ကျွန်တော် စာကြည့်တိုက်မှာ Myanmar Interior Design နဲ့ ပါတ်သတ်ပြီး လေ့လာခဲ့စဉ်က တွေ့ရှိခဲ့သည် ဓါတ်ပုံ အချို့ကို ပြချင်ပါသည်။ အတော့်ကို ရှားပါးနေသည့် ဓါတ်ပုံများပါ။ Max. and Bertha ferrars မှတ်တမ်းပြုခဲ့သည့် ၁၈၉၀နောက်ပိုင်း ပါတော်မူပြီးကာစ မြန်မာကျေးလက်ဓါတ်ပုံများက ကောက်နှုတ်ချက်တွေပါ။ ပါတော်မမူခင်နှင့် ပါတော်မူပြီးကာစ အခြေအနေများက ဘာမျှ မပြောင်းလဲသေးပါဘူး။ ထိုစဉ်အချိန်အခါက မြန်မာလူမျိုးများ ဘယ်လို နေထိုင် စားသောက်ခဲ့သလဲဆိုတာ လေ့လာနိုင်ပါသည်။ ထိုဓါတ်ပုံများက မြန်မာ့ဓလေ့ထုံးတမ်းတွေ လေ့လာချင်သူများအတွက် အတော့်ကို အသုံးဝင်သလို ရှေးခေတ်သရုပ်ဖော် ရုပ်ရှင်ဗွီဒီယို ဖန်တီးသူတွေအတွက်လည်း ၀တ်စားဆင်ယင်မှု၊ ဇာတ်ဝင်ခန်းအသုံးအဆောင် ပစ္စည်းများ အထားအသိုကိုလည်း လေ့လာနိုင်ပါသည်။ ထို့အပြင် ရှေးဟောင်း မြန်မာ့ဖက်ရှင်ကို လေ့လာချင်လျင်လည်း ရပါသေးသည်။ မူပိုင်ခွင့်အရ တစ်စုံတစ်ယောက်က ဖြုတ်ပေးဖို့ လာရောက်တောင်းဆိုလျင်လည်း ပြန်လည် ဖြုတ်ပေးပါ့မည်။ အခုလောလောဆယ်တော့ စာဖတ်သူများ ဓါတ်ပုံများကို ခံစားလေ့လာနိုင်ကြပါစေ။ (Reference စာကြည့်တိုက်မှ စာအုပ်များကို ငှားခွင့်မရှိသောကြောင့် ဓါတ်ပုံရိုက်ယူခဲ့ရသဖြင့် ပုံတွေက မကြည်လင်တာ ခွင့်လွှတ်ပါ)
၀၁။ မြန်မာ့ရိုးရာကျေးလက်တစ်နေ့တာ
၀၂။ ကျေးလက်မင်္ဂလာဆောင်
၀၃။ လူနေမှုဘ၀အထွေထွေ
၀၄။ မြန်မာ့ရိုးရာအားကစား
၀၅။ မြန်မာ့ကျေးလက်ရှင်ပြု
၀၆။ ဘုန်းကြီးကျောင်းနှင့်သံဃာတော်များ
၀၇။ အနုပညာသဘင်
၀၈။ ၁၉၈၀ကာလက မြန်မာ့ဖက်ရှင်
၀၉။ မြန်မာ့နန်းတွင်းဗိသုကာ
၁၀။ ၁၈၉၀ကာလက ရန်ကုန်နှင့် တခြားမြို့ကြီးများ
၁၁။ သယ်ယူပို့ဆောင်ရေး
၀၁။ မြန်မာ့ရိုးရာကျေးလက်တစ်နေ့တာ
၀၂။ ကျေးလက်မင်္ဂလာဆောင်
၀၃။ လူနေမှုဘ၀အထွေထွေ
၀၄။ မြန်မာ့ရိုးရာအားကစား
၀၅။ မြန်မာ့ကျေးလက်ရှင်ပြု
၀၆။ ဘုန်းကြီးကျောင်းနှင့်သံဃာတော်များ
၀၇။ အနုပညာသဘင်
