သန်သန်မာမာ ယောက်ျားကြီးတစ်ယောက်က ကျွန်တော့်ရှေ့မှာ ပိတ်ရပ်လိုက်ပြီး လူဝင်ပေါက်လေးကို သူ့ဗလကြီးနဲ့ ကာလိုက်တယ်။ သံတိုင်နှစ်ဖက်ကို ကြွက်သားတွေအဖုဖုအထစ်ထစ်ထနေတဲ့ သူ့လက်နှစ်ဘက်နဲ့ မြဲမြံအောင် ကိုင်လိုက်ပြီးနောက် သန်မာတဲ့လက်တစ်ဖက်ကို အနည်းငယ်ကားလိုက်ကာ သူ့အဖော်ကောင်မလေးတွေကို သူလက်မောင်းအောက်ကနေ လူတစ်ကိုယ်စာရပ်နိုင်တဲ့ သံစကာတွေကာထားတဲ့ နေရာကို တွန်းကြိတ်ပြီးတော့ ထည့်လိုက်တယ်။ ကျွန်တော်ကလည်း အဲဒီလို ခပ်ကျဉ်းကျဉ်းလေးဖြစ်နေတဲ့ နေရာလေးကို ၀င်ချင်လို့ ဘယ်လိုပဲ တိုးဝှေ့ဝှေ့ အဲဒီလူကြီးကို မကျော်နိုင်သေး။ လူတွေဘယ်နှစ်ယောက်တောင် သွင်းနေဦးမလဲမသိ။ ကလေးသာသာ ကျွန်တော်လို ပိစိလေးကိုမှ အားမနာ။ ကျွန်တော့ လူ့ဖလံ ခနာကိုယ်လေးကို အထဲကို မ၀င်နိုင်အောင် ရှေ့ကနေ တိုက်စစ်တစ်ခုလို တောင်ကြီးပမာ ကာဆီးကာဆီး လုပ်နေပါတော့တယ်။ ကျွန်တော် သီးမခံနိုင်တော့။ လျော့တိလျော့ရဲ ဖြစ်နေတဲ့ သူ့ခါးပုံစကို ဆောင့်ဆွဲလိုက်ရမလား။ ဒါမှမဟုတ် လက်နှစ်ဖက်ဆန့်ပြီး သံတိုင်ကို ကိုင်ထားလိုက်တဲ့ အချိန်မှာ သူ့ချိင်းပြတ်လက်အောက်ကနေ အပြုံလိုက်ထွက်နေတဲ့ ချိုင်းမွှေးတွေကို တစ်ပြုံလုံးဆွဲနှုတ်လိုက်ရင် ကောင်းမလား။ စဉ်းစားစမ်း။ စဉ်းစားတယ်။ ဒီလိုသာ မရမကတိုးနေလို့ကတော့ ၀က်ခြံလို သံစကာကာထားတဲ့ နေရာလေးထဲကို ခြေတစ်လှမ်းတောင် ချဖို့မလွယ်။ ကျွန်တော်စိတ်မရှည်တော့။ သံတိုင်တစ်ဖက်ကို ကျွန်တော်မြဲနေအောင် ကိုင်လိုက်ပြီး ခြေတစ်ဖက်ကို မြင့်နိုင်သလောက် မြှင့်လိုက်တယ်။ အဲဒီနောက် ရှိသမျှအားနဲ့ ရှေ့က ကာထားတဲ့ လူရဲ့ခြေဖမိုးကို ဖနောင့်နဲ့ ဆောင့်ပစ်လိုက်တယ်။ အားလို့အော်သံကြားလိုက်ပြီး ကျွန်တော့်ရှေ့က သံတိုင်ကိုကိုင်ပြီး ကာထားတဲ့လက်တစ်ဖက် ပြုတ်ကျသွားတယ်။ ကျွန်တော်လည်း ရတဲ့ အခွင့်အရေးကို လက်လွှတ်မခံ ၀က်ခြံလေးထဲကို အတင်းတိုးဝင်လိုက်တယ်။ ဟူး…… အဲဒီတော့မှ သက်ပြင်းချလိုက် နိုင်တော့တယ်။ ဒါဆိုရင်တော့ လက်မှတ်ရဖို့ သေချာသလောက် ဖြစ်သွားပြီ။
…………………………………။………………………………..
