အခန်း(၄)
မိုးရော လေရော စဲသွားတဲ့အချိန်ကျတော့ လူတွေ ပုရွက်ဆိတ်အုံကို ဒုတ်နဲ့ထိုးသလို ထွက်လာ၏။ ရန်ကုန်မြို့ကြီးသည် အခုတော့ မြို့ပျက်ကြီး တစ်ခုပမာ။ သစ်ပင်တွေက အမြစ်ကနေ လဲကျကုန်သည်။ လမ်းဘေးဓါတ်တိုင်တွေကလည်း ကားလမ်းပေါ်မှာ အတုံးအရုံး။ ဂြိုလ်တုစလောင်းတွေကလည်း တွန့်ကျေလိမ်နေပြီး တစ်ချို့က လမ်းပေါ်မှာ တစစီပြန့်ကြဲလို့။ တစ်ချို့ကလည်း ကားတွေပေါ် ပိကျလို့။ တစ်နေရာနဲ့ တစ်နေရာ လမိးတွေ ပိတ်ကုန်သည်။ ကျွန်တော်ရော ချူးရော မြို့ထဲကနေ ဘယ်ကိုမှ သွားလို့မရ။
မေမေတို့ နေတဲ့ ဒဂုံမြောက်ပိုင်းမှာရော ဘာတွေ ဖြစ်ကုန်ပြီလဲ။ ဆက်သွယ်ရေးလိုင်းတွေ အကုန်ပြတ်ကုန်သည်။ ကျွန်တော်တို့နှစ်ယောက်စလုံး ဂဏာမငြိမ်။ ညနေဘက်ရောက်တော့ ဟိုတယ်မှာ ရေရော မီးရော ပြတ်ကုန်ပြန်သည်။ ချူးကလည်း မနက်က အရမ်းအေးလွန်းလို့ ဖျားမှာ စိုးရိမ်ပြီး ရေမချိုးခဲ့။ အခုတော့ မျက်နှာသစ်စရာ ရေပင်မရှိတော့။
ဟိုတယ်က စာရေးမလေးကို လေဆိပ်အခြေအနေကို မေးကြည့်တော့လည်း ဘာဆိုဘာမှမသိ။ နောက်ဆုံးရတဲ့ သတင်းက လေဆိပ်ကို လုံးဝပိတ်ထားရ၏တဲ့။ ဆူးလေအနီးအနား ပတ်ဝန်းကျင်ကလူတွေကလည်း သူတို့အိမ်တွေ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးကုန်တော့ ဟိုတယ်ကို လာတည်းကြသည်။ တဖြေးဖြေးနဲ့ ကျွန်တော်တို့တည်းနေတဲ့ ဟိုတယ်သည် လူချမ်းသာတို့ရဲ့ ဒုက္ခသည်စခန်းလို ဖြစ်လာနေသည်။ ဒီလိုနဲ့ မုန်တိုင်းအလွန် တစ်ရက်ကုန်တဲ့ အထိ ဘယ်ဆိုဘယ်မှ သွားလို့မရ။ ညမိုးချုပ်ခါနီးအထိ အနီးပတ်ဝန်းကျင်က လူတွေက ကိုယ်ထူကိုယ်ထ လမ်းတွေပေါ် ပိတ်လဲနေတဲ့ သစ်ပင်တွေ ခုတ်ထွင်ရှင်းလင်းဆဲ။ နောက်တော့ ရန်ကုန်တမြို့လုံး မှောင်အတိဖုံးလို့။ အခုတော့လည်း ရန်ကုန်သည် နာတာရှည် လူမမာတစ်ယောက်လို ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်နေသည်။ ဒီလိုနဲ့ပဲ တစ်ညတာသည် မျှော်လင့်ချက်မဲ့စွာ ကုန်ဆုံးခဲ့လေပြီ။
