October 14, 2009

စကာၤပူက ဗိသုကာ

စကာၤပူကို City of Architecture လို့ ဗိသုကာ ပညာရှင်တွေက တင်စားကြပါတယ်။ တကယ်လည်း သူတို့တင်စားသလို စကာင်္ပူမှာ တော်တော်လှပ ခေတ်မီတဲ့ ဒီဇိုင်းတွေတော်တော်များများ ရှိလာပါပြီ။ ဥယျာဉ်မြို့တော်လို့ခေါ်တဲ့ သည်ခြင်္သေ့မြို့လေးမှာ တကယ်ကို ဗိသုကာနဲ့ ပါတ်သက်တဲ့ လေ့လာစရာတွေ ကြည့်ရှုစရာတွေက များလာပါပြီ။ Orchard ကို သွားရင် Shopping Mall အသစ်တွေ တိုးလာသလို Sentosa မှာလည်း အပမ်းဖြေစရာ နေရာတွေလည်း မကြာခင်တိုးပွားလာတော့မှာပါ။ အခုလိုအသစ်တိုးလာတဲ့ လှပတဲ့ ဗိသုကာ အဆောက်အဦးတွေကို လေ့လာဖို့ SIA စကာင်္ပူဗိသုကာအဖွဲ့က ကျောင်းသားနဲ့ မျိုးဆက်သစ်တွေ လေ့လာဖို့ Architecture Tour ကို သည်တစ်လလုံး စီစဉ်ပေးပါတယ်။ အခုအသစ်ပြီးသွားတဲ့ Orchard Shopping Mall တွေကအစ Community Centre တွေလည်း ပါပါတယ်။ စနေ၊တနင်္ဂနွေမှာ နေရာတစ်ခုစီစဉ်ပါတယ်။ ကျွန်တော်နဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကတော့ Santctury Safari လို့ခေါ်တဲ့ အိမ်တွေကို လေ့လာလို့ရမယ့် Tour ကို ရွေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်တွေက တော်ရုံတန်ရုံအပြင်လူကို ၀င်ခွင့်မပေးတော့ အခုလို အခွင့်အရေးရှိတုန်း ရွေးလိုက်တာပါ။

ကျွန်တော်တို့ အားလုံး Bugis National Library မှာာ စုရပ်လုပ်ကြပါတယ်။ မနက်ကိုးနာရီထိုးတော့ ကျွန်တော်တို့အားလုံး အသီးသီး ကိုယ်ရတဲ့ ကားပေါ်ကို တက်ပြီး ပထမဆုံး လေ့လာမယ့်အိမ်ကို ထွက်လာကြတယ်။ အဲသည်မနက်က မိုးကဖွဲဖွဲ ရွာနေတယ်။ နည်းနည်းတော့ စိတ်ညစ်သွားတာပေါ့။ ဘာလို့လည်းဆိုတော့ ဓါတ်ပုံကောင်းကောင်းမရိုက်နိုင်မှာ စိုးလို့ပါ။


Lien Villas ပထမဆုံးအိမ်...K2LDက ဒီဇိုင်းရေးဆွဲထားတာပါ။

Ministry of Design ဖန်တီးထားတဲ့ အိမ်လေးပါ။ အိမ်အမိုးကို မြက်ခင်းပြင်လေးလုပ်ထားတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ပထမတော့ ကျွန်တော်တို့ကGolf ကွင်းအသေးစားလေးလို့တောင် ထင်မိတယ်။ အမိုးကို မြက်ခင်းပြင်လေးလုပ်ထားတဲ့ အတွက် အိမ်အတွင်းပိုင်းကို အပူအအေးမျှစေနိုင်ပါတယ်။