လွန်ခဲ့တဲ့ ၁၃နှစ် ၁၄နှစ်က အဖြစ်အပျက်လေးပေါ့။ ကလေးပဲ ရှိသေးတော့ လူကြီးမပါဘဲ အပြင်မထွက်ရတဲ့ အရွယ်လေ။ ကျွန်တော်က ငယ်ငယ်ကလေးကတည်းက ရုပ်ရှင်သိပ်မက်တာ။ မြောက်ဥက္ကလာက န၀ဒေးရုပ်ရှင်ရုံမှာ အချစ်နဲ့အရာရာကို အကောင်းတိုင်း ဖြစ်စေမယ် ရုပ်ရှင် ရုံတင်တော့ တစ်ယောက်တည်း သွားခိုးကြည့်တယ်။ သိတဲ့အတိုင်း အဲဒီအချိန်တုန်းက ရုပ်ရှင်လက်မှတ်ဆိုတာ မှောင်ခိုဝယ်ရင်ဝယ် မ၀ယ်နိုင်ရင် ၁နာရီ ၂နာရီလောက် လက်မှတ်ရုံမှာ တန်းစီရတဲ့ အချိန်ပေါ့။ ဘက်စ်ကားပေါ်ကို လုပြီးတက်ရသလို လက်မှတ်ရောင်းတဲ့ အပေါက်ကိုလည်း လုပြီး လက်မှတ်ဝယ်ရတယ်။ ငယ်ငယ်ကတည်းက တစ်ယောက်တည်းလည်း ရုပ်ရှင်ကြည့်တတ်ခဲ့တယ်။ ပထမဆုံး တရားဝင် ရည်စားရတော့လည်း ရုပ်ရှင်ရုံထဲမှာပဲ။ အဲဒီတစ်ယောက်က ကျွန်တော့်ထက် အသက်ကြီးတယ်။ မမပေါ့။ ရုပ်ရှင်မကြည့်ခင်မှာ ချစ်ခွင့်ပန်။ စဉ်းစားချိန် ရုပ်ရှင်တစ်ကားစာပဲ အချိန်ပေးပြီး အဖြေကို မရမကတောင်းခဲ့တာလေ။ မှတ်မှတ်ရရ။ အဲဒီနေ့က ၂၀၀၃ ချစ်သူများနေ့။ ရုပ်ရှင်က ဒုတိယမြောက် ယိုမီယိုတဲ့။တကယ်တော့ မမကို ကျွန်တော်ချစ်တယ်လို့ထင်ခဲ့တာ။ တကယ်တမ်းကြတော့ ကိုယ်ချစ်တာ တခြားတစ်ယောက်။ တစ်ခါတစ်ခါ မမရဲ့ သနပ်ခါးစွဲထင်နေတဲ့ ပါးမို့မို့လေးက အဲဒီတစ်ယောက်ရဲ့ ချွေးနံ့လေးလိုလို။ တစ်ခါတစ်ခါ မမရဲ့ နှုတ်ခမ်းထူထူလေးက ကြည့်နေရင်း ကြည့်နေရင်းက တဖြေးဖြေးပါးလာသလို။ ဟာ…… မဖြစ်တော့ပါဘူး ဆိုပြီး အချိန်မီ ဘရိတ်အုပ်ခဲ့ပြီး မမနဲ့ လမ်းခွဲခဲ့ရတယ်။ အဲဒီ တခြားတစ်ယောက်ဆိုတာ ဒီကဗျာထဲက တစ်ယောက်ပေါ့။
အခုတော့ ရုပ်ရှင်ရူးရုံတင်မကဘူး ပြဇာတ်တွေ၊ အော်ပရာတွေတောင် ပိုပြီးစွဲမက်လာတယ်။ နောက်ထပ် နိုင်ငံပေါင်းစုံက ဘုရားဆင်းတုတော်တွေ လေ့လာရတာလဲ စိတ်ဝင်စားလာတယ်။ လုပ်ချင်တာတွေကလည်း အများကြီး။ အားလပ်ရက်တွေမှာ ခရီးသွားရတာလဲ သဘောကျတယ်။ နောက်ပြီး ရုံးအားလပ်ရက်မှာလည်း အသုပ်မျိုးစုံ သုပ်စား။ ရေနွေးကြမ်းလေးသောက်ပြီး စာအုပ်လေးတစ်အုပ်နဲ့ ဇိမ်ကျချင်တယ်။ အခုဆို ပိုဆိုးပ။ စာလေးရေး။ ဘလော့လေး လျှောက်လည်ချင်တယ်လေ။ လုပ်ချင်တာတွေများလွန်းလို့ တစ်ခါတစ်လေ အချိန်တွေက သိပ်မလောက်တော့ဘူး။ ရေကူးချင်တယ်။ ကမ်းခြေသွားချင်တယ်။ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကို ချစ်တဲ့သူနဲ့ မိုးအေးအေးလေးမှာ ဇိမ်လေးနဲ့ အိပ်ယာထဲမှာ နှပ်နေချင်သေးတယ်။ နောက်ပြီး စိတ်ကူးယဉ်ထားတာ ရှိသေးတယ်။ ပင်စင်ယူပြီးတာနဲ့ ချစ်သူလေးနဲ့ တောင်ပေါ်စခန်းလေးမှာနေ။ ပန်းပင်တွေစိုက်။ စာတွေဖတ်။ ပန်းချီတွေဆွဲ။ ဘယ်လောက်ပျော်စရာ ကောင်းလိမ့်မလဲ။ အခုလောလောဆယ်တော့ အားတဲ့အချိန်လေးမှာ ကိုယ်ဝါသနာပါတာလေးတွေ ရသလောက်လုပ်။ ပြီးရင် ဗိုက်ပြည့်ဖို့ ကြုံးရုံးပြီးအလုပ်လုပ်ရသေးတယ်။ ဟူး….. မလွယ်ပါလား။

ဒါက ကိုယ်တိုင် သုပ်ထားတဲ့ ဆေးဘဲဥသုပ်
(မိုးခါးအတွက် ၀ါသနာလေးတွေ ရေးပြီးသွားပြီ။ အခုတစ်ခါကံထူးတဲ့ သူတွေကတော့ ခေါင်းဆောင်မင်းသမီး ဂွင်းဂဲ နဲ့ သူ့နောက်ပါ ငမိုက်သားတို့ ( တီချမ်း၊ ဖြိုးစကီး၊ ပုလုဂွေး၊ နီညမ်း) ဖြစ်ကြောင်းပါ ဖုရာ့။)


14 ယောက်ကဒီလိုမြင်တယ်တဲ့...:
ချွေးနံ့ လေးက ဘယ်လို အနံ့ မျိုးလဲ စိတ်ဝင်စားလို့ ..
အဟီး.. အောင်မလေး နှုတ်ခမ်းထူထူကနေ ပါးအောင်တောင် ကြည့်တတ်တယ်..အဲလို အကြည့်တွေကိုကြောက်တယ်..
အသုတ်တော့ကြိုက်တယ်..
ဆေးဘဲဥတော့လုံးဝမကြိုက်ဘူး..
ဥမကြိုက်တာပါ..
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
အဟားး...နံပတ်မှာ (၁)ကွ..
အသုတ်တွေစားချင်စရာကြီး .. ကောင်းမယ့်ပုံပဲ .. :D
ဒါနဲ့ ကိုယ်ချစ်ရတဲ့သူရယ် ကိုယ့်ကိုချစ်တဲ့သူရယ်ဆိုတော့ ၂ယောက်တောင်ပါလား .. :P (ခုလိုရေးပေးလို့ ကျေးဇူးတင်ကြောင်းပါဖရာ့ :D)
အသုတ်စားတဲ့ဝါသနာတော့ စိတ်ဝင်စားစရာကောင်းတယ်
း)
လာရောက်ဖတ်ကြောင်းပါ ဖရာ့
အဟ ချွေးနံလေးတဲ့ဗျ။ အသူလဲ ။ သိချင်သား။ ရေးပေးမယ်။ ခနစောင့် ။ အသုတ်ကတော့ ကျတော်လဲ ကြိုက်တယ် ။ ဆေးဘဲဥသုတ်တော့ ကြိုက်ဘူး။
ဒုတိယမြောက် ရိုမီယိုက ငါလည်း ကြည့်တယ်ဟ။ Second Year တုန်းက ငါရယ်၊ ချိုမြတ်သွင်ရယ်၊ သီရိရယ်၊ ပြီးတော့ MP က သူငယ်ချင်းတွေပါသေးတယ်။ သမတရုံမှာ ကျောင်းပြေးပြီး သွားကြည့်တာ :P
ဘယ်လောက် စိတ်ဝင်စားလဲဆိုရင် ဇာတ်လမ်းကို မှတ်ကိုမမှတ်မိတော့ဘူး။ အခုပြန်စဉ်းစားတော့မှ ဇာတ်လမ်းစစချင်း မင်းမော်ကွန်း ဘာဖြစ်လို့လဲမသိဘူး သတိမေ့သွားတယ်။ လက်ပတ်နာရီလေးကျကွဲသွားတယ်။ ပြီးတော့ ခရစ်ယာန်ဘုရားကျောင်းထဲ ဘယ်လိုရောက်သွားတာလဲမသိဘူး :D
ဘာတွေဆက်ဖြစ်လဲ မသိတော့ဘူး ဟီးဟီး...