နောက်တစ်နေ မနက်မိုးလင်းတော့ ချုးက ပထမဆုံး ဧည့်ကြိုကောင်တာကို ပြေးပြီးမေးတာက လေဆိပ်အခြေအနေ။ အခုထက်ထိတော့ ဒီနိုင်ငံကနေ ထွက်သွားဖို့ မမြင်နိုင်သေး။ ဟိုတယ်မှာ ရေရတော့လည်း နောက်ကျိနေလို့ ဘယ်လိုမှ သုံးလို့မရ။ ဒီလိုနဲ့ပဲ ဆူးလေဘက်ကို ထွက်ပြီး ရတဲ့ တက္ကဆီကို ဈေးကြီးကြီးပေးပြီးငှားရသည်။ အမေတို့အိမ်သွားရာ လမ်းတလျှောက်မှာတော့ တော်တော်များများ ပျက်စီးနေကြ၏။ ကားကလေးကို ကန်တော်ကြီးဘက်ကို ပတ်မောင်းတော့ ကန်တော်ကြီး တစ်ခွင်သည် အခုတော့ လွင်တီးခေါင်ကြီးပမာ။
အမေတို့ အိမ်နားရောက်တော့ ကားကရှေ့ဆက်သွားလို့မရတော့။ အမေတို့နေတဲ့ ရပ်ကွက်တစ်ခုလုံး ရေလွှမ်းနေလို့ပါလား။ မထူးတော့။ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတဲ့ ချူးလက်ကိုဆွဲပြီး အမေတို့အိမ်ကို ရေတွေထဲက စမ်းတ၀ါးဝါးသွားရသည်။ ရေက ဒူးကျော်ပြီး တချို့နေရာတွေဆို ပေါင်လည်လောက် ရောက်ချင်ချင်။ အမေ့အိမ်ရောက်တာနဲ့ ရှိတာလေးတွေ ချက်ပြီး အမေက မနက်စာ ချက်ချင်း စီစဉ်ပေးတော့သည်။ အဖေကတော့ လန်သွားတဲ့ အမိုးကို ဖာထေးဖို့ သွပ်အသစ်တွေ သွားဝယ်နေဆဲ။ နောက်တော့ အမေက ဒဂုံမြောက်ပိုင်းက တခြားနေရာတွေမှာ တော်တော်ဆိုးတယ်တဲ့။ ဒီလိုကြားတော့ သူငယ်ချင်းတွေ အိမ်ကို သတင်းလိုက်မေးချင်လာသည်။ ဒီလိုနဲ့ပဲ ချူးကို အမေ့အိမ်မှာ ထားခဲ့ပြီး စက်ဘီးနဲ့ သတင်းလိုက်မေးဖို့ လုပ်တော့သည့်။ စက်ဘီးလေးတွန်းပြီး အိမ်အပြင်ထွက်ရုံပဲ ရှိသေးတယ်။ အမေက အိမ်ထဲကနေ အခုလို လှမ်းအော်လိုက်တယ်။
သားရေ….. မုန်တိုင်းက ဧရာဝတီဘက်မှာ အတော်ဆိုးတယ်တဲ့။ ပုသိမ်တို့ ဘာတို့ အမေတို့ မြို့တွေ အကြောင်း နားစွင့်ခဲ့ဦးနော်။
ပုသိမ်………….။ ပုသိမ်တဲ့။ လတ်တလော ဒုက္ခအမောတွေကြားမှာ ပုသိမ်ကို မေ့နေခဲ့တာ ကြာပေါ့။ အခုတော့လည်း တွေးစရာတွေ ရောက်လာပြန်ပြီ။ ဧရာဝတီဘက်မှာ အေ့ခြအနေဆိုးရင် သူရှိနေတဲ့ ပုသိမ်မှာရော…. အခြေအနေကောင်းသေးရဲ့လား။ မတွေးတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ အရာသည် အမှတ်တမဲ့ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့သည်။ မေ့ထားတဲ့ ဒဏ်ရာသည် တစစ်စ်နဲ့ပြန်နာလာသည်။ စက်ဘီးလေးပေါ် တက်လိုက်တဲ့အချိန်မှာတော့ အတိတ်ကအရိပ်တွေသည် ကျွန်တော့်စက်ဘီးနောက်ကို အမှတ်တမဲ့ ကပ်ပါလာတော့သည်။
