၁၉၁၅ ရန်ကုန်မှာနေထိုင်သည့် ပါယမ်နမ်ခမ်းအမျိုးသမီး ပီနန်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားစဉ်။
ဆရာကြီးဦးသော်ကောင်း ပါယန်နမ်ခမ်းယဉ်ကျေးမှုအကြောင်း ရှင်းပြနေစဉ်
မြန်မာပြည်က ပါယန်နမ်ခမ်းလူမျိုးတွေအကြောင်းကို ဆရာကြီးဦးသော်ကောင်းက စကာင်္ပူက ပါယန်နမ်ခမ်းပြတိုက်မှာ ၂၃ အောက်တိုဘာ ၀၉က ဆွေးနွေးပွဲလေးလုပ်ခဲ့ပါတယ်။ ဆရာကြီး လေ့လာထားသမျှတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်တော်ကတော့ ဆရာကြီးပြောသမျှကို သည်မှာ ဖောက်သည်ချမယ်လို့ စိတ်ကူးမိပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်လူမျိုးတွေတော်တော်များများရှိပါတယ်။ အထူးသဖြင့် တရုတ်လူမျိုးတွေတော်တော်များများကို လသာလိုနေရာမှာ အများအပြားတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတွေ့ရတဲ့ တရုတ်တော်တော်များများက ပါယန်နမ်ခမ်းလူမျိုးတွေ မဟုတ်ကြပါဘူး။ ပြည်မကြီးက တရုတ်တွေ များပါတယ်။ ပြည်မကြီးက တရုတ်လူမျိုးတွေနှင့် ပါယန်နမ်ခမ်းတရုတ်လူမျိုးတွေနဲ့ မတူကြပါဘူး။ ပါယန်နမ်ခမ်းတရုတ်တွေရဲ့ ယဉ်ကျေးမှုတွေက မလေးလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ဆက်နွယ်နေကြပြီး မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံနဲ့ နီးစပ်တယ်လို့ ထင်ပါတယ်။ ပြည်မကြီးတရုတ်တွေကတော့ တရုတ်ရိုးရာ သီးသန့်ပေါ့။
ပြည်မကြီးတရုတ်တွေက ကချင်ပြည်နယ်၊ရှမ်းပြည်နယ်က ဖြတ်ပြီး မြန်မာပြည်ထဲကို ရောက်လာကြတယ်။ ပါယန်နမ်ခမ်းလူမျိုးတွေကတော့ မြိတ်၊ ထားဝယ်ကနေတဆင့် မလေးကျွန်းဆွယ်က ပီနန်မြို့၊ စကာင်္ပူမြို့တိုကနေ ရောက်လာကြတယ်။ ပါယန်နမ်ခမ်းလူမျိုးတွေကို အများဆုံးတွေ့ရတာကတော့ ပီနန်၊ မလ္လကာနဲ့ စကာင်္ပူတို့မှာပါ။ မြန်မာတွေကတော့ ပါယန်နမ်ခမ်းလူမျိုးတွေကို ပသျှူးလို့ခေါ်ကြပါတယ်။ မလေးကျွန်းဆွယ်ကို မြန်မာလူမျိုးတွေက ပသျှူးကျွန်းဆွယ် သို့မဟုတ် မာလာယုလို့ခေါ်ကြပါတယ်။ ဒါကြောင့် မလေးကျွန်းဆွယ်က ရောက်လာတဲ့ ပါယန်နမ်ခမ်းလူမျိုးတွေကို ပသျှူးလူမျိုးလို့ခေါ်တယ် ထင်ပါတယ်။
