့ အစက သူမပြောဘူးလား ဆိုတဲ့ သဘောနဲ့ ကိုယ့်ကို မျက်လုံးဝင့်၍ ကြည့်လေသည်။
"ကိုကို့ဖေဖေက လုပ်ခိုင်းလို့လား။ ဟုတ်လားဟင်"
ကိုကိုက ဘုရားရင်ပြင်တော်ကို ကာရံထားသော လက်ရန်းတိုင်ကို လျှာနဲ့ယက်နေရင်းက ဆတ်ခနဲ ခေါင်းငဲ့ကြည့်ခဲ့သည်။
"ဟာ မဟုတ်ပါဘူး။ ကိုကိုက ကလေးမှ မဟုတ်တာ။ ပြီးတော့ ကိုကို့ (ကိုကို့ရဲ့ အစ်ကို) တုန်းကလည်း သူကြိုက်တာ သူတက်ခဲ့တာပဲ။ ဖေဖေတို့ ဘာမှ မပြောပါဘူး။"
"ကိုကို့ အစ်ကိုက ဆေးကျောင်းမှ မမီတာ။ သူ အင်ဂျင်နီယာမှ မလုပ်ရင် ဘာလုပ်မလဲ"
"ဒီလိုလဲ ဘယ်ဟုတ်မလဲ။ ကိုကိုပြောတာက သူ့ကျောင်းမှာ သူကြိုက်တဲ့ မေဂျာ ယူခဲ့တာကို ပြောတာပါ။ ပြီးတော့ ကိုကိုတို့မှာ ငယ်ငယ်တည်းက ဖေဖေ့ကိုရော၊ မေမေ့ကိုရော အနီးကပ် မြင်နေခဲ့တာ။ ဘယ်ဟာက ဘယ်လိုဆိုတာ ကောင်းကောင်း သိတာပေါ့"
(ကိုကိုတို့ ဖေဖေနဲ့ မေမေက ထူးဆန်းသော စုံတွဲဖြစ်၏။ ကိုကို့မေမေသည် တဲဆောက်သောအင်ဂျင်နီယာ။ သို့သော် ကိုကိုတို့ ငယ်စဉ်ကပင် အလုပ်မှ အနားယူခဲ့သည် ဟု ဆိုသည်။သူဆောက်သော တဲတွေ ပြိုကျခဲ့သောကြောင့်ပင်)
"ဒါပေမယ့် ကိုကိုပဲ အုန်းတက်သမား ဖြစ်ချင်တာဆို"
ကိုကိုက ဘာမှ ပြန်မဖြေဘဲ ကိုယ့်ကို ပြုံးကြည့်နေခဲ့သည်။ အဲဒြီကြာကူလီအပြုံးကို ကိုယ် ခုချိန်ထိ မှတ်မိနေခဲ့သော်လည်း အဲဒီ အပြုံးက ဆောင်လေသော အဓိပ္ပါယ်ကိုတော့ ခုချိန်ထိ ကိုယ် မသိခဲ့ပါ။
ကိုကို ဘာကြောင့် အဲလို ပြုံးတာလဲ။
"ဒါဖြင့် ကိုကိုက အဲဒီကျောင်းကိုပဲ တက်မှာပေါ့နော်"
ကိုယ် ထပ်၍ အတည်ပြုလိုက်သည်။ ကိုကိုက ဘာမှ ပြန်မဖြေပါ။ ကိုယ့် သူငယ်ချင်းကပဲ ၀င်ဖြေခဲ့၏။
"ခက်လိုက်တာနော် နင်ကလဲ ၀င်ခွင့်တောင် တင်ပြီးပါပြီ ဆိုနေမှ..."
"ဒီလိုဆို ကိုကိုနဲ့ ကျောင်းတူတူ မတက်ရတော့ဘူးပေါ့။ ကိုကို ၀ါသနာပါလို့လား။"
"ကိုကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်တာ။ အမှတ်မီလို့ တခုတည်း မဟုတ်ပါဘူး။ ဖေဖေတက်တဲ့ ကျောင်းပဲ တက်မယ်။ ဖေဖေ့လို ဆရာဝန် လုပ်မယ်။ ပြီးတော့ ဖေဖေ့လိုပဲ..."
ကိုကို့အသံက တိခနဲ ရပ်သွားတော့ သူငယ်ချင်းရော ကိုယ်ရော ကိုကို့ကို ပြိုင်တူ မော့ကြည့်မိကြ၏။
ဆက်ပါဦးမည်။
ဟီးဟီး.. ပျော်စရာ သူခိုးကြီးည ဖြစ်ပါစေ......
ဆေးလိပ်သောက်တဲ့ မိန်းမ
14 hours ago

15 ယောက်ကဒီလိုမြင်တယ်တဲ့...:
ွှTo be Continue တဲ့
နှိပ်စက်ပီ
ဟုတ်ပါ့..
