၀၂။ ကျေးလက်မင်္ဂလာဆောင်

ရှေးခေတ် မင်္ဂလာဆောင်တစ်ခုပါ။ သတို့သားက လက်ဝဲဘက်၊ သတို့သမီးက လက်ယာဘက် ထိုင်ကြတယ်။ ပုံထဲက အဆင်အပြင်အရဆိုရင် ကွမ်းအစ်နဲ့ လက်ဖက်ရည်ကြမ်းတစ်စုံက မင်္ဂလာပွဲအတွက် အရေးပါတယ်လို့ ထင်ရပါတယ်။ နောက်ပြီး အမျိုးသားတွေ ၀တ်တဲ့ အ၀တ်အစားကို သတိထားကြည့်ပါ။ အပေါ်ကြယ်သီး တပ်ရုံပဲ တပ်ထားတာ တွေ့နိုင်ပါတယ်။ မင်္ဂလာပွဲဆိုတာ မိစုံဖစုံ ရံရတယ် ဆိုပေမယ့် ဒီဓါတ်ပုံမှာတော့ သတို့သားဘက်မှာ မိခင် မရှိတော့ဘူးလို့ ယူဆနိုင်၏။
၀၃။ လူနေမှုဘ၀အထွေထွေ

ရှေးခေတ် လှေထိုးသားတွေပါ။ ဗမာလူမျိုးအမျိုးသားတော်တော်များက အပေါ်အကျီင်္ကပ်တယ်လို့ကို မရှိကြဘူး။ ဓါတ်ပုံထဲမှာဆို လက်နှစ်ချောင်းဆန့်ပြီး ဒူးနှစ်ဖက်ထာင်ပြီး ထိုင်တတ်ကြတယ်။ အခုထက်ထိလည်း တော်တော်များများ အခုလို ထိုင်နေကြတုန်းပါပဲ။ ဒါပေမယ့် ခေါင်းမှာတော့ ချည်ထည်ပုဝါလေးတော့ အမြဲပေါင်းတတ်ကြပါတယ်။

မိန်းကလေးတော်တော်များများက မိုးရာသီကျတာနဲ့ အိမ်တွေကို အမိုးမိုးဖို့ သက်ကယ်ရက်ကြပါတယ်။ (သက်ကယ်ရက်လျင် ဓနိရွက်၊ အုန်းရွက်တွေ သုံးတယ်လို့ ထင်ပါတယ်)

တစ်ယောက်က ဆန်ပြာပြီး၊ နောက်တစ်ယောက်က ဆန်ထောင်းနေပုံပါ။

ဒီပုံလေးကတော့ ဖျာရက်နေပုံပါ။ (သင်ဖြူးဖျာတော့ မဟုတ်ပါဘူး၊ အုန်းရွက်လို အရွက်တစ်မျိုးကို သုံးတာပါ။ အဲဒီဖျာက အနည်းငယ်ကြမ်းပြီး ရက်ပြီးကာစမှာ စိမ်းဖျော့ဖျော့အရောင်ပါ။ ကြာလာရင် အ၀ါရောင်သမ်းသွားပါတယ်။ သင်ဖြူးဖျာလောက် တာရှည်မခံပါဘူး၊ ဖျာနာမည် မေ့နေလို့ သိရင် ပြောကြပါ)

ဆီထောင်းနေတယ်လို့ထင်ပါတယ်။ ပုဂံနဲ့ ပုပ္ပါးပတ်ဝန်းကျင်မှာ အခုလို ဆီကြိတ်တာကို တွေ့နိုင်ပါသေးတယ်။ လူက အလယ်က ရပ်ပြီး မြေပဲတို့ဘာတို့ကို ထည့်ပေးရတယ်။ နောက်တော့ နွားနဲ့ ဆီဆုံကို လှည့်ပါတယ်။ အခုလို ဆီဆုံနဲ့ နွားနဲ့ ဆက်သွယ်ထားတဲ့ မောင်းတံပေါ်မှာတော့ ကလေးတွေ၊ လူငယ်တွေ ထိုင်စီးပြီး ဆော့လေ့ရှိကြ၏။

