
ဆာယုရိသည် မာမိဟရဲ့ သင်ကြားမှုအောက်မှာ ကျွမ်းကျင်တဲ့ မိုင်ကိုတစ်ယောက် ဖြစ်လာတယ်။ မာမိဟက သူမကို အကျော်ကြားဆုံး ဂေရှားမယ်ဖြစ်ဖို့ တဖြေးဖြေး လက်တွဲခေါ်ခဲ့တယ်။ တစ်ရက်၊ မာမိဟက အရေးကြီးဆုံး ဧည့်သည်တစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ သူမကို ဆူနမိုနပမ်းသတ်ပွဲကို ခေါ်လာခဲ့တယ်။ ထိုလူမှာ ဆာယုရိ အနှစ်နှစ်အလလ မျှော်လင့်စောင့်စားနေခဲ့တဲ့ Chairmanပေါ့။ Chairmanရဲ့ စိတ်ဝင်စားမှုကို ရယူဖို့ ဆာယုရိက ကြိုးစားရမှာပါ။ ထိုအချိန်မှာပဲ မထင်မှတ်ဘဲ ဟာစူမိုမိုနဲ့ ပန့်ကင်းတို့ ရောက်လာကြတယ်။ မာမိဟက သူမတို့ရဲ့ ၀ှက်ဖဲကို ဟာစုမိုမိုတို့ကို မသိစေချင်ဘူး။ အဲဒါမို့လို့ ဆာယုရိကို Chiarmanကို မဖျော်ဖြေခိုင်းတော့ဘဲ သူရဲ့ သူငယ်ချင်း နိုဘုဆန်ကို ပြောင်းပြီး ဖျော်ဖြေခိုင်းလိုက်တယ်။ ထိုပြောင်းလဲမှုက ဆာယုရိရဲ့ မျော်လင့်ခဲ့တဲ့ အိပ်မက်တွေကို တဖြေးဖြေးပျက်စီးစေခဲ့တာပေါ့။
နိုဘုဆန်က ဆာယုရိကို စိတ်ဝင်စားလာတယ်။ Tea House ကိုလာတိုင်း ဆာယုရိကိုပဲ ဖျော်ဖြေခိုင်းတယ်။ တချိန်တည်းမှာပဲ အိုခိယာကလည်း ပန့်ကင်းကို သမီးအဖြစ်မွေးစားတော့မယ်လို့ ဂတိပြုလိုက်တယ်။ သည်နေရာမှာ အိုခီယာနဲ့ ပါတ်သက်ပြီး စိတ်ဝင်စားစရာ တစ်ခုထွက်လာပါတယ်။ အိုခီယာမှာ လက်ရှိဂေရှားမယ်ဖြစ်နေတဲ့ ဟာစူမိုမိုကို သမီးအဖြစ်မမွေးစားလိုပါဘူး။ ဘာလို့လဲဆိုတော့ ဟာစူမိုမိုက မနာလိုဝန်တိုတတ်တဲ့ မိန်းမတစ်ဦးဖြစ်ပြီး သူမလိုချင်တာကို ဘယ်လိုနည်းနဲ့မဆို ရအောင် ယူတတ်ပြီး အသုံးအဖြုံးကြီးသူတစ်ယောက်လည်း ဖြစ်တယ်။ သူမကိုသာ သမီးအဖြစ်မွေးစားခဲ့ရင် အိုခီယာမှာ နှစ်ပေါင်းများစွာ စုစောင်းခဲ့တဲ့ ကီမိုနိုတွေက ခဏလေးနဲ့ ကုန်သွားမှာကို အိုခီယာကလည်း သိတယ်။ ဂေရှားတစ်ယောက်အနေနဲ့ သမီးအဖြစ်မမွေးစားခံရဘူးဆိုရင် သူမဘ၀ကလည်း အိုမင်းလာတဲ့အခါ မရေရာမသေချာပါဘူး။ ဒါကြောင့်မို့လည်း အိုခီယာက သမီးအဖြစ်တော်ကောက်ခံရဖို့ ဂေရှားတော်တော်များများရဲ့ အိပ်မက်တစ်ခုလို့ပြောလို့ရပါတယ်။
