အေးမြက်မြက်သည် ခိုးကြောင့်ခိုးဝှက်ဖြင့် သူမနေတဲ့ အဆောင်ကို ပြန်လာရင်း သူမနောက်ကို နောက်ယောင်ခံလိုက်တဲ့သူ ဘယ်သူဖြစ်နိုင်မလဲဆိုတာ ဟိုလူနိုးနိုး ဒီလူနိုးနိုးနဲ့ စဉ်းစားလာခဲ့၏။ ထိုအခိုက် လေအဝှေ့မှာ သူမရင်းနှီးတဲ့အနံ့တစ်ခုကို ရလိုက်ပြီး နှခေါင်းကို ရှုံ့ချည်နှပ်ချည်နဲ့ အနံ့ကို မရမကလိုက်ရှူ၏။ ရှူရင်း ရှူရင်းနဲ့ထိုအနံ့သည် ခြုံပုတ်ထဲက အရာမှန်းသိသွားပြီး အနံ့ခံရင်း နောက်ယောင်ခံ ပြန်လိုက်ရာ ထိုရနံ့သည် တိုက်တိုက်ဆိုင်ဆိုင် စိမ်းစိမ်းရဲ့ အဆောင်ရှေ့မှာ ပိုပြီးသင်းနေပါတော့သည်။
အခန်း(၂)
ဒုံး…. ဒုံး…. ဆိုသော မြည်သံနဲ့ အတူ စူးရှသောအလင်းရောင်ကြောင့် စိမ်းစိမ်းသည် အိပ်ယာမှ ငေါက်ခနဲ ထထိုင်လိုက်သည်။ သူမသည် ညက အေးမြက်မြက်နောက်ကို နောက်ယောင်ခံလိုက်ရင်း အလွန်ပင်ပန်းသောကြောင့် မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွား၏။ ဘယ်အချိန်အထိ အိပ်ပျော်နေမိမှန်းမသိ သူမတံခါးဝမှာ တစ်စုံတစ်ယောက် လာခေါက်နေမှ လန့်နိုးမိသည်။ စိမ်းစိမ်းသည် ကမန်းကတမ်း ထလိုက်ပြီး တံခါးဖွင့်လိုက်တော့ ဂိုဏ်းချုပ် မမကွမ်း အပါအ၀င် ဂိုဏ်းတူညီအမတွေ ရောက်နေသည်။ ရုတ်တရက် နန်းညီဆိုသော ဂိုဏ်းချုပ်လက်ဆွဲ မိန်းကလေးက စိမ်းစိမ်းရှေ့မှာရပ်လိုက်ပြီး “မမစိမ်းက ဒီလိုမလုပ်ပါဘူး၊ ဖြစ်လည်းမဖြစ်နိုင်ဘူး။” ဆိုပြီး လက်နှစ်ဖက်နဲ့တားကာ ပိတ်ရပ်လိုက်၏။
စိမ်းစိမ်းသည် ကြောင်တောင်တောင်နဲ့ ရပ်နေရင်း နန်းညီကို ကြည့်လိုက်၊ မမကွမ်းကိုကြည့်လိုက်။ သူမ ဘာမှနားမလည်။ လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲ။ မမကွမ်းက နန်းညီကို လက်ချောင်းလေးနဲ့ အသာဖယ်လိုက်ရင်း ကျန်တဲ့သူတွေကို “ရှာ” ဟုအမိန့်ပေးလိုက်၏။ စိမ်းစိမ်းနားမလည်တော့။ အော်ကြည့်ဂိုဏ်းသားတွေသည် စိမ်းစိမ်းရဲ့ အခန်းလေးကို မွှေနှောက်ပြီးရှာကြသည်။ မိန်းကလေး တစ်ယောက်က တွေ့ပြီဟုထအော်လိုက်ပြီး သူတွေ့တဲ့အရာကို မမကွမ်းအား လှမ်းပေးလိုက်သည်။ စိမ်းစိမ်းသည် မမကွမ်းရဲ့ လက်ထဲက အရာကို ကြည့်လိုက်ပြီး ဇဝေဇ၀ါဖြစ်သွားသည်။ နောက်တော့ မမကွမ်း နောက်မှာ ကပ်ပါလာတဲ့ အေးမြက်မြက်ကို သတိထားမိသွားပြီး၊ အော်…… ဒင်းလက်ချက်ကိုး။ အံကြိတ်ရင်း စိတ်ထဲက တစစ်စစ်နာသွားလေသည်။