စက်ဘီးလေးကို လမ်းမကြီးပေါ်မှာ နင်းနေတုန်းကတော့ ဘာမှ မခံစားရသေး။ ဒါပေမယ့် ဖြတ်ကူးနေကျ လမ်းကြားလေးကို သတိလက်လွတ် နင်းဝင်လိုက်ချိန်မှာတော့ အမှတ်တရတွေက အဲဒီလမ်းကြားလေးထဲမှာ ပြန့်ကြဲလို့နေတယ်လေ။
ဒီလမ်းလေး…………..။ ဒီလမ်းလေးမှာ ကျွန်တော်ရယ် သူရယ် ဆောင်းတွင်းဘက် ခေါက်တုံ့ခေါက်ပြန် အပြေးလေ့ကျင့်ခဲ့ဘူးသည်။ သူ့ရဲ့ နဖူးမှာ ဝေ့သီနေတဲ့ ချွေးစက်ကလေးတွေကြည်ပြီ့း သက်ပြင်းလေးတွေ ခိုးချမိတတ်လာသည်။ မောတဲ့ အခါ ခြေပစ်လက်ပစ် ကတ္တရာလမ်းပေါ် ထိုင်ချပြီး ဖိနပ်တွေ ချွတ်လိုက်တဲ့ အချိန်မှာ မာဆတ်ဆတ်လေးဖြစ်နေတဲ့ သူ့ရဲ့ ခြေမလေးကို လက်ချောင်းလေးနဲ့ ထိပြီး ကစားခဲ့ဖူးသည်။ အဲဒီတုန်းက သူက ကျွန်တော့် ပြုံးပြီး ကြည့်လို့ပေါ့။ ဒီလမ်းလေးမှာပဲ။ သူစိတ်ဝင်စားတဲ့ ကျောင်းက ကလေးလေးတစ်ယောက် ရှိသေးသည်။ အဲဒီကလေးလေးအတွက် ရည်းစားစာတွေ ကျွန်တော်ကိုယ်တိုင်ရေးပြီး သူ့အစား ပေးခဲ့ဖူးသည်။
ဒီလမ်းလေးကို အရင်က ဖြတ်သွားတိုင်း ဘာမှ သတိမရမိ။ ဒီနေ့ကျတော့မှ လဲကျနေတဲ့ သစ်ပင်အကိုင်းအခက်တွေကြားမှာ အတိတ်က အမှတ်တရတွေက တစစီ ကျိုးပဲ့လို့။ ဒီအတိုင်းပဲ………… မြင်နေရသည်။ ဒီလမ်းလေးမှာပဲ သူမေမြို့မှာ ကျောင်းသွားတက်တော့မယ်လို့ သိလိုက်ရချိန်မှာ ကျွန်တော် တိတ်တိတ်လေး ကြေကွဲခဲ့ဖူးသည်။ သူပထမဆုံး မေမြို့ကို ကျောင်းသွားတက်တဲ့ နှစ်မှာ ဒီလမ်းလေးမှာ တစ်ယောက်တည်း အလွမ်းတွေနဲ့ ကျန်ခဲ့ဖူးသည်။
သူမေမြိုကနေ ပထမဆုံးခွင့်ရက်နဲ့ ကျောင်းပိတ်ရက် ပြန်လာချိန်မှာ ဒီလမ်းလေးမှာ စိတ်လှုပ်ရှားစွာ ပြန်ဆုံခဲ့ဖူးသည်။ အဲဒီတုန်းက စက်ဘီးလေးတွေ ကိုယ်စီတွန်းရင်း မလွတ်တမ်း တစ်ယောက်ခါးကို တစ်ယောက်ဖက်လို့ ရယ်စရာတွေ ပြောခဲ့ဖူးသည်။ အဲဒီတုန်းကလည်း ဒီလမ်းလေးက ကျွန်တော်တို့နဲ့ အတူတူ လိုက်ပြီး ရယ်နေခဲ့ဖူးတယ်လေ။
အခုတော့ ဒီလမ်းလေးသည် မုန်တိုင်းရဲ့ ခြေထိုးခံမှုကြောင့် အရင်လိုမလှတော့။ ဒုတိယနှစ်ကျောင်းပိတ်ချိန်မှာတော့ ကျွန်တော်နဲ့ သူ့ရဲဆက်ဆံရေးတွေက အရင်လို ဟက်ဟက်ပက်ပက် မရှိတော့။ သူက သူလျှောက်မယ့်လမ်းကို အသေအချာရွေးပြီးနေတဲ့ အချိန်မှာ ကျွန်တော်က သူရဲ့ ဂုဏ်သိက္ခာအတွက် အမဲစက်တစ်ခုလို တဖြေးဖြေးဖြစ်လာနေတဲ့ အချိန်ပေါ့။ အဲဒိအချိန်တုန်းက ဒီလမ်းလေးက ကျွန်တော့်လိုပဲ တိတ်ဆိတ်နေခဲ့ဖူးသည်။
