မာယန်းပိရမစ်၊ ထိုပိရမစ်က မာယန်းပြက္ခဒိန်ရဲ့ အနေအထားကို သင်္ကေတပြုပြီး ဆောက်ထားပါတယ်။
၂၀၁၂ ဒီဇင်ဘာ ၂၁ရက်နေ့မှာ ဘာတွေဖြစ်ကြမလဲ…။
ကမ္ဘာကြီးပျက်မယ်တဲ့ အားလုံးလိုလိုက ပြောကြတယ်။
အဲသည့်နေ့မှာ ကမ္ဘာက နေစကြာဝဠာရဲ့ အလယ်မှာ နေနှင့်တတန်းတည်းကျရောက်မယ်တဲ့….။
နေကနေဖြာထွက်လာတဲ့ မီးစတွေက ကမ္ဘာကို ကျရောက်ပြီး မီးဟုန်းဟုန်းတောက်ပြီး ပျက်စီးမတဲ့…..။
အဲဒါတွေကတော့ အခုတလော သိပ္ပံလောကကနေ ထွက်လာတဲ့ ကမ္ဘာပျက်မယ့်အကြောင်းတွေပေါ့….။
နောက်ထပ်ကမ္ဘာပျက်မယ့် အကြောင်းအရာကို ဖော်ပြထားတဲ့ အရာကတော့ မက်ဆီကိုလူမျိုးတွေ ၃၆ဘီစီ(နှစ်ပေါင်း၂၀၀၀ကျော်)မှာ ရေးဆွဲခဲ့တဲ့ Long Countပြက္ကဒိန်ပါပဲ။ အဲသည်ပြက္ကဒိန်အကြောင်း မပြောခင် ထိုအရာကို ရေးဆွဲခဲ့တဲ့ လူမျိုးတွေအကြောင်း စပြောရအောင်။
မာယန်းလူမျိုးများက မက္ကဆီကိုတောင်ပိုင်းကနေ စန်တရယ်အမေရိကမြောက်ပိုင်းအထိလွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်ကျော်ကတည်းက နေထိုင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း သမိုင်းမှတ်တမ်းအနေအရ ကြည့်မယ်ဆိုရင်တော့ နှစ်ပေါင်း ၃၀၀၀ကျော်လောက်ကပေါ့..။
မာယန်းလူမျိုးတွေ ကျွန်တော်တို့ ကမ္ဘာမြေအတွက် ဘာတွေချန်ခဲ့သလဲဆိုရင် လှပတဲ့ ဘုရားကျောင်းတွေနဲ့ ပိရမစ်တွေပါပဲ….။ နောက်ပြီး အားလုံးကို သို့လောသို့လော ဖြစ်စေတဲ့ Long Count ပြက္ကဒိန်ပေါ့။ တကယ်တော့ မာယန်းလူမျိုးတွေက အေးဆေးတဲ့ လူမျိုးတွေပါ။ တခါတရံ လူအချင်းချင်းယဇ်ပူဇော်တာကလွဲလို့ပေါ့လေ။ နောက်ပြီး သူတို့လူမျိုးတွေကို နက္ခတ်ဗေဒပညာရှင်တွေလို့လည်း ခေါ်ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်လောက်မှာ တယ်လီစကုတ်မပါဘဲ နေစကြာဝဠာ၊ ဂြိုလ်တွေရဲ့ လည်ပတ်နေပုံကို လေ့လာနိုင်ခဲ့ကြတယ်။ အချိန်ကိုအမြဲတမ်း သတိထားကြည့်တတ်ကြတဲ့ လူမျိုးများဖြစ်ကြပြန်တယ်။ မာယန်းလူမျိုးတွေ တည်ထောင်ခဲ့တဲ့ မြို့တော်က အမေရိကရဲ့ မဟတ်တန်မြို့တော်လောက်ကြီးပါတယ်။ လူဦးရေကလည်း တော်တော်များပါတယ်။ ဒါပေမယ့် အဲသည်မြို့တော်ကို သူတို့အားလုံး ရုတ်တရက်စွန့်ခွာသွားကြတယ်။ အခုထက်ထိ ဘာကြောင့် စွန့်ခွာသွားသလဲဆိုတာကို ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ သမိုင်းပညာရှင်တွေ၊ ရှေးဟောင်းသုတေသနပညာရှင်တွေအတွက် အခုထက်ထိ အဖြေရှာမရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။