ဘုရားဆင်းတုတော် သွန်းလုပ်နေကြပုံ

ပန်းယွန်းလို့ခေါ်သည့် ရှေးခေတ် ယွန်းထည်လုပ်ငန်း

ထီးလုပ်ငန်း

စဥ့်အိုးစဥ့်ထည်တွေ ရောင်းချရာ ဈေးဆိုင်တစ်ခု။

အိုးလုပ်ငန်းတစ်ခု၊

ဒီဓါတ်ပုံလေးကတော့ စဥ့်ထည်ပြုလုပ်နေပုံလို့ ယူဆပါတယ်
ပန်းပုထုနေပုံပါ။

ချစ်တီးကုလားလူမျိုးတွေပါ။

ဈေးလှည့်ရောင်းနေသည့် အမျိုးသားအထမ်းသည် တစ်ယောက်ပေါ့။ ရှေးခေတ်အမျိုးသားတော်တော်များများက အပေါ်အကျီင်္မ၀တ်ရုံသာမကဘူး။ တင်ပါးလုံးလုံးပေါ်တဲ့ အထိ ခါးတောင်ကို မြှောင်နေအောင် ကျိုက်ထားတတ်ကြတယ်။ တချို့ကလည်း တင်ပါးအထိရောက်အောင် ထိုးထားတဲ့ ထိုးကွင်းမှန်ကြောင်ပြချင်လို့လဲ ဖြစ်ကောင်း ဖြစ်မယ်။ ဒါမှမဟုတ် ဒီလိုဝတ်တတ်ကြတာ အကျင့်ဖြစ်နေတာလဲ ဖြစ်မယ်။ ဒီပုံထဲက ကော့ပျံနေတဲ့ ထမ်းပိုးကို တော်တော်သဘောကျမိတယ်။

နောက်ထပ်အားကောင်းမောင်းသန် ပန်းပဲ ဆရာပေါ့။ သူလည်းပဲ ခါးတောင်းမြှောင်အောင် ကျိုက်ထားပါတယ်။ ဒီလိုဗလ၊ ဒီလို ခါးတောင်ကျိုက်ပုံအရ ဆိုလျင် အနောက်နိုင်ငံသုံး Sexy ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုထားတဲ့ လွိင်ဆွဲဆောင်နိုင်အားကောင်းတယ်လို့ သုံးရင်ရနိုင်မလားပဲ။ အခုခေတ် ယောက်ျားလေးတွေနဲ့ တခြားစီပါပဲ။

ပန်းပဲလုပ်ငန်း

ဓါးသွေးလုပ်ငန်းလို့ ထင်ပါတယ်

ပဲခူးမြို့က ဈေးတန်းတစ်ခုလို့ ဖတ်ရပါတယ်။ အခုလိုဈေးတန်းလို အခင်းအကျင်းတွေ မြန်မာပြည်အနှံ့အပြားမှာ တွေ့နိုင်ပါသေးတယ်။