အဲ့ဒီကားထဲက စိုင်းစိုင်းသီချင်းကိုတော့ ကြိုက်တယ်။ ကဘာခြားခဲ့တာ မင်းနဲ့ငါ ဆိုတာလေ။ နင့်ဝါသနာကတော့ မသေးဘူးပဲ။ ဇ နဲ့ ပဲနော်။ အသုပ်လက်ရာတော့ စားနေကျမိုလို့သိတယ်။ ဟဲဟဲ
နောက်ထပ် နင်ဝါသနာပါတာတွေ ငါသိသေးတယ်။ :D
ပြောတော့ဘူး။ ငါ့ကိုခေါင်းဆောင်မင်းသမီးတင်ပြီး ရေးခိုင်းပြန်ပြီ။ စဉ်းစားဦးမယ်... ဘာဝါသနာပါလဲလို့... :)
ပထမဆုံးအပိုဒ်ကိုဖတ်ရင်း.. ဘာပါလိမ့်တွေးနေတာ....။
ဝါသနာကို သမန်ကာလျှံကာဖတ်ပြီး အသုတ်တွေကို အာသာငမ်းငမ်းကြည့်သွားပါကြောင်း....။
ဂွင်းဂဲနော်.. နာ့တခြားဝါသနာတွေကို လျောက်မဖွနဲ့... ဟွန်း.. ဖွရင်သိမယ်။
ပုလုဂွေးရော.... ကိုကိုစိန်ရော.. သိချင်တာချင်းတူတယ် .. အဟိ....
ချွေးနံ့လေးကိုမှ ဘာလို့ စိတ်ဝင်စားတာလဲဂျ.....
ဆင်ဆင်နော်.. အသုတ်ပဲငမ်းနေ... စားလွန်းအားကြီးပြီး.. ဆင်ဆင်ကနေ.. ဂေါ်ဇီလာ ဖြစ်နေဦးမယ်
ချွေးနံ့လေးပါဆို...
အနော့်လိုတော့ ရေမွှေး ဆွတ်မသွားလို့ နေမှာပေါ့။
:P
ဟေး ဝေး
တယ် တီ သိ
သူသက်ပိုင် ခြားတ နာသ၀ါ
မေးလာ ပြပြော
ခိခိခိ
နံ့ချွေး လဲကြောင်းအ သိကုန်အ
မေးလာ ပြပြော
နော်တင်းအ ဟုတ် မ
နော်တင်းသ
ဝါသနာနဲ့ လူကို နှိပ်စက်တယ် ။ အကြိုက်ဆုံး ဆေးဘဲဥသုပ်ကို မှ တင်ရတယ်လို့ဗျာ..။ မြင်လေ စိတ်နာလေ စားချင်လေဘဲ..။ ဟင့် ဟင့်..။
အဟဲ.. ဆားချက်တယ်ဆိုတော့လည်း ရပါတယ်...
အားပါး လက်ရာကတော့ မိုက်သဗျို့။
ဝါသနာတောင်မေ့ပြီး သရေကျသဗျ.. :P
တီရေးပြီးသားနော်
ဒီမှာ လာကြည့်
http://chenaddy.blogspot.com/2009/05/blog-post_13.html
Post a Comment