၀၈။ ၁၉၈၀ကာလက မြန်မာ့ဖက်ရှင်
၀၉။ မြန်မာ့နန်းတွင်းဗိသုကာ
၁၀။ ၁၈၉၀ကာလက ရန်ကုန်နှင့် တခြားမြို့ကြီးများ
၁၁။ သယ်ယူပို့ဆောင်ရေး
၀၁။ မြန်မာ့ရိုးရာကျေးလက်တစ်နေ့တာ
တောလက်ကျေးရွာမှာ ရှေးယခင်က ကြိမ်လုံးလေးတွေဖြင့် ကလေးပုခက်လေးတွေ လုပ်တတ်ကြပါသည်။ ထိုပုခက်လေးများကို ကြမ်းပြင်ပေါ်မှာတင်လျင်တင်၊ မတင်ချင်သည့်အခါ အိမ်ထုတ်တန်းမှာ ဆွဲပြီး လွှဲလေ့ရှိပါသည်။
မိန်းကလေးများ အရွယ်ရောက်လာသည့်အခါ သနပ်ခါးလိမ်း အလှပြင် တရုတ်စက္ကူနီများဖြင့် နှုတ်ခမ်းကိုရဲနေအောင် ဆိုးတတ်ကြပြန်သည်။ တရုတ်စက္ကူနီ မရှိလျင် ကွမ်းစားပြီး နှုတ်ခမ်းကို ရဲနေအောင် ပြင်တတ်ကြ၏။
အမျိုးသမီးတစ်ယောက် အရွယ်ရောက်လာလျှင် အိမ်သုံးဖို့အတွက် သောက်ရေ သုံးရေ ခပ်ကြရသည်။ ရှေးယခင်အမျိုးသမီးတို့ ရေခပ်ဆင်းသည့်အခါ အပေါ်အကျီင်္မပါ။ ထမီရေလျားဖြင့် ရေအိုးရွက်ကြသည်။
ဆက်ပါဦးမည်။
ကျမ်းကိုး။
၁။ ၁၈၅၅-၁၉၂၅ သမိုင်းဝင်ပုံရိပ်များ၊ လေ့လာသူတစ်ဦး
၂။ Mandalay and other cities of the past Burma
1987 white lotus co., ltd.


22 ယောက်ကဒီလိုမြင်တယ်တဲ့...:
ကိုသက်ပိုင်သူရေ....ဒီလို ဓာတ်ပုံလေးတွေက တကယ့်ကိုရှားပါးပါပဲ...။ ကြည့်ရတာ အရမ်းတန်ဖိုးရှိပါတယ်...။ စာလေးတွေ ရေးထားတော့ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။။.
တန်ဖိုးရှိလိုက်တာ ကိုသက်ပိုင်ပြောင်ရေ
ညီလေးပိုင်ပိုင်ရေ
ဓါတ်ပုံလေးတွေကို ကြည့်ပြီး လေ့လာသွားပါတယ်။ စာလေးတွေကလည်း သေချာပုံပေါ်အောင်ရေးထားတယ်လို့ ကောင်းတယ်။
ခင်မင်စွာဖြင့်
သီဟသစ်
ကြည့်ရတာ စိတ်ဝင်စားစရာရော၊ စိတ်မကောင်းစရာရော၊ စိတ်ပျက်စရာရောကောင်းတယ်။ အဲလို ပြောရင် ကြီးကျယ်ရာကျမယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ အဲဒီတိုင်းပဲ ဖြစ်လာတယ်။
ဟုတ်တယ် နယ်ဘက်တွေမှာ ဘာမှ မပြောင်းလဲသေးဘူး။
Thanks for ur sharing TPT.
Can I copy these photos?
I just want to keep in my PC.
