စိန့်ပီတာရင်ပြင်၊ မဒါနာ Maderna’s Façade၊ အိုဘလစ်ခ်ကျောက်တိုင်၊ စိန့်ပီတာဘာဆီလီကာ
(အင်ဒိုနီးရှားခရီးစဉ်အကြောင်းကို ခဏရပ်ပြီး ဒီပို့စ်လေးကို တင်ချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာတီကန် စီးတီးအကြောင်း ပြောချင်နေတာ ကြာပါပြီ။ အခုလည်း အဲဒီအကြောင်းနဲ့ပါတ်သတ်တဲ့ Angel and Demons ဆိုတဲ့ ရုပ်ရှင်ကလည်း ရုံတင်တော့မှာ မို့လို့ စာဖတ်သူတွေ Vatican city နဲ့ပါတ်သက်ပြီး ရင်းနှီးစေချင်တာလည်းပါပါတယ်။ Angel and Demons ကို ရေးခဲ့သူကတော့ Davinci Code ကိုရေးခဲ့တဲ့ Dan Brown ပါပဲ။)
ဘာတီကန်စီးတီးဟူသော နိုင်ငံလေးက သေးငယ်သလောက် ရှည်လျားတဲ့ သမိုင်းကြောင်းတဲ့ အထင်ကရရှိခဲ့တဲ့ နေရာလေးပေါ့။ လူဦးရေကလည်း တစ်နိုင်ငံလုံးမှာ လူပေါင်း ရှစ်ရာကျော်လောက်ပဲရှိသည်။ လေ့လာစရာ၊ တန်ဖိုးထားစရာ ရှေးဟောင်းလက်ရာတွေနဲ့ ပြည့်နေလို့ ယူနက်စ်ကိုကတောင် တစ်နိုင်ငံလုံးကို သမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားရသော နေရာလေးတစ်ခုပါ။ နောက်ပြီး ရိုမန်ကတ်သလစ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေရာလေးတစ်ခုဖြစ်၏။ လွန်ခဲ့သော သက္ကရာဇ်၃၂၆ခုနှစ်က ဘုရားကျောင်းအသေးလေးနဲ့ အစပြုခဲ့သော နေရာလေးက အခုတော့ သမိုင်းဆိုင်ရာ အချက်အလက်တွေ အကိုးအကားတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခု ဖြစ်နေပါပြီ။
ဘာတီကန်စီးတီးက ဘာသာရေး၊ လူမှုရေး၊ ထုံးတမ်းစဉ်လာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခုပါ။ ဘာသာရေး အကြောင်းပြောရရင် ကုန်နိုင်မယ်မထင်ပါ။ ကျွန်တော်တို့ လိုက်မမီစရာတွေ လျို့ဝှက်ချက်သင်္ကေတတွေ ပြည့်နှက်နေတဲ့ ဒီဘာတီကန်စီးတီးမှာ ရေးစရာ လေ့လာစရာတွေကလည်း တစ်ပုံတစ်ခေါင်းနဲ့။ ဒီပို့စ်လေးမှာတော့ အနုပညာ၊ ဗိသုကာ ရှုထောင့်ကနေပဲ တင်ပြချင်သည်။ ဘာတီကန်က အနုပညာတွေ အကြောင်းမပြောခင်မှာ ဘာတီကန်စီးတီးအကြောင်း သိသင့်သည်လို့ ထင်ပါသည်။
ဘာတီကန်စီးတီးက အီတလီနိုင်ငံ ရောမမြို့ရဲ့ လက်အောက်ခံအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့ရာကနေ ၁၉၂၉ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပါသည်။ ဒီသေးငယ်တဲ့ နိုင်ငံလေးက ကတ်သလစ်ဘုရားကျောင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး၊ နိုင်ငံရဲ့ အုပ်ချုပ်သူက ပုပ်ရဟန်းမင်းကြီးပါ။ ဒီမြို့လေးကို တစ်ရာစုမှာ စတင်ခဲ့တာ ဖြစ်နိုင်ပြီး ဘာတီကန်ရဲ့ နာမည်ကြီး ´သက်သေ´လို့ အမည်ရတဲ့ အိုဘယ်လစ်ခ် Obelisk ကိုတော့ ရောမဘုရင် ကယ်လီဂူလာ(၃၇-၄၁ခုနှစ်)က အီဂျစ်ကနေ သယ်ဆောင်လာခဲ့၏။ ထိုအိုဘယ်လစ်ခ်က ဘာတီကန်စီးတီးမှာ ရပ်တည်နေတာ အခုဆိုရင် နှစ်ပေါင်းနှစ်ထောင်တောင်ရှိတော့မှာပါ။ အိုဘယ်လစ်ခ်ဆိုတာ နေနတ်ဘုရားနဲ့ သက်ဆိုင်တဲ့ အရာဖြစ်ပြီး ရှေးဟောင်းအီဂျစ်လူမျိုးတွေက အများဆုံး အသုံးပြုခဲ့သတဲ့။ အိုဘယ်လစ်ခ်ရှိရာ နေရာကလည်း ခရစ်ယာန်လူမျိုးတွေ ယုံကြည်တဲ့ သူတော်စင် စိန့်ပီတာကို ကားစင်တင်ခဲ့ရာ နေရာလို့လည်း ယူဆကြ၏။
ဘာတီကန်စီးတီးမှာ စိတ်ဝင်စားစရာ နေရာတွေက အမြောက်အများပါ။ ထိုအထဲမှာတော့ စိန့်ပီတာဘာဆီလီကာ St.Peter Basilica က နာမည်အကြီးဆုံးပေါ့။ စိန့်ပီတာ ဘာဆီလီကာက ဗိသုကာ တော်တော်များများရဲ့ စံထားရာနေရာတစ်ခုပါ။ ထိုအဆောက်အဦးရဲ့ ဗိသုကာ ပညာရှင်တွေက အများကြီးဖြစ်ပေမယ့် အထင်ရှားဆုံးကတော့ ကမ္ဘာကျော်ဒေးဗစ်ရုပ်တု (ကျွန်တော့်ရဲ့ ဘန်နာက ရုပ်တုလေးပါ) ကို ဖန်တီးခဲ့တဲ့ မိုက်ကယ်အင်ဂျယ်လိုပါ။ စိန့်ပီတာဘာဆီလီကာက ဘုရားကျောင်းမဟုတ်ပါဘူး။ ရောမခေတ်က ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးပါ။ အဆောက်အဦးက ဘယ်လောက်ကြီးသလဲဆိုရင် လူပေါင်း ခြောက်သောင်းလောက်ကို စုဝေးလို့ရပါသည်။