ပသျှူးလို့ခေါ်တဲ့ ပါယန်နမ်ခမ်းလူမျိုးတွေဟာ မြန်မာပြည်မှာနေထိုင်ကြပေမယ့် တကယ်တမ်း ကြင်ယာရှာတဲ့ အခါ မြန်မာလူမျိုးတွေကို ရွေးခဲပါတယ်။ ပီနန်ဘက်ကိုဆင်းပြီး သတို့သမီးရှာတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ မြန်မာပြည်ကိုရောက်လာတဲ့ ပသျှူးတော်တော်များများမှာ ညွန်ညလို့ခေါ်တဲ့ အမျိုးသမီးတွေ တော်တော်များများရှိတတ်ကြပါတယ်။ အဲသည်လူမျိုးတွေက မြန်မာပြည်မှာ နေထိုင်ပြီး ပသျှူးလူမျိုးတွေလို ၀တ်စားဆင်ယင်ကြပါတယ်။ ပထမဆုံးမျိုးဆက်ကတော့ kebara လို့ခေါ်တဲ့ ထိုင်မသိမ်းအကျီင်္လို ပုံစံမျိုးနဲ့ ပါတိတ်ထမီတွေ ၀တ်ဆင်ကြပါသေးတယ်။ ဒုတိယမျိုးဆက်ရောက်သွားတဲ့ အခါမှာတော့ ဗမာဆန်ဆန် ရင်ဖုံးနဲ့ ဘီအေဆံထုံးနဲ့ ဖြစ်သွားကြပါပြီ။ အခုဆိုရင်တော့ ဘယ်သူက ပသျှူးလူမျိုးလည်းဆိုတာ ရှာရခက်သွားပါပြီ။ ဘာလို့လည်းဆိုတော့ ပသျှူးလူမျိုးတော်တော်များများက ဗမာတွေနဲ့ သွေးနှောပြီး ဗမာဆန်နေကြလို့ပါပဲ။
စားစရာအနေနဲ့ကတော့ တော်တော်များများကျန်ပါသေးတယ်။ ပါယန်နမ်ခမ်းအမျိုးသမီးတွေက အချိုပွဲလုပ်တဲ့ နေရာမှာ အတော့်ကို တော်ကြပါတယ်။ မုန့်မျိုးစုံကိုလည်း တီထွင်ပြီး ကိုယ်ပိုင်နာမည်လေးတွေ ပေးတတ်ကြပါတယ်။ ကျွန်တော့်စိတ်အထင် သာကူ မုန့်လက်ဆောင်း၊ ကျောက်ကျောတွေက ပါယန်နမ်ခမ်းလူမျိုးတွေဆီက ရတယ်လို့ထင်ပါတယ်။ (မှန်းဆချက်)။ နောက်ပြီး ဆန်မှုန့်လေးတွေကို အုန်းသီးနဲ့ ထညက်နဲ့မွှေပြီး အုံထားတဲ့ မုန့်ဌာပနာဆိုရင်လည်း ပါယန်နမ်ခမ်းလက်ရာလို့ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ စကာင်္ပူကနေရာတော်တော်များများမှာ တွေ့နေရလို့ပါပဲ။
မြန်မာပြည်မှာ နေထိုင်သွားတဲ့ ပါယန်နမ်ခမ်းလူမျိုးတွေမှာ ကျားဘန်းပရုတ်ဆီ ထုတ်လုပ်တဲ့ သူဌေးကတော့ တော်တော့်ကို ထင်ရှားပါတယ်။ မြန်မာ့ဆေးဝါးကိုပါ အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ကျားဘန်းပရုတ်ဆီက ကမ္ဘာကျော် အကိုက်အခဲ ပျောက်ဆေးတစ်ခုပါ။ နောက်တော့ မိသားစုတစ်စုလုံး စကာင်္ပူကို ပြောင်းရွှေ့သွားကြပါတယ်။ နောက်ထပ်ထင်ရှားတဲ့ တစ်ယောက်ကတော့ Chen Ma Pheeပါ။ ၁၉၁၈မှာ ပီနန်ကနေရောက်လာပါတယ်။ သူ့ရဲ့ဇာတ်ကြောင်းလေးက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒေးဒရဲမှာ မုန်တိုင်းမိ၊လှေမှောက်ပြီး ရွာသူကြီးက ကယ်လိုက်ပါတယ်။ နောက်တော့ သူက အလုပ်အရမ်းကြိုးစားတော့ သူကြီး သမီးဗမာလူမျိုးနဲ့ အကြောင်းပါပြီး မြန်မာပြည်မှာ နေထိုင်သွားပါတယ်။ သူပိုင် အိမ်တွေ ရန်ကုန်မှာ တော်တော်များများရှိပါတယ်။ နောက်ဆုံးရွှေတိဂုံဘုရားမှာ သူလှူခဲ့တဲ့ ဇရပ်တွေလည်း ရှိပါတယ်။ အခုတော့လည်း မြန်မာပြည်မှာ ပါယန်နမ်ခမ်းလူမျိုးမိသားစုတွေ တွေ့ဖို့ဆိုတာ အရမ်းကို ရှားသွားပါပြီ။
