ဒီနေ့ အတက်နေ့။ ဒီနေ့ရောက်ဖို့ မျှော်ခဲ့လိုက်ရတာ။ အခုတော့လည်း အရင်လိုပဲ မောပြီး ကျန်ခဲ့တာကလွဲလို့ ဘာမှမထူး။ မဏ္ဍာပ်ပေါ်ရောက်တော့လည်း သီချင်းသံတွေက ဂီတမဲ့လို့။ အရင်နေ့တွေကလိုပဲ ကခုန်ချင်သည်။ အားလုံးကို မေ့လိုက်ချင်သည်။ ဘာလုပ်ရမလဲ။ မျက်လုံးတွေက မဏ္ဍာပ်ပေါ်မှာ ရောင်းနေတဲ့ မြန်မာရမ်ပေါ်ရောက်သွား၏။ ပုလင်းတစ်ပြားဝယ်ပြီး ဘောလုံးရောက်လာတာနဲ့ အတူတူသောက်ကြသည်။ တစ်ပြားကုန်သွားတော့ နောက်တစ်ပြား။
ရင်ခုန်သံတွေက ပိုပိုပြီးမြန်လာသလို။ ဂီတသံတွေက ပိုပိုပြီးသွက်လာသလို။ အသည်းကွဲပြီး အရက်သောက်တဲ့ သူတွေကို အရင်တုန်းက လက်ညှိုးထိုးပြီး ဟားတိုက်ရယ်ခဲ့ဘူးသည်။ အခုတော့ ကျွန်တော်လည်း………………….။
ဟင့်အင်း…… အသည်းကွဲလို့ အရက်သောက်တာမှ မဟုတ်ဘဲ။ သင်္ကြန်မှာ ပျော်ချင်လို့။ ဟုတ်တယ်။ သင်္ကြန်မှာ ပျော်ချင်လို့……………………….။
ဘောလုံးက ကရအောင်ဆိုပြီး ကျွန်တော့်ကို တွဲခေါ်လိုက်သည်။ ဘောလုံး မျက်နှာကိုလည်း မမြင်ရတော့။ ဘောလုံးပုခုံးပေါ်ကို မေးတင်ပြီး သီချင်းနဲ့အတူ ခနာကိုယ်ကို ယိမ်းနေမိသည်။ အဲဒီအချိန်မှာ DJ က သီချင်းကို ပြောင်းပြစ်လိုက်၏။ အယ်လ်ဆိုင်းဇီရဲ့ မိုးရေထဲမှာ ဆိုတဲ့ သီချင်းက ၀မ်းနည်းစွာ ထွက်ပေါ်လာသည်။
မိုးရေထဲမှာ…………………..။
ကျွန်တော့် မျက်လုံးထဲမှာ ကျောင်းစိမ်းအကျီ်လေးနဲ့ ကလေးလေးနှစ်ယောက်ပေါ်လာသည်…။
အဲဒီနောက် မြေနီလမ်းလေး…………………။
စက်ဘီးလေးနှစ်စင်းက အဝေးကို ခပ်သွက်သွက်လေးနှင်လို့………………။
ရှေ့ဆုံးက တစ်ယောက်က လေအဟုန်လို အမြန်လေး နင်းလို့…..။ တစ်ယောက်က အမောတကောနဲ့ အနောက်ကနေလိုက်လို့…………………….။
ကျွန်တော် မခံစားနိုင်တော့။ တင်းချုပ်ထားတဲ့ စိတ်တွေကို လွှတ်ချပေးလိုက်သည်။ အေးစက်နေတဲ့ သင်္ကြန်ရေတွေက ပါးပြင်ပေါ်မှာ ပူနွေးသွားသည်။ ကျွန်တော် ဘာမှမသိတော့။ နားထဲမှာ နောက်ဆုံး ကြားလိုက်ရတာက ဧပရယ့်ရဲ့ ဘောလုံးအပေါ် အပြစ်တင်သံ သဲ့သဲ့တွေသာ။