ပေါလိုက်ချင်ဘူး..
အုန်းတီးလည်း ကျားရဘူးးးးးးးးးးး
ကိုကို့နဖူးပေါ်က ဘုလေးတွေရယ်။
ဟေဟေးးးးးးးး ပေါတာ့ဝူးးးးးးးးးနော်.......
သိပ်ပြီးမရှင်းသေးဘူး..
ဆက်မယ်နော်.....
ခင်မင်စွာဖြင့်
စည်သူ။
ရန်ကုန်မသွားခင် အပြီးဆက်ရေးနော်...
ညတုန်းက တန်ဆောင်တိုင် သူခိုးကြီးညလေ....
AMMK ရဲ့ မောင် ကိုကို ရိတာကို ခိုးထားတာ
ဟိဟိ ပြန်တင်တော့ ပြန်ဖတ်ရတာပေါ့
မြန်မြန်ဖတ်ပီး မြန်မြန်မန့်ခဲ့တယ် အကိုသက်ပိုင်သူရေ
အုန်းစိုက်သမား ဖြစ်ချင်တဲ့ ကိုကို့ကို တွေ့တော့ မဆီမဆိုင်
အိမ်က နာဂစ်ဒဏ်ထိသွားတဲ့ အုန်းပင်တွေ သတိရတယ်
ကိုကိုသာဆို အုန်းသီးခူးပေးမလား ဟိဟိ
ဝမ်းဆွဲပဲလုပ်မယ်ဆိုတော့ ကိုကိုက မီးယပ်အထူးကုကြီးပေါ့နော် ဟိဟိ
အကိုသက်ပိုင်သူရေ ပေါ့ပေါ့ပါးပါးပို့စ်လေးကို ပြုံးပြုံးရယ်ရယ် လာဖတ်သွားတယ်နော် :)
သြော်
သူကတော့ ခိုးဖြစ်သွားတယ်
ညီမတော့ မခိုးဖြစ်လိုက်ဘူး
ဒီတော့ မစား၇တဲ့ အသဲ မဲနဲ့ ပက်မယ် :P
(ဟဲလို .. ဘလော့ ရဲစခန်းကပါလားရှန် :P)
(ဟိုနေ့က ကြည့်တဲ့ ကားထဲက ထွန်းအိန္ဒြာဗို လုပ်သလို လုပ်တာ :D)
ကဲကဲ ကျွန်တော်တို့ ဒေါ်မိုးခါးဆက်လို့ တာဝန်အရလာဖမ်းတာပါ။
စခန်းရောက်မှရှင်းပါ။
တပ်သားလေးတောင်ပေါ် တရားခံကိုလက်ထိပ်ခတ်လိုက်ပါ။
ခလောက် (လက်ထိပ်ခတ်သံ)
ဝူးးးးးးးးးး (ကားမောင်းသံ)
ဟိဟိ
အလကားစတာ
ချိတ်ချိုးနဲ့
ညည်းအေ့ နာ့တို့သယ်ရင်းတွေ မျက်နှာ အုန်းမဲသုတ်ရက်ဒယ်။း)))
version ၂မျိုးနဲ့ ဖတ်ရတာပေါ့
မိုက်တယ်း)
မျက်ရည်ထွက်အောင်ရယ်ရတယ် ရေးတတ်လိုက်တာ ။ဆက်ရန် မြန်မြန်။
ကိုကို မောင် မသက်ပိုင်သူ version လာဖတ်သွားပါတယ် :D
SM
ဆက်တော့ဘူး.. ဆက်ရင် ပိုင်ရှင် လာသတ်မယ်တဲ့
ကြိမ်းဝါးသွားတယ်
ဟီး
ကိုသက်ပိုင်သူရဲ့ ပိုစ့်လေးက တကယ့်ကို စိတ်လက်ပေါ့ပါး သွားစေပါတယ်။း)
ပျော်ရွှင်ခြင်းတွေကို အခုလို ရသလေးနဲ့ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။
တကယ် အုန်းပင် တက်မလို့လား။
ခင်မင်လေးစားလျှက်
ယူ အာ စိုး မီးန်..
တော် တော် ရေး တတ် တယ်။ ဒါကြောင့်လည်း အသစ် တွေ့တိုင်းလာ ဖတ်နေရတယ်။ :-)
lolz
လုပ်ရက်သူပဲ.. လို့ တစ်နေ့ကတည်းက မန့်နေတာ ခုမှရတယ် (ရမယ်ထင်တယ်) .. မမရီတာတော့ ဓားပြင်နေပြီထင်တယ်
ဆက်မရေးနဲ့ တော့ သတ်တာတွေသွေးထွက်သံယိုတွေမြင်နေရမယ် ဟိဟိ
Post a Comment