May 27, 2009

ပြည်တော်ပြန်ဘလိုင်းဒိတ်

ဂျောက်……. ဂျောက်……. ဂျောက်……. ဂျောက်……….။

I’ll come back to Yangon soon

စာကြောင်းတိုတိုလေးကို ထပ်ကာ ထပ်ကာ ဖတ်ပြီး ပြုံးလိုက်သည်။ ရန်ကုန်ကို ပြန်ဖို့ သိပ်မလိုတော့။ သည်စာတိုတိုလေးကို ဖတ်ပြီး သူဘာဆိုလိုသည်ဆိုတာ နားလည်နိုင်လိမ့်မည်ဟို ထင်ပါသည်။ ထို့နောက် Send ဆိုသော ခလုပ်ကလေးကို ကလစ်နှိပ်လိုက်ချိန်မှာ စာတိုတိုလေးသည် မျက်စိအောက်မှာ လှစ်ခနဲ ပျောက်သွားသည်။ နောက်တစ်နာရီလောက် နေမှသာ အီးမေးလ်ကို ပြန်လာစစ်တော့မည်။
……………………………………..

တစ်နာရီလောက်ကြာတော့ အီးမေးလ်ကို ပြန်ဖွင့်ကြည့်လိုက်ချိန်မှာ စာအိပ်လိုပုံစံလေးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ အသက်ကို ၀၀ရှူလိုက်ပြီး ဖွင့်လိုက်တော့ မျှော်လင့်နေသော စာတိုတိုလေးက ကျွန်တော့် ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသည်။

Call me this no 50xxxxx when you reach Yangon,
See ya,
Kiss ........ hugs............

သူ့ဆီကပြန်စာလေးကို ဖတ်လိုက်ပြီး Ok လို့ အကြောင်းပြန်လိုက်သည်။

သည်တစ်ခေါက် ရန်ကုန်အပြန်ကတော့ လှပနေတော့မှာပဲလို့ တွေးလိုက်မိပြီး ကျွန်တော် ကြည်နူးသွားမိသည်။ သူနဲ့ ကျွန်တော်ရဲ့ တွေ့ဆုံမှုက အများတကာကဲ့သို့ ချက်ရွန်းထဲမှာ မဟုတ်။ လွန်ခဲ့သော လေးနှစ်ခွဲလောက်က မြန်မာနိုင်ငံမှာ G Talk ဆိုတာက ခေတ်မစားသေး။ Friendster မှာတွေ့ပြီး ခင်မင်ရင်းနှီးမှုဆိုတာကလည်း ရန်ကုန်သားတွေအတွက် အိပ်မက်တောင် မမက်နိုင်သေးချေ။ သူနဲ့ ကျွန်တော် တွေ့ဆုံမှုက ခရီးသွား Web Site တစ်ခုမှာပါ။ ထိုအချိန်တုန်းက သူက မြန်မာနိုင်ငံနဲ့ ပတ်သတ်သော အကြောင်းအရာတွေကို ထိုခရီးသွားဝက်ဖ်တဆိုက်ဒ်လေးထဲမှာ ဒိုင်ခံရေးနေသူတစ်ယောက်. ကျွန်တော်က သူ့ကို စတွေ့စဉ်တုန်းက တိုးရစ်စ်ဂိုက်တစ်ယောက်လို့ ထင်မှတ်နေခဲ့ဘူးသည်။