ပထမဆုံးအိမ်ကတော့ Holland Park နားက Lien Villas လို့ခေါ်တဲ့ အိမ်တွေပါ။ အိမ်ပိုင်ရှင်ကတော့ UOBက သူဌေးလို့ထင်ပါတယ်။ မြေကွက်တစ်ကွက်ထဲမှာ အိမ်ငါးလုံးရှိပြီး။ အိမ်တစ်လုံးစီကို စကာင်္ပူလူမျိုး ဗိသုကာတစ်ယောက်စီက ဒီဇိုင်းရေးဆွဲထားတာပါ။ ပထမဆုံးလေ့လာရတဲ့ အိမ်က K2LD က ရေးဆွဲထားတဲ့ ဒီဇိုင်းပါ။ တော်တော်လေးလှပါတယ်။ အိမ်မကြီးကနေ ထိုးထွက်နေတဲ့ ဖြေဖျော်ရေးအခန်းကတော်တော်ကြီးပါတယ်။ အဲသည်အခန်းကနေ ကြည့်ရင် မြေကွက်အလယ်က ဥယျာဉ်တစ်ခုလုံးကို မြင်ရပါတယ်။ ဒုတိယမြောက်အိမ်ကတော့ ကျွန်တော့်တို့ကို အသက်ရှူမှားသွားစေတယ်။ ဘာလို့လဲဆိုတော့ အဲဒီအိမ်ရဲ့ Detailတွေက အတော့်ကိုလှလို့ပါ။ ကွန်ကရစ်အကြမ်း မီးခိုးရောင်ရယ် အနက်ရောင်ရယ်က အိမ်ရဲ့ အရောင်ပါ။ ရေချိုးခန်းတွေ အိပ်ခန်းတွေကလည်း အတော့်ကို လှပါတယ်။ Open Type လို့ခေါ်တဲ့ ရေချိုးခန်းတွေ ဥယျာဉ်သေးသေးလေးတွေ ထည့်ထားပြီး အဲသည် ဥယျာဉ်လေးတွေက အပြင်လူကြည့်လို့မရအောင် လုပ်ထားတာပါ။ ရေချိုးနေတဲ့ အချိန်မှာ ဥယျာဉ်ထဲကို ရောက်နေသလို ခံစားရမှာပါ။ နောက်ပြီး အိမ်အမိုးတွေပေါ့။ Flat Roof လို့ခေါ်တဲ့ အိမ်အမိုးတွေအပေါ်ကို လမ်းလျောက်လို့ရပါတယ်။ ဒါပေမယ့် လက်ကိုင်တန်းတွေတစ်ခုမှ မရှိပါဘူး။ အိမ်မကြီးကနံရံတွေက လမ်းလျှောက်နေတဲ့ လူတွေ ပြုတ်မကျရအောင် လုပ်ထားတာ ပညာပါပါတယ်။ အဲသည်အိမ်ကို ဖန်တီးခဲ့တဲ့ ဗိသုကာပညာရှင်ကတော့ Zarch Architect ပါ။


ပင်မအိမ်ကြီးကနေ ချဲ့ပြီးဆောက်ထားတာပါ။ အဆောက်အဦးတစ်ခုလုံး ထိုးဖောက်ပြီး ထွက်လာတယ်လို့ထင်ရတယ်။ အဓိကကတော့ အဆောက်အဦးအသစ်မှာ အိပ်ခန်းတွေ ရှိပါတယ်။ အိပ်ခန်းကနေ ကြည့် ရင့် ခြံတစ်ခုလုံးကို မြင်ရပါတယ်။
အိမ်ရဲ့ အတွင်းပိုင်း Show Kitchen နေရာပါ။ အိမ်ထဲမှာ သစ်ပင်တစ်ပင်စိုက်ထားတာ ကဗျာတော်တော်ဆန်ပါတယ်။ အပြင်က သစ်သားဝရန်တာမှာလည်း အပမ်းဖြေရင်း ညစာစားနိုင်ပါသေးတယ်။
Lien ရဲ့ တတိယမြောက်အိမ်ကလည်း လှပါတယ်။ အပြင်ကကြည့်ရင် အဆောက်အဦးတစ်ခုလုံး ထိုးထိုးထောင်ထောင်နဲ့ မြင်ရပါတယ်။ နေချင်စရာလေးပါပဲ။ ဒီဇိုင်းနာကတော့ Tierra Architect ပါ။ စတုတ္ထမြောက်အိမ်ကျတော့ ကျွန်တော်တို့နည်းနည်း စိတ်ပျက်သွားမိတယ်။ အိမ်ကို မြွေလိမ်မြွေကောက်လို ဆောက်ထားတာပါ။ အိမ်ကအကြီးကြီးဖြစ်ပြီး အိမ်တစ်အိမ်ရဲ့ ချစ်စရာကောင်းတဲ့ အရာလေးတွေ ပျောက်နေလို့ပါပဲ။ Ministry of design က ဖန်တီးထားတဲ့ အဲသည်အိမ်က အရမ်းကို ရိုးရှင်းလှတယ်လို့ထင်ပါတယ်။ ဒါပေမယ့် အိမ်အမိုးပေါ်မှာ မြက်ခင်းလေးလုပ်ထားတာ အပြင်ကနေကြည့်လျင် တော်တော်လှပါတယ်။ နောက်အိမ်ကနေ မူလအိမ်မကြီးနဲ့ တွဲပြီး ချဲ့ဆောက်ထားတဲ့ အိမ်ပါ။ Lien Collection Villas တွေကတော်တော် လှပါတယ်။ အဲသည်အိမ်တွေကို မီလီလျှံချည်ပြီးဆောက်ထားတာပါ။ အတော့်ကို ချမ်းသာတဲ့ မိသားစုပါပဲ။

