ညတစ်ညပေါ့။ အဲဒီညမှာ မြေးအဖိုးနှစ်ယောက် ကောင်းကင်က ကြယ်လေးတွေကို ရေတွက်နေကြလေရဲ့။ ၄နှစ်အရွယ် မြေးလေးရဲ့ မျက်ဝန်းက ကောင်းကင်က ကြယ်လေးတွေလို လင်းလက်နေသလောက် အဖိုးအိုရဲ့ မျက်ဝန်းကတော့ ကြယ်အိုလေးတစ်လုံးမျှလောက်တောင် မလင်းလက်နိုင်တော့ပါ။ ဇရာရဲ့ရိုက်နှက်မှုတွေကို အဖိုးအိုရဲ့ မျက်နှာမှာ အရေးသားတွေမြင်ရပေမယ့်၊ တစ်ချက်တစ်ချက် မြေးငယ်ကို ပြုံးပြလိုက်ချိန်မှာတော့ အဖိုးအိုရဲ့ နုငယ်မှုတွေက ပြန်ပြီး အသက်ဝင်လာသလိုလို။
မြေးလေးက ကောင်းကင်က ကြယ်တွေကို ရေတွက်လိုက်၊ ခေါင်းကုတ်လိုက်နဲ့၊ ကြာတော့ မရေတွက်နိုင်တော့။ အဖိုးအိုက မြေးလေးရဲ့ ခေါင်းရှုပ်နေဟန် မြင်တော့ ငယ်မူငယ်သွေးပြန်သလို အားရပါးရ ရယ်လေသည်။ အဲဒီနောက် အဖိုးအိုက မြေးလေးရဲ့ခေါင်းကို ယုယစွာ ပုတ်လိုက်ရင်း အတောက်ပဆုံးကြယ်တစ်လုံးကို လက်ညှိုးထိုးကာ မြေးငယ်လေးကို ဘာကြယ်လေးကို မေးလိုက်သည်။ မြေးငယ်လေးကလည်း အားတက်သရော လူတွေကို လမ်းပြပေးတဲ့ ဓူဝံကြယ်ပေါ့ ဖိုးဖိုးရဲ့ဟု ပြန်ဖြေလိုက်သည်။ အဖိုးအိုက သဘောကျစွာ ရယ်လိုက်ပြီး ဒါဆို… ဟော.. ဟိုးကရော ဘာကြယ်လေးတုန်း လို့မေးလိုက်ပြန်သည်။ အဲဒီအခါ မြေးငယ်လေးက ဖြောက်ဆိပ်ကြယ်လို့ သွက်သွက်လက်လက်ဖြေလိုက်သည်။
အဖိုးအိုသည် ခေါင်းတညိတ်ညိတ်နဲ့ မြေးလေးကို ကြည့်ပြီး အဝေးဆုံးမှာ ရှိတဲ့ ကြယ်လေးတစ်စုံကို လက်ညှိုးထိုးရင်း မေးလိုက်ပြန်သည်။ မြေးငယ်လေးက မှိတ်တုတ်မှိတ်တုတ်နဲ့ တစ်ခုနဲ့ တစ်ခု ပူးကပ်စွာရှိနေတဲ့ ကြယ်စုံတွဲလေးကို ကြည့်ရင်း ခေါင်းကို ကုတ်လိုက်သည်။ လက်ပေါ်မေးတင်ရင်း စဉ်းစားသည်။ နောက်တော့ ဘာအဖြေမှ မထွက်လာဘဲ ဖိုးဖိုး…. သားသားကို တစ်ခါမှ မပြောဖုးဘူး လို့ မျက်နှာလေး စူပုတ်ကာ ပြောလိုက်သည်။ အဖိုးအိုက မြေးလေးရဲ့ ခေါင်းကလေးကို သပ်လိုက်ရင်း…. ဟုတ်တယ်.. မြေးလေးရယ်။ တစ်ယောက်တည်းသူက လွဲလို့ ဖိုးဖိုး… ဘယ်သူကိုမှ မပြောဖူးဘူး။ ဒီကြယ်လေးနှစ်လုံးက တစ်နှစ်မှာ တစ်ခါပဲ လင်းတာ… မြေးလေးရဲ့ …. လင်းလို့ရှိရင်လည်း မနက်အာရုံလင်းတဲ့ အထိလင်းတာ။ ဖိုးဖိုးတို့အခန်းထဲကဆို အတိုင်းတားမြင်ရတာပေါ့။ နေထွက်လာတော့မှ တဖြေးဖြေးနဲ့ ပျောက်သွားတာ။ သူတို့ကို ကြယ်စင်ပန်းလို့ ခေါ်တယ်ကွဲ့။ မြေးလေးက အဖိုးအိုပြောတာကို စိတ်ဝင်တစားနားထောင်နေရင်း ဘာလို့ အဲဒီကြယ်လေးတွေကို ကြယ်စင်ပန်းလို့ခေါ်ရတာလဲလို့ မေးလိုက်သည်။ အဖိုးအိုသည် တစုံတရာကို စဉ်းစားလိုက်ရင်း တိုးတိတ်စွာနဲ့ မြေးငယ်လေးကို ပေါင်ပေါ်တင်လိုက်ရင်း ပုံပြင်လေးတစ်ပုဒ်ကို ပြောပြပါတော့သည်။
…………………………………………..၊……………………………………………
ပုံပြင်လေးကို YOUTUBE မှာကြည့်ပေးကြပါဗျာ။
ပုံပြင်ထဲက ဇာတ်ကောင်များ
အဖိုးအိုရဲ့ ပုံပြင်ဆုံးသွားသော်လည်း မြေးငယ်လေးက ကြယ်လေးနှစ်လုံးကို စူးစိုက်စွာကြည့်နေဆဲ။ ထိုအချိန်မှာ အိမ်လေးထဲကနေ တလှုပ်လှုပ်နဲ့ အမယ်အိုတစ်ယောက်တံခါးနားမှာ လာရပ်ရင်း ကြယ်တွေကြည့်နေတဲ့ မြေးအဖိုးနှစ်ယောက်ကို နောက်ကျနေပြီ မအိပ်ကျသေးဘူးလားလို့ အနိမ့်အမြင့်မတူတဲ့ အက်ကွဲကွဲလေသံလေးနဲ့ ပြောလိုက်သည်။ အဲဒီအခါ မြေးငယ်လေက လူးလဲထသွားပြီး အဖွားအို ရှိရာကို လက်ကမ်းလိုက်၏။ ပထမတော့ အဖွားအိုက မြေးငယ်လေးရဲ့လက်ကို မမိဘဲ လေကိုသာစမ်းနေသည်။ မြေးငယ်လေးက အလိုက်တသင့် သူ့လက်ဖ၀ါးလေးကို အဖွားအိုရဲ့ အရိုးပေါ်အရည်တင်နေတဲ့ လက်ချောင်းလေးတွေထဲကို ထည့်ပေးလိုက်ရင်း သားသားတို့ ကြယ်တွေကြည့်နေတာ ဖွားဖွားရဲ့လို့ ပြောလိုက်သည်။ အဲဒီနောက် မြေးငယ်လေးက ဆက်ပြီး အဖွားအိုကို အားရ၀မ်းသာနဲ့ သူ ပန်းကြယ်စင်ကို မြင်လိုက်ရတဲ့ အကြောင်းပြောပြလေရဲ့ အဖွားအိုသည် ပန်းကြယ်စင်ဆိုတဲ့ နာမည်ကို ကြားလိုက်တဲ့အခါ ပြိုတော့မယ့် မိုးလိုအုံ့မှိုင်းမှိုင်းဖြစ်သွား၏်။ ထိုအချိန်မှာ အဖိုးအိုက အနားရောက်လာပြီး အဖွားအိုရဲ့ လက်ကလေးကို ကြင်နာယုယစွာကိုင်ကာ အိပ်ခန်းထဲသို့တွဲဝင်သွားတော့သည်။ ဒါပေမယ့် အဖွားအိုရဲ့ နှုတ်ဖြားမှ စကားစတစ်ချို့ က မပီတစ်ဝက် ပီတစ်ဝက်နဲ့ ပြုတ်ကျထွက်လာသည်။ အော်… ဒီကြယ်လေးတွေမမြင်တာ နှစ်သုံးဆယ်တိတိတောင်ကြာပပေါ့လား။