မာယန်းလူမျိုးတွေက ပထမဆုံးဖတ်စာကို တီထွင်ကြသူတွေလို့လည်း ဆိုပြန်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဘာတွေ ရေးခဲ့သလဲဆိုတာကို တော်တော်နဲ့ အဖြေရှာမရခဲ့ပါဘူး။ သူတို့ရေးသားတဲ့ စာတွေက ပုံတွေ သင်္ကေတတွေချည်းပါပဲ။ စပိန်လူမျိုးတွေရဲ့လက်အောက်ကို ၁၇ရာစုမှာ ကျရောက်ခဲ့ပြီး မာယန်းလူမျိုးတွေရဲ့ လက်ဆင့်ကမ်းသယ်လာတဲ့ မှတ်တမ်းစာအုပ်တွေ အားလုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ ထိုမီးရှို့ခဲ့တဲ့ အထဲက စာအုပ်လေးအုပ်ပဲ မပျက်ဆီးပဲ ကျန်ရစ်ခဲ့တယ်။ ထိုကျန်ခဲ့တဲ့ စာအုပ်တွေက သချာင်္အက္ခရာတွေအကြောင်း ရေးထားပါတယ်။ ဒါပေမယ့် နောက်ပိုင်း သမိုင်းပညာရှင်တွေခမျာ သူတို့ ဘာတွေရေးထားသလဲဆိုတာ သေသေချာချာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီမှာ ဟစ်တလာစစ်ရှုံးပြီး သူ့ရဲ့အမျိုးသားစာကြည့်တိုက်ကြီး မီးလောင်ခံရပါတယ်။ ထောင်ပေါင်းများစွာသော စာအုပ်တွေမီးလောင်ခံနေရတဲ့အထဲက ရုရှစစ်ဗိုလ်တွေက တွေ့ရာစာအုပ်တွေကို ဆွဲပြီး လက်ဆောင်ပစ္စည်းအဖြစ်သိမ်းကြပါတယ်။ စစ်ဗိုလ်တစ်ဦးက မာယန်းလူမျိုးတွေရဲ့ အက္ခရာတွေကို ဖော်ပြထားတဲ့ စာအုပ်ကို ရခဲ့ပြိး ထိုစာအုပ်မှတဆင့် မာယန်းလူမျိုးတွေရဲ့ သမိုင်းနဲ့ အရေးအသားတွေကို အဓိပ္ပါယ်ဖော်နိုင်ခဲ့ကြတယ်။
စပိန်လူမျိုးတွေ မာယန်းကို သိမ်းပိုက်ပြီးနောက် ခရစ်ယာန်ဘာသာကို သွတ်သွင်းခဲ့ကြတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက မာယန်းတွေရဲ့ စကားကိုလေ့လာပြီး ဘာသာရေးဟောခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက် အခက်အခဲကတော့ ဒေသခံတွေက မာယန်းဘာသာနဲ့ ထုံးတမ်းစဉ်လာတွေကို ယုံကြည်ဆဲပါပဲ။ ထိုယုံကြည်မှုကို ပယ်ဖျောက်ဖို့အတွက် ဘုန်းတော်ကြီးက မာယန်းလူမျိုးတွေနဲ့ ပါတ်သတ်တဲ့ အုပ်ချုပ်ရေး ဘာသာရေး အနုပညာစာပေတွေအားလုံးကို တစ်ညတည်းနဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်။ စာအုပ်လေးအုပ်ပဲ မီးမလောင်ဘဲ ကျန်ခဲ့တယ်။ ထို့ကြောင့် နှစ်ပေါင်း ရာချီပြီး မာယန်းတွေ ဘာတွေ ရေးခဲ့သလဲ ဆိုတာ မဖတ်နိုင်ခဲ့ကြပါဘူး။
ကံကောင်းတယ်လို့ဆိုရမှာလား။ ရုရှစစ်ဗိုလ်က မာယန်းဘာသာစာပေကို ဖတ်လို့ရမယ့် သင်္ကေတတွေကို ဖတ်လို့ရမယ့် စာအုပ်ကို အမှတ်မထင်ဘဲ ရှာဖွေတွေ့ရှိခဲ့တယ်။ ထိုစာအုပ်ကနေတဆင့် မာယန်းတွေရဲ့ လျို့ဝှက်ချက်တွေကို တွေ့ရှိခဲ့ကြတယ်
မာယန်းလူမျိုးတွေရဲ့အကြောင်းကို ဆက်ပြောပြရလျင်တော့ အံ့သြဖွယ်ရာကောင်းတဲ့ သူတို့ရဲ့ နက္ခတ်ပညာပါပဲ။ ကြယ်တွေရဲ့ အခင်းအကျင်းကို တယ်လီစကုတ်မပါဘဲ လေ့လာနိုင်ခဲ့ကြတယ်။ နောက်ပြီး မာယန်းရှေးဟောင်းမြို့တော်အချို့ကိုလည်း ခုနှစ်စဉ်ကြယ်ဘက်ကို မျက်နှာလှည့်ပြီး တည်ထောင်ခဲ့ကြတယ်။ မာယန်းတွေအားလုံး Zenial passages လို့ခေါ်တဲ့ နေရဲ့ အရိပ်ပျောက်တဲ့ အချိန်ကို အရမ်းစိတ်ဝင်စားကြပါတယ်။ Zenial Passages ဆိုတာ Tropic cancer လို့ခေါ်တဲ့ မြောက်ဘက် အီကွေတာနဲ့ Tropic Capricorn လို့ခေါ်တဲ့ တောင်ဘက် အီကွေတာကြားက အလယ်တည့်တည့်မှာရှိတဲ့ နေရာမှာ နေက ဦးခေါင်းထက်မှာဆိုရင် အရိပ်မထင်ပါဘူး။ အဲသည်လို အရိပ်မထင်တာကလည်း တစ်နှစ်မှာ နှစ်ကြိမ်ဘဲ တွေ့ရပါတယ်။