ကျွန်တော်အကြိုက်ဆုံး Zarch Architect ရဲ့ အိမ်လေးပါ။

ရေချိုးခန်းကို အပြင်က မြင်ရတဲ့ပုံမှာ။ အပင်လေးတွေ စိုက်ပြီး လုံခြုံမှုရှိအောင် လုပ်ထားပုံက အတော့်ကို ချစ်ဖို့ကောင်းပါတယ်။

ရေချိုးခန်းရဲ့ အတွင်းပိုင်းပါ။ အိမ်ရဲ့ အတွင်းပိုင်း ဖြစ်ပေမယ့် ဥယျာဉ်သေးသေးလေးက တင်းကျပ်မှုတွေကို ပြေပျောက်စေပါတယ်။

ဧည့်ခန်းပါ။ လှေကားကို အပြင်ဘက်မှာ ဆောက်ထားပါတယ်အိမ်ရဲ့ အလည်တည့်တည့်မှာ Courtyard တစ်ခုရှိပြီး ဂျပန်က ဇန်ဥယျာဉ်တွေကို လေ့လာပြီး ဖန်တိးထားတာပါ။ အလယ်က အလူမီနီယံနဲ့ လုပ်ထားတဲ့ အပင်ပုံစံလေးကလည်း အတော့်ကို ချစ်စရာကောင်းပါတယ်။


Zarch ရဲ့ အမိုးတွေပါ။ အမိုးတွေပေါ် လမ်းလျှောက်လို့ ရပါတယ်။ လက်ရန်းတန်းတွေ မထည့်ဘဲ အိမ်မကြီးရဲ့ နံရံနှစ်ခုက အကာအကွယ် လုပ်ထားပုံက အတော့်ကို စိတ်ကူးကောင်းနေပြန်တယ်။
Lien Collection တွေလေ့လာပြီးတော့ ကျွန်တော်တို့ နောက်ထပ်တစ်နေရာကို လေ့လာဖို့ထွက်လာကြပါတယ်။ အဲသည်အိမ်ကတော့ မပြီးသေးပါဘူး။ ကျွန်တော်တို့ရောက်သွားတဲံ အချိန်မှာ ဆောက်နေတုန်းပါပဲ။ အဲသည်အိမ်ကို Aamer Architect ကရေးဆွဲထားတာပါ။ အိမ်ရဲ့ ပင်မဒီဇိုင်းက ဆလင်ဒါပုံစံ ဖော်ထားတဲ့ သစ်သားအိမ်ပါပဲ။ ကြမ်းခင်းတစ်ချို့ကိုလည်း မှန်တွေနဲ့ ဆောက်ထားပါတယ်။ အဲသည်အိမ်ပြီးလျင်တော့ တော်တော်လှမှာပါ။


ဆောက်လက်စ Aamer Architectရဲ့ အိမ်ပုံစံပါ။ ဓါတ်ပုံရိုက်ခွင့်မပေးပါဘူး။ ဒါပေမယ့် မရရအောင် ရိုက်ခဲ့ပါတယ်။
ကျွန်တော်တို့တွေ နောက်ထပ်တစ်နေရာကို လေ့လာဖို့ထွက်လာပါတယ်။ ဗိသုကာ Mark Wee ရေးဆွဲထားတဲ့ အိမ်ပါ။ အိမ်တစ်ခုလုံးကို ကွန်ကရစ်အကြမ်းထည်တွေနဲ့ဆောက်ထားပါတယ်။ နီညိုရောင် သစ်သားရောင်က မီးခိုးရောင်တွေကြားက ထင်းကနဲ ဖြစ်နေတာ အတော့်ကို ကြည့်လို့ကောင်းပါတယ်။ အဲသည်အိမ်ကို ဆောက်ဖို့ ပိုင်ရှင်မှာ ပိုက်ဆံပိုပိုလိုလို သိပ်မရှိပါဘူး။ ရှိတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် ဗိသုကာ ပညာရှင်က ဖန်တီးခဲ့ရတာပါ။ နေရာတော်တော်များများကို တောက်ပပြီး ဈေးကြီးတဲ့ အိမ်ဆောက်ပစ္စည်းတွေကို မသုံးထားပါဘူး။ ဒါပေမယ့် အိမ်လေးကတော့ အတော့်ကို နေချင်စရာလေးပါ။ အိမ်က နှစ်ထပ်ရှိပေမယ့် အိမ်ပိုင်ရှုင်က ခွင့်မပြုလို့ အပေါ်ထပ်ကို မတက်ခဲ့ရပါဘူး။