ဒီလိုနဲ့ တစ်ညတာသည် အေးချမ်းတိတ်ဆိတ်စွာ ကုန်သွား၏။ မနက်မိုးလင်း နေခြည်လေးဖြာကျလာချိန်မှာ အဖိုးအို လင်မယားအခန်းမှ ပြတင်းတံခါးက ပွင့်နေပြီး လေတဖြူးဖြူးက ခန်းစီးစကို တိုးဝှေ့ရင်း အခန်းထဲကို တိုးဝင်လာကာ အဖိုးအိုလင်မယားကို နှုတ်ဆက်စွာ ပြန်ထွက်သွားသည်။ အဖိုးအိုက အဖွားအိုလေးကို နောက်ကျောမှ သိုင်းဖက်ကာ ထာဝရအိပ်မောကျနေပြီး အဖွားအိုကတော့ မျက်လုံးလေးကို မှေးမှေးလေးဖွင့်ကာ ပြတင်းပေါက်မှကျော်ပြီး အရာတစ်ခုခုကို ငေးစိုက်ကြည့်နေသယောင်။ သေချာတာတစ်ခုကတော့ သူတို့နှစ်ဦးရဲ့ နုပျိုစဉ်က အပြုံးလေးတွေက ဖူးပွင့်လို့။ သေချာတာနောက်တစ်ခုကတော့ ရောင်နီတက်လာတဲ့ အရှေ့ မိုးကုတ်စက်ဝိုင်းမှာ ကြယ်စုံတွဲလေးက တဖြေးဖြေးနဲ့ ပျောက်ကွယ်နေပြီလေ။
ဒီလိုနဲ့ တစ်ညတာသည် အေးချမ်းတိတ်ဆိတ်စွာ ကုန်သွား၏။ မနက်မိုးလင်း နေခြည်လေးဖြာကျလာချိန်မှာ အဖိုးအို လင်မယားအခန်းမှ ပြတင်းတံခါးက ပွင့်နေပြီး လေတဖြူးဖြူးက ခန်းစီးစကို တိုးဝှေ့ရင်း အခန်းထဲကို တိုးဝင်လာကာ အဖိုးအိုလင်မယားကို နှုတ်ဆက်စွာ ပြန်ထွက်သွားသည်။ အဖိုးအိုက အဖွားအိုလေးကို နောက်ကျောမှ သိုင်းဖက်ကာ ထာဝရအိပ်မောကျနေပြီး အဖွားအိုကတော့ မျက်လုံးလေးကို မှေးမှေးလေးဖွင့်ကာ ပြတင်းပေါက်မှကျော်ပြီး အရာတစ်ခုခုကို ငေးစိုက်ကြည့်နေသယောင်။ သေချာတာတစ်ခုကတော့ သူတို့နှစ်ဦးရဲ့ နုပျိုစဉ်က အပြုံးလေးတွေက ဖူးပွင့်လို့။ သေချာတာနောက်တစ်ခုကတော့ ရောင်နီတက်လာတဲ့ အရှေ့ မိုးကုတ်စက်ဝိုင်းမှာ ကြယ်စုံတွဲလေးက တဖြေးဖြေးနဲ့ ပျောက်ကွယ်နေပြီလေ။
(ကျွန်တော် Lasalle-Sia မှာ ကျောင်းတက်ချိန်က ပထမနှစ် Foundation Year မှာ လုပ်ခဲ့တဲ့ ကာတွန်းပရိုချက်လေးပါ။ ဒီပရိုချက်လေးကို လုပ်ဖို့ စာသင်ချိန် ရှစ်ပတ်အချိန်ယူခဲ့ရပါတယ်။ နှစ်လနီးပါးပေါ့။ ပထမလေးပတ်က ကာတွန်းနဲ့ ပါတ်သက်တာတွေအကြောင်း