ငါအရင်လို မဟုတ်တော့ဘူးဆိုပြီး ကိုင်တွဲထားတဲ့ ကျွန်တော့်လက်တွေကို တွန်းပုတ်လိုက်တဲ့အချိန်။ အသက်လို့ ခေါ်မိလို့ ကျွန်တော့်ကို စူးရဲစွာ တစ်ချက်စိုက်ကြည့် ပြီး ကျောခိုင်းလိုက်တဲ့ အချိန်။ အဲဒီအချိန်တုန်းကလေ …………..။ ရှက်ပြီး ကလေးလေးတစ်ယောက်လို စက်ဘီးကို အသားကုန်နင်းပြီး သူ့ဆီက ပြေးထွက်လာခဲ့ဖူးသည်။ သူ့ကို ချစ်မိတာ လူစဉ်မမှီတဲ့ ရောဂါတစ်ခုလို ရှက်စိတ်တွေကို ထွေးပိုက်ပြီး ဒီလမ်းကလေးနဲ့ ဝေးရာ……… မိုင်ထောင်သောင်းချီတဲ့ နေရာကို တခါတည်း ပြေးထွက်ခဲ့ဖူးသည်။ အခုတော့လည်း ဒီလမ်းလေးက နာဂစ်ရဲ့ ဒဏ်ရာတွေနဲ့ မညီမညာ ဖြစ်ခဲ့ပြီ။ သူ့လိုပဲ ကျွန်တော့်နှလုံးသားမှာလည်း တချိန်က အခုလို ဒဏ်ရာတွေနဲ့ ကွဲအက်ခဲ့ဖူးသည်။ အခုတော့ အရာအားလုံး မနေ့ကနဲ့ မတူတော့။
ကျွန်တော် ရှက်စရာလို့ မြင်ခဲ့တဲ့ အရာသည် ရှက်စရာ မဟုတ်တော့။ လူ့ဘောင်ကြီးကနေ အပြစ်တစ်ခုလို မြင်တဲ့ အရာကို အပြစ်တစ်ခုလို မမြင်တော့။ ကျွန်တော့်မှာ အားပေးစရာ၊ လဲကျရင်ထူပေးမယ့် အရာ ။ ထိုအရာတွေနဲ့ ပြီးပြည့်စုံရာ………….. ချူးက ဘေးမှာ ရှိနေပြီ။ ဘာလိုသေးလဲ။ အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်စွာလိုအပ်နေမှသာ ချစ်ခြင်းဆိုတာ ပိုပီသပါသည်တဲ့။ သူ့အတွက် ကျွန်တော် မလိုအပ်တော့တဲ့ အချိန်မှာ သူ့အပေါ်ထားရှိတဲ့ ကျွန်တော့် ခံစားချက်တွေကရော အချစ်လို့ခေါ်နိုင်ပါသေးရဲ့လား။ တခါတလေတော့လည်း…….. သူ့ကို တိုက်ဆိုင်တဲ့ အခါတိုင်း သတိရနေမိသည်။ ဒါပေမယ့် အရင်ကလို နာကျင်သလားမေးရင် ခေါင်းကို ခါရမ်းမိမည်။ အရင်ကလိုရော ချစ်သေးလား မေးရင် တိတ်တိတ်လေး ခေါင်းညိတ်မိမည်။ ဒါပေမယ့် ဘယ်လောက်ချစ်သလဲ ထပ်မေးရင်တော့…………။ ဟင့်အင်း……. ဘယ်လောက်ချစ်သလဲ ဆိုတာတော့ ဘာဆိုဘာမှန်း မသိတော့တာပါလို့ ရိုးရင်းစွာ ဖြေမိမှာ အမှန်။
…………………..။………………………….