အိမ်ကို အတတ်နိုင်ဆုံး ချွေချွေတာတာ ဆောက်ထားပေမယ့်လည်း နေချင့်စဖွယ်လေးဖြစ်အောင် ဖန်တီးထားပုံက ထိုဗိသုကာရဲ့ ကျွမ်းကျင်မှုပါပဲ။


ဗိသုကာတစ်ယောက်က အိမ်ရဲ့ ဒီဇိုင်းကို ရှင်းပြနေပုံပါ။


ဧည့်ခန်းရဲ့ မျက်နှာကျက်ဒီဇိုင်းပါ။
နောက်ဆုံးအိမ်ကတော့ Bukit Temah ကအိမ်လေးပါ။ ကျွန်တော်တို့ ကြည့်ခဲ့တဲ့ အိမ်တော်တော်များက ဆောက်လုပ်ဆဲ၊ ဆောက်ပြီးကာစ အိမ်ရှင်တွေ မပြောင်းလာသေးတဲ့ အိမ်တွေပါ။ အခုနောက်ဆုံးအိမ်လေးးကတော့ ပိုင်ရှင်တွေ နေနေကြပါပြီ။ မြေကွက်သေးသေးလေးပေါ်မှာ ချစ်စရာအကောင်းဆုံးဆောက်ထားပါ။ အိမ်ပိုင်ရှင်ကိုယ်တိုင်က ဗိသုကာ ပညာရှင် Albert Lim ပါပဲ။ အိမ်ဘေးနားမှာ ငါးပေလာက်ရှိတဲ့ ရေကူးကန်လေးရှိပါတယ်။ အိမ်ပိုင်ရှင်ရဲ့ သမီးလေးက ရေကူးကန်လိုချင်တာနဲ့ ဖခင်ဖြစ်သူက မြေကွက်ကျဉ်းကျဉ်းလေးပေါ်မှာ မဖြစ်ဖြစ်အောင် ဖန်တီးပေးခဲ့တာနဲ့။ မိသားစုတစ်ခုလုံး အလွန်ပဲ နွေးထွေးစရာကောင်းပါတယ်။ အိမ်လေးရဲ့ အပေါ်ထပ်မှာ စတူဒီယိုသေးသေးလေးလဲ ထည့်ထားပါတယ်။ ကျွန်တော်လည်း လျှောက်ကြည့်ရင်းနဲ့ တစ်နေရာရောက်တော့ အံ့သြသွားမိတယ်။ ပုဂံက သဗ္ဗညုဘုရားဗိသုကာပုံကို မှန်ဘောင်လေးနဲ့ ထည့်ထားလို့ပါ။ ကျွန်တော်အဲသည်ပုံလေးကို မြင်လိုက်ရတော့ အရမ်းကို ၀မ်းသာသွားမိတယ်။ နောက်တော့ အိပ်ခန်းလေးတွေထဲကို လိုက်ကြည့်မိတယ်။ အိမ်ခန်းတစ်ခန်းရဲ့ နံရံကပ်စင်တစ်ခုပေါ်မှာ မြန်မာပြည်က ယွန်းဘူးတွေကို လှလှပပထင်ထားပြန်ပါသေးတယ်။ ကိုယ့်မြန်မာပြည်က အရာဝတ္ထုလေးတွေကို စကာင်္ပူလူမျိုးတစ်ယောက်ရဲ့ အိမ်မှာ တွေ့လိုက်ရတာ အရမ်းကို ဂုဏ်ယူမိတာအမှန်ပါ။



အလုပ်က သူငယ်ချင်းတစ်ယောက်က အမှတ်တမဲ့ ရိုက်လိုက်တဲ့ ပုံလေးပါ။ ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ ကောင်မလေးက ထိုင်းကပါ။

15 ယောက်ကဒီလိုမြင်တယ်တဲ့...:

Anonymous said...

inn.. Guess.. u took MC to write this post? or really got cold on that day. do take care!
lcy ^V^

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ပုံတွေ အားလုံးလှတယ်

အောက်ဆုံးကပုံက အလှဆုံးးးးဘဲး)

ကိုမျိုး said...

