သည်တစ်ပတ်မှာတော့ အိမ်တွင်း Interior Design တွေနဲ့ပါတ်သက်ပြီး ကျွန်တော် ဆက်လက်ပြီး မိတ်ဆက်လို၏။ စာဖတ်သူများက Inteior Design ဆိုတာ အိမ်တစ်ခုတည်းနှင့် သက်ဆိုင်တယ်လို့ မထင်စေချင်ပါဘူး။ နောက်ပိုင်းမှာ ဘာသာရေးနှင့်သက်ဆိုင်သည့် ဒီဇိုင်း၊ ရုံးအဆောက်အဦးနှင့် သက်ဆိုင်သည့် ဒီဇိုင်းတွေအကြောင်း လေ့လာပြီး တင်ပြသွားပါ့မည်။ နောက်ပြီး နိုင်ငံတကာ Interior Design တွေနဲ့ပါတ်သက်တာတွေလည်း ရေးဦးမှာပါ။ အခုလောလောဆယ်တော့ မြန်မာ့ရိုးရာ ဒီဇိုင်းတွေနဲ့ ပါတ်သတ်ပြီး စလိုက်ကြပါစို့။
မြန်မာလူမျိုးတွေရဲ့ အနုပညာကို ညွှန်းဆိုပြပါဆိုလျှင် ပန်း၁၀မျိုးက အဓိက အခန်းကဏ္ဏကနေ ပါဝင်ပါသည်။ အခုနောက်ပိုင်း မြန်မာ့ဒီဇိုင်းဆိုပြီး လူတွေက အမျိုးမျိုးဖန်တီးကြပေမယ့် ထိုပန်းဆယ်မျိုးကိုတော့ မေ့နေကြတယ်လို့ထင်ပါသည်။ ကျွန်တော်တို့ငယ်ငယ်က ပဲ ၊ တိမ် ၊ တဉ်း ၊ တော့ ၊ မော့ ၊ ရန် ၊ ပု ၊ ပွတ် ၊ ချီ ၊ ယွန်း ဆိုပြီး မှတ်သားခဲ့ဘူးကြပါသည်။ လူတိုင်းသိနေသည့် အရာမို့အကျယ်မချဲ့တော့ပါဘူး။
မြန်မာလူမျိုးတွေ၏ ရှေးခေတ်နေထိုင်မှုတွေက အခုခေတ်နေထိုင်မှုတွေနှင့် သိပ်ပြီး မကွဲပြားသေးပါဘူး။ အထူးသဖြင့် မြန်မာပြည် အထက်ပိုင်းက ကျေးလက်တောရွာများကို လေ့လာကြည့်လျင် သိနိုင်ပါသည်။ ချမ်းသာကြွယ်ဝသည့်ကုန်သည်များ၊ မင်းမှုထမ်းများက ရေနံချီး ၀နေအောင် သုတ်ထားသည့် သစ်သားပျဉ်ထောင်တွေဖြင့် နေကြမည်။ သာမန်လူတန်းစားတွေအနေဖြင့် ၀ါးဖြင့်ဆောက်လုပ်ပြီး သက်ကယ်မိုးထားသည့် အိမ်လေးတွေဖြင့် နေကြမည်။ အရှေ့တောင်အာရှက စံတွေဖြင့် သတ်မှတ်လျင်တော့ အိမ်နီးချင်းနိုင်ငံတွေနှင့် ဆင်တူလို့ပဲ ထင်နိုင်ကြပါ၏။
ဒါပေမယ့် ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်မှုအနေဖြင့် ကြည့်လျှင်တော့ အတော့်ကို ကွဲပြားတာ တွေ့ရပါလိမ့်မည်။ မြန်မာ့ရိုးရာအိမ်တွေမှာ ဘုရားစင်တစ်ခုရှိသလို ဘုရားစင်ထက်နိမ့်သော စင်ပေါ်မှာ ရိုးရာနတ်စင်တွေလည်း ရှိတတ်ပါသည်။ အိမ်တစ်အိမ်မှာ မိသားစု၏ အဆင့်အတန်းကို သိလိုလျှင် ဘုရားစင်နှင့် ရေအိမ်ကိုကြည့်လို့ ဆိုရိုးရှိပါသည်။ ထို့ကြောင့်ပင် မြန်မာလူမျိုးတိုင်းက ဘုရားစင်ကို သပ္ပါယ်ဖွယ်ကောင်းအောင် အမျိုးမျိုးဆင်ယင်ကြပါသည်။
နောက်ပြီး အိမ်သုံးပစ္စည်းများကလည်း Interior Designအတွက်လည်း အရေးပါသော နေရာမှာ ရှိပါသည်။ ဒါပေမယ့် အိမ်သုံးပစ္စည်းတွေကို အများဆုံးသုံးပြီး အလှဆင်လျှင် home decoration မဖြစ်အောင် သတိထားဖိုလိုအပ်ပါသည်။ ထို့ကြောင့် Interior Designမှာ အိမ်သုံးပစ္စည်းတွေကို လိုတာထက်ပိုပြီး မသုံးသင့်ပါဘူး။