မမကွမ်းကိုင်ထားသော အရာမှာ တခြားမဟုတ်။ စိမ်းစိမ်း တစ်သက်နဲ့တစ်ကိုယ် လက်ဖျားနဲ့တောင် မထိဘူးသောအရာ။ အမျိုးသား အောက်ခံဘောင်းဘီတစ်ထည်ပင် ဖြစ်ပါတော့သည်။ ဘာမှမတတ်နိုင်။ စိမ်းစိမ်းဘာမှ မငြင်းနိုင်တော့။ နန်းညီက မျက်ရည်တ၀ဲဝဲနဲ့ စိမ်းစိမ်းရဲ့ လက်မောင်းတစ်ဖက်ကို ကိုင်လှုပ်ရင်း၊ “မမစိမ်း….. မမစိမ်းရဲ့ဟာ မဟုတ်ဘူးလို့ ပြောလိုက်ရေ” ဟု တတွတ်တွတ်ပြောရှာ၏။ အော်ကြည့်ဂိုဏ်းမှာ ဂိုဏ်းချုပ်မှလွဲပြီး အားလုံးအပျိုစင်တွေဖြစ်ရမည်ဟု စည်းကမ်းချက်ရှိ၏။ အခုတော့ ဒီဘောင်းဘီကြောင့် စိမ်းစိမ်းရဲ့ ဘ၀သည် ဒီအော်ကြည့်တောင်ပေါ်ကနေ ဒလိမ့်ကောက်ကွေးကျခဲ့ရပြီ။ အထုပ်အပိုးချက်ချင်း ပြင်လိုက်ပြီး ဒီနေရာမှ ထွက်ခွာသွားရတော့မည်။ တရှုံ့ရှုံ့ငိုကြွေးနေသော နန်းညီကို နှုတ်ဆက်သလိုနဲ့ ပွေ့ဖက်လိုက်ရင်း စိမ်းစိမ်းက တိုးတိုးတိတ်တိတ်မှာလိုက်သည်။ “မြန်မာဂျီးနွိယခ်က ချပ်ရွန်းကို လာခဲ့၊ မမရှိနေမယ်”’
…………………………………………။…………………………………………
စိမ်းစိမ်းသည် အော်ကြည့်တောင်ပေါ်က ထွက်လာပြီး မြန်မာဂျီးနွိယခ်ကို မသွားခင် သိုင်းလောက ဆိုတာ ဘယ်လိုပုံလည်း ဆိုတာ သိချင်လာသည်။ အဲဒါကြောင့် သိုင်းလောကတလွှား၊ နက်ရိုးကိုးပေါက်လျှောက်ရန် ဆုံးဖြတ်လိုက်၏။ ဤသို့ သိုင်းလောကမှာ တဝေထိုးရင်း မမျှော်လင့်ဘဲ လူတစ်ယောက်နဲ့ တွေ့ဆုံရန် အကြောင်းဖန်လာရပါတော့သည်။
တစ်နေ့ စိမ်းစိမ်းသည် သိုင်းလောကတွင် ကျင်လည်နေရင်း ဂိုဏ်းတစ်ခုနဲ့ ပတ်ပင်းတိုးမိသည်။ ထိုဂိုဏ်းမှ လူများသည် အိပ်နေရင်းလမ်းလျှောက်နေသလို စိမ်းစိမ်းသွားမယ့်လမ်းကို လှမ်းပိတ်ထားကြသည်။ အိပ်ချင်မူးတူးသံနှင့် ခေါင်းဆောင်ဟု ထင်ရသောသူက စိမ်းစိမ်းကို ဘယ်သွားမလဲလို့မေး၏။ စိမ်းစိမ်းက မကျေမနပ် အမူအရာဖြင့် ပေတေတေကြည့်လိုက်ပြီး ဘာမှပြန်မပြော။ ထိုအမူအရာလေးကပဲ အိပ်ချင်ယောင်ဆောင်နေသောသူကို လှုပ်နိုးရခက်နေသူပမာ ကလိကလိနဲ့ ခေါင်းဆောင်လုပ်သူရင်ထဲကို အနေရခက်သွားစေသည်။ ခေါင်းဆောင်လုပ်သူသည် မချင့်မရဲနဲ့ စိမ်းစိမ်းကို စိုက်ကြည့်လိုက်ချိန်မှာတော့ စိမ်းစိမ်းသည် အိပ်မွေ့ချတတ်သည့် မှော်ဆရာဆီရောက်သွားသလိုလို ရီဝေေ၀ဖြစ်သွား၏။ အဲဒီနောက် တစ်လှမ်းချင်း တစ်လှမ်းချင်း ခေါင်းဆောင်လုပ်သူဆီ လှမ်းသွားလေသည်။
