
နင်ဆိုတဲ့ကမ္ဘာမှာ
ငါမရှိခဲ့တော့လျင်….။
ငါ့ရဲ့အသည်းတစ်ထွတ်နဲ့
ငါ့အချစ်ကို ဆွမ်းသွတ်လိုက်မှာလား။
ကမ္ဘာခြားနေတဲ့ ငါ့အချစ်ကို
ငါ့လည်မျိုမှာ မျှော်လင့်ချက်ကြိုးတွေနဲ့
အရိုးအဆစ်ထိညိအောင်
နင်ကြိုးကွင်းစွပ်လိုက်ဦးမှာလား။
ငါဆိုတဲ့ငါ့ကမ္ဘာမှာ ငါမရှိ
မှန်မှာထင်နေတဲ့ ငါ့အရိပ်ကိုတောင်
ငါ….. ပြန်တောင် မကြည့်ချင်ဘူး။
နင့်ဆီက အချစ်တွေကို အသနားခံ
မျက်ရည်တွေခံထိုးမိခဲ့တဲ့
ငါ့မျက်လုံးတွေကို
ဟောသည်လိုကုတ်ဖဲ့
သွေးစိမ်းစက်စက်ကျအောင် လုပ်ပစ်လိုက်ချင်တယ်။
ဒါပေမယ့် နင်ပေးတဲ့ အဆိပ်တစ်ခွက်
ငါခပ်ပြုံးပြုံးနဲ့ မော့သောက်ရင်း
နောက်ဆုံးထွက်သက်တောင်
ဝေဒနာတွေကိုပွေ့ဖက်
နင့်ကိုဆက်ပြီး ချစ်သွားမယ်ဆိုတာ
နင်ယုံမလား………။
ငါမရှိခဲ့တော့လျင်….။
ငါ့ရဲ့အသည်းတစ်ထွတ်နဲ့
ငါ့အချစ်ကို ဆွမ်းသွတ်လိုက်မှာလား။
ကမ္ဘာခြားနေတဲ့ ငါ့အချစ်ကို
ငါ့လည်မျိုမှာ မျှော်လင့်ချက်ကြိုးတွေနဲ့
အရိုးအဆစ်ထိညိအောင်
နင်ကြိုးကွင်းစွပ်လိုက်ဦးမှာလား။
ငါဆိုတဲ့ငါ့ကမ္ဘာမှာ ငါမရှိ
မှန်မှာထင်နေတဲ့ ငါ့အရိပ်ကိုတောင်
ငါ….. ပြန်တောင် မကြည့်ချင်ဘူး။
နင့်ဆီက အချစ်တွေကို အသနားခံ
မျက်ရည်တွေခံထိုးမိခဲ့တဲ့
ငါ့မျက်လုံးတွေကို
ဟောသည်လိုကုတ်ဖဲ့
သွေးစိမ်းစက်စက်ကျအောင် လုပ်ပစ်လိုက်ချင်တယ်။
ဒါပေမယ့် နင်ပေးတဲ့ အဆိပ်တစ်ခွက်
ငါခပ်ပြုံးပြုံးနဲ့ မော့သောက်ရင်း
နောက်ဆုံးထွက်သက်တောင်
ဝေဒနာတွေကိုပွေ့ဖက်
နင့်ကိုဆက်ပြီး ချစ်သွားမယ်ဆိုတာ
နင်ယုံမလား………။
၁း၄၀ မနက်
၂၁.၀၃.၂၀၀၉
သရုပ်ဖော်ပုံ ကိုယ်တိုင်ရေးဆွဲ၏
၂၁.၀၃.၂၀၀၉
သရုပ်ဖော်ပုံ ကိုယ်တိုင်ရေးဆွဲ၏


20 ယောက်ကဒီလိုမြင်တယ်တဲ့...:
အားယား ... လေးစားသွားပီး ... ဟာလူးကတော့ အဆိပ်မသောက်ရဲဘူးဗျ...ကြောက်တယ်.....အဲတကယ်မချစ်တက်သေးလို့ပဲထင်ပါတယ်........
ဒီလောက်တောင်ပဲလား...
အပြင်းစား အချစ်ကဗျာလေးပဲ။
TPT
သရုပ်ဖော်ပုံရော ကဗျာရော ကြိုက်တယ်..
BTW, ဘယ်ချစ်ချစ်အတွက်ရေးထားတာလဲ..
အဲဒီလောက်ကြီး စိတ်မကြီးပါနဲ့ ကိုပိုင်ရယ်..
အနော်တို့တွေ ကျန်ပါသေးတယ်..
အကယ်ဒမီတွေ လျော့ပါဦး...
ထားစရာမရှိတော့မှာစိုးလို့...။
ဟီး..
:P
စိတ်ကြီးလိုက်တာနော်..