မကြာမီမှာပဲ ဂီယွန်ရဲ့ ကျော်ကြားတဲ့ အကပြိုင်ပွဲ စတော့မှာပါ။ ထိုအကပြိုင်ပွဲမှာ ဂီယွန်မှာ ရှိသမျှ ဂေရှားမယ်တွေက အလှဆုံးပြင်ကြပြီး အကောင်းဆုံးအကတွေနဲ့ ယှဉ်ပြိုင်ကြမှာပါ။ အဲဒီကပွဲမှာ ဆာယုရိကလည်း ကပြဖျော်ဖြေမှာပါ။ ထိုကပြဖျော်ဖြေပွဲအတွက် နံရံကပ်ကြော်ငြာတွေကလည်း နေရာအနှံ့ ကပ်တော့မှာလေ။ လူတော်တော်များများကလည်း နှစ်တိုင်း ကြော်ငြာမှာပါလာမယ့် ဂေရှားမယ်အသစ်လေး ဘယ်သူဖြစ်မှာလည်း စိတ်ဝင်စားကြတယ်။ မာမိဟကလည်း အဲဒီအချက်ကို ကောင်းကောင်းသိတယ်။ အဲဒီတော့ ဆာယုရိကို ကြော်ငြာဒီဇိုင်းလုပ်တဲ့ ပန်းချီဆရာဆီ နည်းမျိုးစုံနဲ့ ခေါ်သွားပြီး ဆာယုရိရဲ့ အပြာရောင်မျက်လုံးတွေကို သတိထားမိအောင် ကြိုးစားခဲ့တယ်။ ထိုကြိုးစားမှုအောင်မြင်ခဲ့တယ် ဆိုရမှာပဲ။ ဂျီယွန်မှာ ထီးလေးဆောင်းထားတဲ့ ဆာယုရိပုံတူက နေရာအနှံ့ကို ပြန့်သွားတော့တယ်။
လူတော်တော်များများကလည်း နှစ်တိုင်း ကြော်ငြာမှာပါလာမယ့် ဂေရှားမယ်အသစ်လေး ဘယ်သူဖြစ်မှာလည်း စိတ်ဝင်စားကြတယ်။ သည်လိုနဲ့ပဲ ဆာယုရိရဲ့နာမည်က ဂေရှားမြို့လေးမှာ တဟုန်ထိုး ကြော်ကြားလာခဲ့တယ်။ အဲဒီကြော်ကြားမှုတွေကြောင့်ပဲလား မသိဘူး။ သူမနဲ့ chairmanရဲ့ နီးစပ်မှုကလည်း တဖြေးဖြေးဝေးကွာလာခဲ့တယ်။ ဘာလို့လည်းဆိုတော့ Chairman ရဲ့ သူငယ်ချင်းနိုဘုဆန်က ဆာယုရိအပေါ် ရူးသွပ်လာလို့ပါပဲ။
ဆာယုရိလည်း မကြာခင်မှာပဲ သူမရဲ့ အကြွေးတွေကို ကြေအောင် ဆပ်နိုင်တော့မယ်။ဒါကို သိတဲ့ အိုခိယာကလည်း ဆာယုရိကို လက်မလွတ်နိုင်တော့ဘူး။ မာမိဟနဲ့လောင်းကြေးထပ်ထားတဲ့အတိုင်းဆို အိုခိယာဘက်က ရှုံးဖို့ သေချာသလောက် ဖြစ်နေပြီ။ အဲဒီတော့ အိုခိယာက ဆာယုရိကို မွေးစားသမီးအဖြစ် အတိအလင်းကြေငြာလိုက်တော့တယ်။ သနားစရာပန့်ကင်းခမျာ မွေးစားသမီးဖြစ်ခါနီးမှ ခါချလိုက်သလို ခံစားလိုက်ရရှာတယ်။ ပိုပြီး ဒေါသထွက်သူကတော့ ဟာစုမိုမိုပေါ့။ သူမဘယ်လိုပဲ နာမည်ကြီးတဲ့ ဂေရှားဖြစ်နေပါစေ အိုခီယာက မမွေးစားခဲ့တဲ့အတွက် သူမရဲ့ နောင်ရေးကလည်း မသေချာပါဘူး။ ဒါပေမယ့် သူမရဲ့ ညီမငယ်ဖြစ်လာတဲ့ ပန်ကင်းကို အိုခီယာက သမီးအဖြစ်မွေးစားတော့မယ်လို့ ဆုံးဖြတ်တဲ့အချိန်တုန်းက သူမရဲ့ မျှော်လင့်ချက်ရောင်ခြည်က ပြန်ပြီး တောက်ပလာခဲ့ဖူးတယ်။ ဘာလို့လည်းဆိုတော့ သူမအနေနဲ့ မွေးစားသမီးမဖြစ်ပေမယ့် မွေးစားသမီးရဲ့အမ ဖြစ်နေတဲ့အတွက် ဒီအိုခီယာအပေါ် သူမရဲ့ သြဇာအာဏာ အလိုအလျောက် သက်ရောက်သွားတော့တယ်။ အခုတော့ အိုခိယာက စိတ်ပြောင်းပြီး ဆာယုရိကို တရားဝင် ကြေငြာလိုက်တဲ့အတွက် သူမရဲ့ မျှော်လင့်ချက်တွေက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပါပြီ။