Interior design ကောင်းကောင်းဖြစ်ဖို့ အိမ်တစ်အိမ်၏ ပုံမှန်အခန်းဖွဲ့စည်းမှုတွေ အပြင်လူတွေရဲ့ အသုံးပြုမှုတွေကို နားလည်အောင် လေ့လာသင့်၏။ ရှေးခေတ် မြန်မာလူမျိုးတွေမှာ သစ်သား၊၀ါးဖြင့် ပါတ်သက်တာတွေအများဆုံး အသုံးပြုကြသည်။ ထို့ပြင် စဉ့်ရေသုတ် အိုးခွက်ပန်းကန်များကိုလည်း တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ရှေးယခင်က တွံတေး၊ဒလအရပ်က ထွက်သည့် စဥ့်ရေသုတ်ပစ္စည်းများကို အရှေ့တောင်အာရှကို တင်ပို့ခဲ့ကြသေးသည်။ ၁၄၊ ၁၅ရာစုခန့်က စဉ့်ရေသုတ်ပန်းကန်ခွက်ယောက်များက အလွန်ပဲ နာမည်ကြီးလှသည်။ အခုတော့လည်း မြန်မာလူမျိုးတို့ စဥ့်ထည်ပစ္စည်းများကို သိပ်မသုံးကြတော့ပေ။
နောက်ထပ်မြန်မာလူမျိုးတို့ ပျူခေတ်ကတည်းက အသုံးပြုခဲ့သည့် အိမ်တွင်းအလှဆင်သည့် အရာတစ်ခုရှိပါသေးသည်။ ထိုအရာမှာ ရွှေချည်ထိုးပစ္စည်းများပင်ဖြစ်သည်။ တကယ်တော့ ရွှေချည်ထိုးက မြန့်မာ့ရိုးရာစစ်စစ်မျဟုတ်ပါဘူး။ အိန္ဒိယကနေ တဆင့်ကူးပြောင်းဝင်လာသည့် ယဉ်ကျေးမှုအမွေလို့ထင်ပါသည်။ သို့ပေမယ့် ယခုထက်တိုင် ရွှေချည်ထိုးပန်းချီကားတွေ ကန့်လန့်ကာတွေက နာမည်ကြီး အသုံးပြုနေဆဲပါပဲ။
လှပသော ပန်းချီကားတွေ ရွှေချည်ထိုးလက်ရာတွေကို နံရံပေါ်မှာ ချိတ်လိုက်တပ်လိုက်ရုံဖြင့် ထိုနေရာလေးက လှပသွားရုံသက်သက်ပါပဲ။ ဒါပေမယ့် အသက်ဝင်လာအောင် ဖန်တီးဖို့က Inteior Designerရဲ့ ပညာပါပဲ။
(ဆက်ပါဦးမည်)

မြန့်မာလူမျိုးတွေ၏ ဘုရားစင်သည် တခါတရံ ဘုရားတစ်ဆူတည်း ဖြစ်ချင်ဖြစ်မည်။ ဒါမှမဟုတ် အခုလို များစွာသော ဘုရားဆင်းတုတော် ရှိချင်ရှိနေပေလိမ့်မည်။ များသောအားဖြင့်တော့ ဘုရားကပ်လှူထားသော ဆီမီးရေချမ်းနှင့် ပန်းတွေက အိမ်၏ ကျက်သရေကို တိုးစေတာ အမှန်ပင် ဖြစ်သည်။ ထိုအရာတို့သည် မြန်မာလူမျိုးတို့၏ အဓိကကျသည့် ဘာသာရေးအနုပညာတစ်ခုပင်ဖြစ်သည်။
ဘုရားစင်နဲ့ နည်းနည်းနိမ့်သည့် နေရာမှာတော့ အရောင်မျိုးစုံတောက်ပသည့် နတ်စင်ငယ်ငယ်လေးများက မြန်မာလူမျိုးအများစုအိမ်မှာ ရှိတတ်ကြသည်။ ပန်းရောင်စုံ ပုဝါစုံတွေကလည်း ထူးခြားမှုတစ်ရပ်ပါပဲ။ အိမ်တွင်းမှာ အခုလို ကိုးကွယိမှုဆိုင်ရာ အနုပညာလက်ရာတွေအများဆုံးရှိတာ မြန်မာနိုင်ငံတစ်ခုပဲလို့ထင်ပါသည်။
ကိုးကွယ်မှုအပြင် သောက်ရေအတွက်ကိုလည်း တခါတရံ သီးသန့် ထားတတ်ကြပါသည်. ဘုရားကပ်ဖို့ တစ်အိုး၊ နတ်ဆက်ဖို့တစ်အိုး။ လူသောက်ဖို့ တစ်အိုး။ သီးသန့်စီထားတတ်တာ မြန်မာ့အစဉ်အလာပါ။
မြန်မာမိန်းကလေးတွေအတွက် အလှပြင်ဖို့အတွက် တစ်နေရာစာတော့ ရှရပါသည်။ ထိုနေရာ သည် လေကောင်းလေသန့်ရရာ အလင်းရောင်ကောင်းကောင်း ရဖို့ရာ အရေးကြီးပါသည်။
၁၄ရာစု စဥ့်စိမ်းသုတ် ပန်းကန်လုံးနှင့် ပန်းကန်ပြား။ ဒီဇိုင်းက ယခုခေတ်အထိ သုံးနိုင်သေး၏။
မီးဖိုချောင်နဲ့ပါတ်သက်လျင်တော့ တော်တော်ခေတ်နောက်ကျနေသေးသည်လို့ ဆိုရပါမည်။
မြန်မာလူမျိုးတွေက အခုလို ဓါတ်ပုံတွေ ချိန်ဆွဲရတာကို အလွန်နှစ်သက်ကြပါသည်။ဒါပေမယ့် များလွန်းလျင်တော့ မျက်စိနောက်စရာကောင်းပြန်ရော။
စာကိုး။
-Tin Myin Thein
- The beauty of Fired Clay, ceramics from Burma, Cambodia, Laos, and Thailand
Hiromu Honda and Noriki Shimazu, oxford university press, 1997
- Myanmar Style, Elizabeth Moore
V.C.scott o’connor
1987 white lotus co., ltd.