တစ်မနက်လုံး အင်းယားကန်စပ်နံဘေးက အပင်ကို မှီပြီး အမူးဖြေနေမိသည်။ ဘောလုံးက ကျွန်တော့် နားထင်တွေကို နှိပ်ပေးနေချိန်မှာ ဧပရယ်ကလည်း ကျွန်တော့်လက်ကို ဆုပ်ပေးနေရင်း ဘာလို့ မသောက်တတ်ဘဲ မူးအောင်သောက်ရတာလဲဆိုပြီး စိုးရိမ်တဲ့ လေသံလေးနဲ့ ပြောရှာသည်။ ကျွန်တော်ကတော့ သူတို့နှစ်ယောက်လုံးကို ကျေးဇူးတင်စွာ ပြုံးပြလိုက်ရင်း…… ဟိုး …. အဝေးက ရေလယ်ကျွန်းလေးကိုသာ ငေးကြည့်နေမိလိုက်သည်။
ပျော်ရွှင်စွာကုန်ဆုံးခဲ့ချင်တဲ့ သင်္ကြန်က အခုတော့ ရီဝေေ၀နဲ့…….။ သိပ်ပြီး အကျည်းတန်လှချည်ရဲ့…………………………..။
သင်္ကြန်လဲအပြီး လူလည်း မျော့မျော့ပဲကျန်တော့သည်။ နှစ်ရက်လောက် ဘယ်မှ မသွားဖြစ်။ နောက်တော့မှ ဘောလုံးနဲ့ ဧပရယ်နဲ့ချိန်းပြီး…. ဟိုဟိုသည်သည် လျှောက်သွားဖြစ်သည်။ ရန်ကုန်မှာ အသစ်ဖွင့်တဲ့ ကော်ဖီဆိုင်တိုင်းလိုလို ထိုင်ဖြစ်သည်။ မကြာခင်မှာပဲ ရက်ရှည် ပိတ်ထားတဲ့ အစိုးရရုးံတွေကလည်း ပြန်ဖွင့်ပြီ။ အခုမှ သတိရသည်။ ကျွန်တော် D Form လုပ်ရဦးမယ်ဆိုတာကို။ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး အလည်ပြန်လာသူတိုင်း သက်ဆိုင်ရာနိုင်ငံက မြန်မာသံရုံးမှာ အခွန်အပြည့်ဆောင်ရ၏။ မဆောင်နိုင်ပါက မြန်မာပြည်က ထွက်တာနဲ့ D Form ပြန်လုပ်ရသည်။
ကျောက်မြောင်းက အမအိမ်ကို သယ်လာတဲ့ အထုပ်တွေထဲမှာ ပတ်စ်ပို့ကို ရှာကြည့်၏။ မတွေ့။ ပတ်စ်ပို့မိတ္တူသာတွေ့သည်။ ဒဂုံမြောက်က အမေတို့အိမ်မှာများ ကျန်ခဲ့လေသလား။ D Form က ဒီနေ့လုပ်မှ ဖြစ်မည်။ သန်ဘက်ခါဆို ချူးက သူ့နိုင်ငံကနေလာတော့မည်။ အမေ့အိမ်ကို ပြန်ပြီးရှာရင် D Form လုပ်ဖို့နောက်ကျနေပါဦးမည်။ ဒီလိုနဲ့ပဲ မိတ္တူလေးကိုဆွဲပြီး ဆူးလေဘက်ကို ထွက်လာခဲ့လိုက်၏။ ပတ်စ်ပို့မိတ္တူနဲ့ပဲ D Form ကိုရအောင် လျှောက်လိုက်သေးသည်။ သိပ်ကြာအောင် မစောင့်လိုက်။ ညနေကျတော့ D Form ရနေပြီ။
နောက်တော့ အမေ့အိမ်ကို သုတ်သုတ်နဲ့ပြန်။ အိမ်ရောက်တော့ အထုပ်တွေထဲ ဖြဲကားရှာ။ မတွေ့။ ပတ်စ်စပို့ကို လုံးဝမတွေ့။ အိမ်ရှိလူကုန်ကို မေးတော့လည်း ဘယ်သူမှ မသိ။ ကျောက်မြောင်းက အမအိမ်မှာပဲ သေချာမရှာလို့ မတွေ့တာလား။ ဒီတစ်ခါ ရင်ထဲမှာ ပူလာတဲ့ အပူက ဘာနဲ့မှ မတူတော့။ မိုးချုပ်နေပြီဆိုတော့ အိမ်ကလည်း အပြင်ကို မထွက်စေချင်တော့။