သီအိုရီတွေသင်ရပါတယ်။ တကယ်တမ်း ဒီကာတွန်းလေး လုပ်ချိန်က တစ်လလောက်ပဲ အချိန်ရခဲ့တယ်။ ကျွန်တော်တို့ ဖောင်ဒေးရှင်းမှာ 2D Workshop, 3D Workshop, Multimedia Workshop, Design Workshop ဆိုပြီး၊ တစ်ခုကို နှစ်လစီနဲ့ ၊ စုစုပေါင်း တစ်နှစ်သင်ရပါတယ်။ ဖောင်ဒေးရှင်း ပြီးမှ လိုချင်တဲ့ မေဂျာမှာ ဆက်သင်ရပါတယ်။ အခု ဒီကာတွန်းလေးက Multimedia အောက်ကပေါ့။ Multimedia Workshop လုပ်ရတဲ့ နှစ်လအတွင်းမှာ ကာတွန်းကား ဖန်တီးရရုံတင်မကဘူး ဇာတ်လမ်းတို တစ်ခုလည်း ရိုက်ရပါတယ်။ ဇာတ်လမ်းမရိုက်ခင်မှာ ကင်မရာ အထားအသို၊ ဇာတ်ဆောင်တွေနဲ့ ပါတ်သတ်တဲ့ အ၀တ်အစားဒီဇိုင်း အကုန်ပါတဲ့ Story Board ရေးရပါတယ်။ အဲ့ဒါကောင်းမှ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုဖြစ်တာပါ။ အဲ့ဒီ ပရိုချက်က တစ်ယောက်ချင်းစီ မလုပ်ရပါဘူး။ အများနဲ့ လုပ်ရတဲ့ ပရိုချက်ပါ။ မှတ်မှတ်ရရ ကျွန်တော်တို့နှစ်အတွက် ကျတဲ့ ခေါင်းစဉ်က အချစ်တဲ့။ ကျောင်းသား လေးယောက်ပေါင်းပြီး ဇာတ်လမ်းတစ်ပုဒ်စီရေးရပါတယ်၊ အဲ့ဒီအထဲကမှ အကောင်းဆုံးဇာတ်လမ်းကိုရွေးပြီး ဇာတ်လမ်းတို တစ်ခုဖြစ်အောင် ရိုက်ရတယ်။ ကျွန်တော်တို့ အဖွဲ့က အရွေးမခံရဘူး။ တခြားတစ်ဖွဲ့ရဲ့ ဇာတ်လမ်းကို ယူပြီး ရိုက်ခဲ့ရတယ်။ နောက်ပြီး Potoshop Software နဲ့၊ ဓါတ်ပုံပေါင်းစုံကို သုံး၊ ဖြတ်ညှပ်ကပ်လုပ်ပြီး ရေသူမတစ်ယောက် ဖန်တီးရပါသေးတယ်။ အဲဒီပရိုချက်တွေအားလုံးကို နောက်ဆုံးအပတ်မှာ တင်ရပါတယ်။ ပရိုချက်တွေလည်းတင်ပြီးရော လူလည်း မျော့မျော့ပဲကျန်တော့တာပေါ့။ အဲဒါတွေအားလုံးကို ပြန်စဉ်းစားမိတိုင်း နာနာကျင်ကျင် ပင်ပင်ပမ်းပမ်းနဲ့ လုပ်ခဲ့ရလို့လား မသိဘူး၊ ပြန်ပြီး ခဏခဏအမှတ်ရနေမိတယ်။ ကျွန်တော် လုပ်ခဲ့တဲ့ Multimedia ပရိုချက်တွေအများကြီးပဲ ရှိပေမယ့် သိတဲ့အတိုင်း။ စကာင်္ပူမှာ တစ်နေရာနဲ့ တစ်နေရာ ဖင်ပူအောင် မနေခဲ့ရတော့။ ပြောင်းရင်းရွှေ့ရင်း ပရိုချက်တွေ ဘမ်းထားတဲ့ စီဒီတစ်အိတ်လုံး