တတိယမြောက် မုန်တိုင်းအလွန် မနက်မှာတော့။ ကျွန်တော်နဲ့ ချူးနဲ့ ကံစမ်းပြီး လေဆိပ်ဆင်းကြသည်။ ကံကောင်းရင်တော့ လေဆိပ် ဖွင့်နိုင်ကောင်းပါရဲ့ ဆိုတဲ အတွေးနဲ့ပေါ့။ လေဆိပ်ရောက်တော့ ခရီးသည်တွေနဲ့ ပြည့်လို့။ ရန်ကုန်က ဘတ်စ်ကားတွေလိုပဲ ဖြစ်နိုင်ရင် အားလုံးက တိုးတက်ချင်နေကြတာ။ ကံကောင်း ထောက်မစွာနဲ့ပဲ….. ကျွန်တော်ရော ချူးရော လေယာဉ်ပေါ်ရောက်ခဲ့သည်။ လေယာဉ်ပေါ်ရောက်မှပဲ နှစ်ယောက်သား သက်ပြင်းချနိုင်ခဲ့သည်။ ဒါပေမယ့် ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေကတော့ ရောက်ယက်ခက်နေဆဲ။ ကိုယ်လိုလူတွေ ဒီမြို့ပျက်ကြီးဆီက ပြေးထွက်နိုင်ခဲ့ပေမယ့် ကျန်ခဲ့တဲ့သူတွေ ဘယ်လို စခန်းသွားကြမလဲ။ ဆက်ပြီး မတွေးရက်တော့။ ရှေ့မှာ လုပ်စရာတွေက အများကြီး ရှိသေးသည်။
လေယာဉ်က ဟိုးအမြင့်ကို ပျံတက်သွားချိန်မှာတော့ ပြောင်သလင်းခါနေတဲ့ တောအုပ်ကလေးတွေ၊ ရေလွှမ်းနေတဲ့ စိုက်ပျိုးခင်းတွေ၊ သွပ်ခေါင်မိုး အသစ်တွေကြောင့် ပြောင်ပြောင်လက်လက် ဖြစ်နေတဲ့ အိမ်ပုပုလေးတွေ။ အားလုံး…… အားလုံး…. အဝေးမှာ ကျန်ခဲ့သည်။ မျှော်လင့်ချက် ဆိုတဲ့အရာ။ လွမ်းဆွေးတမ်းတတတ်တဲ့အရာ။ ဒါတွေအားလုံး လေပြင်းတွေနဲ့အတူ အဝေးကို လွင့်စင်ပျောက်ကွယ် သွားကြပြီ။ ပျက်ဆီးခြင်း တချို့က အသစ်တဖန် ပြန်လည် မွေးဖွားလာနိုင်ပေမယ့် အရင်လို အခြေအနေတစ်ခုကို ပြန်လည် မရောက်နိုင်တော့။ ဒီလိုပါပဲ သူ့အပေါ်ထားခဲ့တဲ့ သံယောဇဉ်တွေက အသစ်တဖန် ပြန်လည်မွေးဖွားခဲ့တယ် ထားဦး အရင်လို မလတ်ဆက်နိုင်တော့တာ အမှန်ပါ။ အခုတော့ ကျွန်တော့်မှာ အားသစ်တွေ မွေးခဲ့ပြီ။ မျှော်လင့်ချက်အသစ်တွေ ရှင်သန်ခဲ့ပြီ။ ချူးကို ကျွန်တော့်ရင်ဘက်ထဲ ထွေးပွေ့လိုက်တဲ့ အချိန်မှာတော့ နှစ်ဦးသားတူညီတဲ့ ခံစားချက်……… အဲဒါ… ရင်ခုန်သံတွေက တူညီနေလို့ပေါ့။ ကျွန်တော့်ရဲ့ လည်တိုင်မှာ ချူးက ပါးလေး အပ်လိုက်ချိန်မှာတော့ သူ့ရဲ့ ကြမ်းရှရှ နှုတ်ခမ်းမွှေးပါးပါးတို့က ကျွန်တော်နှစ်သက်တဲ့ အတွေ့အထိလေးနဲ့ ကျီစယ်နေကြတယ်လေ။
ကျွန်တော့်အတွက်ကတော့ အတိတ်ဟောင်းတို့က အဝေးမှာ ကျန်ခဲ့သလို……….. သစ်လွင်တဲ့ အနာဂတ်တစ်ခုကလည်း အဝေးမှာ စောင့်ကြိုနေပြီ။ ဘာပဲပြောပြောပေါ့………။ ဆွေးမြေ့နေတဲ့ ပြက္ခဒိန်ဟောင်းတစ်ခုကို ဘယ်အချိန်ပဲ ပြန်လှန် ပြန်လှန် ဒီနေ့၊ ဒီရက်၊ ဒီသက္ကရာဇ်တွေကတော့ အမြဲ ရှိနေဦးမည်သာ။ ။
သရုပ်ဖော်ပုံ ကိုယ်တိုင်ဆွဲ၏။
ရွှင်လန်းချမ်းမြေ့ပါစေ။



20 ယောက်ကဒီလိုမြင်တယ်တဲ့...:
အော်
ပြီးသွားပြီပဲး)
နောက်တစ်ခါဆိုရင်တော့
သံယောဇဉ်တွေကို ၅ ပိုင်းလောက်ခွဲမလွန်ခိုင်းနဲ့တော့နော်
..........