ကဗျာလေး ဂွတ်တယ်.. ;)
ဒီဟာတီသိတယ်
ပုံက ပုံတူ
ပြီးတော့ သင်္ကေတ နဲ့
လီယိုနာဒို ဘာညာကိုချီ လိုမျိုးပဲ လုပ်ထားတာဟုတ်
နောင် အနှစ် ၉၀ အကြာတွင် ဤပုံ သည်အလွန်နာမည်ကြီးကာ
ခေတ်နှောင်းသိပ္ပံ ပညာရှင်များကပင် အဖြေမဖော်နိုင်သော ပုံဖြစ်လတ္တံ
အဲတော့ တီက ခုကတည်းက ဖော်ပေးထားတာ
ခွိခွိခွိ
so sexy.
မမကွမ်....
sexyဖြစ်တာ စာလား.. အနော့်ပန်းချီလား... ဟီ.. ဟိ...
ကိုသီဟရေ... မရလိုက်တဲ့ ပထမရည်းစားကို ခပ်လွမ်းလွမ်းနဲ့ ရေးထားတာ .. ဟီ.... ဟီ
တီချမ်းပြောသလို... ဆိုရင်.... ဟီ.. ဟိ.. ကောင်းပါရဲ့ဂျာ
စက်ဆီဆိုလို့ ပုံတောင် နောက်တစ်ခေါက် ပြန်ကြည့်လိုက်ရသေး....။
ကဗျာက ပြင်းထန်၏။ အခြစ်ကြီးတယ်ထင်ပ..။
အော် ..တကယ်များအဆိပ်သောက်တော့မလားလို့
စိတ်ပူသွားတာ မရလိုက်တဲ့ ပထမရည်းစားဆိုတော့
အင်း..ခုလောက်ရှိ ဒီကဗျာပဲသက်သေကျန်တာရှိတော့
မှာထင်တယ် ...း)
ပန်းချီဆွဲကောင်း၊စာရေးကောင်း..ခုကဗျာရေးလည်း
ကောင်း..........
တကယ်ကြီးကို ခြစ်တယ်ပေါ့ .. အပြင်းစား :D
24 Mar 09, 04:57
အဲမွန်ဇော်: ပိုင်လေးရေ..ကဗျာလေးကတော့ ခိုက်သွားပြီ..
24 Mar 09, 08:29
thetapingthu: မကြီးရေ... နောက်တစ်ခါ ပိုင်လေးဆီလာရင် ခြေရာချန်ခဲ့နော်.. မကြီးလာရင် ပျော်လွန်းလို့
24 Mar 09, 02:15
မဆုမွန်: အသည်းတစ်ထွတ်နဲ့ ဆွမ်းသွတ်မယ်ဆိုတာ အလန်းဆုံးပဲ
24 Mar 09, 00:06
မြတ်ဖုန်းမို: ကဗျာနဲ့ ပန်ချီကတော့ မိုက်တယ်ဗျာ။ စာဆက်ဖတ်လိုက်ဦးမယ်
ပန်းချီ ဆွဲတော်
ကဗျာဖွဲ့ တာလဲတော်..
အရမ်းကိုမိုက်တယ်...
ပန်းချီကို ပိုကြိုက်တယ်.
ပန်းချီတော်၏။ကဗျာကောင်း၏...။
ကဗျာ အရမ်းဂွတ်၏
ပုံဆွဲ တော်၏
အဲ့ဒီပုံက ပုံတူဆွဲထားသလိုပဲ :P
ကဗျာလေးကတော့ ထိတယ်ကွာ .... :)
တွေ့လား
ဒီပုံဟာ ကိုယ်တိုင်ရေးပုံတူပါလို့
တီနဲ့ ဂွင်းဂဲလ် ၂ ယောက်ပဲသိတာကွ
တီပြောတယ်နော်
ပုံတူ
ဟိဟိဟိ
လီယိုနာဒို ဘာညာကိုချီ လိုပဲ
ဟိုလေ ဟို
“မှို နာနာလေးစား” ဆိုတဲ့ ကမ္ဘာကျော်ကားပေါ့
ဟီ... ဟီ.. တီတီကတော့ လုပ်ပီ။။။။ မှိုကြီးမစားချင်ပါဘူးဂျာ.... ပျော့စိစိနဲ့။
နင့်ကိုဆက်ပြီး ချစ်သွားမယ်ဆိုတာ
နင်ယုံမလား………။
မယုံဘူး
ယုံအောင်
“သက်သေပြ”
တဲ့အနေနဲ့
“သတ်သေပြ”
တကယ်ပြောတာ နောက်ဆုံးတနေ့ကျတော့ လူတွေက ကိုယ်ကိုယ်ကိုယ်သာအချစ်ဆုံးပါ
သူ့ကိုချစ်နေတာလဲ တို့စိတ်ချမ်းသာလို့ပါလေ
(မမကွမ် ကဒါတွေပိုသိပါတယ်=ဤကားစကားချပ်)
တီကတော့ အဲလိုပဲ ယုံတယ် မှတ်ယူတယ် လိုက်နာတယ် ကျင့်သုံးတယ် စွဲမြဲတယ်
Post a Comment