မာယန်းလူမျိုးတွေက အာကသသဘောတရားနဲ့ သက်ဆိုင်တဲ့ အချိန်တွေကို ယုံကြည်ကြတယ်။ သူတို့ရဲ့ ဘာသာရေးပွဲတွေဟာ အာကာသနဲ့ မိခင်ကမ္ဘာမြေကြီးတို့ရဲ့ သဘာဝလည်ပတ်မှုနဲ့ အလွန်ပဲ ဆက်စပ်နေကြပြီး ပြက္ကဒိန်တွေကို အသုံးပြုခဲ့ကြတယ်။ မာယန်းဘုန်းတော်ကြီးတွေက ထိုလည်ပတ်မှုသံသရာကို လေ့လာပြီး ပြက္ကဒိန်ပေါ်က ခုနှစ်တွေ ဂဏန်းတွေပေါ်မှာ မူတည်ပြီး အနာဂတ်ကို တွက်ချက်ကြပါတယ်။ ထိုပြက္ကဒိန်ပေါ်မှုတည်ပြီးတော့လည်း အာကာသဂြိုလ်သွားဂြိုလ်လာနဲ့ဆိုင်တဲ့ အခမ်းအနားတွေကို ကျင်းပကြတယ်။ တခါတရံ ထိုအခမ်းအနားတွေအတွက် လူကို စတေးတဲ့ ယဇ်ပူဇော်ပွဲတွေကို ထည့်သွင်းကြတယ်။ စတေးခံရမည့်လူရဲ့ ခြေတွေလက်တွေကို ကိုင်ထားပြီး ဘုန်းတော်ကြီး လုပ်သူက ထိုလူရဲ့ ရင်ကိုခွဲ အသည်းကို ထုတ်ပြီး ပူဇော်ကြပါတယ်။ တခါတရံ ကလေးတွေကို ဖြူစင်မှုအထိန်းအမှတ်အနေနဲ့ စတေးကြပြန်ပါသေးတယ်။ ဘာပဲပြောပြော သူတို့ရဲ့ ဘာသာရေး ဓလေ့ထုံးစံတွေကို ပညာရှင်တွေ သေသေချာချာ နားမလည်နိုင်ကြသေးပါဘူး။ ဒါပေမယ့် ပညာရှင်တွေက မာယန်းတွေက စကြာဝဠာနဲ့ဆိုင်တဲ့ သဘောတရားကို ခေတ်ဆန်ဆန်တွေးတတ်သူများလို့ ကောက်ချက်ချပြန်ပါတယ်။ သူတို့တွေက ကောင်းကင်၊ မြေကြီးနဲ့ မြေအောက်သဘာဝတွေကို နားလည်ခဲ့ကြတယ်။ ကောင်းကင်ဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြည့်လို့ရတဲ့ ပြတင်းပေါက်လို့ တင်စားခဲ့ကြပြီး ကြယ်တွေ ဂြိုလ်တွေရဲ့ အသွားအလာကို နက္ခတ်မျှော်စင်တွေဆောက်ပြီး စောင့်ကြည့်လေ့လာ အနာဂတ်ကို ကြိုတင်ဟောခဲ့ကြတယ်။ မာယန်းတွေရဲ့ ဘာသာရေးအနှစ်ချုပ်က Cycles လို့ခေါ်တဲ့ သဘာဝလည်ပတ်မှုနဲ့ မတည်မြဲချင်းတရားပါပဲတဲ့။
အခုတလော ခေတ်စားနေတဲ့ Change ဆိုတဲ့ စကားလုံးက မာယန်းတွေအဖို့ ရိုးရှင်းတဲ့ စကားတစ်ခုဖြစ်ခဲ့ပါတယ်။ ပြောင်းလဲဖို့ အချိန်တန်လာရင် ပြောင်းလဲရမယ်ဆိုတဲ့ သဘောတရားတွေဟာ မာယန်းတွေကြားမှာ ကြာမြင့်စွာ ဖြစ်တည်ခဲ့ကြပါတယ်။ ထိုပြောင်းလဲခြင်းတွေကိုလည်း မာယန်းတွေရဲ့ ပြက္ကဒိန်မှာ အတိအကျ ဖော်ပြခဲ့ကြတယ်။ အချိန်ရဲ့ လည်ပတ်မှုတွေ တစ်နေ့ထက်တစ်နေ့ မြန်ဆန်လာကြတယ်ဆိုတာကိုလည်း အဲဒီပြက္ကဒိန်တွေပေါ်မှာ ထောက်ပြခဲ့ကြတယ်။ သူတို့ရဲ့ ပြက္ကဒိန်တွေမှာ နေဘယ်တော့ကြတ်မယ်ဆိုတာက အစ နှစ်ပေါင်းထောင်ချီပြီး ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြတယ်။ ကမ္ဘာကြီးဖြစ်တည်လာတဲ့ အစပိုင်းကနေတွက်ချက်လာတဲ့ သူတို့ရဲ့ ပြက္ကဒိန်ဟာ ၂၀၁၂ ဒီဇင်ဘာ၂၁ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲသည့်ရက်ကပဲ အခုတလော လူတွေတော်တော်များများကို ဦးဏှောက်စားစေတာပေါ့။
ပြက္ကဒိန်ကို ပြက္ခဒိန်ဟု ပြင်ဖတ်ပါ
ဆက်ပါဦးမည်။ နောက်တစ်ပိုင်းတွင် ပြက္ကဒိန်အကြောင်း ဆက်ပြီး ပြောပြပါမည်။
ကမ္ဘာကြီးပျက်မယ်တဲ့ အားလုံးလိုလိုက ပြောကြတယ်။