နောက်ပြီး ဒီဘာဆီလီကာက ဘာသာရေးတစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ သခင်ရေရှုရဲ့ နောက်လိုက် ၁၂ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ စိန့်ပီတာကို မြှုပ်နှံထားတဲ့ အထွတ်အမြတ်ထားရာ နေရာလေးတစ်ခုဖြစ်သည်။ အစဉ်အဆက် ပုပ်ရဟန်းမင်းတို့ကို ဂူသွင်းသဂြိုလ်တဲ့နေရာ တစ်ခုလည်းဖြစ်၏။ ၁၉၅၀မှာ ပုပ်ရဟန်းမင်းကြီး ပီယက်စ် Pope Pius XII က စိန့်ပီတာရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို တူးဖော်တွေ့ရှိပြီလို့ ကမ္ဘာကို ကြေညာလိုက်သည်။ ဒါပေမယ့် စိန့်ပီတာရဲ့ ရုပ်အလောင်းဟုတ်မဟုတ်တော့ ဘယ်သူမှ သေချာ မပြောနိုင်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မူလစိန့်ပီတာဘာဆီလီကာ မဆောက်ခင်က ဘာတီကန်စီးတီးက ခရစ်ယာန်တွေ သေဆုံးရင် မြုပ်နှံတဲ့ နေရာဖြစ်နေလို့ပါပဲ။ ယခုထက်တိုင် ကတ်သလစ်ဘာသာဝင်တို့ရဲ့ ရှေးခေတ် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ရဲ့ ဂူဗိမ္မာန်တွေကို တွေ့နိုင်ပါသေးသည်။ သမိုင်းပညာရှင်တွေက ဘာတီကန်စီးတီးရဲ့ မြေလွှာထုအောက်မှ ရှေးခေတ်လူတို့ မြုပ်နှံရာ သချိုင်းတွေ ရှိနေသေးလို့ ဘယ်နေရာကိုပဲ တူးတူး၊ လူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းတွေကို တွေ့ရှိမှာပဲတဲ့။ ဒါကြောင့်မို့လည်း တူးဖော်တွေ့ရှိတဲ့ စိန့်ပီတာရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကိုလည်း မေးခွန်းတွေ ထုတ်နေကြဆဲပေါ့။
စိန့်ပီတာရဲ့ နောက်ထပ်ထူးခြားတဲ့ ဗိသုကာလက်ရာက မဒါနာ Maderna’s Façade မျက်နှာစာရဲ့ နောက်ဘက်မှာ ခန့်ခန့်ကြီးရှိနေတဲ့ လိပ်ခုံးအဆောက်အဦးပါပဲ။ အဲဒီလိပ်ခုံးအဆောက်အဦးကို မိုက်ကယ်အင်ဂျလိုက၁၅၄၇မှာ ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ကျွန်တော်တို့ ရန်ကုန်မြို့က ရွှေတိဂုံလိုပဲ ရောမမြို့ရဲ့ ဘယ်နေရာကနေ ကြည့်ကြည့် အထင်ကရ မြင်နိုင်တဲ့ အဆောက်အဦးပေါ့။ ရန်ကုန်မြို့တော်ရဲ့ ကျက်သရေဆောင် ရွှေတိဂုံက ၉၈မီတာပဲ မြင့်ပေမယ့် စိန့်ပီတာ ဘာဆီလီကာကတော့ ပေါင်းမိုးအဆောက်အဦး အပါအ၀င် ၁၃၆.၅၇မီတာ မြင့်သည်။ မိုက်ကယ်အင်ဂျလိုက ဗိသုကာတင်မကဘူး လက်ရာမြောက်တဲ့ ရုပ်တုတော်တော်များများကိုလည်း ဖန်တီးနိုင်ခဲ့သေး၏။ သူဖန်တီးခဲ့တဲ့ ဘာဆီလီကာ လိပ်ခုံးက ဗိသုကာပညာတင်မကပါဘူး။ အနုပညာဆန်တဲ့ ရုပ်တုဖန်တီးမှုပါ ပါဝင်နေတော့ အဆင့်အတန်း မြင့်မားတဲ့ ရှေးဟောင်းလက်ရာ အဆောက်အဦး အဖြစ်ထင်ရှားခဲ့ခြင်း ဖြစ်ပါသည်။

စိန့်ပီတာဘာဆီလီကာနဲ့ပါတ်သက်ပြီး လူပြောသူပြောများတာကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ရှိနေခြင်းပါတဲ့။ ဒါကတော့ ဖြစ်နိုင်ပါသည်။ ကျောက်သံပတ္တမြား မပြောနဲ့ မရေမတွက်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေနဲ့တင် တန်ဖိုးမဖြတ်နိုင်တော့ပါ။ ၁၄၉၉မှာ မာလ်ဘယ်ကျောက်သားနဲ့ ထွင်းထုထားတဲ့ မိုက်ကယ်အင်ဂျလိုရဲ့ ပီရာထ Pieta ရုပ်ထုကလည်း ပန်းပုပညာ လေ့လာသူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်တုတစ်ခုပါပဲ။ သခင်ရေရှုကို လက်ဝါးကပ်တိုင်ပေါ်မှာ ကားစင်တင်ပြီးနောက် မိခင်ဖြစ်သူ မယ်ရီက သူမပေါင်ပေါ်မှာ ပွေ့ချီထားဟန်ရုပ်တုပါ။ ရုပ်တုက ဘယ်လောက်အသက်ပါသလဲဆိုရင် မယ်ရီရဲ့ ၀မ်းနည်း ပူဆွေးမှု၊ သခင်ရေရှုရဲ့ နာကျင်မှုတို့ကို တပြိုင်တည်း ခံစားနိုင်ပါ၏။ ဘာနီနီ ထုလုပ်ခဲ့တဲ့ Truth အမှန်တရားလို့ခေါ်တဲ့ ရုပ်တုကလည်း လာသမျှ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုပါပဲ။