ကျားဘန်းပရုတ်ဆီပိုင်ရှင် Mr. and Mrs Aw Boon Haw
Mr Aw Boon Haw မိသားစု
ပါယမ်နမ်ခမ်းအမျိုးသမီးတစ်ဦး၏ ၁၉၁၅က ပီနန်ရိုးရာ ပါယမ်နမ်ခမ်းဝတ်စုံနှင့် ၁၉၂၀က မြန်မာဝတ်စုံ ၀တ်ဆင်ထားပုံ
ပါယန်နမ်ခမ်းယဉ်ကျေးမှုဆိုတာ ယဉ်းကျေးမှုတစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ။ သူ့ယဉ်ကျေးမှုထဲမှာ ပေါ်တူဂီရဲ့ အငွေ့အသက်တွေလည်း ပါနေမယ်။ မလေးနဲ့ တရုတ်လူမျိုးရဲ့ အငွေ့အသက်တွေလည်း ပါနေမယ်။ မြန်မာပြည်ကို ရောက်လာတဲ့အခါ မြန်မာလူမျိုးတွေရဲ့ အငွေ့အသက်တွေလည်း ပါနေမှာပါ။ တကယ်လို့သာ မြန်မာဓလေ့တွေ ထုံးလွှမ်းနေတဲ့ ပါယန်နမ်ခမ်းလူမျိုးတွေအကြောင်း သေသေချာချာ လေ့လာခွင့်ရမယ်ဆိုရင်တော့ အရှေ့တောင်အာရှယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှု ကူးလူးဆက်နွယ်မှုကို သိနိုင်မယ်လို့ ထင်ပါတယ်။
ဤစာပါ အကြောင်းအရာနှင့် ဓါတ်ပုံများသည် ဆရာကြီးဦးသော်ကောင်း၏ တင်ပြချက်များမှ စာရေးသူအမြင်ဖြင့် ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံမှာ တရုတ်လူမျိုးတွေတော်တော်များများရှိပါတယ်။ အထူးသဖြင့် တရုတ်လူမျိုးတွေတော်တော်များများကို လသာလိုနေရာမှာ အများအပြားတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတွေ့ရတဲ့ တရုတ်တော်တော်များများက ပါယန်နမ်ခမ်းလူမျိုးတွေ မဟုတ်ကြပါဘူး။ ပြည်မကြီးက တရုတ်တွေ များပါတယ်။ ပြည်မကြီးက တရုတ်လူမျိုးတွေနှင့် ပါယန်နမ်ခမ်းတရုတ်လူမျိုးတွေနဲ့ မတူကြပါဘူး။ ပါယန်နမ်ခမ်းတရုတ်တွေရဲ့ ယဉ်ကျေးမှုတွေက မလေးလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ဆက်နွယ်နေကြပြီး မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံနဲ့ နီးစပ်တယ်လို့ ထင်ပါတယ်။ ပြည်မကြီးတရုတ်တွေကတော့ တရုတ်ရိုးရာ သီးသန့်ပေါ့။
ပြည်မကြီးတရုတ်တွေက ကချင်ပြည်နယ်၊ရှမ်းပြည်နယ်က ဖြတ်ပြီး မြန်မာပြည်ထဲကို ရောက်လာကြတယ်။ ပါယန်နမ်ခမ်းလူမျိုးတွေကတော့ မြိတ်၊ ထားဝယ်ကနေတဆင့် မလေးကျွန်းဆွယ်က ပီနန်မြို့၊ စကာင်္ပူမြို့တိုကနေ ရောက်လာကြတယ်။ ပါယန်နမ်ခမ်းလူမျိုးတွေကို အများဆုံးတွေ့ရတာကတော့ ပီနန်၊ မလ္လကာနဲ့ စကာင်္ပူတို့မှာပါ။ မြန်မာတွေကတော့ ပါယန်နမ်ခမ်းလူမျိုးတွေကို ပသျှူးလို့ခေါ်ကြပါတယ်။ မလေးကျွန်းဆွယ်ကို မြန်မာလူမျိုးတွေက ပသျှူးကျွန်းဆွယ် သို့မဟုတ် မာလာယုလို့ခေါ်ကြပါတယ်။ ဒါကြောင့် မလေးကျွန်းဆွယ်က ရောက်လာတဲ့ ပါယန်နမ်ခမ်းလူမျိုးတွေကို ပသျှူးလူမျိုးလို့ခေါ်တယ် ထင်ပါတယ်။