မမျှော့်လင့်ဘဲ သူနဲ့ ရင်းနှီးခင်မင်မှု ရခဲ့တဲ့ အတွက် ထိုအချိန်တုန်းက ကံကြမ္မာကိုလည်း ကျေးဇူးတင်မိနေချိန်လေ။ စကာင်္ပူမှာ လွန်ခဲ့သော လေးနှစ်ငါးနှစ်က မြန်မာဆိုတာ နေရာတိုင်းမှာ တွေ့ရခဲသည်။ ရထားထဲမှာ အမှတ်တမဲ့ မြန်မာသံလေးကြားလိုက်မိလျင် ချာကနဲလှည့်ပြီး ရှာဖွေနားစွင့်ရတဲ့ အချိန်ပေါ့။ ကျွန်တော်တို့ ကျောင်းမှာလည်း တစ်ကျောင်းလုံးမှာ မြန်မာဆိုလို့ လေးယောက်ပဲရှိသည်။ မြန်မာတွေနဲ့ ဝေးကွာနေတဲ့ နေရာတစ်ခုမှာ အခုလို မြန်မာတစ်ယောက်နဲ့ သိပြီး စာတွေ အပြန်ပြန်အလှန်လှန် ဆက်သွယ်ခွင့် ရနေခဲ့ရတာလေးကိုက ကျွန်တော့်အတွက် ဘာရယ်မဟုတ်ဘဲ အမှတ်တရတွေ ဖြစ်ခဲ့သည်။ နေ့စဉ်နီးပါး အီးမေးလ်တွေက တဆင့် သူနဲ့ ပိုပိုရင်းနှီးလာခဲ့သည်။

သူ ဖြူသလား၊ မဲသလားဆိုတာလည်း ကိုယ်မသိ။ သူ့ဆီက ဓါတ်ပုံအကြိမ်ကြိမ်တောင်းခဲ့ပေမယ့်လည်း ဓါတ်ပုံပေးဖို့အရေဲး သူ့ဘက်က အလွန်ပဲ တွန့်တိုနေခဲ့ဘူးသည်။ သူကတော့ ပြောပါသည်။ သူက ရန်ကုန်မှာ နာမည်ကြီးတဲ့။ သူ့ကို မသိတဲ့လူ မရှိသလောက်တဲ့လေ။ ရန်ကုန်ဖြင့် နှစ်နှစ်နီးပါးလောက် ဝေးကွာနေတဲ့ ကျွန်တော့်အတွက် သူဘယ်သူလည်းဆိုတာ မခန့်မှန်းတတ်ခဲ့ပါဘူး။

ဘာပဲပြောပြောလေ။ အွန်လိုင်းမှာ ရည်းစားအဆင့်ထိ မဖြစ်သေးပေမယ့် စာတွေကတဆင့် သံယောဇဉ်တွယ်နေမိတော့လည်း သူဘယ်သူလည်းဆိုတာ အရမ်းသိချင်ခဲ့တာပေါ့။

………………………….

သည်လိုနဲ့ပဲ ရန်ကုန်မြေကို အလည်တစ်ခေါက် ပြန်ရောက်ခဲ့သည်။ ရန်ကုန်သည် အရင်လိုသွေ့ခြောက်နေဆဲ။ အရင်လို ကားတွေ ကြပ်နေဆဲ။

ရန်ကုန်ပြန်ရောက်ရောက်ခြင်း အရင်ဆုံးလုပ်မိတာက သူပေးထားတဲ့ နံပါတ်လေးကို ပြေးနှိပ်မိတာပါပဲ။ အချိန်ကြာတဲ့အထိ ဖုန်းခွက်ကို နားမှာ ကပ်ပြီး နားထောင်နေပေမယ့် တစ်ဖက်လူက တော်တော်နဲ့ ဖုန်းမကိုင်ဘူး။ ပေးထားတဲ့ နံပါတ်ကို ပြန်ပြီး စစ်ကြည့်လိုက်တော့လည်း ဖုန်းနံပါတ်က မမှား။ ဒုတိယအကြိမ် ဖုန်းပြန်ခေါ်တော့လည်း ကိုင်မည့်သူမရှိ။ သူပေးတဲ့ ဖုန်းနံပါတ်ကပဲ တလွဲဖြစ်နေသလား။ ထားလိုက်တော့။ ရေမိုးချိုး။ ထမင်းစားပြီးတော့မှပဲ ပြန်ခေါ်တော့မည်။