ဘာတီကန်မှာ နောင်ထပ်လေ့လာနိုင်တဲ့ နေရာကတော့ အပိုစတိုလစ်ခ် Apostolic Place နန်းတော်ပဲ ဖြစ်သည်။ အဲဒီနန်းတော်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ နေအိမ်၊ ရုံးခန်းများ၊ ပြတိုက်များ၊ စာကြည့်တိုက်များ၊ ဘုရားဝတ်ပြုဆောင်များ စသည့်အခန်းပေါင်း တစ်ထောင်ကျော်ရှိ၏။ ထိုအထဲမှာမှ နာမည် အကြီးဆုံးက စစ်ဆတင်းချက်ပယ်လ် Sistine Chapel လို့ ခေါ်တဲ့ ဘုရားဝတ်ပြုဆောင်နဲ့ အနုပညာလက်ရာမြောက်တဲ့ ရာဖေးလ်အခန်း Raphael’s Room တို့ပါဝင်ပါသည်။
ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ နေရာကတော့ စစ်ဆတင်းချက်ပယ်လ်ပါပဲ။ စစ်ဆတင်းချက်ပယ်လ်မှာ လက်ရာမြောက်တဲ့ ပါရီဂူနို၊ ရာဖေးလ်၊ မိုက်ကယ်အင်ဂျလိုတို့ရဲ့ ဖရက်စ်ကိုနံရံဆေးရေးပန်းချီတွေ အများအပြားရှိနေလို့ပါပဲ။ ပါရီဂူနိုဆွဲခဲ့တဲ့ The Christ giving the keys to St.Peter ကတော်တော်လေး လက်ရာကောင်းမွန်၏။ ခရစ်တော်က စိန့်ပီတာကို ကောင်းကင်ဘုံအတွက် သော့ကို ပေးနေတဲ့အခန်း ဖြစ်သည်။ အဆုံးအစမရှိတဲ့ ကောင်းကင် အနားသတ်ကို ပန်းချီရဲ့ နေရာ တော်တော်များများကို ယူထားပုံမှာ တော်တော်လေး လက်ရာ မြောက်ပါသည်။

မိုက်ကယ်အင်ဂျလိုရဲ့ မျက်နှာကျက်က ပန်းချီများ
စစ်ဆတင်းချက်ပယ်လ်ရဲ့ အထူးခြားဆုံး နောက်တစ်ချက်က Papal Conclave လို့ခေါ်တဲ့ ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲပါပဲ။ ဒီရွေးချယ်ပွဲက အနုပညာနဲ့ မသတ်ဆိုင်ပေမယ့် ဘာတီကန်စီးတီးရဲ့ အရေးကြီးဆုံးပွဲမို့ ဆက်ပြောချင်ပါသည်။ ပုပ်ရဟန်းမင်းကြီးတစ်ပါး သေဆုံးတာနဲ့ အဲဒီပုပ်ရဟန်းမင်းကြီးရဲ့ လက်စွဲ ကာဒီနယ်ကန်မာလမ်ဂိုက ပုပ်ရဟန်းမင်းအသစ် ရွေးချယ်ပွဲ အတွက် စီစဉ်ပေးရ၏။ နောက်ထပ် ပုပ်ရဟန်းမင်းအသစ်မရှိခင် ကန်မာလန်ဂိုက ဘာတီကန်စီးတီးမှာ အရေးပါဆုံး လူတစ်ယောက်ပါ။ သူကပဲ ဦးဆောင်ပြီး အရွေးချယ်ခံဖို့ စံတွေနဲ့ ပြည့်စုံတဲ့ ထင်ရှားတဲ့ ကာဒီနယ်တွေကို ဘာတီကန်ကို ပင့်ဖိတ်ရပါသည်။ အဲဒီနောက် ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲကို စတင်ရသည်။ ရွေးချယ်နေစဉ်ကာလမှာ အရွေးချယ်ခံရမယ့်သူနဲ့ ပြင်ပက လူတွေနဲ့ လုံးဝကို အဆက်အသွယ် ဖြတ်ထားရပြီး တော်ဝင်တံခါး သို့မဟုတ် မြင့်မြတ်တံခါး Holy Door ကို ပိတ်ထားရ၏။ ပုပ်ရဟန်းမင်းကြီး အသစ် အရွေးအချယ် မခံမရခြင်း အဲဒီ တံခါးကို ဖွင့်ခွင့်မရှိပါဘူး။ နောက်ဆုံးရွေးချယ်ပြီးမှသာ ပုပ်ရဟန်းမင်းကြီးအသစ်ကို ကမ္ဘာကို ကြေညာရပါသည်။ မကြေမငြာမချင်း ကန်မာလန်ဂိုနဲ့ ဆွစ်စစ်သားတွေက ဘာတီကန် လုံခြုံရေးကို တာဝန်ယူထားရပါသည်။ စစ်သားတွေ အားလုံးက ၁၆ရာစုက ၀တ်စားဆင်ယင်မှုအတိုင်း အပြာ၊လိမ္မော်၊အနီရောင် အစင်းတွေ ပါဝင်တဲ့ တူညီဝတ်စုံကို ယခုထက်တိုင် ၀တ်ဆင်ထားပါသေးသည်။
ဘာတီကန်စီးတီးရဲ့ နောက်ထပ်ထင်ရှားတဲ့ နေရာက ဘာတီကန်အာခိုက်ဖ်ပါပဲ။ အဲဒီအာခိုက်ဖ်ထဲမှာ နှစ်ပေါင်းထောင်ချီတဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းထား၏။ ခရစ်ယာန်ဘာသာနဲ့ ပါတ်သက်တဲ့ လျှို့ဝှက်ချက်တွေ၊ ခေတ်ဦး သိပံကာလကမှတ်တမ်းတွေ၊ ထင်ရှားတဲ့ အနုပညာပစ္စည်းတွေအားလုံးကို သိမ်းစည်းထားရာနေရာ တစ်ခုလည်း ဖြစ်ပါသည်။ ၂၀၀ရမှာ အနီရောင်မြေဖြူနဲ့ ရေးဆွဲထားတဲ့ မိုက်ကယ်အင်ဂျလိုရဲ့ မူရင်း စိန့်ပီတာဘာဆီလီကာ ဖြတ်ပိုင်းပုံကို အာခိုက်ဖ်ထဲကပဲ ရှာဖွေတွေ့ရှိရပါသည်။ နောက်ပြီး သိပံပညာရှင် ဂါလီလီယိုရဲ့ မှတ်စုတွေကလည်း အဲဒီအာခိုက်ဖ်ထဲမှာပဲ ရှိနေဆဲပါပဲ။ သိပံပညာရပ်တွေက ဘုရားကျောင်းရဲ့ အယူဝါဒကို ဆန့်ကျင်နေလို့ သိပံခေတ်ဦးကာလမှာ ဘုရားကျောင်းရဲ့ အရေးယူမှုကို သိပံပညာရှင်တွေ ခံခဲ့ရပါသေး၏။ နောက်ပိုင်းမှာတော့ သိပံပညာရှင်တွေ စုစည်းပြီး အီလူမီနတီ Illuminati ဆိုတဲ့ လျှို့ဝှက်ဂိုဏ်းကို တည်ထောင်ပြီး ဘုရားကျောင်းကို ဆန့်ကျင်ခဲ့၏။ ထိုဂိုဏ်းနဲ့ပါတ်သက်တဲ့ အချက်အလက်တွေ အဲဒီအာခိုက်ဖ်ထဲမှာပဲ ရှိနေသေးတယ်လို့ တချို့ သမိုင်းပညာရှင်တွေက ယူဆကြပါသေးသည်။ ဘာပဲပြောပြော အဲဒီအာခိုက်ဖ်ထဲမှာ ဘာတွေရှိသလဲဆိုတာတော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ ပုပ်ရဟန်းမင်းကြီးနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကလွဲလို့ ဘယ်သူမှ ဒီအာခိုက်ဖ်ထဲကို ၀င်ခွင့်မရှိပါဘူး။ တော်ရုံတန်ရုံ အပြင်လူတွေကိုလည်း ၀င်ခွင့်မပေးပါဘူး။
အခုနောက်ပိုင်းမှာတော့ ဘာတီကန်စီးတီးက ကမ္ဘာလှည့်ခရီးသည်တွေရဲ့ စိတ်ဝင်စားစရာ နေရာ တစ်ခုဖြစ်လာပါပြီ။ ကမ္ဘာမှာ ခရစ်ယာန်ဘာသာရပ်ကိုလည်း မေးခွန်းထုတ်တဲ့ လူတွေကလည်း တော်တော်များလာပါပြီ။ အရင်တုန်းကတော့ ဘာတီကန်စီးတီးက ဘုရားသခင်ပေါ် ယုံကြည်မှုနဲ့ လှူတန်းငွေတွေ ရံပုံငွေတွေများနဲ့ ချမ်းသာခဲ့သလောက် အခုတော့ နည်းပါးလာပါပြီ။ အခုအချိန်ထိတော့ ဘာတီကန်စီးတီးက ငွေရေးကြေးရေးနဲ့ ဘာမှ ပူပင်မှုမရှိသေးပေမယ့် တစ်နေ့နေ့ တချိန်ချိန် ဘုရားသခင်ကို မယုံကြည်တဲ့သူတွေ တိုးပွားလာလေ၊ ဘာသာမဲ့တွေများလာလေ ဘာတီကန်ဘဏာရေးအတွက် အတော့်ကို စိုးရိမ်ဖွယ်ရာ ရောက်လာမယ်လို့ထင်ပါသည်။
ကိုးကား။
www.wikimedia.com
Angels and Demons by Dan Brown
ဘာတီကန်စီးတီးဟူသော နိုင်ငံလေးက သေးငယ်သလောက် ရှည်လျားတဲ့ သမိုင်းကြောင်းတဲ့ အထင်ကရရှိခဲ့တဲ့ နေရာလေးပေါ့။ လူဦးရေကလည်း တစ်နိုင်ငံလုံးမှာ လူပေါင်း ရှစ်ရာကျော်လောက်ပဲရှိသည်။ လေ့လာစရာ၊ တန်ဖိုးထားစရာ ရှေးဟောင်းလက်ရာတွေနဲ့ ပြည့်နေလို့ ယူနက်စ်ကိုကတောင် တစ်နိုင်ငံလုံးကို သမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားရသော နေရာလေးတစ်ခုပါ။ နောက်ပြီး ရိုမန်ကတ်သလစ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေရာလေးတစ်ခုဖြစ်၏။ လွန်ခဲ့သော သက္ကရာဇ်၃၂၆ခုနှစ်က ဘုရားကျောင်းအသေးလေးနဲ့ အစပြုခဲ့သော နေရာလေးက အခုတော့ သမိုင်းဆိုင်ရာ အချက်အလက်တွေ အကိုးအကားတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခု ဖြစ်နေပါပြီ။
ဘာတီကန်စီးတီးက ဘာသာရေး၊ လူမှုရေး၊ ထုံးတမ်းစဉ်လာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခုပါ။ ဘာသာရေး အကြောင်းပြောရရင် ကုန်နိုင်မယ်မထင်ပါ။ ကျွန်တော်တို့ လိုက်မမီစရာတွေ လျို့ဝှက်ချက်သင်္ကေတတွေ ပြည့်နှက်နေတဲ့ ဒီဘာတီကန်စီးတီးမှာ ရေးစရာ လေ့လာစရာတွေကလည်း တစ်ပုံတစ်ခေါင်းနဲ့။ ဒီပို့စ်လေးမှာတော့ အနုပညာ၊ ဗိသုကာ ရှုထောင့်ကနေပဲ တင်ပြချင်သည်။ ဘာတီကန်က အနုပညာတွေ အကြောင်းမပြောခင်မှာ ဘာတီကန်စီးတီးအကြောင်း သိသင့်သည်လို့ ထင်ပါသည်။
ဘာတီကန်စီးတီးက အီတလီနိုင်ငံ ရောမမြို့ရဲ့ လက်အောက်ခံအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့ရာကနေ ၁၉၂၉ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပါသည်။ ဒီသေးငယ်တဲ့ နိုင်ငံလေးက ကတ်သလစ်ဘုရားကျောင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး၊ နိုင်ငံရဲ့ အုပ်ချုပ်သူက ပုပ်ရဟန်းမင်းကြီးပါ။ ဒီမြို့လေးကို တစ်ရာစုမှာ စတင်ခဲ့တာ ဖြစ်နိုင်ပြီး ဘာတီကန်ရဲ့ နာမည်ကြီး ´သက်သေ´လို့ အမည်ရတဲ့ အိုဘယ်လစ်ခ် Obelisk ကိုတော့ ရောမဘုရင် ကယ်လီဂူလာ(၃၇-၄၁ခုနှစ်)က အီဂျစ်ကနေ သယ်ဆောင်လာခဲ့၏။ ထိုအိုဘယ်လစ်ခ်က ဘာတီကန်စီးတီးမှာ ရပ်တည်နေတာ အခုဆိုရင် နှစ်ပေါင်းနှစ်ထောင်တောင်ရှိတော့မှာပါ။ အိုဘယ်လစ်ခ်ဆိုတာ နေနတ်ဘုရားနဲ့ သက်ဆိုင်တဲ့ အရာဖြစ်ပြီး ရှေးဟောင်းအီဂျစ်လူမျိုးတွေက အများဆုံး အသုံးပြုခဲ့သတဲ့။ အိုဘယ်လစ်ခ်ရှိရာ နေရာကလည်း ခရစ်ယာန်လူမျိုးတွေ ယုံကြည်တဲ့ သူတော်စင် စိန့်ပီတာကို ကားစင်တင်ခဲ့ရာ နေရာလို့လည်း ယူဆကြ၏။