ပသျှူးလို့ခေါ်တဲ့ ပါယန်နမ်ခမ်းလူမျိုးတွေဟာ မြန်မာပြည်မှာနေထိုင်ကြပေမယ့် တကယ်တမ်း ကြင်ယာရှာတဲ့ အခါ မြန်မာလူမျိုးတွေကို ရွေးခဲပါတယ်။ ပီနန်ဘက်ကိုဆင်းပြီး သတို့သမီးရှာတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ မြန်မာပြည်ကိုရောက်လာတဲ့ ပသျှူးတော်တော်များများမှာ ညွန်ညလို့ခေါ်တဲ့ အမျိုးသမီးတွေ တော်တော်များများရှိတတ်ကြပါတယ်။ အဲသည်လူမျိုးတွေက မြန်မာပြည်မှာ နေထိုင်ပြီး ပသျှူးလူမျိုးတွေလို ၀တ်စားဆင်ယင်ကြပါတယ်။ ပထမဆုံးမျိုးဆက်ကတော့ kebara လို့ခေါ်တဲ့ ထိုင်မသိမ်းအကျီင်္လို ပုံစံမျိုးနဲ့ ပါတိတ်ထမီတွေ ၀တ်ဆင်ကြပါသေးတယ်။ ဒုတိယမျိုးဆက်ရောက်သွားတဲ့ အခါမှာတော့ ဗမာဆန်ဆန် ရင်ဖုံးနဲ့ ဘီအေဆံထုံးနဲ့ ဖြစ်သွားကြပါပြီ။ အခုဆိုရင်တော့ ဘယ်သူက ပသျှူးလူမျိုးလည်းဆိုတာ ရှာရခက်သွားပါပြီ။ ဘာလို့လည်းဆိုတော့ ပသျှူးလူမျိုးတော်တော်များများက ဗမာတွေနဲ့ သွေးနှောပြီး ဗမာဆန်နေကြလို့ပါပဲ။
စားစရာအနေနဲ့ကတော့ တော်တော်များများကျန်ပါသေးတယ်။ ပါယန်နမ်ခမ်းအမျိုးသမီးတွေက အချိုပွဲလုပ်တဲ့ နေရာမှာ အတော့်ကို တော်ကြပါတယ်။ မုန့်မျိုးစုံကိုလည်း တီထွင်ပြီး ကိုယ်ပိုင်နာမည်လေးတွေ ပေးတတ်ကြပါတယ်။ ကျွန်တော့်စိတ်အထင် သာကူ မုန့်လက်ဆောင်း၊ ကျောက်ကျောတွေက ပါယန်နမ်ခမ်းလူမျိုးတွေဆီက ရတယ်လို့ထင်ပါတယ်။ (မှန်းဆချက်)။ နောက်ပြီး ဆန်မှုန့်လေးတွေကို အုန်းသီးနဲ့ ထညက်နဲ့မွှေပြီး အုံထားတဲ့ မုန့်ဌာပနာဆိုရင်လည်း ပါယန်နမ်ခမ်းလက်ရာလို့ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ စကာင်္ပူကနေရာတော်တော်များများမှာ တွေ့နေရလို့ပါပဲ။
မြန်မာပြည်မှာ နေထိုင်သွားတဲ့ ပါယန်နမ်ခမ်းလူမျိုးတွေမှာ ကျားဘန်းပရုတ်ဆီ ထုတ်လုပ်တဲ့ သူဌေးကတော့ တော်တော့်ကို ထင်ရှားပါတယ်။ မြန်မာ့ဆေးဝါးကိုပါ အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ကျားဘန်းပရုတ်ဆီက ကမ္ဘာကျော် အကိုက်အခဲ ပျောက်ဆေးတစ်ခုပါ။ နောက်တော့ မိသားစုတစ်စုလုံး စကာင်္ပူကို ပြောင်းရွှေ့သွားကြပါတယ်။ နောက်ထပ်ထင်ရှားတဲ့ တစ်ယောက်ကတော့ Chen Ma Pheeပါ။ ၁၉၁၈မှာ ပီနန်ကနေရောက်လာပါတယ်။ သူ့ရဲ့ဇာတ်ကြောင်းလေးက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒေးဒရဲမှာ မုန်တိုင်းမိ၊လှေမှောက်ပြီး ရွာသူကြီးက ကယ်လိုက်ပါတယ်။ နောက်တော့ သူက အလုပ်အရမ်းကြိုးစားတော့ သူကြီး သမီးဗမာလူမျိုးနဲ့ အကြောင်းပါပြီး မြန်မာပြည်မှာ နေထိုင်သွားပါတယ်။ သူပိုင် အိမ်တွေ ရန်ကုန်မှာ တော်တော်များများရှိပါတယ်။ နောက်ဆုံးရွှေတိဂုံဘုရားမှာ သူလှူခဲ့တဲ့ ဇရပ်တွေလည်း ရှိပါတယ်။ အခုတော့လည်း မြန်မာပြည်မှာ ပါယန်နမ်ခမ်းလူမျိုးမိသားစုတွေ တွေ့ဖို့ဆိုတာ အရမ်းကို ရှားသွားပါပြီ။
ကျားဘန်းပရုတ်ဆီပိုင်ရှင် Mr. and Mrs Aw Boon Haw
Mr Aw Boon Haw မိသားစု
ပါယမ်နမ်ခမ်းအမျိုးသမီးတစ်ဦး၏ ၁၉၁၅က ပီနန်ရိုးရာ ပါယမ်နမ်ခမ်းဝတ်စုံနှင့် ၁၉၂၀က မြန်မာဝတ်စုံ ၀တ်ဆင်ထားပုံ
ဤစာပါ အကြောင်းအရာနှင့် ဓါတ်ပုံများသည် ဆရာကြီးဦးသော်ကောင်း၏ တင်ပြချက်များမှ စာရေးသူအမြင်ဖြင့် ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။
ရန်ကုန်မှ Lim Chin Tsong Garden

13 ယောက်ကဒီလိုမြင်တယ်တဲ့...:
အကို ညွှန်လို့ ဟိုအရင် ပါယမ်နမ်ခမ်းလူမျိုးတွေ အကြောင်းနဲ့ ရုပ်ရှင်လေးကို ကြည့်ပီးသွားပါပီ
အခု အကိုတင်ထားတဲ့ ဆီမီနာသတင်းကိုတော့ ဖတ်လိုက်ရပီး အခုပို့စ်ကို ဖတ်လိုက်ရတော့ ယဉ်ကျေးမှုချင်း ကူးလူးယှက်နွယ်မှုတွေကို သိလိုက်ရလို့ တကယ့်ကို ကျေးဇူးတင်ပါတယ်
ထပ်ပီး လေ့လာတွေ့ရှိချက်တွေ ဖော်ပြပေးမယ်ဆိုရင် ပိုကောင်းမယ်နော်
အနော်တော့ လူမျိုးတစ်မျိုးအကြောင်း လေ့လာသိရှိခွင့်ရလို့ အကိုသက်ပိုင်သူကို တကယ် ကျေးဇူးတင်ပါတယ် အကိုရေ
ဒီလို ယဉ်ကျေးမှုလေး တွေအကြောင်း သိရတာ အသိတစ်မျိုးပိုတိုးပါတယ် ။ အပြင်မှာကိုယ့်ကိုကိုယ်သွားရှာည်း ဒီလို စုစုစည်းစည်းတွေတွေ့ဖို့ဆိုတာမလွယ်ဘူးလေ ။
အခုလိုမျှဝေတာကျေးဇူးပါ ။
လေစားလျက်
လေရူး
သြော် စလုံးမှာ ဟိုတလောက food festival မှာတွေ့တယ်လေ အဲ့ဒီလိုဝတ်တဲ့လူမျိုး... ဘာခေါ်မှန်းမသိဘူး... သူတို့ခေါ်တာတော့ တစ်မျိုးပါ မေ့တော့မေ့သွားပြီ...
အသေးစိတ်ကိုတော့ ခုမှပဲ သေချာသိရတော့တယ် ကျေးဇူးပဲ ကိုသပသရေ...
စိတ်ဝင်တစားဖတ်သွားပါတယ် ဖတ်ပြီးတွေးစရာတွေ ကျန်သွားတယ် အထူးသဖြင့် အရင်က မြန်မာပြည်ရဲ့ စီးပွားရေး တိုးတက်ပုံတွေပါ အရင်နိုင်ငံတကာက လူတွေက ကိုယ့်တိုင်းပြည်မှာ လာရောက်လုပ်ကိုင်ဖို့ အခြေချဖို့လာကြတယ်။ ခုကတော့ ပြောင်းပြန်တွေ ဖြစ်နေတယ်ဗျာ ကျနော်တို့တွေ ညံပါတယ်း(
လေးစားလျက်
တောင်ပေါ်သား
လာဖတ် သွားပါ၏။
ဟုတ်ပါ့ကိုသက်ပိုင်သူရေ...