မိုးလင်းတာနဲ့ ကျောက်မြောင်းကို ပြေးရပြန်ရော။ အမအိမ်ရောက်တော့ အိပ်ကြို အိပ်ကြားပါမကျန် ရှာကြည့်သည်။ သေချာပြီ။ ပတ်စ်ပို့လက်ထဲမှာ မရှိတော့။ လူကြုံပေးတဲ့ အထုတ်တွေမှာများ ပါသွားသေးလား။ လူကြုံအိမ်တွေ လိုက်မေးကြည့်တော့လည်း ဘယ်သူဆီမှ မပါသွား။
သင်္ကြန်ပြီးတာနဲ့ နေကလည်းပူလာသည်။ ခေါင်းထဲမှာလည်း ထူပူလာသည်။ နောက်ကနေ တကောက်ကောက် အဖော်လိုက်ပေးတဲ့ ဘောလုံးကိုလည်း အားနာလာ၏။ ဘာလုပ်လို့လုပ်ရမှန်း မသိ။ ဒီပုံစံအတိုင်းသာဆို ပတ်စ်ပို့ အသစ်ပြန်လုပ်ရဖို့သေချာနေပြီ။
ဘောလုံးက ပတ်စ်ပို့ အသစ်ပြန်လုပ်ချင်ရင် သူ့အမေကို မေးပေးမယ်တဲ့။ အဆင်ပြေမှာပါတဲ့။ စိတ်ထဲကနေ ဘောလုံးကို အရမ်းကျေးဇူးတင်သွားမိတယ်လေ။ ဒါပေမယ့် ဘောလုံးက သူ့အမေကို ဖုန်းနဲ့ လှမ်းမေးပြီးတဲ့ အခါမှာတော့ မျက်နှာမကောင်းလှ။ ဘာလို့လည်း မေးကြည့်တော့ ပတ်စ်ပို့ ပျောက်ဆုံးကြောင်း သတင်းစာမှာ အရင်ကြော်ငြာရမယ်တဲ့။ သတင်းစာမှာ ကြော်ငြာရမယ်ဆိုတော့ လွယ်ပါတယ်။ သတင်းစာတိုက်ကို သွားရအောင်လို့ ပြောလိုက်တယ်။ ဒါပေမယ့် သတင်းစာတိုက်ကို မသွားခင် လုပ်ရမယ့် အရာတွေ ကြားလိုက်ရတော့ ကျွန်တော် စိတ်တော်တော် ညစ်သွားသည်။
ပထမဆုံး ရပ်ကွက် ထောက်ခံစာ ယူရမည်။ ရပ်ကွက်ရုံးကလည်း ညနေမှ ဖွင့်တယ်တဲ့။ ရပ်ကွက် ထောက်ခံစာယူ။ ရဲစခန်းသွား။ ရဲစခန်းမှာ ပျောက်ဆုံးကြောင်း အမှုဖွင့်။ ရဲစခန်းကစာကို ယူပြီးမှ သတင်းစာတိုက်မှာ ပျောက်ဆုံးကြောင်း ကြေညာချက်ထည့်။
အဲဒီနောက် သတင်းစာမှာ ကြေညာပြီး နှစ်ပတ်တိတိ စောင့်ပြီးတော့မှ မတွေ့ပါဘူးဆိုပြီး ပတ်စ်ပို့ အသစ်ပြန်လျှောက်လို့ရမှာတဲ့။ အချိန်။ အချိန်မရှိတော့။ လက်ထဲမှာ ခွင့်ရက်က တစ်ပတ်ပဲ ကျန်တော့၏။ ချူးကလည်း ရောက်တော့မည်။