ပျောက်သွားခဲ့တယ်။ ကျွန်တော့်တစ်သက် နှမြောတသဖြစ်လို့ မဆုံးတော့ဘူး။ လုပ်ခဲ့တဲ့ ဇာတ်လမ်းတို ရုပ်ရှင်လေးကို စာဖတ်သူတွေကို ပြချင်ပေမယ့် ပြလို့မရတော့ဘူး။ ဒါတောင်မှပဲ ဒီကာတွန်းကားလေးလဲ ပျောက်တဲ့အထဲမှာ ပါသွားတာ။ တစ်လလောက် အိပ်လို့မပျော်ဘူး။ စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းကို Green Girl ကို ပြောပြလိုက်တော့ သူ့ဆီမှာ ကာတွန်းကားလေး ရှိသေးတယ်တဲ့။ အဲဒီအချိန်တုန်းက ၀မ်းသာလွန်းလို့ သူ့ကို အာဘွားတောင် ပြေးပြီး ပေးချင်လိုက်တာ။ သူသိမ်းထားတဲ့ စီဒီက Presentation CD ဆိုတော့ Director Software နဲ့ လုပ်ထားတဲ့ မူရင်းဖိုင်တွေ မရှိတော့ဘူး။ အဲဒါမို့လို့ ဒီကာတွန်းကားလေးကို Movie File ပြောင်းလို့မရတော့ဘူး။ သိတဲ့အတိုင်း လူကြံရင် ဘာမဆိုဖြစ်တဲ့အတိုင်း ဒီကာတွန်းလေးကို အိမ်ကကွန်ပျူတာနဲ့ဖွင့်၊ ဗွီဒီယိုရိုက်ပြီး YouTube ပေါ်တင်ပေးလိုက်ပါတယ်။ စပီကာက ထွက်လာတဲ့ အသံနဲ့ဆိုတော့ သိပ်ပြီးမကောင်းနိုင်ဘူး။ သည်းခံပြီးတော့ အားပေးကြပါနော်။)


18 ယောက်ကဒီလိုမြင်တယ်တဲ့...:
ပုံပြင်လေး က ကောင်းပါတယ်ကွယ်
ဒါပေမယ့် နမ်းတဲ့အခန်းက သိပ်များလို့ မောင်နဲ့ နှမ သားနဲ့အမိ ကြည့်လို့ မသင့်တော်လို့ ဆင်ဆာ ဖြတ်တယ် ကွယ် ခစ်ခစ်ခစ်
agree with ti chan. :P
ကြည့်သွားပါတယ်...။
ပန်းဆို မိန်းကလေးနဲ့နှိုင်းတာပဲ ကြားဖူးတော့ ပန်းထီးလေးကို ကြည့်သွားပါတယ်။
ပုံပြင်လေးကအရမ်းကောင်းတယ်
ငယ်မူသွေးပြန်တဲ့မျက်နှာလုပ်ပြပါလား
ဘယ်လိုမျိုးလဲဆိုတာသိချင်တယ်
အဟီး
စတာနော် အတည်ရယ်ပါ
စာရေးကောင်းတယ် ကိုပညာတတ်ရယ်
ခင်မင်တဲ့
ဖိုးစိန်
thebrandnewdancer.blogspot.com
ဒီကာတွန်းလေးကို သဘောကျလို့ နင်ခဏငှားထားတုန်း အခွေပြန်ကူးထားတာ။ ငါရယ်၊ နွေးနွေးရယ်၊ MSD ရယ်တစ်ယောက် တစ်ခွေစီရှိတယ်။ ကူးထားမိတာ ကံကောင်းတာပေါ့။ :)
ကားတွန်းလေးကို ကော ဇာတ်လမ်းလေးကိုပါ သေသေချာချာကြည့်သွားတယ်
ပန်းလေးတွေက ချစ်စရာလေးတွေနော်..