-Burma
Max. and Bertha ferrars, AVA publishing house 1901

12 ယောက်ကဒီလိုမြင်တယ်တဲ့...:
လေ့လာမှတ်သားသွားပါတယ်
စိတ်ဝင်စားတယ်
ချစ်တဲ့
ဖိုးစိန်
ပန်း ၊ တိမ် ၊ တဉ်း ၊ တော့ ၊ မော့ ၊ ရန် ၊ ပု ၊ ပွတ် ၊ ချီ ၊ ယွန်း ....
တကယ်ပဲ ...အဲ့ဒါလေးတွေကို မေ့နေတာ...ပြန်ဆိုခိုင်းရင် ဆိုတတ်တော့မှာ မဟုတ်ဘူး..ခုတော့သေချာ ပြန်ဖတ်သွားတယ်..။ကျေးဇူးတင်ပါတယ်..။ ဓာတ်ပုံလေး တွေမြင်တော့ လွမ်းသွားတယ်..။
အင်း အစ်ကိုရေ မြန်မာ့ interior design ကို သူများတန်းတူ တန်းဝင်လာအောင် လုပ်နိုင်ရင်တော်တော်ကောင်းမယ်ထင်တယ်နော်..
လေ့လာတင်ပြချက်တွေအတွက် အများကြီး ကျေးဇူးတင်ပါသည်။
ညီမအမြင်ပြောရရင် မြန်မာရိုးရာ အသုံးအဆောင်ပရိဘောဂတွေ တစ်ခုချင်းမှာ အနုပညာဆန်သလောက် စီစဉ်ထားသိုပုံကိုတော့ ခေတ်နောက်ကျတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် မီးဖိုချောင်။
ရှေးလူကြီးတွေရဲ့ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ နေထိုင်တဲ့ လူနေမူစရိုက်လေးတွေကို ပုံလေးတွေနဲ့ ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
တကယ်ဗဟုသုတရစရာတွေ ရေးနိုင်ပါပေတယ်။
သေချာဖတ်သွားတယ်။
စိတ်ဝင်စားတယ်။ ဆက်ပါဦး။
လူပျိုလှည့်ပုံကတော့ ရိုက်ပေါက်နော်။ အင်္ကျီဗလာနဲ့။ လူကြီးတွေ ဘယ်ရောက်နေလဲ မသိဘူး။
အမြဲတမ်း စိတ်ဝင်တစားဖတ်နေကြ
ခုလည်းစိတ်ဝင်တစားဖတ်သွားပါတယ် ..း)
မိုးခါး
ပထမဆုံးလာဖတ်ဖြစ်တာပါ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ချိတ်ထားတဲ့ ဓါတ်ပုံတွေ များလွန်းတော့ မျက်စိနောက်စရာနော်။ ပြီးတော့လေ ပန်းဆယ်မျိုးက ပဲ၊ တိမ်၊ တဉ်း၊ တော့.........ပါ။ ပန်းမဟုတ်ပါဘူး။ ပန်းပဲကိုပြောတာပါ။ နောက်မှပြောင်းသွားရင်တော့ မသိဘူးနော်။ ငယ်ငယ်တုန်းက သင်ခဲ့ရတာကို ပြောတာ။
ဆက်ပါဦး ကွယ်ရို..နောက် အပိုင်းလေးတွေ ဖက်ချင်နေသေးတယ်...
ဆက်ရေးပါဦး စောင့်ဖတ်နေတယ်
ဖတ်ရတာ မ၀သေးပါ..:-)
Post a Comment