ဘာလုပ်ရမှန်း တကယ်မသိတော့ပါ။ ဘောလုံးက ကျွန်တော့်ကို စိတ်ကို ခဏလေး ငြိမ်ခိုင်းပြီး စဉ်းစားခိုင်းသည်။ ဘယ်နေရာမှာ ကျပျောက်နိုင်သလဲ ဆိုတာကိုပေါ့။ လေယာဉ်ပေါ်က ဆင်းဆင်းချင်း ကျွန်တော့်လက်ထဲမှာ ပတ်စ်ပို့ ရှိသေးသည်။ Immigration Counter ကို ဖြတ်တော့လည်း ရှိသေး၏။ Luggage တွေ ရွေးတော့လည်း မှတ်မှတ်ရရ ညာဘက်လက်ကနေ ဘယ်ဘက်ကို ပြောင်းကိုင်လိုက်သေးသည်။ အဲဒီနောက် ပစ္စည်းစစ်တဲ့နေရာမှာ ကိုယ့်ပစ္စည်းတွေ တစ်ခုချင်းစီ ဒေါသတကြီးနဲ့ ထုတ်ပြလိုက်ရသည်။ အဲဒီနောက် ဘာမှ မမှတ်မိတော့…………………….။ တစ်ခုတော့ လက်ထဲမှာ ကံစမ်းလို့ရသေးသည်။
ဘောလုံးရယ်…… လေဆိပ်မှာ သွားရှာကြည့်ရအောင်…။ ကံကောင်းရင် ပြန်တွေ့နိုင်တာပေါ့…….။

အခန်း(၃)

ဆက်ပါဦးမည်။
ပုံလေးကို ကျောင်းတုန်းက ART THEORY ESSAY အတွက် စာအုပ်တစ်အုပ်ကနေ ရှာတွေ့ထားတာပါ. ဘယ်စာအုပ်လည်း မမှတ်မိတော့။

8 ယောက်ကဒီလိုမြင်တယ်တဲ့...:
လုပ်ပြန်ပြီ .........
အင်း ဒီတစ်ခါတော့ သက်သက်သာလေးပဲ ဖက်သွားတယ်။ အရမ်းခံစားရတာတွေ မပါသေးလို့နော်..။ အသဲကွဲ အရက်သောက် ချစ်ချစ်အတွက် မျက်ရည်ကျတာ ငါမဟုတ်..(သက်ပိုင်သူ)..ဟာလူးလေးတုန်းကလည်း ဒီလိုပဲ။ အရက်တော့မသောက်ပါဘူး။ သီချင်းတွေ အော်ဆိုခဲတယ်လေ။ မတွေးမိအောင်နေတယ်...
:)
mnhy
ပထမဦးဆုံးရောက်လာတာပါ........
ဖတ်ရတာရင်ထဲကိုနင့်သွားတယ်.........
အပိုင်း(၄)ကိုစောင့်နေမယ်...........
myan myan sat par byooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooo!
လာဖတ်ပါတယ်----
သင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--
ဆက်ရန်ဆိုတဲ့ စာကို ဖတ်ကို မဖတ်ခြင်တော့ဘူး..
မြန်မာပြည်မှာ ကိုရီးယားကား ကြည့်တုန်းကလည်းဇာတ်ကောင်းလာတာနဲ့ ဆက်ရန် ၀တ္ထုတွေ ဖတ်တော့လည်းဇာတ်မြင့်လာရင် ဆက်ရန်..
ပိုင်လေးနော်.. ဟိုလိုလို ဒီလိုလို မလုပ်နဲ့ ..ခရီးမထွက်ခင် ပြီးအောင်ရေးသွား ဒါပဲ...
ချစ်တဲ့ မကြီး
စိတ်ကြီးတာကို ပြေး...။ပြေး...။ လေယာဉ်ကွင်းကို မြန်မြန် ပြေး....။
Post a Comment