မိုက်တယ်...အိမ်းရောက် စက်သုံးတာနဲ့ အသက်ဘလော့ကို လာပီး ကြည့်ကာ မန့်သွားတာပါနော် ကျေနပ်တော့
ဒီနေ့မှ ကြည့်လို့ အဆင်ပြေတယ်
ပေးချင်တဲ့ message က
"အချစ်ဆိုတာ သူကျန်နေခဲ့ဖို့ ကိုယ် က အစားဝင် အညှပ်ခံလိုက်ခြင်း(ကတ်ကြေးနဲ့)ဖြစ်သည်။"
ဒီလိုလား ဒေစီပိုင်?
ဟင်မမသူသူ ကမီးတို့ကိုပြောတော့ သူ့နာမည်က ဒေလီယာ သူသူ ဆို ခုတော့ ဒေစီပိုင်တဲ့ ဘာတုန်း
ဒေစီပိုင်
ခွေမြည်ယိုင်
ဖြေမဆည်နိုင် ပေါ့နော်
ခိခိခိ
ကောင်းလိုက်တဲ့ပုံပြင်လေးနော်..။ ပန်းလေးနှစ်ပွင့် ခွဲခွာသွားတာ သနားဖို့ အရမ်းကောင်းတယ်..။ ကောင်လေးက အနစ်နာခံသွားတယ်နော်..။
ပုံပြင်လေးကောင်းတယ်--
ရေးတတ်လိုက်တာ--
ဇာတ်လမ်းလေးကို ဟိုတနေ့ကတည်းက သေသေချာချာကြည့်သွားတယ်
ချစ်စရာကောင်းတယ်
တကယ်ကို သဘောကျပါတယ်။
ပုံပြင်လေးကို ဇာတ်လမ်းလေးရေးပါဦး၊ ခံစားကြည့်ချင်လို့ပါဗျာ၊ :)
ကောင်း၏ ....
ကျေးဇူးပြု၍ စာလာဖတ်သူများအား ... အလန့်တကြားမလုပ်စေချင်ပါ ...
(Banner ကပုံအားရည်ညွှန်းပါသည် ...။)
:)
ခင်မင်စွာဖြင့် ...
Z
ဟီး.. ဟီး ... banner က ပုံက အလန့်တကြားဖြစ်သွားစေတယ် ဆိုလို့ စိတ်မကောင်းပါဘူးဂျာ.... အဲဒီ အကြောင်းကို ရေးဖို့ လုပ်နေလို့ပါ.... လကုန်ရင် banner ပြောင်းပါဦးမယ်.. အခုတော့ ကြောက်စရာ ကောင်းတာလေးကို ဆက်ကြည့်ပးပါနော် :)
အင်း .. ပန်းခူးဖို့တောင် မရဲတော့ဘူး .. သနားလို့ ..
အင်း ..
ဒီကောင်ကြီးက Michelangelo's David မဟုတ်လား ...။
လွဲသွားရင်လည်း sorry ...
:)
ရေးတော့မှပဲ ဖတ်ကြည့်ရဦးမယ် ....
nice creation!!
and story!
Post a Comment