အရင်တုန်းက အဖွား နဲ့စကားစပ်မိလို့ သူ အသိတွေ အကြောင်းပြောရင် သူတို့တွေက ပသျှူးမတွေ... ပသျှူးမတွေက အင်္ကျီကြယ်သီးတွေကိုတောင် ရွှေနဲ့မှ ၀တ်တာ သူတို့မှာ ရွှေကြယ်သီးတွေ အမျိုးမျိုးရှိတယ်လို့ ပြောသံကြားဖူးတယ်... အဲဒီတုန်းက ငယ်သေးတော့ သေချာမမေးဖြစ်ခဲ့ဘူး.. ပသျှူးဆိုတာ တရုတ်လူမျိုးတစ်မျိုးလို့ ပဲ မှတ်ထားခဲ့တာ...
ပသျှူးခေါင်းပြတ်ဆိုတာကိုတော့ ကြားဖူးတယ် ကြောက်စရာအနေနဲ့ပါ.အခုလိုမျိုး ပို့စ်လေးနဲ့ သေသေချာချာဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ် အစ်မ မြန်မာရှေးမင်းတွေအကြောင်း စာတမ်းအတွက် ဂူးဂူးလ်လုပ်တော့ ဘာမန်ဆိုတဲ့ မြန်မာလူမျိုးတွေက တရုတ် တိဘက် ဘက်ကနေ ဧရာဝတီကို ကိုးရာစုမှာ စုံဆင်းလာကြတယ်လို့ ဖတ်မိတယ်..
စိုးစိုးရေ
အခုလို ရှင်းပြပေးတာ ကျေးဇူးပါဗျာ... ကျွန်တော် သိသလောက် ထားဝယ် ဘိတ် မော်လမြိုင်တို့ကဆင့် မြန်မာပြည်ကို ရောက်လာတဲ့ ဘာဘာညွန်ညတွေကို မြန်မာတွေက မလေးက ရောက်လာတဲ့အတွက် ပသျှူးဆိုပြီး ရောထွေးခေါ်ကြတာပါ... မလေးလူမျိုးတိုင်းကို ဘာဘာညွန်ညလို့မခေါ်ကြပါဘူး.. တရုတ်သွေးစစ်စစ်ဖြစ်ချင်ဖြစ်မယ်.. မလေးရောချင်ရောမယ်.. တရုတ်ရိုးရာ အများဆုံး ဖုံးလွှမ်းနေတဲ့ လူတွေကို ဘဘာညွန်ညလို့ခေါ်ပါတယ်
ပါရနာကန် ဟာ ပါရာနာကန်ပါ စင်္ကာပူမှာရှိသလို မလေးရှား မလက္ကာမှာ ရှိပါတယ် သူတို့ရဲ့ယဉ်ကျေးမှုကို ဘာဘာညိုညာ ယဉ်ကျေးမှုလို့မလေးတွေကခေါ်ပါတယ် တရုတ်မလေး စပ်မျိုးနွယ်တွေပေါ့ ... မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ပသျှူးက တရုတ်စပ်မဟုတ်ပါဘူး သူတို့ မလေးလူမျိုးတွေပါ မြန်မာတွေက ပသျှူးလို့ခေါ်ပါတယ် ပသျှူးတွေက မူစလင်ကုလားတွေပါ မြန်မာပြည်က ပသျှူးတွေကို မလေးရှား သူတို့နဲ့မျိုးတူလို့ နိုင်ငံသား အဖြစ်ပေးထားပါတယ်။ ပါရာနာကန်နဲ့ ပသျှူးကို မရောသွားစေချင်လို ဖေါ်ပြပေးတာပါ သမိုင်း ဆိုတာ ရောသွားယင် မကောင်းပါဘူး။ဘာပဲဖြစ်ဖြစ် ကိုသက်ပိုင်သူ ရှာဖွေတင်ပြပေးတာကို ကျေးဇူးတင်ပါတယ်
ကျနော်ရေးမယ်ရေးမယ်နဲ့မရေးဖြစ်ပါ။ အခုနောက်ဆုံးကိုသက်ပိုင်သူနဲ့စိုးစိုးမင်းရဲ့မှတ်ချက်တွေ ဖတ်ပြီးနည်းနည်းဆွေးနွေးရှင်းပြချင်ပါတယ်။ အသေးစိတ်ကိုနောက်မှရေးပို့လိုက်ပါမယ်။
ပထမဆုံးသူတို့ကိုခေါ်တာက ပါရာနာခမ်းမဟုတ်ပါဘူး။
အင်္ဂလိပ်စာလုံးပေါင်းကိုကြည့်ပြီးခေါ်ကြတာထင်ပါတယ်။