ထိုအချိန်တွင် အ၀ါရောင်ဝမ်းဆက် ၀တ်ထားပြီး ခေါင်းမှာ ပိတောက်ပန်းတွေ ဝေနေအောင်ပန်ထားသော လူငယ်တစ်ယောက် လွှားခနဲ စိမ်းစိမ်းရှေ့ကို ရောက်လာပြီး ညာဘက်လက်နဲ့ စိမ်းစိမ်းနားသယ်စကို ဖြန်းခနဲရိုက်လိုက်၏။ ထိုအခါ စိမ်းစိမ်းတစ်ယောက် အိပ်ယာမှ လန့်နိုးသလို ၀ူးဝါးဝူးဝါးနဲ့ ထအော်သည်။
“မိန်းကလေး နောက်မှာနေ၊ သူတို့မျက်လုံးတွေကို မကြည့်နဲ့။ သူတို့က ကိလေသာအိပ်မက်ဂိုဏ်းက လူတွေ” ဟုဆိုပြီး လက်ထဲမှာ ပါလာတဲ့ ရေမပါ၊ လေသာပါတဲ့ သင်္ကြန်လေပြွတ်သေနက်နဲ့ စတင်တိုက်ခိုက်၏။ ခေါင်းဆောင် အိပ်မက်သေနဲ့ သူ့တပည့် အိပ်မက်မဲ၊ အိပ်မက်ဝါဆိုတို့ကလည်း အနိုင်မခံပြန်တိုက်၏။ သုံးယောက်တစ်ယောက်ပင် ဖြစ်လင့်ကစား၊ တကိုယ်တော် လေပြွတ်သမားရဲ့ သိုင်း ကို ကိလေသာသမားတို့ မခံနိုင်တော့။ နောက်ဆုံးတော့ ကိုယ်ရောင်ဖျောက်ပြီး လော့ဂ်အောက်လုပ်ကာ ထွက်ပြေးရလေသည်။ စိမ်းစိမ်းသည် ပုလဲတစ်လုံး၊ ခဲတစ်လုံးဖြင့် အားကိုးအားထားပြုသော အကြင်နာတစ်ချက်ဖြင့် ကယ်တင်ရှင်လေပြွတ်သခင်ကို ရွှန်းရွှန်းလဲ့လဲ့ကြည့်မိလိုက်ပါတော့သည်။ ထိုကယ်တင်ရှင်ကား သိုင်းလောကတွင် နာမည်ကြီးတဲ့ တကိုယ်လေလွင့်သမား ဖိုးသင်္ကြန်ပင်ဖြစ်ပေတော့သည်။
…………………………………………။…………………………………………
ရှုပ်ထွေးပွေလီသော သိုင်းလောကအလယ်တွင် ဖိုးသင်္ကြန်သည် စိမ်းစိမ်းရဲ့ နားခိုရာ။ ကြည်နူးရာ အရိပ်ကလေးဖြစ်ခဲ့သည်။ ဒါပေမယ့် ထိုအရိပ်လေးသည် သဲပြင်မှာ ရေစီးဆင်းသွားသလို ရွှတ်ခနဲမြန်မြန်ပျောက်ကွယ်သွားတော့သည်။