ထမင်းစား၊ ခဏနားပြီးချိန်မှာ သူ့ဖုန်းနံပါတ်ကို ပြန်နှိပ်လိုက်တော့ ဟယ်လိုဆိုတဲ့ မာဆတ်ဆတ် အသံက ထွက်လာသည်။ ကျွန်တော် ချက်ချင်းပြန်မထူးသေးဘဲ သူ့အသံကို နားထောင်နေမိသည်။ ပထမဆုံးကြားရတဲ့ သူ့အသံက ကျွန်တော့်ရင်ထဲကို ရှိန်းတိမ်းတိမ်း ဖြစ်သွားအောင် ဆွဲဆောင်နိုင်လွန်းခဲ့သည်။

ဟယ်လို ဆိုပြီး ဒုတိယအကြိမ်ကြားလိုက်ရသောအချိန်မှာ ကျွန်တော်ပြန်ထူးလိုက်သည်။

ဘယ်…. သူ….. လဲ

ဘယ်သူလဲဆိုပြီး… သူက ကျွန်တော့်ကို တစ်လုံးချင်း ပြန်မေးသည်။

ကိုပိုင္ပါ…. စကာၤပူကေလ.. မမွတ္မိဘူးလား။ ဒီနေ့ရောက်မယ်လို့ ပြောထားတယ်လေ…။

ကျွန်တော် သွက်သွက်လေး ဖြေလိုက်တော့ သူချာချာလည်သွားတယ်ထင်၏။ သုံးလေးစက္ကန့်လောက် နှုတ်ဆိတ်သွားသည်။ နောက်တော့ ကျွန်တော့်ကို ပြန်မေးသည်။ Who are you တဲ့။ ဘိုဆန်လွန်းတဲ့ သူ့ကို စိတ်မဆိုးမိဘဲ ရီတောင် ရီချင်လိုက်မိသည်။

ကိုပိုင်လေ။ ဒီနေ့မှ ရန်ကုန်ပြန်ရောက်တာ။

.............။

Could you speak English?

ရိုး… စိတ်ထဲက စနိုးစနောက် ဖြစ်သွားသည်။ တစ်ခုခုမှားနေသလား။ သူက ကျွန်တော့်ကို ဘာလို့ အင်္ဂလိပ်လိုတွေ လာမှုတ်နေတာလဲ။ စိတ်မရှည်ချင်တော့။ ခုန်လက်စ ရင်ခုန်သံတွေသည် ဘယ်လိုကနေ ဘယ်လိုရပ်သွားမှန်းမသိ။

သူ့ကို ခရီးသွားဝက်ဆိုက်ဒ်က သူလားလို့ အင်္ဂလိပ်လို ပြန်မေးလိုက်တော့မှ သူမှတ်မိသွားသည်။ သူ့ဆီက အင်္ဂလိပ်သံတွေ ဆက်တိုက်ထွက်လာနေချိန်မှာတော့ ဗမာရည်းစားတစ်ယောက်လောက် ထားမယ်ဆိုတဲ့ ကျွန်တော့်စိတ်ကူးလေးက စီးကရက်ငွေ့လေးတွေလို လေထဲမှာ မျှင်မျှင်ချင်း ပျောက်ကွယ်သွားသည်။ အခုတော့ ရန်ကုန်ပြန်ပြီး ရင်ခုန်ရမယ့် အစီအစဉ်တွေအကုန်လုံး ကမောက်ကမ ဖြစ်ကုန်သည်။

စင်္ကာပူမှာနေပြီး စကာင်္ပူလူမျိုးတွေကို နေ့တဓူဝ မြင်နေရတဲ့ ကျွန်တော့်အတွက် ဗမာ ထင်ပြီး ဘလိုင်းဒိတ်လုပ်လိုက်မိတာ မြန်မာပြည်ရောက် စကာင်္ပူလူမျိုးတစ်ယောက် ဖြစ်နေပါရောလား။