အဲသည့်နေ့မှာ ကမ္ဘာက နေစကြာဝဠာရဲ့ အလယ်မှာ နေနှင့်တတန်းတည်းကျရောက်မယ်တဲ့….။
နေကနေဖြာထွက်လာတဲ့ မီးစတွေက ကမ္ဘာကို ကျရောက်ပြီး မီးဟုန်းဟုန်းတောက်ပြီး ပျက်စီးမတဲ့…..။
အဲဒါတွေကတော့ အခုတလော သိပ္ပံလောကကနေ ထွက်လာတဲ့ ကမ္ဘာပျက်မယ့်အကြောင်းတွေပေါ့….။
နောက်ထပ်ကမ္ဘာပျက်မယ့် အကြောင်းအရာကို ဖော်ပြထားတဲ့ အရာကတော့ မက်ဆီကိုလူမျိုးတွေ ၃၆ဘီစီ(နှစ်ပေါင်း၂၀၀၀ကျော်)မှာ ရေးဆွဲခဲ့တဲ့ Long Countပြက္ကဒိန်ပါပဲ။ အဲသည်ပြက္ကဒိန်အကြောင်း မပြောခင် ထိုအရာကို ရေးဆွဲခဲ့တဲ့ လူမျိုးတွေအကြောင်း စပြောရအောင်။
မာယန်းလူမျိုးများက မက္ကဆီကိုတောင်ပိုင်းကနေ စန်တရယ်အမေရိကမြောက်ပိုင်းအထိလွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်ကျော်ကတည်းက နေထိုင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း သမိုင်းမှတ်တမ်းအနေအရ ကြည့်မယ်ဆိုရင်တော့ နှစ်ပေါင်း ၃၀၀၀ကျော်လောက်ကပေါ့..။
မာယန်းလူမျိုးတွေ ကျွန်တော်တို့ ကမ္ဘာမြေအတွက် ဘာတွေချန်ခဲ့သလဲဆိုရင် လှပတဲ့ ဘုရားကျောင်းတွေနဲ့ ပိရမစ်တွေပါပဲ….။ နောက်ပြီး အားလုံးကို သို့လောသို့လော ဖြစ်စေတဲ့ Long Count ပြက္ကဒိန်ပေါ့။ တကယ်တော့ မာယန်းလူမျိုးတွေက အေးဆေးတဲ့ လူမျိုးတွေပါ။ တခါတရံ လူအချင်းချင်းယဇ်ပူဇော်တာကလွဲလို့ပေါ့လေ။ နောက်ပြီး သူတို့လူမျိုးတွေကို နက္ခတ်ဗေဒပညာရှင်တွေလို့လည်း ခေါ်ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်လောက်မှာ တယ်လီစကုတ်မပါဘဲ နေစကြာဝဠာ၊ ဂြိုလ်တွေရဲ့ လည်ပတ်နေပုံကို လေ့လာနိုင်ခဲ့ကြတယ်။ အချိန်ကိုအမြဲတမ်း သတိထားကြည့်တတ်ကြတဲ့ လူမျိုးများဖြစ်ကြပြန်တယ်။ မာယန်းလူမျိုးတွေ တည်ထောင်ခဲ့တဲ့ မြို့တော်က အမေရိကရဲ့ မဟတ်တန်မြို့တော်လောက်ကြီးပါတယ်။ လူဦးရေကလည်း တော်တော်များပါတယ်။ ဒါပေမယ့် အဲသည်မြို့တော်ကို သူတို့အားလုံး ရုတ်တရက်စွန့်ခွာသွားကြတယ်။ အခုထက်ထိ ဘာကြောင့် စွန့်ခွာသွားသလဲဆိုတာကို ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ သမိုင်းပညာရှင်တွေ၊ ရှေးဟောင်းသုတေသနပညာရှင်တွေအတွက် အခုထက်ထိ အဖြေရှာမရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။
မာယန်းလူမျိုးတွေက ပထမဆုံးဖတ်စာကို တီထွင်ကြသူတွေလို့လည်း ဆိုပြန်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဘာတွေ ရေးခဲ့သလဲဆိုတာကို တော်တော်နဲ့ အဖြေရှာမရခဲ့ပါဘူး။ သူတို့ရေးသားတဲ့ စာတွေက ပုံတွေ သင်္ကေတတွေချည်းပါပဲ။ စပိန်လူမျိုးတွေရဲ့လက်အောက်ကို ၁၇ရာစုမှာ ကျရောက်ခဲ့ပြီး မာယန်းလူမျိုးတွေရဲ့ လက်ဆင့်ကမ်းသယ်လာတဲ့ မှတ်တမ်းစာအုပ်တွေ အားလုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ ထိုမီးရှို့ခဲ့တဲ့ အထဲက စာအုပ်လေးအုပ်ပဲ မပျက်ဆီးပဲ ကျန်ရစ်ခဲ့တယ်။ ထိုကျန်ခဲ့တဲ့ စာအုပ်တွေက သချာင်္အက္ခရာတွေအကြောင်း ရေးထားပါတယ်။ ဒါပေမယ့် နောက်ပိုင်း သမိုင်းပညာရှင်တွေခမျာ သူတို့ ဘာတွေရေးထားသလဲဆိုတာ သေသေချာချာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီမှာ ဟစ်တလာစစ်ရှုံးပြီး သူ့ရဲ့အမျိုးသားစာကြည့်တိုက်ကြီး မီးလောင်ခံရပါတယ်။ ထောင်ပေါင်းများစွာသော စာအုပ်တွေမီးလောင်ခံနေရတဲ့အထဲက ရုရှစစ်ဗိုလ်တွေက တွေ့ရာစာအုပ်တွေကို ဆွဲပြီး လက်ဆောင်ပစ္စည်းအဖြစ်သိမ်းကြပါတယ်။ စစ်ဗိုလ်တစ်ဦးက မာယန်းလူမျိုးတွေရဲ့ အက္ခရာတွေကို ဖော်ပြထားတဲ့ စာအုပ်ကို ရခဲ့ပြိး ထိုစာအုပ်မှတဆင့် မာယန်းလူမျိုးတွေရဲ့ သမိုင်းနဲ့ အရေးအသားတွေကို အဓိပ္ပါယ်ဖော်နိုင်ခဲ့ကြတယ်။
စပိန်လူမျိုးတွေ မာယန်းကို သိမ်းပိုက်ပြီးနောက် ခရစ်ယာန်ဘာသာကို သွတ်သွင်းခဲ့ကြတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက မာယန်းတွေရဲ့ စကားကိုလေ့လာပြီး ဘာသာရေးဟောခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက် အခက်အခဲကတော့ ဒေသခံတွေက မာယန်းဘာသာနဲ့ ထုံးတမ်းစဉ်လာတွေကို ယုံကြည်ဆဲပါပဲ။ ထိုယုံကြည်မှုကို ပယ်ဖျောက်ဖို့အတွက် ဘုန်းတော်ကြီးက မာယန်းလူမျိုးတွေနဲ့ ပါတ်သတ်တဲ့ အုပ်ချုပ်ရေး ဘာသာရေး အနုပညာစာပေတွေအားလုံးကို တစ်ညတည်းနဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်။ စာအုပ်လေးအုပ်ပဲ မီးမလောင်ဘဲ ကျန်ခဲ့တယ်။ ထို့ကြောင့် နှစ်ပေါင်း ရာချီပြီး မာယန်းတွေ ဘာတွေ ရေးခဲ့သလဲ ဆိုတာ မဖတ်နိုင်ခဲ့ကြပါဘူး။
ကံကောင်းတယ်လို့ဆိုရမှာလား။ ရုရှစစ်ဗိုလ်က မာယန်းဘာသာစာပေကို ဖတ်လို့ရမယ့် သင်္ကေတတွေကို ဖတ်လို့ရမယ့် စာအုပ်ကို အမှတ်မထင်ဘဲ ရှာဖွေတွေ့ရှိခဲ့တယ်။ ထိုစာအုပ်ကနေတဆင့် မာယန်းတွေရဲ့ လျို့ဝှက်ချက်တွေကို တွေ့ရှိခဲ့ကြတယ်မာယန်းလူမျိုးတွေရဲ့အကြောင်းကို ဆက်ပြောပြရလျင်တော့ အံ့သြဖွယ်ရာကောင်းတဲ့ သူတို့ရဲ့ နက္ခတ်ပညာပါပဲ။ ကြယ်တွေရဲ့ အခင်းအကျင်းကို တယ်လီစကုတ်မပါဘဲ လေ့လာနိုင်ခဲ့ကြတယ်။ နောက်ပြီး မာယန်းရှေးဟောင်းမြို့တော်အချို့ကိုလည်း ခုနှစ်စဉ်ကြယ်ဘက်ကို မျက်နှာလှည့်ပြီး တည်ထောင်ခဲ့ကြတယ်။ မာယန်းတွေအားလုံး Zenial passages လို့ခေါ်တဲ့ နေရဲ့ အရိပ်ပျောက်တဲ့ အချိန်ကို အရမ်းစိတ်ဝင်စားကြပါတယ်။ Zenial Passages ဆိုတာ Tropic cancer လို့ခေါ်တဲ့ မြောက်ဘက် အီကွေတာနဲ့ Tropic Capricorn လို့ခေါ်တဲ့ တောင်ဘက် အီကွေတာကြားက အလယ်တည့်တည့်မှာရှိတဲ့ နေရာမှာ နေက ဦးခေါင်းထက်မှာဆိုရင် အရိပ်မထင်ပါဘူး။ အဲသည်လို အရိပ်မထင်တာကလည်း တစ်နှစ်မှာ နှစ်ကြိမ်ဘဲ တွေ့ရပါတယ်။