သည်ပြဿနာက သည်မှာတင် မပြီးသွားသေးပါဘူး။ ဆာယုရိကို တရားဝင်သမီးအဖြစ် ကြေငြာပြီးတဲ့ အခါမှာ သူမလက်ရှိနေတဲ့ အခန်းကျဉ်းလေးထဲကနေ ဟာစုမိုမိုနေတဲ့ အခန်းကျယ်ကျယ်ထဲကို ပြောင်းရပါတယ်။ အိုခီယာမှာ ထုံးစံအရ ၀င်ငွေအများဆုံးရှာနိုင်တဲ့ ဂေရှားက အကောင်းဆုံးအခန်းကို ရပါတယ်။ ဟာစုမိုမိုက ဆာယုရိကို ငယ်ငယ်ကလေးကတည်း ဘိုကျလာခဲ့တာ၊ အခုတော့ သူမဘိုကျသမျှခံခဲ့ရသူက သူမနေရာကို ယူမယ်ဆိုတော့ မိန်းမပီပီ မခံစားနိုင်တော့ပါဘူး။
သည်လိုနဲ့ အခန်းပြောင်းရင်း ရွှေ့ရင်း ဟာစုမိုမိုက ဆာယုရိမရှိတုန်း သူမရဲ့ ပစ္စည်းတွေကို ၀င်မွှေပါတော့တယ်။ အဲဒီအခါမှာ ဆာယုရိငယ်ငယ်ကတည်းက သိမ်းထားတဲ့ လက်ကိုင်ပုဝါလေးနဲ့ Chairmanပုံပါတဲ့ သတင်းစာဖျက်ပိုင်းပုံတွေကို တွေ့သွားပါတော့တယ်။
သူမရဲ့ပစ္စည်းတွေကို ဟာစုမိုမိုလက်ထဲမှာ တွေ့လိုက်တဲ့အခါမှာ ပြန်လုကြရင်းနဲ့ အခန်းထဲမှာ ထွန်းထားတဲ့ မီးအိမ်မှောက်သွားပြီး အခန်းကို မီးစွဲပါတော့တယ်။ အိုခီယာကလူတွေ ရောက်လာပြီး မီးကို ၀ိုင်းငြိမ်းကြတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ လက်ကိုင်ပုဝါလေးကို ဆာယုရိပြန်ရလိုက်တယ်။ ဒါပေမယ့် ဟာစုမိုမိုအတွက်ကတော့ ဘာဆိုဘာမှ မကျန်တော့ပါဘူး။ သည်အိုခိယာ၊ သည်ဂေရှားဘ၀တွေမှာ သူမအတွက် အဓပ္ပါယ်မဲ့သွားပါပြီ။ ဒါကြောင့်မို့ မြင်မြင်ရာ ဆီမီးအိမ်တွေကို ရိုက်ခွဲပြီး အိုခီယာကို မီးတိုက်ပါတော့တယ်။ သူမ မျှော်လင့်ခဲ့သလိုအိုခီယာကို မီးတောက်တွေရဲ့ ၀ါးမြိုမှုကို မခံရပေမယ့်၊ အိုခီယာနဲ့ ဟာစုမိုမိုကတော့ နိတ္တိတန်သွားပါပြီ။ တကယ်တော့ မိန်းမတွေနဲ့ ဖွဲ့စည်းထားတဲ့ အိုခိယာလေးက မာနတွေ၊ မနာလိုမှုတွေ၊ အလိုရမ္မက်တွေနဲ့ ဖွဲ့စည်းထားတော့လည်း ဘယ်မှာ ငြိမ်းအေးမှုရနိုင်တော့မှာတဲ့လဲ။
ဆာယုရိတစ်ယောက်လည်း မိုင်ကိုကနေ အရွယ်ရောက်လာတဲ့ ဂေရှားမယ် ဖြစ်လာပါပြီ။ သူမအရင်ကလိုလည်း မိတ်ကပ်ကို ဖြူနေအောင် မခြယ်ရတော့ပါဘူး။ အဖြူရောင်မိတ်ကပ်တွေ မရှိတော့တဲ့ သူမရဲ့ သဘာဝမျက်နှာက ရင့်ကျက်တဲ့ဂေရှားဆိုတာ ညွှန်းဆိုစပြုနေပါပြီ။