ဘာတီကန်စီးတီးမှာ စိတ်ဝင်စားစရာ နေရာတွေက အမြောက်အများပါ။ ထိုအထဲမှာတော့ စိန့်ပီတာဘာဆီလီကာ St.Peter Basilica က နာမည်အကြီးဆုံးပေါ့။ စိန့်ပီတာ ဘာဆီလီကာက ဗိသုကာ တော်တော်များများရဲ့ စံထားရာနေရာတစ်ခုပါ။ ထိုအဆောက်အဦးရဲ့ ဗိသုကာ ပညာရှင်တွေက အများကြီးဖြစ်ပေမယ့် အထင်ရှားဆုံးကတော့ ကမ္ဘာကျော်ဒေးဗစ်ရုပ်တု (ကျွန်တော့်ရဲ့ ဘန်နာက ရုပ်တုလေးပါ) ကို ဖန်တီးခဲ့တဲ့ မိုက်ကယ်အင်ဂျယ်လိုပါ။ စိန့်ပီတာဘာဆီလီကာက ဘုရားကျောင်းမဟုတ်ပါဘူး။ ရောမခေတ်က ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးပါ။ အဆောက်အဦးက ဘယ်လောက်ကြီးသလဲဆိုရင် လူပေါင်း ခြောက်သောင်းလောက်ကို စုဝေးလို့ရပါသည်။
နောက်ပြီး ဒီဘာဆီလီကာက ဘာသာရေးတစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ သခင်ရေရှုရဲ့ နောက်လိုက် ၁၂ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ စိန့်ပီတာကို မြှုပ်နှံထားတဲ့ အထွတ်အမြတ်ထားရာ နေရာလေးတစ်ခုဖြစ်သည်။ အစဉ်အဆက် ပုပ်ရဟန်းမင်းတို့ကို ဂူသွင်းသဂြိုလ်တဲ့နေရာ တစ်ခုလည်းဖြစ်၏။ ၁၉၅၀မှာ ပုပ်ရဟန်းမင်းကြီး ပီယက်စ် Pope Pius XII က စိန့်ပီတာရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို တူးဖော်တွေ့ရှိပြီလို့ ကမ္ဘာကို ကြေညာလိုက်သည်။ ဒါပေမယ့် စိန့်ပီတာရဲ့ ရုပ်အလောင်းဟုတ်မဟုတ်တော့ ဘယ်သူမှ သေချာ မပြောနိုင်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မူလစိန့်ပီတာဘာဆီလီကာ မဆောက်ခင်က ဘာတီကန်စီးတီးက ခရစ်ယာန်တွေ သေဆုံးရင် မြုပ်နှံတဲ့ နေရာဖြစ်နေလို့ပါပဲ။ ယခုထက်တိုင် ကတ်သလစ်ဘာသာဝင်တို့ရဲ့ ရှေးခေတ် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ရဲ့ ဂူဗိမ္မာန်တွေကို တွေ့နိုင်ပါသေးသည်။ သမိုင်းပညာရှင်တွေက ဘာတီကန်စီးတီးရဲ့ မြေလွှာထုအောက်မှ ရှေးခေတ်လူတို့ မြုပ်နှံရာ သချိုင်းတွေ ရှိနေသေးလို့ ဘယ်နေရာကိုပဲ တူးတူး၊ လူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းတွေကို တွေ့ရှိမှာပဲတဲ့။ ဒါကြောင့်မို့လည်း တူးဖော်တွေ့ရှိတဲ့ စိန့်ပီတာရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကိုလည်း မေးခွန်းတွေ ထုတ်နေကြဆဲပေါ့။
စိန့်ပီတာရဲ့ နောက်ထပ်ထူးခြားတဲ့ ဗိသုကာလက်ရာက မဒါနာ Maderna’s Façade မျက်နှာစာရဲ့ နောက်ဘက်မှာ ခန့်ခန့်ကြီးရှိနေတဲ့ လိပ်ခုံးအဆောက်အဦးပါပဲ။ အဲဒီလိပ်ခုံးအဆောက်အဦးကို မိုက်ကယ်အင်ဂျလိုက၁၅၄၇မှာ ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ကျွန်တော်တို့ ရန်ကုန်မြို့က ရွှေတိဂုံလိုပဲ ရောမမြို့ရဲ့ ဘယ်နေရာကနေ ကြည့်ကြည့် အထင်ကရ မြင်နိုင်တဲ့ အဆောက်အဦးပေါ့။ ရန်ကုန်မြို့တော်ရဲ့ ကျက်သရေဆောင် ရွှေတိဂုံက ၉၈မီတာပဲ မြင့်ပေမယ့် စိန့်ပီတာ ဘာဆီလီကာကတော့ ပေါင်းမိုးအဆောက်အဦး အပါအ၀င် ၁၃၆.၅၇မီတာ မြင့်သည်။ မိုက်ကယ်အင်ဂျလိုက ဗိသုကာတင်မကဘူး လက်ရာမြောက်တဲ့ ရုပ်တုတော်တော်များများကိုလည်း ဖန်တီးနိုင်ခဲ့သေး၏။ သူဖန်တီးခဲ့တဲ့ ဘာဆီလီကာ လိပ်ခုံးက ဗိသုကာပညာတင်မကပါဘူး။ အနုပညာဆန်တဲ့ ရုပ်တုဖန်တီးမှုပါ ပါဝင်နေတော့ အဆင့်အတန်း မြင့်မားတဲ့ ရှေးဟောင်းလက်ရာ အဆောက်အဦး အဖြစ်ထင်ရှားခဲ့ခြင်း ဖြစ်ပါသည်။

လိပ်ခုံးရဲ့ အတွင်းပိုင်း
မိုက်ကယ်အင်ဂျလိုပဲ နောက်ထပ် ထင်ရှားတဲ့ အနုပညာရှင် တစ်ယောက်ရှိခဲ့ပါသေးသည်။ ထိုသူက အလွန်လှပလက်ရာမြောက်တဲ့ ဘယ်လ်ဒါကင် Baldacchin ဘုရားဆောင်ကို ဖန်တီးခဲ့တဲ့ သူ၊ ဘာနီနီပါ။ ဘာနီနီက ဘာတီကန်စီးတီးအတွက် နှစ်ပေါင်း၅၀ အလုပ်လုပ်ပေးခဲ့တဲ့သူပါ။ သူကလည်း မိုက်ကယ်အင်ဂျလိုတော့လို ပန်းပုဆရာပါ။ သူနောက်ဆုံးဖန်တီးခဲ့တဲ့ ၁၆၇၆မှာ ဖန်တီးခဲ့တဲ့ decoration of the Chapel of the Sacrament ပါပဲ။ ကျွန်တော် Lasalle-Sia မှာ ကျောင်းတက်တုန်းက သူ့ရဲ့ ဖန်တီးမှုကို အနည်းငယ် သင်ခဲ့ရပါသေးသည်။