မာယန်းလူမျိုးတွေက အာကသသဘောတရားနဲ့ သက်ဆိုင်တဲ့ အချိန်တွေကို ယုံကြည်ကြတယ်။ သူတို့ရဲ့ ဘာသာရေးပွဲတွေဟာ အာကာသနဲ့ မိခင်ကမ္ဘာမြေကြီးတို့ရဲ့ သဘာဝလည်ပတ်မှုနဲ့ အလွန်ပဲ ဆက်စပ်နေကြပြီး ပြက္ကဒိန်တွေကို အသုံးပြုခဲ့ကြတယ်။ မာယန်းဘုန်းတော်ကြီးတွေက ထိုလည်ပတ်မှုသံသရာကို လေ့လာပြီး ပြက္ကဒိန်ပေါ်က ခုနှစ်တွေ ဂဏန်းတွေပေါ်မှာ မူတည်ပြီး အနာဂတ်ကို တွက်ချက်ကြပါတယ်။ ထိုပြက္ကဒိန်ပေါ်မှုတည်ပြီးတော့လည်း အာကာသဂြိုလ်သွားဂြိုလ်လာနဲ့ဆိုင်တဲ့ အခမ်းအနားတွေကို ကျင်းပကြတယ်။ တခါတရံ ထိုအခမ်းအနားတွေအတွက် လူကို စတေးတဲ့ ယဇ်ပူဇော်ပွဲတွေကို ထည့်သွင်းကြတယ်။ စတေးခံရမည့်လူရဲ့ ခြေတွေလက်တွေကို ကိုင်ထားပြီး ဘုန်းတော်ကြီး လုပ်သူက ထိုလူရဲ့ ရင်ကိုခွဲ အသည်းကို ထုတ်ပြီး ပူဇော်ကြပါတယ်။ တခါတရံ ကလေးတွေကို ဖြူစင်မှုအထိန်းအမှတ်အနေနဲ့ စတေးကြပြန်ပါသေးတယ်။ ဘာပဲပြောပြော သူတို့ရဲ့ ဘာသာရေး ဓလေ့ထုံးစံတွေကို ပညာရှင်တွေ သေသေချာချာ နားမလည်နိုင်ကြသေးပါဘူး။ ဒါပေမယ့် ပညာရှင်တွေက မာယန်းတွေက စကြာဝဠာနဲ့ဆိုင်တဲ့ သဘောတရားကို ခေတ်ဆန်ဆန်တွေးတတ်သူများလို့ ကောက်ချက်ချပြန်ပါတယ်။ သူတို့တွေက ကောင်းကင်၊ မြေကြီးနဲ့ မြေအောက်သဘာဝတွေကို နားလည်ခဲ့ကြတယ်။ ကောင်းကင်ဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြည့်လို့ရတဲ့ ပြတင်းပေါက်လို့ တင်စားခဲ့ကြပြီး ကြယ်တွေ ဂြိုလ်တွေရဲ့ အသွားအလာကို နက္ခတ်မျှော်စင်တွေဆောက်ပြီး စောင့်ကြည့်လေ့လာ အနာဂတ်ကို ကြိုတင်ဟောခဲ့ကြတယ်။ မာယန်းတွေရဲ့ ဘာသာရေးအနှစ်ချုပ်က Cycles လို့ခေါ်တဲ့ သဘာဝလည်ပတ်မှုနဲ့ မတည်မြဲချင်းတရားပါပဲတဲ့။
အခုတလော ခေတ်စားနေတဲ့ Change ဆိုတဲ့ စကားလုံးက မာယန်းတွေအဖို့ ရိုးရှင်းတဲ့ စကားတစ်ခုဖြစ်ခဲ့ပါတယ်။ ပြောင်းလဲဖို့ အချိန်တန်လာရင် ပြောင်းလဲရမယ်ဆိုတဲ့ သဘောတရားတွေဟာ မာယန်းတွေကြားမှာ ကြာမြင့်စွာ ဖြစ်တည်ခဲ့ကြပါတယ်။ ထိုပြောင်းလဲခြင်းတွေကိုလည်း မာယန်းတွေရဲ့ ပြက္ကဒိန်မှာ အတိအကျ ဖော်ပြခဲ့ကြတယ်။ အချိန်ရဲ့ လည်ပတ်မှုတွေ တစ်နေ့ထက်တစ်နေ့ မြန်ဆန်လာကြတယ်ဆိုတာကိုလည်း အဲဒီပြက္ကဒိန်တွေပေါ်မှာ ထောက်ပြခဲ့ကြတယ်။ သူတို့ရဲ့ ပြက္ကဒိန်တွေမှာ နေဘယ်တော့ကြတ်မယ်ဆိုတာက အစ နှစ်ပေါင်းထောင်ချီပြီး ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြတယ်။ ကမ္ဘာကြီးဖြစ်တည်လာတဲ့ အစပိုင်းကနေတွက်ချက်လာတဲ့ သူတို့ရဲ့ ပြက္ကဒိန်ဟာ ၂၀၁၂ ဒီဇင်ဘာ၂၁ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲသည့်ရက်ကပဲ အခုတလော လူတွေတော်တော်များများကို ဦးဏှောက်စားစေတာပေါ့။
ပြက္ကဒိန်ကို ပြက္ခဒိန်ဟု ပြင်ဖတ်ပါ
ဆက်ပါဦးမည်။ နောက်တစ်ပိုင်းတွင် ပြက္ကဒိန်အကြောင်း ဆက်ပြီး ပြောပြပါမည်။

22 ယောက်ကဒီလိုမြင်တယ်တဲ့...:
ကောင်းလိုက်တာ
စိတ်ဝင်စားလိုက်တာ
ကျေးဇူးတင်လိုက်တာ
တစ်ချို့တွေက မြန်မာမှုပြုပြီး မာယာ လို့ပြန်ဖူးကြတာ ဒီယဉ်ကျေးမှုပဲထင်တယ်။
စိတ်ဝင်စားဖို့ ကောင်းတဲ့ လူမျိုးတွေပဲနော်...
