၀၄။ မြန်မာ့ရိုးရာအားကစား

မြန်မာလူငယ်တော်တော်များများက ခြင်းလုံးကစားရတာကို ဘောလုံးကစားရတာထက် အရင်က ပိုပြီး မက်မောကြပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူငယ်တွေ ဆုံဖြစ်ကြပြီဆို ခြင်းခတ်ကြတော့တာပါပဲ။ တောရွာတွေမှာဆို ညနေနေညိုချိန် လုံမပျိုလေးတွေ ရေခပ်ဆင်းလာကြပြီဆိုရင် ကာလသားတစ်သိုက်ကလည်း ခြင်းဝိုင်းလုပ်ပြီး သူ့ထက်ငါလူစွမ်းကောင်းပြတတ်ကြပါတယ်။

ဒီပုံလေးကတော့ နပန်းသတ်ပွဲပါ။ ရခိုင်လူမျိုးတွေရဲ့ ကျင်ကိုင်ပွဲလို့ခေါ်မယ်ထင်တဲ့ နပန်းပွဲနဲ့ဆင်ပါတယ်။ အဲဒီခေတ်က နပန်းသတ်တော့မယ်ဆိုရင် တင်ပါးပေါ်တဲ့အထိ ခါးတောင်းကို မြှောင်နေအောင် ကျိုက်ကြတယ်။ ဘာနဲ့တူသလဲဆိုရင် ဂျပန်ဆူနမိုသမားတွေ ၀တ်ထားသလိုပေါ့။ ဒါပေမယ့် မြန်မာလူမျိုးတွေက သူ့ထက်ထက်စာရင် ကျစ်ကျစ်လစ်လစ်နဲ့ ပိုပြီး ကြည့်လို့ကောင်းမလားပဲ။

ကလေးတစ်သိုက် ဂျင်ပေါက်တိုင်းဆော့နေကြတာ။ ဟိုးခေတ်ကတည်းက ဂျင်ပေါက်တဲ့ အလေ့အထက ရှိနေပါပြီ။ ဒီဓါတ်ပုံထဲမှာဆို ကလေးနှစ်ယောက်က သူ့ဂျင်ကိုယ့်ဂျင်ကို တိုက်ကြက်တွေလို သဘောထားပြီး ချနေတယ်။ ဘယ်ဘက်က ကလေးကလည်း သူ့အလှည့်စောင့်ရင်း ပေါက်ဖို့ပြင်နေပါတယ်။

ဒီပုံလေးက ကိုလိုနီခေတ်ဦးကာလက လို့ထင်ပါတယ်။ အဲဒီအချိန်တုန်းကတည်းက စက်ဘီးတွေ ခေတ်စားလာပြီနဲ့တူတယ်။ ကလေးလေးတွေကို စက်ဘီးကိုယ်စီနဲ့ ပြိုင်ပွဲဝင်ခိုင်းနေကြတဲ့ ပုံပါ။ စက်ဘီးလေးတွေက ချစ်စရာကောင်းတယ်။ ရှေ့ဘီးက ပိုကြီးပြီး နောက်ဘီးနှစ်ဘီးက သေးပါတယ်။ နောက်ဘက်မှာတော့ မြန်မာကလေးငယ်လေးတွေ ထုံးစံအတိုင်း စောင့်ကြောင့်ထိုင်နေကြတယ်။

ဒီပုံကို အားကစားပွဲလို့သာ မြင်တာ။ ဘယ်လိုမှန်းလဲတော့ မသိဘူး။ အုန်းသီးခွဲတဲ့ ပြိုင်ပွဲပါ။ ဓါးတစ်ချက်တည်းနဲ့ အုန်းသီးတစ်လုံးကို ထက်ပိုင်းကွဲအောင် ခွဲနိုင်တဲ့ ပြိုင်ပွဲလို့ထင်ပါတယ်။ နောက်ပြီး ဘယ်နှစ်လုံးဆက်တိုက် ခွဲနိုင်တာလဲ ပါမယ်ထင်တယ်။ အုန်းသီးခွဲနေတဲ့ လူရဲ့နောက်မှာ ခါးတစ်ဖက်ထောက်ပြီး ရပ်နေတဲ့လူရဲ့ ပုဆိုးဝတ်ပုံကို ကြည့်ကြည့်ပါ။ ပုဆိုးက ၀တ်ပုံက ၂၀၀၀ခုနှစ်တုန်းက ခေတ်စားခဲ့တဲ့ ကောင်လေးတွေရဲ
ပုဆိုးချက်ပြုတ် ၀တ်နည်းနဲ့မတူဘူးလား။