နောက်ထပ် ဘာနီနီကို ကျော်ကြားစေတဲ့ အရာက စိန့်ပီတာရင်ပြင် Saint Peter’s Squareပါ။ ဒီစိန့်ပီတာရင်ပြင် ဆောက်လုပ်နိုင်ဖို့အတွက် ဘာနီနီခမျာ တော်တော် ကြိုးစားခဲ့ရပါသေး၏။ ဒီရင်ပြင်ကို ၁၆၅၆ကနေ ၁၆၆၇အတွင်း တည်ဆောက်ခဲ့တာပါ။ ရင်ပြင်မတည်ဆောက်ခင်ကတည်းက ရှိနေခဲ့တဲ့ အီဂျစ်က သက်သေလို့အမည်ရတဲ့ အိုဘယ်လစ်စ်ကျောက်တိုင်ကိုလည်း ထည့်တွက်ခဲ့ရပါသေးသည်။ နောက်ပိုင်းမှာပေါ့ ထိုကျောက်တိုင်ကို ဗဟိုယူပြီး ရင်ပြင်တစ်ခုလုံးကို လှပခမ်းနားစွာ တည်ဆောက်နိုင်ခဲ့၏။စိန့်ပီတာဘာဆီလီကာနဲ့ပါတ်သက်ပြီး လူပြောသူပြောများတာကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ရှိနေခြင်းပါတဲ့။ ဒါကတော့ ဖြစ်နိုင်ပါသည်။ ကျောက်သံပတ္တမြား မပြောနဲ့ မရေမတွက်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေနဲ့တင် တန်ဖိုးမဖြတ်နိုင်တော့ပါ။ ၁၄၉၉မှာ မာလ်ဘယ်ကျောက်သားနဲ့ ထွင်းထုထားတဲ့ မိုက်ကယ်အင်ဂျလိုရဲ့ ပီရာထ Pieta ရုပ်ထုကလည်း ပန်းပုပညာ လေ့လာသူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်တုတစ်ခုပါပဲ။ သခင်ရေရှုကို လက်ဝါးကပ်တိုင်ပေါ်မှာ ကားစင်တင်ပြီးနောက် မိခင်ဖြစ်သူ မယ်ရီက သူမပေါင်ပေါ်မှာ ပွေ့ချီထားဟန်ရုပ်တုပါ။ ရုပ်တုက ဘယ်လောက်အသက်ပါသလဲဆိုရင် မယ်ရီရဲ့ ၀မ်းနည်း ပူဆွေးမှု၊ သခင်ရေရှုရဲ့ နာကျင်မှုတို့ကို တပြိုင်တည်း ခံစားနိုင်ပါ၏။ ဘာနီနီ ထုလုပ်ခဲ့တဲ့ Truth အမှန်တရားလို့ခေါ်တဲ့ ရုပ်တုကလည်း လာသမျှ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုပါပဲ။

ဘာတီကန်မှာ နောင်ထပ်လေ့လာနိုင်တဲ့ နေရာကတော့ အပိုစတိုလစ်ခ် Apostolic Place နန်းတော်ပဲ ဖြစ်သည်။ အဲဒီနန်းတော်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ နေအိမ်၊ ရုံးခန်းများ၊ ပြတိုက်များ၊ စာကြည့်တိုက်များ၊ ဘုရားဝတ်ပြုဆောင်များ စသည့်အခန်းပေါင်း တစ်ထောင်ကျော်ရှိ၏။ ထိုအထဲမှာမှ နာမည် အကြီးဆုံးက စစ်ဆတင်းချက်ပယ်လ် Sistine Chapel လို့ ခေါ်တဲ့ ဘုရားဝတ်ပြုဆောင်နဲ့ အနုပညာလက်ရာမြောက်တဲ့ ရာဖေးလ်အခန်း Raphael’s Room တို့ပါဝင်ပါသည်။
ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ နေရာကတော့ စစ်ဆတင်းချက်ပယ်လ်ပါပဲ။ စစ်ဆတင်းချက်ပယ်လ်မှာ လက်ရာမြောက်တဲ့ ပါရီဂူနို၊ ရာဖေးလ်၊ မိုက်ကယ်အင်ဂျလိုတို့ရဲ့ ဖရက်စ်ကိုနံရံဆေးရေးပန်းချီတွေ အများအပြားရှိနေလို့ပါပဲ။ ပါရီဂူနိုဆွဲခဲ့တဲ့ The Christ giving the keys to St.Peter ကတော်တော်လေး လက်ရာကောင်းမွန်၏။ ခရစ်တော်က စိန့်ပီတာကို ကောင်းကင်ဘုံအတွက် သော့ကို ပေးနေတဲ့အခန်း ဖြစ်သည်။ အဆုံးအစမရှိတဲ့ ကောင်းကင် အနားသတ်ကို ပန်းချီရဲ့ နေရာ တော်တော်များများကို ယူထားပုံမှာ တော်တော်လေး လက်ရာ မြောက်ပါသည်။

ပါရီဂူနိုဆွဲခဲ့တဲ့ The Christ giving the keys to St.Peter
နံရံဆေးရေးပန်းချီတွေ အပြင် မျက်နှာကျက် အပြည့်ဆွဲထားတဲ့ ပန်းချီတွေလည်း ရှိပါသေး၏။ ထိုအထဲက မိုက်ကယ်အင်ဂျလိုရဲ့ အာဒံကို ဖန်တီးခြင်းဆိုတဲ့ ပန်းချီကားကတော့ ကျွန်တော့် အနှစ်သက်ဆုံး ပန်းချီပါ။ ဘုရားသခင်နဲ့ ဖန်တီးခံရသူယောက်ျားတို့ရဲ့ လက်ချောင်းချင်းနှစ်ခု ထိစပ်နေပုံက သဘာဝအလွန်ကျပြီး နောက်ပိုင်းမှာ အနုပညာရှင် တော်တော်များများက အတုခိုးခဲ့ကြပါသေး၏။ တကယ်တမ်းကျတော့ မျက်နှာကျက်မှာ ပန်းချီဆွဲဖို့ဆိုတာ အတော့်ကို ခဲယဉ်းလှပါသည်။ ဒါပေမယ့် မိုက်ကယ်အင်ဂျလိုက မရရအောင် ဆွဲနိုင်ခဲ့၏။ သူက အောက်ကနေ မော့ကြည့်ရင် သိသာမြင်သာအောင် အရောင်ခပ်တောက်တောက်တွေကိုသာ ရွေးပြီး သုံးခဲ့သည်။