သူငယ်ချင်းရေ ဗဟုသုတ တိုးတဲ့အတွက် ကျေးဇူးပဲ။ ကိုယ်တိုင်ဆိုရင် ရှာဖတ်ချိန်ရမှာ မဟုတ်ဘူးလေ...p :)
ကိုပိုင် ကောင်း
ပါ၏
ဆင်ဆင်ရေ
ရတယ် .. ယူသာယူ
ကျွန်တော်တို့နားလေးက ရွာတွေမှာ အဲဒီပုံထဲကဓလေ့တွေအတိုင်ပဲ တော်တော်များများရှိသေးတယ်ဗျ။ ရှေးမူမပျက်ဘဲ တိုးတက်အောင်လုပ်နိုင်ရင်ကတော့ အကောင်းဆုံးပဲ။
တချို့အရာတွေကို ဒီအတိုင်းရှိစေချင်နေသေးတယ် ဆိုရင် ခေတ်နောက်ပြန်ဆွဲတယ်လို့များ ပြောကြမလား
ဓါတ်ပုံတွေကြည့်ရင်းနဲ့ တခုခုကို လွမ်းလာသလို ဖြစ်မိတယ်...။
ရှားပါးဓါတ်ပုံလေးတွေ လာရောက်ကြည့်ရှုသွားပါတယ်..
ဆက်ရန်လေးတွေ လာကြည့်မယ်နော်..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ပိုင်ပိုင် က တော်တယ်.... ထက်မြက်တယ်...
ဒီလိုလေးတွေ များများရေးးး
စိတ်ဝင်စားတယ်...
ချစ်တဲ့
ဖိုးစိန်
ကိုသက်ပိုင်သူ ရှားပါးပုံလေးတွေ မြင်ရတော့ ၀မ်းသာလိုက်တာဗျာ။ ကျွန်တော်တို့ အသက်ထက်ကြီးတဲ့ ပုံလေးတွေမို့ ရှိခိုးပြီးမှ ကြည့်သွားပါတယ်။ ဟီးဟီး .....
သက်ပိုင်သူရေ
တန်ဖိုးရှိတဲ့ လေ့လာစုဆောင်းမှုတွေပါ
သေသေချာချာ မှတ်သားသွားပါတယ်။
အသက်ရေ...ရှားပါးပုံလေးတွေကို တင်ပေးတဲ့ အတွက် သိုင်းခရု သိုင်းလိပ် သိုင်းပုရွက်ဆိပ် ပါဗျာာာာာာာာာ
အော်ကိုကိုဂွေးလည်း.. ကိုဖြိုးကို သတိရနေတုန်းပဲနဲ့တူတယ်
Really, really interesting..love your post..thanks so much for sharing..
ရှားပါးဓလေ့ ဓာတ်ပုံများအတွက် ကျေးဇူး :)
သက်ဆိုင်သူသို့….အဲလေ….သက်ပိုင်သူသို့….
ရှားပါးဓါတ်ပုံလေးတွေ ဝေမျှတဲ့အတွက် ကျေးဇူးပါ။ အဲသည်ခေတ်က လူနေမှုအဆင့်အတန်းနဲ့ ဓလေ့စရိုက်ကို သိရတာပေါ့။ ပြောတာပြောရတယ် တကယ်တော့ နယ်ဖက်တွေမှာ သိပ်မကွာခြားသေးပါဘူး။ အင်္ကျီဝတ်လာတာရယ်…. မြေအိုးတွေအစား ဒန်အိုးဒန်ခွက် ပိုသုံးလာတာရယ်ပဲ ကွာခြားပါတယ်။
ရှားပါးပုံလေးတွေကို မြင်ရတာ မြန်မာရနံ့ တွေ ထုံမွှမ်းနေတဲ့ မြန်မာ့ဓလေ့ထုံးတမ်းတွေကို မြင်ခွင့်ရလို့  ကျေးဇူးတင်လိုက်တာ
တကယ်တန်ဖိုးရှိတဲ့ အရာတွေပဲ ၊ .....
စိတ်ဝင်စားစရာ အရမ်းကို ကောင်းပါတယ် .. မမြင်ဘူးတာတွေ မသိတာတွေ သိရ ကြားရတာ ကျေးဇူးပါ ..း)
Post a Comment