ဒီကစားနည်းနာမည်တော့ မေ့နေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကုန်းပိုးပြီး အထုပ်ပစ်တိုင်း ကစားကြတာလေ။ ကုန်းပိုးတဲ့ ကောင်ကတော့ မစားသာပါဘူး။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အဲ့လိုကစားခဲ့ဖူးတယ်။
ဆက်ပါဦးမည်။
ကျမ်းကိုး။
၁။ ၁၈၅၅-၁၉၂၅ သမိုင်းဝင်ပုံရိပ်များ၊ လေ့လာသူတစ်ဦး
၂။
Mandalay and other cities of the past Burma ၊V.C.scott o’connor 1987 white lotus co., ltd.
၃။
Burma၊ Max. and Bertha ferrars, AVA publishing house 1901
17 ယောက်ကဒီလိုမြင်တယ်တဲ့...:
ဒီတခါပုံတွေက နည်းတယ်နော် သမိုင်းဆရာရေ... :)
ရှားပါးပုံတွေကို အဆင့်တစ်လို့သတ်မှတ်ရင် အောက်က ညွှန်းတဲ့စာတွေကို အဆင့်နှစ်ပေးမိမှာပဲ... တော်တော်အဆင်ပြေတယ်ဗျာ... ပုံကို ဖြတ်ခနဲကြည့်ပြီး
ညွှန်းထားတဲ့စာကို ဖတ်ကြည့်တယ် စာဖတ်ပြီးမှ ပုံကို သေသေချာချာ ကြည့်မိတော့ ပိုပြီး ကြည့်ကောင်း သလို ထင်မိတယ်..။
ရှားပါးပုံတွေ အတွက်ရော စေတနာပါပါနဲ့ ညွှန်းထားတဲ့ စာတွေအတွက်ရော ကျေးဇူးပါဗျာ...။
ပုံလေးတွေကိုရော ဖွင့်ဆိုထားတာလေးတွေကိုရော စိတ်ဝင်တစား ကြည့်သွားတယ်...
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ရှေးက ကစားနည်း အတော်များများကို ခုခေတ်မှာ မကားစော့တာ တွေ့ရတယ်။ အမှန်က ကစားနည်းလို ဘာကိုမှ ထိခိုက်နစ်နာစေတာ မဟုတ်တဲ့ ရိုးရာ ဓလေ့ ဆိုတာ ထိန်းသိမ်းသင့်ပါတယ်။ အခုလို မြန်မာ့ရိုးရာ ကစားနည်းတွေကို ပြန်လည်ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်။
ပုံလေးတွေ ဘယ်ကရလဲဟင်....တကယ်ကြိုက်တယ်...စာလေးတွေ ရေးထားတာလဲ ပိုကောင်းတယ်..။
ခြင်းခတ်တဲ့ပုံတွေ အကြီးချဲ့ကြည့်လိုက်သေးတယ်..။
ပေါင်မှာ ထိုးကွင်းမင်ကြောင်များတွေ့မလားလို့...။
အောက်ဆုံးပုံကို တို့လည်း ကစားခဲ့ဖူးတယ်...။ ကုန်းစီးရတဲ့လူမှာလည်း သတိကြီးစွာထားရတယ်.. အထုတ်ကိုပစ်တာ အားများသွားရင် အားလွန်ပြီး ရှေ့ကိုဇောက်ထိုးမကျအောင်ထိန်းရတာလေ..(အောက်ကလူကလည်း မနိုင့်တနိုင် တုန်ချိချိ ကုန်းပိုးထားရတာကိုး)
အပေါ်က SDL ပါ။ :)
အင်း... ကစားနည်းတွေကိုပါ ပြန်ပြီး သုတေသနလုပ် စုစောင်းဖို့ ကောင်းပါတယ်။
ရှားရှားပါးပါးပုံဟောင်းလေးတွေကို စိတ်ဝင်တစားကြည့်သွားပါတယ် ။
အသက်ရဲ့ အားထုတ်မှုတွေကို လေးစားအားကျနေတာပါ.. ပုံလေးတွေကို စေတနာထားဝေမျှပေးတာ ကျေးဇူးပါ..
ကျွန်တော့် အမြင်ကတော့ မြန်မာရုပ်ရှင်ဒါရိုက်တာတွေ ဒါတွေကို လေ့လာဖို့ကောင်းတယ် ထင်တာပဲ အစ်ကို... တစ်ခါလာလည်း ပွဲတက်ဝတ်စုံတွေ ၀တ်လို့ဝတ်နဲ့ ရုပ်ရှင်နဲ့မတူပဲ ပြဇာတ်ကနေကြလား အောက်မေ့ရတယ်
အထွေအထူး comment ပေးစရာ မရှိပါ။
စိတ်ဝင်စားမိပါတယ်။
အခုလို ရှေးဓာတ်ပုံအဟောင်းတွေကို ကြည့်ရတာ အစ်မရဲ့ ဝါသနာပါ။ တစ်ပုံချင်းစီကို ကြည့်ရင်း ကိုယ်မမြင်ဖူးတဲ့ ဟိုးခေတ်တခေတ်ဆီကို တွေးမျှော် ကြည့်မိပါတယ်။ ရှားရှားပါးပါး ဓာတ်ပုံတွေ ကြည့်ခွင့်ရလို့ အရမ်းကျေးဇူးတင်ပါတယ် မောင်လေး သက်ပိုင်သူ...
ကိုသက်ပိုင်သူလေးရေ ရိုးရာကစားနည်းတွေကို တစ်ဝကြီးကြည့်သွားတယ် ကျေးဇူးတင်လိုက်တာ နောက်ဆုံးကစားနည်းကို နံမည်စဉ်းစားနေတာ ...
လေးစားပါတယ် ..း))
priceless and durable record ပေါ့ဗျာ။ အရမ်းကောင်းပါတယ်။
Post a Comment