peranakan ပယ်ရာ(ရကောက်လျှာလိပ်သံ)နာကန်ပါ။
သူတို့တွေဟာလူမျိုးနှစ်မျိုး၊ယဉ်ကျေးမှုနှစ်ခုပေါင်းစပ်ပြီး
ဖြစ်လာကြတာပါ။ မြန်မာလိုဆိုယင်တော့ကပြားလူမျိုးတွေပေါ့။
သူတို့ဟာအခြေချဝင်ရောက်လာတဲ့တရုတ်၊အိန္ဒယနဲ့European and Western Christian အမျိုးသားတွေနဲ့ဒေသခံအမျိုးသမီးတွေသွေးနှောအိမ် ထောင်ပြုရာကပေါက်ဖွားလာတဲ့ဒုတိယမျိုးဆက်တွေကစပါတယ်၊အခုကာလမှာတော့တရုတ်နွယ်ပယ်ရာနာကန်တွေကပိုပြီးသိသာထင်ရှားကျန်ခဲ့ပါတယ်။
တကယ်ဆိုအဖေတရုတ်နဲ့အမေ(ဗမာသို့မဟုတ်မြန်မာပြည်ဖွားတိုင်းရင်းသားဒေသခံ)တွေဟာပယ်ရာနာကန်တွေဖြစ်ပါတယ်။ဒါပေမဲ့Singapore,Malaysia နဲ့Indonesia ကတရုတ်သွေးနှောပယ်ရာနာကန်တွေကမှစစ်တယ်လို့ယူဆကြပါတယ်။ပယ်ရာနာကန်တွေရဲ့အစအဦး ယဉ်ကျေးမှုနဲ့လူ့အဖွဲ့အစည်းဟာမလ္လကာရေလက်ကြားကစတင်တယ်လို့မှတ်ယူကြလို့ပါ။အဲ့ဒီကမှရွှေ့ပြောင်းနေထိုင်ကြရင်းဒေသစုံနိုင်ငံစုံရောက်သွားကြပါတယ်။
ဒီကနေ့မှာတော့တရုတ်သွေးနှောပယ်ရာနာကန်တွေကိုSingapore,Malaysia နဲ့Indonesia မှာအများဆုံးတွေ့နိုင်ပါတယ်။သူတို့ကိုStrait Born Chinese လို့ ခေါ်ပြီး တခြားနိုင်ငံ(Burma,Cambodia,Laos ,Thai နဲ့ Phillipines)ကတရုတ်သွေးနှောပယ်ရာနာကန်တွေနဲ့ သီးခြားခွဲထုတ်လိုက်ပါတယ်။Singapore, Malaysia နဲ့Indonesia ကတရုတ်သွေးနှောပယ်ရာနာကန်တွေကိုကြည့်မယ်ဆိုယင်ဝတ်စားဆင်ယင်မှုမှာအမျိုးသားတွေကအဖေဖက်တရုတ်နွယ်ကိုလိုက်ပြီး အမျိုးသမီးတွေကအမေဖက်မလေး/ဂျာဝါး(Java)နွယ်ကိုလိုက်ပါတယ်။ဒါကြောင့်အမျိုးသမီးဝတ်စုံကိုBaju Kebaya(ဘာဂျုးကယ်ဘာယား)လို့ခေါ်တာပါ။အမျိုးသားတွေကအိမ်မှာနေရင် လုံချည်ဝတ်တတ်ကြပါတယ်။အမျိုးသားတွေကိုBaba(ဘာဘာ)အမျိုးသမီးတွေကိုBibi(ဘီဘီ)သို့မဟုတ်Nyonya(ညိုနဲ့ညွန်ကြားသံနဲ့ည)လို့ခေါ်ပါတယ်။သူတို့တွေဟာတရုတ်အစစ်တွေမဟုတ်သလိုမလေးအစစ်တွေလည်းမဟုတ်ကြပါ၊ ကိုးကွယ်ယုံကြည်မှုထုံးစံတွေအဖေတရုတ်ဖက်ယူပြီးလူနေမှုဘဝဓလေ့ပုံစံတွေကိုအမေမလေးဖက်ကိုယူပါတယ်။ပယ်ရာနာကန်ဘာသာစကားကတော့Mandrin,Cantonese,Hokkienနဲ့Bahasa Melayu(မလေးဘာသာ)နဲ့Boso Jowo (ဂျာဗားဒေသခံမူရင်းဘာသာ)အပြင်ပေါ်တူဂီဘာသာစကားတွေရောထွေးပါဝင်တဲ့Colourful Language ပါ။ ဒါပေမဲ့ရှေးလူကြီးပိုင်းလောက်ပဲပြောနိုင်ကြ တော့ပြီးလူငယ်မျိုးဆက်သစ်တွေကMandrinနဲ့English