mnhy
surprise ! I am no 1 ! ha ha
mnhy
ဪ ချူးက နှုတ်ခမ်းမွှေးပါးပါးရှိတာ ကိုး............
း)
ဇာတ်သိမ်းကိုစောင့်နေတာ
း)
ဇာတ်သိမ်းကိုစောင့်နေတာ... MSD ထက် ဦးအောင်ဖတ် လိုက်ရပြီ... :P
ချူးနဲ့ အကြောင်းလေး ရေးပါဦး..ဇာတ်သိမ်းပြီးသွားပေမယ့် ဆက်ဖတ်နေချင်သေးတယ်...ဆက်ရေးပါဦး
ကြိုက်စရာ ရှားလို့ ယောင်္ကျား၊ ယောင်္ကျားချင်း ကြိုက်ရလား။ ပြီးတော့ ဒါကို အပြစ်လို့ မယူဆဘူးဆိုတော့ အင်းမ်... ဘာပြောရမှန်းတောင် မသိတော့ဘူး။ သေချာတာကတော့ မြန်မာစိတ်ဓာတ်မရှိတော့တာပဲ။ အနောက်နိုင်ငံမှာတော့ ဒါမျိုးတွေက ရိုးနေလောက်ပါပြီ။ မြန်မာမှာတော့ လက်မခံတာ မြန်မာတွေရဲ့ အပြစ်မဟုတ်ဘူး။ နည်းနည်းလောက်တော့ စဉ်းစားသင့်ပြီ။
Whoa! What a nice experience of yours! I also want to go back for a visit to Yangon with my lover like you.
အပိုင်းတွေ လာဖတ်သဗျ
သပသရေ..
ဇာတ်သိမ်းပိုင်းလေးဖတ်သွားပြီ..
မိုက်တယ်..
နှုတ်ခမ်းမွှေးပါးပါးကို ဘာလို့ ထည့်ရေးတာလဲ စဉ်းစားလို့ မရဘူး။ ဒါမှမဟုတ် ဒီ့ထက် နူးညံ့အောင် ရေးပါလားလို့။ "သူ့နှုတ်ခမ်းလွှာလေးထက်က မွေးညင်းကလေးတွေ" စသဖြင့်ပေါ့။ မြန်မြန်ပြီး အေးရော မရေးပါနဲ့။
မမရီတာရေ.. ဟုတ်တယ်.... ရေးတာ မြန်သွားတယ်.. အဲလိုရေးရမှာ... ကျေးဇူးပါပဲဗျာ..
စကားလုံးတွေ.. နည်းနည်းရှားသွားတယ်.. နောက်ဆိုသေချာရေးပါ့မယ်
ဘယ်သူ့ကို ပိုချစ်လဲဆိုတာ သေသေချာချာမပါဘူးနော် :P
နောက်ဆုံး အပိုင်းဖတ်သွားတယ်... အချစ်က ဆန်းကြယ်ပါတယ်လေ...