ဂေရှားတစ်ယောက် အောင်မြင်စွာ ဖြစ်တည်လာသော်လည်း သူမတို့ရဲ့ သင်ယူမှုတွေက ရပ်တန့်သွားခြင်း မရှိပါဘူး။ ဂေရှားနဲ့ အနုပညာကျောင်းက အမြဲတမ်း ဆက်စပ်နေတဲ့အရာပါ။ အကအသစ်တွေ ဂီတအဆန်းတွေကို ဆက်လက်ပြီး အနုပညာကျောင်းက သင်ယူနေရပါသေးတယ်။ အဲဒီလို စာသင်စရိတ်တွေ ၊ကီမိုနိုစတဲ့ အသုံးစရိတ်တွေအတွက် အနောက်ကနေ ထောက်ပံ့ပေးဖို့လူလိုလာပါပြီ။ အဲဒီလို ထောက်ပံ့ပေးသူကို ဓါဏလို့ခေါ်ပါတယ်။ အောင်မြင်တဲ့ ဂေရှားတစ်ယောက်နောက်မှာ ချမ်းသာတဲ့ ဓါဏတစ်ယောက်ရှိတတ်ကြစမြဲပါ။ ဆာယုရိလည်း ဓါဏလို့ခေါ်တဲ့ အမျိုးသားတစ်ယောက် ရဖို့ လိုအပ်လာပြီပေါ့။
ဆက်ပါဦးမည်။
(တခါတည်း အပြီးရေးမလို့ပါပဲ။ ဇာတ်သိမ်းပိုင်းမှာ ကမ္ဘာက ဂေရှားကို ပြည့်တန်ဆာနဲ့ မှားပြီး အမှတ်ယူရတဲ့ အကြောင်းရင်းကို သေသေချာချာရေးချင်လို့ပါ။ သည်းခံပြီး စောင့်ပေးပါဗျာ)



14 ယောက်ကဒီလိုမြင်တယ်တဲ့...:
ကိုသက်ပိုင်သူရေ အဆက်လေးဖတ်သွားပါတယ် ။ ဇတ်သိမ်းမျှော်နေပါ့မယ်။
Thanks.very good post.
သယ်ရင်းမြန်မြန်ဆက်ရေးနော်......အရမ်းကောင်းတယ်
ဘယ်တတ်နိုင်မလဲနော်
စောင့်ဆိုတော့လည်း စောင့်ရုံပေါ့ :D
TPT,
မရောက်တာကြာလို့အကုန်စုဖတ်သွားပါတယ်
သယ်ရင်းရေ ပို့စ်လေးရေးထားတာ ဖတ်လို့တော်တော် ကောင်းပါတယ်။ ဒါပေမယ့် ဂျပန်နာမည်တွေက အရှုပ်သားနော်။ :)
ကိုသက်ပိုင်သူရေ.. အဆက်လေးကိုဖတ်သွားပါတယ်နော်..
စောင့်ဖတ်နေတယ်နော်..
nice post! I love that movie & your article too !
စောင့်ဖတ်ပမယ် :)
အရမ်းကို ကောင်းပါတယ် ကိုသက်ပိုင်သူ..
စောင့်ဖတ်နေမယ်နော်..။
စကားမစပ်
ကိုသက်ပိုင်သူရဲ့ ပန်းကလေးတွေ နဲ့ လုပ်ထားတဲ့ ဗီဒီယိုဖိုင်လေးကြည့်ပီး
ဘုရားတင်ဖို့ ပန်းခူးတိုင်းးး လက်တွန့်သွားမိတယ်..
ချစ်သူတွေများ သတ်မိသွားသလာလို့။။
အဲဒါနဲ့ ရူးပီး ပန်းကလေး ၂ပွင့် ချိတ်ထားရင် ချိတ်ထားတဲ့ ပန်းကလေး ၂ပွင့်လုံး ခူးပီး တင်ပေးလိုက်တယ်..။
သေတော့လဲအတူ .. ဘုရားေ၇ှ့မှာ... ဆိုတော့ ဘဝကူးတော့ ကောင်းမှာပါလေ..ဆိုပီး စိတ်ဖြေဖြစ်တယ်..။
မခူးပဲ နေရင် ဘုရားစင်မှာ ပန်းမရှိမှာဆိုးတော့ .အဲလိုပဲ ဖြေတွေးတွေးလိုက်ရတယ်..။
စောင့်ရကျိုးနပ်တဲ့ပို့စ်တွေမို့ စောင့်နေပါတယ်။
း)
သိပ်ကောင်းတယ် ပို့စ်ရော မမြတ်နိုးရဲ့ comment ရော။
ကိုသက်ပိုင်သူရေ ကျေးဇူးဗျ ...
Post a Comment