မဲလ်ဂစ်ဘဆင် ရဲ့ ရုပ်ရှင်လည်း မကြည့်ရသေးဘူး။ ရှာကြည့်ဦးမယ်။
စိတ်ဝင်စားဖို့ကောင်းလိုက်တာ ဇာတ်ကားတော့ သာမန်ကာ ပဲကြည့်ဖူးတယ်
Very Interesting Post. Thanks for sharing.
တကယ့်ကို လေ့လာမှတ်သားလောက်တဲ့ ပိုစ့်လေးပါပဲ။ ကိုသက်ပိုင်သူက လူမျိုးစုတွေနဲ့ ပတ်သက်လို့ လေ့လာထားတာ အရမ်းကောင်းပါတယ်။ ကိုယ်မသိသေးတဲ့ လူမျိုးစုတွေရဲ့ ထူးခြား ဆန်းကြယ်တဲ့ ရိုးရာဓလေ့တွေကိုလည်း မှတ်သားရပါတယ်။ နောက်လာမယ့် အဆက်ပိုစ့်လေးကိုလည်း စိတ်ဝင်စားစွာ စောင့်မျှော်ရင်း သက်တမ်းကုန်ဆုံးတဲ့ ပြက္ခဒိန်လေး အကြောင်းကို စိတ်ဝင်စားနေပါတယ်။
ခင်မင်လေးစားလျှက်
ဒီပို့စ်လေးအတွက် တကယ့်ကို ကျေးဇူးတင်မိတယ် အကိုသက်ပိုင်သူရေ
ဘာလို့ဆိုတော့ ၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတဲ့ ဖော်ဝပ်မေးတွေ အခြားသတင်းအချက်အလက်တွေကို ဖတ်ရှုရတာနဲ့တင် ခေါင်းနောက်နေမိတာ
အခုလိုမျိုး သေသေချာချာ အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ ဘာကြောင့် ဒီလိုဖြစ်လာရတာလဲဆိုတာ သိခွင့်ရလို့ ကျေးဇူးပါပဲနော်
မာယန်းလူမျိုးတွေအကြောင်းကို သိရှိခွင့်ရတာ
တကယ့်ကို အဖိုးတန်တာပါပဲ
ဆက်ပီးလဲ ပြက္ခဒိန်တွေအကြောင်းကို ဖတ်ရှုချင်ပါသေးတယ်
စိတ်ဝင်စားစရာပဲ...ဆက်ပါဦး...။
စိတ်ဝင်စားစရာပဲ အကိုရေ အပိုင်းဆက်ကို မြန်မြန်လေး လုပ်ပေးပါး)
လေးစားလျက်
တောင်ပေါ်သား
ညီသက်ပိုင် ရေ..
ဖတ်ရတာ ဆန့်တငင်ငင်နဲ့..
အပိုင်း (၂) ကို စိတ်ဝင်တစား စောင့်ဖတ်နေပါတယ်..
ကမ္ဘာပျက်၊ မပျက် သိပ်စိုးရိမ်စရာ မရှိပေမယ့် တင်ပြပုံတွေက သိသင့်တာ၊ လေ့လာသင့်တာတွေ၊ ဗဟုသုတ ရစရာတွေမို့ တလေးတစား ဖတ်သွားပါတယ်..
အထောက်အထားတွေနဲ့ အသေအချာ လေ့လာပြီး ရေးနေတယ်ဆိုတာ စာတွေက သက်သေပြနေတာပဲ..
ဒါပဲပေါ့ “ဘလော့ဂါ” ဆိုတာ..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်
ဒါလဲ အတော့်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။
youtube က documentary တော့ ကြည့်ဖူးတယ်။ ဘာပဲ ဖြစ်ဖြစ် စိတ်ဝင်စားစရာပါပဲ။
မြန်မာလိုဖတ်ရလို့ ကျေးဇူးအထူးပါ။
Very interesting post!!!