သူကလည်း ကျွန်တော့်ကို စကာင်္ပူလူမျိုးထင်ပြီး ဒိတ်လိုက်တာ ဗမာကောင်လေး ဖြစ်နေတယ်လေ။

လွဲလည်း လွဲတတ်ပါ၏။ တစ်သက်လုံး အီးမေးလ်မှာ ကိုယ်သုံးတဲ့ နာမည်က အင်္ဂလိပ်လို။ သူသုံးတဲ့ နာမည်က ဗမာနာမည်။ သည်လိုနဲ့ပဲ နှစ်ယောက်သား အစကတည်းက လွဲခဲ့တာ နောက်ဆုံး လူချင်းတွေ့တဲ့ အထိပါပဲ။ အခုတော့လည်း နှစ်ယောက်သား ဖုန်းထဲမှာ ပြောပြောရင်း ရယ်လိုက်ရတာ။ နောက်ဆုံး သူနဲ့ အပြင်မှာ တကယ်ဆုံတဲ့ အထိလေ။

အခုတော့လည်း စင်္ကာပူရီးရမ်းအသား ခါးလှတယ် ဆိုပြီး ရန်ကုန်ပြန်လိုက်တာ။ ထိုအသားပဲ စားပြီး စကာင်္ပူ ပြန်ခဲ့ရသည်။ ထိုအချိန်ကစပြီး ကျွန်တော်တစ်ယောက်၊ ဘလိုင်းဒိတ်ဆို ဝေးဝေးကနေ ရှောင်ခဲ့မိတော့၏။

ကိုကိုဂွေးရေ .. ကျေနပ်တော့ .. အခုတလော မမ၀ါက စလိုက်တဲ့ နိုင်ငံခြားပြန်ညည်းချင်းက ကျွန်တော့်ဆီ ရောက်လာပါရောလား။ အခုတလော တဂ်ဆေးတွေ မိနေ၏။ နောက်ထပ် တဂ်တစ်ပုဒ်ကို ငနာ ဖိုးသင်္ကြန်အတွက် ရေးပေးရဦးမည်။း)
ကိုကိုဂွေးရေ သူများတကာတွေလို ရန်ကုန်ပြန်ခါနီး ဆွေတော်မျိုးတော်တွေအတွက် လက်ဆောင်ဝယ်ပေးရတဲ့ အကြောင်းမရေးတော့ဘူးနော်။ အကို၂ယောက် အမ၆ယောက် တူ၊တူမ ၁၄ယောက်ရှိတဲ့ ကျွန်တော့်အတွက် ရန်ကုန်ပြန်ရင် ဘယ်လောက် ခေါင်းခဲကြောင်း ညည်းပြလိုက်ရင် အကုန်လုံး ထိုင်ငိုမှာ စိုးလို့ ရီစရာ အဖြစ်အပျက်လေး ရေးပေးလိုက်တယ်။ ကျေနပ်တော့။

စိမ်းတိမ်းတိမ်း …… ရန်ကုန်ပြန်တဲ့ အကြောင်းလက်တို့ပါဦး။

11 ယောက်ကဒီလိုမြင်တယ်တဲ့...:

စိမ်းတိမ်းတိမ်း said...

PEACE ဆိုပြီး TAG တယ် :((
ငါတော့ TAG တွေနဲ့တင်ေ၇းစရာတွေ ပြည့်နေတော့မှာပဲ။

( ကောင်းတယ်။ ဒိတ်ချင်တာကိုး စလုံးသားပဲ စားပေါ့ :P )

ဖိုးစိန် said...

ဟောဗျာ
ဖြစ်ရလေချင်း
အဟိးး
ကိုပိုင့်ညည်းချင်းလေးက အသည်းယားစရာ
ဘာပြောပြော စားလိုက်တာပဲမဟုတ်လား (အဲလေ)
တွေ့ဖြစ်တယ်ပဲမဟုတ်လား အဟားးး
ခုရော.. ခုရော....
စလုံးသားက စားကောင်းတုန်းပေါ့လေ
း)))))))
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ဖိုးသင်္ကြန် said...