မိုက်ကယ်အင်ဂျလိုရဲ့ မျက်နှာကျက်က ပန်းချီများစစ်ဆတင်းချက်ပယ်လ်ရဲ့ အထူးခြားဆုံး နောက်တစ်ချက်က Papal Conclave လို့ခေါ်တဲ့ ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲပါပဲ။ ဒီရွေးချယ်ပွဲက အနုပညာနဲ့ မသတ်ဆိုင်ပေမယ့် ဘာတီကန်စီးတီးရဲ့ အရေးကြီးဆုံးပွဲမို့ ဆက်ပြောချင်ပါသည်။ ပုပ်ရဟန်းမင်းကြီးတစ်ပါး သေဆုံးတာနဲ့ အဲဒီပုပ်ရဟန်းမင်းကြီးရဲ့ လက်စွဲ ကာဒီနယ်ကန်မာလမ်ဂိုက ပုပ်ရဟန်းမင်းအသစ် ရွေးချယ်ပွဲ အတွက် စီစဉ်ပေးရ၏။ နောက်ထပ် ပုပ်ရဟန်းမင်းအသစ်မရှိခင် ကန်မာလန်ဂိုက ဘာတီကန်စီးတီးမှာ အရေးပါဆုံး လူတစ်ယောက်ပါ။ သူကပဲ ဦးဆောင်ပြီး အရွေးချယ်ခံဖို့ စံတွေနဲ့ ပြည့်စုံတဲ့ ထင်ရှားတဲ့ ကာဒီနယ်တွေကို ဘာတီကန်ကို ပင့်ဖိတ်ရပါသည်။ အဲဒီနောက် ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲကို စတင်ရသည်။ ရွေးချယ်နေစဉ်ကာလမှာ အရွေးချယ်ခံရမယ့်သူနဲ့ ပြင်ပက လူတွေနဲ့ လုံးဝကို အဆက်အသွယ် ဖြတ်ထားရပြီး တော်ဝင်တံခါး သို့မဟုတ် မြင့်မြတ်တံခါး Holy Door ကို ပိတ်ထားရ၏။ ပုပ်ရဟန်းမင်းကြီး အသစ် အရွေးအချယ် မခံမရခြင်း အဲဒီ တံခါးကို ဖွင့်ခွင့်မရှိပါဘူး။ နောက်ဆုံးရွေးချယ်ပြီးမှသာ ပုပ်ရဟန်းမင်းကြီးအသစ်ကို ကမ္ဘာကို ကြေညာရပါသည်။ မကြေမငြာမချင်း ကန်မာလန်ဂိုနဲ့ ဆွစ်စစ်သားတွေက ဘာတီကန် လုံခြုံရေးကို တာဝန်ယူထားရပါသည်။ စစ်သားတွေ အားလုံးက ၁၆ရာစုက ၀တ်စားဆင်ယင်မှုအတိုင်း အပြာ၊လိမ္မော်၊အနီရောင် အစင်းတွေ ပါဝင်တဲ့ တူညီဝတ်စုံကို ယခုထက်တိုင် ၀တ်ဆင်ထားပါသေးသည်။
ဘာတီကန်စီးတီးရဲ့ နောက်ထပ်ထင်ရှားတဲ့ နေရာက ဘာတီကန်အာခိုက်ဖ်ပါပဲ။ အဲဒီအာခိုက်ဖ်ထဲမှာ နှစ်ပေါင်းထောင်ချီတဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းထား၏။ ခရစ်ယာန်ဘာသာနဲ့ ပါတ်သက်တဲ့ လျှို့ဝှက်ချက်တွေ၊ ခေတ်ဦး သိပံကာလကမှတ်တမ်းတွေ၊ ထင်ရှားတဲ့ အနုပညာပစ္စည်းတွေအားလုံးကို သိမ်းစည်းထားရာနေရာ တစ်ခုလည်း ဖြစ်ပါသည်။ ၂၀၀ရမှာ အနီရောင်မြေဖြူနဲ့ ရေးဆွဲထားတဲ့ မိုက်ကယ်အင်ဂျလိုရဲ့ မူရင်း စိန့်ပီတာဘာဆီလီကာ ဖြတ်ပိုင်းပုံကို အာခိုက်ဖ်ထဲကပဲ ရှာဖွေတွေ့ရှိရပါသည်။ နောက်ပြီး သိပံပညာရှင် ဂါလီလီယိုရဲ့ မှတ်စုတွေကလည်း အဲဒီအာခိုက်ဖ်ထဲမှာပဲ ရှိနေဆဲပါပဲ။ သိပံပညာရပ်တွေက ဘုရားကျောင်းရဲ့ အယူဝါဒကို ဆန့်ကျင်နေလို့ သိပံခေတ်ဦးကာလမှာ ဘုရားကျောင်းရဲ့ အရေးယူမှုကို သိပံပညာရှင်တွေ ခံခဲ့ရပါသေး၏။ နောက်ပိုင်းမှာတော့ သိပံပညာရှင်တွေ စုစည်းပြီး အီလူမီနတီ Illuminati ဆိုတဲ့ လျှို့ဝှက်ဂိုဏ်းကို တည်ထောင်ပြီး ဘုရားကျောင်းကို ဆန့်ကျင်ခဲ့၏။ ထိုဂိုဏ်းနဲ့ပါတ်သက်တဲ့ အချက်အလက်တွေ အဲဒီအာခိုက်ဖ်ထဲမှာပဲ ရှိနေသေးတယ်လို့ တချို့ သမိုင်းပညာရှင်တွေက ယူဆကြပါသေးသည်။ ဘာပဲပြောပြော အဲဒီအာခိုက်ဖ်ထဲမှာ ဘာတွေရှိသလဲဆိုတာတော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ ပုပ်ရဟန်းမင်းကြီးနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကလွဲလို့ ဘယ်သူမှ ဒီအာခိုက်ဖ်ထဲကို ၀င်ခွင့်မရှိပါဘူး။ တော်ရုံတန်ရုံ အပြင်လူတွေကိုလည်း ၀င်ခွင့်မပေးပါဘူး။
အခုနောက်ပိုင်းမှာတော့ ဘာတီကန်စီးတီးက ကမ္ဘာလှည့်ခရီးသည်တွေရဲ့ စိတ်ဝင်စားစရာ နေရာ တစ်ခုဖြစ်လာပါပြီ။ ကမ္ဘာမှာ ခရစ်ယာန်ဘာသာရပ်ကိုလည်း မေးခွန်းထုတ်တဲ့ လူတွေကလည်း တော်တော်များလာပါပြီ။ အရင်တုန်းကတော့ ဘာတီကန်စီးတီးက ဘုရားသခင်ပေါ် ယုံကြည်မှုနဲ့ လှူတန်းငွေတွေ ရံပုံငွေတွေများနဲ့ ချမ်းသာခဲ့သလောက် အခုတော့ နည်းပါးလာပါပြီ။ အခုအချိန်ထိတော့ ဘာတီကန်စီးတီးက ငွေရေးကြေးရေးနဲ့ ဘာမှ ပူပင်မှုမရှိသေးပေမယ့် တစ်နေ့နေ့ တချိန်ချိန် ဘုရားသခင်ကို မယုံကြည်တဲ့သူတွေ တိုးပွားလာလေ၊ ဘာသာမဲ့တွေများလာလေ ဘာတီကန်ဘဏာရေးအတွက် အတော့်ကို စိုးရိမ်ဖွယ်ရာ ရောက်လာမယ်လို့ထင်ပါသည်။
ကိုးကား။
www.wikimedia.com
Angels and Demons by Dan Brown

13 ယောက်ကဒီလိုမြင်တယ်တဲ့...:
စိတ်ဝင်စားစရာကောင်းတဲ့ ဘာတီကန်စစ်တီး
အကြောင်းကိုဖတ်သွားပါတယ်.