ကျေးဇူးပါ
အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။
hi can u explain to me?
အဲသည့်နေ့မှာ ကမ္ဘာက နေစကြာဝဠာရဲ့ အလယ်မှာ နေနှင့်တတန်းတည်းကျရောက်မယ်တဲ့….။
နေကနေဖြာထွက်လာတဲ့ မီးစတွေက ကမ္ဘာကို ကျရောက်ပြီး မီးဟုန်းဟုန်းတောက်ပြီး ပျက်စီးမတဲ့…..။
how does it happen? Earth at the center of solar system and on a same plane as the Sun?
wat does that mean? any scientific proof?
or at least in a layman terms, can u explain so that u understand urself wat u talking abt?
တကယ်ကိုစိတ်ဝင်စားစရာပါပဲ..
စောင့်ဖတ်နေပါတယ်..
Anonymous သို့
အခုတလော သတင်းတွေ၊ CNN News, History and discovery chanelတွေမှာ ပါနေတဲ့ အကြောင်းအရာတွေပါ... တချို့ကလည်း Nasaကို ဖုန်းနဲ့ဆက်ပြီး မေးကြတာလေးတွေလည်း ပါပါတယ်။ ဂျပန်လူမျိုး ပညာရှင်တစ်ယောက်က (Nasaကထင်ပါတယ်)နေရဲ့မျက်နှာပြင်မှာ မီးလျှံတွေက ပွက်ခနဲ ပွက်ခနဲ သဘာဝအားဖြင့် လောင်နေပါတယ်။။ ထိုလောင်နေတဲ့ မီးလျံအချို့ ကမ္ဘာမြေကို ၂၀၁၂မှာ လွင့်စင်ကောင်း လွင့်စင်လိမ့်မယ်လို့ ပြောပါတယ်.. နောက်ပြီး Polar Shift ပြဿနာပါပဲ.. ရှင်းပြရမယ်ဆို အရှည်ကြီးပါ.. ကျွန်တော်လည်း သေသေချာချာ မသိပါဘူး...
ကျွန်တော့်ဒီပို့စ့်ရဲ့ ခေါင်းစဉ်က မာယန်းနဲ့ ၂၀၁၂ အကြောင်းပါ.. ကမ္ဘာဘယ်လိုပျက်မယ်ဆိုတာထက်... မာယန်းတွေ ဘယ်လောက်တောင် တော်ခဲ့တယ်... ပြက္ခဒိန်ကို သာမန်ထက်ထူးအောင် ဘယ်လို ရေးဆွဲခဲ့သလဲ ဆိုတာ ပြောပြချင်တာပါ...
ကမ္ဘာဘယ်လိုပျက်မလဲ သိချင်ရင်တော့ Youtube မှာ 2012လို့ ရိုက်ပြီး ရှာလိုက်ရင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ အကြောင်းအရာ အချက်အလက်တွေ စုံစုံလင်လင်နဲ့ ထွက်လာမှာပါဗျာ...
ကျေးဇူးတင်စွာဖြင့်
ပိုင်ပိုင်ရေ
ကမ္ဘာပျက်မပျက်ထက် မာယန်းလူမျိုးတွေ အကြောင်းဗဟုသုတ ရတာ တကယ်ကိုအဖိုးတန်ပါတယ်။
ဆက်ပါအုန်း မြန်မြန်လေးး
ကိုသက်ပိုင်သူရေ ခရီးက ပြန်လာလာချင်း လာဖတ်တယ်..မာယန်းလူမျိုးတွေ ဘာဖြစ်လို့ သူတို့မြို့တော်ကို ရုတ်တရက်စွန့်ခွာသွားကြသလဲဆိုတာကို တော်တော်စိတ်ဝင်စားတယ် သူတို့အားလုံး တစ်နေရာကိုများ ရောက်သွားကြတာလား....
အတ်တလန်တိတ်လား
သည်လော့စ်စီးတီးလေ
(ဟိဟိ ထင်တာပဲ ကာတွန်းကားတွေကြည့်တာများတွားပီ)
ကမ္ဘာကြီးက၂၀၁၂ မှ ပျက်မှာ မဟုတ်ဘူး။ အခုကတည်းက တဖြည်းဖြည်း ပျက်နေပါပြီ... ဘာလိုလဲဆိုတော့...ကမ္ဘာနေရာအတော်များများ မှာ ရေ ကြီးမှုတွေ.. ဆူနာမီ၊နာဂစ်၊ငလျှင်တွေဖြစ်ပြီ ကမ္ဘာကြီး တဖြည်းဖြည်း ပျက်တော့မဲ့သဘောကိုဆောင်နေပြီ။
My name is Kent Allen I was browsing internet and found your blog. The author did a great job. I will subscribe to your RSS feeds. Thank you for your contribution. I am a web designer myself. And here some examples of the websites that I designed for payday loans canada payday loans company.
Great writing! I want to see a follow up on this topic?!?
Post a Comment