မင်္ဂလာပါ ကိုသက် ရေ..

ဗိသုကာ လက်ရာတွေအတွက် ကျေးဇူးပါ။ ကျနော် အရမ်း စိတ်ဝင်စားတဲ့ ဘာသာရပ် တစ်ခုဖြစ်နေတာလဲ ပါတာပေါ့။

အပေါ်က နှင်းဆီပန်းချစ်တဲ့ကောင်မလေး ပြောသလို အောက်ဆုံးပုံကတော့ အရမ်းကို လက်ရာအမြောက်ဆုံး ပါပဲ။ :) :)

ခင်မင်စွာဖြင့်
ကိုမျိုး

Rita said...

Great Design!

ငယ်ငယ်က ဗိသုကာ ဖြစ်ချင်ခဲ့ဖူးတယ် (လို့ ထင်တယ်)။

စည်သူ said...

အေးပေါ့ ကိုသက်ပိုင်သူရေ..

ရွေးချယ်မှု မှန်ကန်ပါတယ်ဗျာ..
ဝင်ခွင့်မရတဲ့ နေရာတွေကို အခွင့်ရေးရတုန်းသွားလိုက်တာ အမြော်မြင်ကြီးပါပေတယ်

အင်း...
အောက်ဆုံက ပုံကတော့ အလှဆုံးပဲလို့ မပြောတော့ပါဘူး..း)

နာလိုဘူးကွာ.. အဟွန့်..း(

cupid said...

အခုမှ ဒီblog ကိုေ၇ာက်လာတာပါ... architecture ကိုစိတ်ဝင်စားသူ ၁ယောက်ပါ... =) သိတာလေးတွေ share ပေးတာကျေးဇူးတင်ပါတယ်... ကျွန်တော်သိတဲ့ link ၁ခုကိုပြန်share ပေးလိုက်ပါတယ် ..http://www.promyanmar.com/architecture/library-livraria-da-vila

နွေးနေခြည် said...

အတော် စိတ်ကူးကောင်းကြတာပဲ...
မြန်မာပစ္စည်းလေးတွေ ထည့်ထားတဲ့ အိမ်တော့ သဘောကျသွားပြီး)

Shweaung said...

အကိုလဲကျောင်းတုန်းကဗိသုကာယူဖို့ မယူဖြစ်ခဲ့ဘူး.. အခြေအနေတခုကြောင့်ပေါ့.. အခုတော့ဝါသနာမပါတဲ့ စက်မှုအင်ဂျင်နီယာ ဘ၀ကိုမကြာခင်စွန့်လွတ်တော့မယ်.. အားကျတယ်ပိုင်ပိုင်..

zin min nyein said...

no matter how urgly it is,I'm happy to view bldgs and it's related articles. It's my childhood dream to become architect but dramatically I became civil engineer who never do any design structure to date and currently work as a QS. thks for ur civil related post. I'ld love to be ur hard-core fan as long as u maintain posting.

ahkar said...

Being as a person who loves architecture and structures, I am very much glad to see all the picture and blog posting as general public couldn’t have access to private residence of others and their lovely creations (done by architects). I love all the houses but especially love the last one and the rough, rugged house by Mark Wee. The last one is very warm, clean and homely although it looks pretty small compared to Lien Mansions. I also love Mark Wee’s work, very rough but love those clean lines and its combination of raw materials and glasses.

Wai Phyo said...

design တွေအများကြီးကို အခုလို ခြုံမပြောပဲ..
၂ ခုလောက်စီလောက်တွဲပြီး..သေချာရေးပေးရင်ပိုကောင်းမှာပဲ
အခုတော့ ဖတ်ရတာ အားမရဘူး..း-)

makha said...

Thank for sharing about architecture.

The Queen said...

ပညာရပ်ပိုင်းကို နားမလည်ပေမယ့် နေချင်စရာ အိမ်လေးတွေကို ငေးသွားပါတယ်။

ချစ်ခြင်း ခြေရာ said...

စိတ်ဝင်စားဖွယ် ဓါတ်ပုံလေးတွေနဲ့တန်ဆာဆင်ထားပြန်တာမို့ ဖတ်ရင်း အိမ်လေးများကိုသဘောကျသွားပါတယ် ။

ဆောင်းနှင်းရွက် said...

ဗိသုကာ ဆိုလို့ စိတ်ဝင်စားလို့
ဖတ်သွားတယ် ...