Happy Ending ပဲဗျ...။ ဒီအပုဒ်မှာအကြိုက်ဆုံးနေရာက တော့ လမ်းအကြောင်းဖွဲ့ဆို တင်စားထားတဲ့နေရာပဲ...။ ကျွန်တော်ပဲ အလွမ်းဓာတ်ခံရှိလို့လား..။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ အတွင်းမသိစိတ်ကြောင့်လားတော့ မသိဘူး ကျွန်တော်သာဆိုရင်တော့ ဇာတ်ကို ဒီလိုမသိမ်းဘူး...။ ဘာ့ကြောင့်လဲတော့ မပြောတော့ပါဘူး :)
အရင်ဆုံးပြောချင်တာက ဘယ်သူမှ ကွန်မန့်မပေးခင်ကတည်းက ဖတ်မိပေမဲ့ တမင် နောက်ကျမှ ကွန်မန့်ပေးတဲ့ အတွက်ခွင်လွှတ်ပါ အသက်ရေ..။ "အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်စွာလိုအပ်နေမှသာ ချစ်ခြင်းဆိုတာ ပိုပီသပါသည်တဲ့။ " အချစ် ဒသာန တစ်ခုကို မှတ်သားသွားပါသည်။ “အရင်ကလို နာကျင်သလားမေးရင် ခေါင်းကို ခါရမ်းမိမည်။ အရင်ကလိုရော ချစ်သေးလား မေးရင် တိတ်တိတ်လေး ခေါင်းညိတ်မိမည်။ ဒါပေမယ့် ဘယ်လောက်ချစ်သလဲ ထပ်မေးရင်တော့…………။ ဟင့်အင်း……. ဘယ်လောက်ချစ်သလဲ ဆိုတာတော့ ဘာဆိုဘာမှန်း မသိတော့တာပါလို့ ရိုးရင်းစွာ ဖြေမိမှာ အမှန်။” စကားလုံးတွေ အားလုံးကို ကြိုက်ပါသည်။ တကယ်ရင်ထဲက ထွက်လာသော စကားလုံးတွေဆိုတော့ ပြောင်မြောက်ပါသည်။ တစ်ချိန်တုန်းက (အဲမဟုတ်တဘူး...အခုကောပဲပေါ့) ဒီလိုခံစားကြုံတွေ့ဖူးပါသည်။ အခုတော့လည်း အခုတော့လဲပေါ့...။ နှုတ်ခမ်းမွှေးပါးပါးလေး ဆိုတော့ ပပဝင်းခင်လိုပေါ့ ဟုတ်လား။ ဟုတ်လိုက်ပါနော်....။ ဘာပဲပြောပြော အားလုံးကို ကြိုက်ပါသည်။
---ပုလုကွေး---
အမှန်အတိုင်းပြောရရင် အပိုင်း(၅)ဖတ်ပြီးမှ ကျန်တာတွေ ပြန်ဖတ်ဖြစ်တာ။ ဘာပဲပြောပြော မင်းရဲ့ ဖန်တီးမှုအတွက် ဂုဏ်ယူပါတယ်သူငယ်ချင်းရေ။ ချူးကတော့ သူ့အကြောင်း ထည့်ရေးလို့ ပြုံးပြုံးလေးဖြစ်နေမှာ မြင်ယောင်သေး။
ငါကတော့ မင့်စာဖတ်ပြီး ဟိဒ်လယ်ဂျာကို လွမ်းသွားတယ်။
နောက်ဆုံးတော့ ဒီလိုပဲဖြစ်သင့်တာပါပဲလေ....
ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ချရေးရဲတဲ့ သတ္တိကိုတော့
ချီးကျူးပါတယ်ဗျာ...
ကံကောင်းပါစေ
MKT's FRIEND
For Firefox browser users - an indispensable extension
If you come across some word and you don't understand on web pages hover your mouse on that word and Press Shift key and move a bit-
within 3 secs Hero Byatta will get the meaning in Burmese characters and sentence making structure in English -
so blitzing fast and very very convenient
More ... HERE
ဆွေးမြေ့နေတဲ့ ပြက္ခဒိန်ဟောင်းတစ်ခုကို ဘယ်အချိန်ပဲ ပြန်လှန် ပြန်လှန် ဒီနေ့၊ ဒီရက်၊ ဒီသက္ကရာဇ်တွေကတော့ အမြဲ ရှိနေဦးမည်သာ။ ။
အတိတ်ဆိုတာ ဟောင်းတော့ ဟောင်းသွားတယ်..
ဒါပေမယ့် ဘယ်ခါမှ မပြောင်းသွားဖူးလေ.... ဟုတ် ?
သံယောဇဉ်အလွန်မှာလည်း ထို့အတူပဲပေါ့....
Post a Comment