ပဲပြောကြပါတော့တယ်။ကျနော်တို့မြန်မာတွေနဲ့ဆင်နေရတာတော့ကျနော်တို့ဟာယဉ်ကျေးမှုတူညီတဲ့မျိုးနွယ်တခုတည်းကဆင်းသက်လာကြလို့ပါ။ဒါကြောင့်ထဲထဲဝင်ဝင် လေ့လာကြည့်လျင်အံ့ဩစရာကောင်းလောက်အောင်တူညီနေတာတွေ့ပါလိမ့်မယ်။ နောက်များမှ Taiwan ကစလို့ Australia ကျွန်းထိ ပြန့်နှံ့များပျားလှတဲ့ Austronesian မျိုးနွယ်စုကြီးအကြောင်းကြုံယင်ဆွေးနွေးပါဦးမယ်။ အဲဒီ့အခါမှာ ဘာကြောင့် ကျနော်တို့တွေ ယဉ်ကျေးမှုဓလေ့ထုံးစံတွေဒီလောက်တူညီနေကြတာကိုသိမြင်နိုင်တာပေါ့။ Aw Boon Haw နဲ့ Aw Boon Par အကြောင်းကိုတော့ ဆရာချစ်စံဝင်းရဲ့"ရန်ကုန်သားကျားဘမ်းသူဌေးကြီး"ကို ဖတ်ကြည့်ပါ။သူတို့တွေဟာ Pioneer Burmese Singaporean တွေလို့ခေါ်နိုင်ပါတယ်။ မြန်မာပြည်ကနေMalaya ကိုရွှေ့ပြောင်းအခြေချခဲ့လို့ပါ။ သူကိုယ်တိုင်ကပယ်ရာနာကန်မဟုတ်ပါဘူး။သူ့ရဲ့ဇနီးတ ယောက်ကဗမာအမျိုးသမီးဒေါ်ကြည်ဖြစ်ပြီး အဲ့ဒီ့ဒေါ်ကြည်ကြောင့်ကျားဘမ်းပရုတ်ဆီအနီထွက်လာရတာပါ။ သူတို့မျိုးဆက်တွေကတော့ ပယ်ရာနာကန်အဖြစ်Singapore မှာရှိနေကြပါတယ်။ ကျေးဇူးပါဗျာ..
[B]NZBsRus.com[/B]
Escape Crawling Downloads Using NZB Downloads You Can Instantly Search Movies, PC Games, MP3s, Applications and Download Them @ Blazing Speeds
[URL=http://www.nzbsrus.com][B]NZB[/B][/URL]
Authentication of be in persuasiveness Our Risqu‚ Prices at www.Pharmashack.com, The High-level [b][url=http://www.pharmashack.com]Online Chemist's burst c short-circuit the whistle on buy [/url][/b] To [url=http://www.pharmashack.com]Buy Viagra[/url] Online ! You Can also Trip upon Very Deals When You [url=http://www.pharmashack.com/en/item/cialis.html]Buy Cialis[/url] and When You You [url=http://www.pharmashack.com/en/item/levitra.html]Buy Levitra[/url] Online. We Also Allow in a Respected Generic [url=http://www.pharmashack.com/en/item/phentermine.html]Phentermine[/url] Normal an eye to Your Victuals ! We Manumit up Tick [url=http://www.pharmashack.com/en/item/viagra.html]Viagra[/url] and Also [url=http://www.pharmashack.com/en/item/generic_viagra.html]Generic Viagra[/url] !
Post a Comment