တွဲလောင်းကြီးမလုပ်နဲ့လေ။ ရေးမယ့်ရေး အပြည့်အစုံရေးလေကွာ။

MANORHARY said...

အမယ်
ဒါက
ကျုပ်ကိုတည့်တည့်ပြောတာပေါ့
ဟုတ်လား
း(
(ဆွေမျိုးပြိုင်မလား...မောင်နှမချည်း ၂၉ယောက်
တူတွေတူမတွေက ကိုယ်မသိတာတောင် ပါသေး..)
း)

သက်ပိုင်သူ said...

oh all gods
မပြိုင်ရဲတော့ပါဘူး.. မမနော်ရယ်..
ဟီ.. ဟိ..
ဖေဖေ့ကို ကျောင်းက ဆရာမတွေက နာမည်ပေးထားတာ ဦးမျိုးအောင်တဲ့.. မေမေကိုကြတော့ ရှင်မွေးလွန်းတဲ့...

ဟီး.. ဟီး..
အဲဒီဘွဲ့ကို မမနော်ရဲ့ .. ဖေဖေနဲ့ မေမေ့ကို ပေးလိုက်ပြီ
ခွိ.. ခွိ

mgphyulay said...

ဟဟ ဖတ်ပြီးတော့မှ ဘာသွားသတိရလဲ မိတ်အင် ရလွတ် ဆိုတဲ့ ရေဒီယို ဇာတ်လမ်းလေးကို သတိရသွားတယ်။ သူနဲ့ သဘောထားချင်းပြောင်းပြန်ပေါ့နော်...စားချင်အုံးဟဲ့ ဗမာ(အဲလေ ရည်းစားဖြစ်ချင်အုံးဟဲ့ ဗမာပေါ့နော်)။ လူချင်းတွေ့မှပဲ မေးစရာတွေရှိသည်။ ဗလကောင်းကောင်း ခန့်ခန့်ကြီးတစ်ယောက် အကြောင်းလဲ ရေးပါအုံး အသက်ရ။ ဆေားရီးနော် ကိုယ်က တက်စ်ထားပီး ကွန်မန့်နောက်ကျနေတာ။ မနေ့က အောချက်ဘက်ကို ဂျလန်ဂျလန် သွားလုပ်လို့...

မီယာ said...

စိတ်ဝင်စားစရာ အွန်လိုင်းဇာတ်လမ်း တပုဒ်ပေါ့နော်။ နောက်ရှိသေးရင် ရေးဦး။

Taungoo said...

အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

sin dan lar said...

ဟိုဖက်ဒီဖက် အစ်ကို၎ ယောက် အစ်မ ၂ ယောက်၊ တူ/တူမ 10 ယောက်လို့ ပြိုင်မလို့ မနော်မန့်တာဖတ်ပြီး လစ်ပြီ...။

JulyDream said...

သြော်... ကြုံမှ ဆုံတတ်ပေတယ်ကွယ်။ ဒါမျိုးတွေက ဖြစ်ခဲလှပါတယ်။ မဟာကံထူးရှင်ကြီးလို့ပဲ မှတ်လိုက်ပါတော့လေ။

နန်းညီ said...

ရယ်ချင်ပက်ကျိနဲ့ မန့်တွေလိုက်ဖတ်တာ.. ဘယ့်နှယ့် ဆွေမျိုးပြိုင်နေတာပါ့လား..
အံမယ် ညီညီကနော် ဝမ်းကွဲဆို အစ်ကိုချည်းပဲ ၁၁ ယောက်.. အစ်မက ၈ ယောက်.. တူတူမ တွေက ဘယ်နားက ဘာတွေမှန်းတောင်သိဘူး.. ကဲ