ရှေးခေတ် ဖိနပ်လုပ်ငန်း

ပန်းထိမ်လုပ်ငန်း

တွံတေးဘက်က အိုးလုပ်ငန်းတစ်ခု
ဆက်ပါဦးမည်
ကျမ်းကိုး။
၁။ ၁၈၅၅-၁၉၂၅ သမိုင်းဝင်ပုံရိပ်များ၊ လေ့လာသူတစ်ဦး
၂။
Mandalay and other cities of the past Burma ၊V.C.scott o’connor 1987 white lotus co., ltd.
၃။
Burma၊ Max. and Bertha ferrars, AVA publishing house 1901
15 ယောက်ကဒီလိုမြင်တယ်တဲ့...:
ပုံ တွေ လာ ကြည့်သွားပါတယ်...
စိတ်ဝင်စားစရာကောင်းပါတယ်
နောက်ပိုင်းလဲ မျှော်နေမယ်နော်
ချစ်တဲ့
ဖိုးစိန်
ဝေးးး ဓာတ်ပုံလေးတွေက တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်ဗျာ။ မြန်မာတယောက်အနေနဲ့ မြင်ထား၊ သိထာသင့်တဲ့ ဓာတ်ပုံတွေပါပဲ၊ ဆက်မျှော်နေပါတယ် . :)
ရှေးက အမျိုးသမီးတွေ အဲဒီလိုနေရဲတာ အရာရာဟာ (ပတ်ဝန်းကျင်၊ အမျိုးသားများ)ရိုးသားပြီး ယုံကြည်မှုထားနိုင်လို့လို့တွေးမိတယ်။
တွေးတောသွားပါတယ်။
တကယ်တန်ဖိုးရှိတဲ့ သမိုင်းပုံရိပ်တွေပါ ကျေးဇူးတင်လိုက်တာ ချစ်တီးကုလားတွေကိုမြင်တော့ အခုမြို့လည်ခေါင်က လူမျိုးခြားသူဌေးတွေကို မြင်ယောင်မိတယ်။။
သက်ပိုင်ရေ..
တကယ့်ကို ရှားပါး ပုံတွေပါပဲ..
မျှဝေပေးတာ ကျေးဇူးပါပဲ..
မြန်မာတွေက အလုပ်နဲ့ လက်နဲ့ မပြတ် လုပ်တတ်တာတွေက ပုံတိုင်းလိုလိုမှာ ပေါ်လွင်နေတယ်...
ဆက်ရန်တွေ မျှော်နေမယ်.. အသစ်တင်ရင် သံချောင်းခေါက်လိုက်နော်..း)
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
သူငယ်ချင်း ငါထင်တာတော့နင်ပြောချင်တဲ့ဖျာက ထန်းချောဖျာ ဖြစ်နိုင်တယ်။ ဗဟုသုတတ ကယ်ကိုရပါတယ်။ အခုလိုရှာဖွေတင်ဆက်ပြတာအရမ်းကျေးဇူးတင်ပါတယ်။
ဖျာရက်နေတာက ...ထန်းချောဖျာလို့ ခေါ်တယ်မဟုတ်ဘူးလား ဟင်....၊ သေချာတော့ မသိဘူးနော် ထင်လို့...။း) ပုံလေးတွေကို အရမ်း စိတ်ဝ်င်စားတယ်။
နှီးကြောဖျာ (ချော လို့ အသံထွက်တယ်) လို့ထင်တယ်။
တော်တော်စိတ်ဝင်စားစရာပါပဲ။ ရှာဖွေတင်ပြပေးတဲ့ အတွက် ကျေးဇူးပဲဗျို့။
နှီးချောဖျာ ဟုထင်ပါသည်။
ပုံလေးတွေကို စိတ်ဝင်တစား ကြည့်သွားတယ်
အောက်ပိုင်းနားလေးက ပုံတွေက ပိုင်ပိုင်ရဲ့မှတ်ချက်တွေ အများကြီးမပါလို့ သိပ်အားမရပါ။
စာတွေပါအများကြီးထည့်ပါရန် :)
ခင်မင်စွာဖြင့်
သီဟသစ်
စိတ်ဝင်စားဖို့ကောင်းပါတယ် ကျေးဇူးလည်းအထူးတင်တယ်ဗျ .. အဲသက်ကယ်ပျစ်တာတော့ မြက်တစ်မျိုးနဲ့ လုပ်တာပါ.. ကချင်တို့ ရှမ်း ချင်းတွေကတော့ သက်ကယ်မိုးအများဆုံးမိုးပါတယ် ဓနိမိုးတာက မြန်မာနိုင်ငံအောက်ပိုင်းတွေမှာပါ ..
နှီးချောဖျာဖြစ်ပါသည်။
ပုံထဲမှာ အမျိုးသားတော်တော်များများ အင်္ကျီမဝတ်ကျဘူး။ ပုံအများစုက လုပ်ငန်းခွင်ထဲက အလုပ်လုပ်နေတဲ့ပုံတွေဆိုတော့ အင်္ကျီ မဝတ်တာလဲ ဖြစ်နိုင်တယ်..တစ်ချို့ အမျိုးသားတွေကတော့ ဝတ်ကြပါတယ် ဘာကွာလဲ သိဘူးဗျ ..ဈေးရောင်းထွက်လာတဲ့ပုံရယ် ပန်းပဲ ဆရာ ပုံရယ်ကို ကြိုက်တယ်.
ရှာတတ်ပါပေ့နော် .. ပုံလေးတွေ အတွက် ကျေးဇူးတင်မိပါတယ် ..
Post a Comment