စိတ်ထဲမှာ ဆိုက်ပရပ်စ်အကြောင်းရေးချင်စိတ်တောင်
ပေါ်လာလေရဲ့
ဗဟုသုတတွေရပါတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ကမ္ဘာမှာ အလျှို့ဝှက်ဆုံးမြို့အကြောင်း ရေးထားတာပဲ။ ကောင်းတယ်။
ငါတော့ မင်းပေးတဲ့ Angels & Demons ဖတ်လိုက်တာ မနေ့ညက မိုးလင်းသွားတယ်။
နောက်တစ်ပတ် ရုပ်ရှင်ရုံတင်တဲ့အခါကျမှ ၁၀ဒေါ်လာပေးပြီး ဗာတီကန်ကို ဝင်မွှေနှောက်ကြတာပေါ့ကွာ။
ကိုသက်ပိုင်သူရေ
ဒီနေ့ တော်တော် အလုပ်မှာရော ဘလော့ခ်မှာရော လူပင်ပမ်း စိတ်ပင်ပမ်းနဲ့ ဒါပေမယ့် သက်ပိုင်သူ ပို့စ်အသစ်လေး ဖတ်ပြီးမှ နားဖြစ်တယ်..
တော်တော်လေးကို ဗဟုသုတရပါတယ်
သေသေချာချာ ဖတ်သွားတယ် အချက်အလက်တွေကို စုံစုံလင်လင် ဖော်ပြပေးတာ ကျေးဇူးတင်တယ်
ပ
အတော်ကောင်းတယ။် သိချင်နေတဲာနဲ့ အတော်ဘဲ။
စိတ်ဝင်စားစရာကောင်းတယ်.. ဗာတီကန်နဲ့ ပတ်သက်လို့ မိက်ကယ်အိန်ဂျလိုအကြောင်း ဖတ်ရင်းကနေ သိဖူးတာလောက်ပဲ ရှိတာ...။ ကျေးဇူး
သေချာ ဖတ်မှတ်သွားတယ် မောင်လေးရေ၊ ကျေးဇူးပါ
ဘာတီကန်စီးတီးကို ရောက်သွားသလိုပါပဲ. နှံနှံစပ်စပ် ရေးထားတဲ့ အတွက် ကျေးဇူးပါ.ဘာနီနီရဲ့ truth ရုပ်တုကိုဓါတ်ပုံက သေးနေတယ်ဗျ။ သေသေချာချာ ကြည့်ချင်ပါတယ်။ အကြိုက်ဆုံးကတော့ မိုက်ကယ်အင်ဂျလိုရဲ့ မျက်နှာကျက် ပန်ချီတွေပဲ။ အသက်ရေးတာနဲ့ပဲ ရုပ်ရှင်သိပ်မကြည့်ဖြစ်တဲ့ ပုလုကွေး Angels & Demons ကိုသွားကြည့်ချင်လာတယ်။ တစ်ယောက်သောသူကို ခေါ်ပြီး သွားကြည့်ရင်ကောင်းမလားလို့။..
အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ ..
စိတ်ဝင်တစားဖတ်သွားပါတယ် ..း)
ဇာတ်ဝင်ခန်းတွေနဲ့ အခုကိုသက်ပိုင်သူရဲ့ ဘာတီကန်စီးတီးက တကယ့်ကို အံဝင်ခွင်ကျပါပဲ။ စနစ်တကျပြုစုတင်ပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
အရမ်းကျေးဇူးတင်ပါတယ်...အခုပဲ angels and demons ကြည့်မလို့ buffer လုပ်ထားရင်းဝင်ဖတ်ဖြစ်တာပါ..တိုက်တိုက်ဆိုင်ဆိုင်..
တကယ်ဗဟုသုတရပါတယ်ရှင့်။
Angels & Demons ဝတ္ထုလည်း ဖတ်ပြီးပြီ.. ရုပ်ရှင်လည်း ကြည့်ပြီးပြီ.. ဒီပို့စ်လေး ဖတ်ပြီးမှ တစ်ခုခုလိုနေတာ ပြည့်စုံသွားသလိုလို ခံစားလိုက်ရတယ်။ ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ သေသေချာချာ ရေးထားတဲ့အတွက် ဗဟုသုတ အများကြီး ရပါတယ်။
မနေ့ကညက Angels&Demons ရုပ်ရှင်ကြည့်ဖြစ်တယ် သက်ပိုင်သူပို့စ်လေးကို အရင်ဖတ်ထားမိတော့ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်..
အဲ့မှာ သတိထားမိတာတစ်ခုကတော့ သူတို့ဟာ အညွန်းတွေ မြေပုံတွေအတိုင်း အတိမ်းအလွဲမရှိ အတိအကျ ရှာဖွေရတာကိုပဲ ဇာတ်သိမ်းမှာ လူတွေအတွက် မိုးပေါ်တက်ပြီး အသက်စွန့်ကာကွယ်ခဲ့တဲ့ ဘုန်းတော်ကြီးက ကိုယ့်ကိုကိုယ် မီးရို့သတ်သေသွားတာကို စိတ်မကောင်းဘူး။ ရုပ်ရှင်ကြည့်ပြီးတော့ စိတ်ထဲ တစ်မျိုးကြီးဖြစ်ကျန်ခဲ့တယ်။
သက်ပိုင်သူကြည့်ပြီးပြီလား ပို့စ်လေး ရေးပေးပါလားဟေ ဟီး
မမဆုမွန်ရေ...
Angels and Demons မှာ အဲဒီဘုန်းကြီးက တကယ်တည်းကြတော့ လူတွေကို ကယ်လိုက်တာ မဟုတ်ဘူး။ ဘာတီကန်က ဖရစ်ယာန်ကို သက်ဝင်ရုံကြည်နေတဲ့ သူတွေအပေါ် မှိခိုနေရတော့ ... နောက်ပိုင်း ဘာသာမဲ့ တွေ များလာလေလေ၊ သိပ္ပံပညာကြောင့် ဘုရားသခင်ကို မယုံကြည်တဲ့ လူတွေ များလာလေလေ.. ဘာတီကန်ရဲ့ နေရာက လျော့ပါးလာတယ်လေ။ အဲဒီဘုန်းကြီးက နောက်ဆုံး လူတွေရဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်ချင်တော့ သူကိုယ်တိုင် ထွင်ထားတဲ့ အကြံအစည်ပေါ့။ နောက်ဆုံးပေါ်သွားတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ် မီးရှို့ သတ်သေသွားတာပါ
Post a Comment