တစ်နေ့ သူမတို့ရှိရာသို့ မမျှော်လင့်ဘဲ မိန်းမပျိုတစ်ယောက်ရောက်လာ၏။ ထိုမိန်းမပျိုသည် သနပ်ခါးကို ဘဲကျားရိုက်ပြီး သူမနှုတ်ခမ်းနုနုကို ရဲနေအောင် ဆိုးထား၏။ ၀တ်ထားသော အင်္ကျီကား ပြာစပ်စပ် ရေမှိုင်းရောင်ဖြစ်၏။ သူမသည် နဂိုမဲ့နေသော သူမနှုတ်ခမ်းကို တမင်မဲ့လိုက်ပြီး စိမ်းစိမ်းတို့နှစ်ယောက်ကို စူးစူးစိုက်ကြည့်လိုက်သည်။ ဖိုးသင်္ကြန်သည် မျက်နှာကွက်ခနဲ တစ်ချက်ပျက်သွားပြီး တိုးညင်းသောလေသံလေးဖြင့် “ မြရေလျဉ်၊ ဒီနေရာကို ဘာလို့ဒီနေရာလေးကို လိုက်လာတာလဲဟာ” မေးလိုက်သည်။ ထိုအခါ မြရေလျဉ်ဆိုသော မိန်းမပျိုလေးသည် မေးတစ်ချက်ဆတ်လိုက်ပြီး၊ ၀မ်းနည်းသော လေသံလေးဖြင့် ကဗျာလိုလို စာလိုလိုတစ်ပုဒ်ကို ကောက်ရွတ်လိုက်သည်။ “ငါကအိမ်မက်ပေမဲ့.....သူကအိမ်ဘက်တောင် မလာဘူး။
စိတ်နာလို့ထင်ပါရဲ့ ...လိပ်စာသိတာတောင်စာမပြန်တဲ့ လူ။
နေမကောင်းဘူးဆိုရင်တောင်..ခုဆိုသေကြောင်း..နင်ဆုတောင်းနေမလား။
ဩော်..အချစ် အချစ်..
မနှစ်ကနဲ့ကို မတူဘူး။” ဟု ဆိုလိုက်၏။ ထိုအခါ ဖိုးသင်္ကြန်က “မြလျဉ်ရယ်၊ နင်နဲ့ငါဇာတ်လမ်းတွေပြီးခဲ့ပြီပဲဟာ၊ ဘာလို့ဆက်ချင်ရသေးတာတုန်း” ဟုပြောလိုက်သည်။ စိမ်းစိမ်းသည် သူတို့နှစ်ယောက်ကြားမှာ ရပ်နေရင်းနဲ့ နားမလည်နိုင်တော့ဘဲ နှစ်ယောက်လုံးကို ငေးကြည့်လိုက်၏။ ထိုအခါမှ ဖိုးသင်္ကြန်က မြရေလျဉ်က သူနဲ့ ကျောင်းနေဘက် အပျော်တမ်းရည်းစားဖြစ်ခဲ့ကြောင်း ရှင်းပြ၏။ အပျော်တမ်းရည်းစားဆိုသော စကားလုံးကို မြရေလျဉ် ကြားလိုက်ရချိန်မှာ အူနုနုကျွဲခတ်သလို မခံစားနိုင်တော့။
“ငါဆုပ်ကိုင်ဘူးတဲ့ သစ္စာ တချို့
ငါဆုပ်ကိုင်ဘူးတဲ့ ..မျှော်လင့်ချက်တ၀က်
ပြီး..ငါလေ ဆုပ်ကိုင်ပြီး ဆိုရွတ်ခဲ့ဘူးတဲ့ ..မြေစိုင်ခဲ နဲ့ သစ္စာဆုတောင်းတစ်ခု
ဘယ်သူ့ အတွက်ပြုခဲ့လဲ… နင်လုံးဝ မသိခဲ့ဘူးလား ဖိုးသင်္ကြန်၊ အခုတော့ နင်ကငါ့အသည်းမြို၊ ခါးပြီဆိုတော့ ထွေးထုတ်ပြီပေါ့။ အေး…. အခု ငါသစ္စာတည်မယ်။ နင်နဲ့ စိမ်းစိမ်း ဒီတစ်သက်မပေါင်းစေရဘူးမှတ်ဟေ့”ဟု အော် လိုက်ရင်း ရေသလ္လာသိုင်းနှင့် နှစ်ယောက်လုံးကို တိုက်၏။ မြရေလျဉ်ရဲ့ လက်ဝါးကြားကနေ ရေပေါက်ကြီးငယ်တို့ ဖြန်းခနဲ ဖြန်းခနဲ ပန်းထွက်လာကြ၏။ ထိုရေစက်တို့နဲ့ ထိသမျှ ကျောက်တုံးကျောက်ခဲ မှန်သမျှတို့ အက်စစ်နဲ့ တို့လိုက်သလို ရှဲခနဲမြည်ပြီး အရည်ပျော် အငွေ့ပျံပျောက်ဆုံးကုန်ကြ၏။ ဖိုးသင်္ကြန်နဲ့ စိမ်းစိမ်းတို့သည် မြရေလျဉ်ရဲ့ သိုင်းကွက်တွေကို အတတ်နိုင်ဆုံး ရှောင်လိုက်တိမ်းလိုက် ခုခံလိုက်။ ဒါပေမယ့် မြရေလျဉ်ရဲ့ သိုင်းကွက်တွေကို သူ့တို့နှစ်ဦးပေါင်းသော်လည်း မကျော်နိုင်။ သူမရဲ့ သိုင်းကွက်တွေသည် သူတို့ နှစ်ဦးထက်သာသည်။ မာကြောသည်။ ပွက်ခနဲ။ ပွက်ခနဲ။ ဖြန်းခနဲ ဖြန်းခနဲ ထွက်လာတဲ့ ရေလုံးတွေဒဏ်ကို ကြာတော့ နှစ်ယောက်သား မခံနိုင်ဘဲ လက်ပန်းကျလာလေသည်။
ထိုအချိန်တွင် နန်းညီခေါင်းဆောင်တဲ့ အော်ကြည့်ဂိုဏ်းသားတွေ ဗြုန်းခနဲ ရောက်လာကာ စိမ်းစိမ်းတို့ဘက်က ကူတိုက်ပေးသည်။ နန်းညီတို့ဘက်က ဘယ်လောက်ပင်လူများများ မြရေယျဉ်ကို ယှဉ်နိုင်ဖို့ မလွယ်။ သို့ရာတွင် နန်းညီက သွက်၏။ ဘယ်လောက်ပင် အတားအဆီးတွေများနေပါစေ။ ကျော်နိုင် ခွနိုင် လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်၏။ အခုလည်းကြည့်။ နန်းညီက ပါလာတဲ့ ခွေးလီးယားသီးမှုန့်တွေနဲ့ မြရေလျဉ်ရဲ့ ရေထွက်ရာ လက်ဝါးကြားကို အငိုက်မှာ လှပ်ခနဲပက်လိုက်သည်။ ခွေးလီးယားသီးမှုန့်သည် ရေနဲ့ထိရင် ပိုပြီးယားသည်။ အဲ့ဒါကြောင့်မို့လို့ မြရေလျဉ်သည် ကိုယ့်ရေနဲ့ကိုယ် ထိပြီး လက်ဝါးအချင်းချင်း ဗြင်းဗြင်းမြည်အောင်ကုတ်လေတော့သည်။
အပိုင်း(၂) ပြီးပါပြီ။ အပိုင်း ၃ တွင် ကိုယ်ပျောက်မယ် Sin Dan Lar၊ ဂျယ်ဂျယ်၊မီးငယ်၊ အီမျာသိုင်းရှင် ကိုရင်ညိန်း၊ နောက် ပြီး မမကွမ်ရဲ့ သတ်ပုံမှားတဲ့ သိုင်းစာအညွှန်းတွေပါပါမယ်။ ကဗျာများကို မြရေလျဉ်ရေးပါသည်။


23 ယောက်ကဒီလိုမြင်တယ်တဲ့...:
အတဲြ ဘယ္န်စ္တဲြလဲ။ စောင့်နေမယ်။
eeeeeeeee... များက ဘလော့ဂါ ဟုတ်ဖူးလေ.....။
ငါတော့ ဘလော့ရွာမှာ သဝေထိုးနေပါပြီ...
MyanmarGenius မှာရောက်နေတာတောင် သူကသိတယ်တော့..ဟဲဟဲ
ဆက်စောင့်မယ်နော် :P
သို့ရာတွင် နန်းညီက သွက်၏။ ဘယ်လောက်ပင် အတားအဆီးတွေများနေပါစေ။ ကျော်နိုင် ခွနိုင် လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်၏။
ငှဲငှဲ.. နာတွ.. လက်နက်ပုန်းထုတ်သုံးလိုက်တာ မှတ်ပလား
အနည်းဆုံး (၁၆) ပိုင်းလောက်တော့ ရေးနော်..း)
မြန်မြန်ဆက်ရေးပါဗျို့.........
နန်းညီသည် ခွေးလှေးယားသီးလက်နက်ပုန်းမှာ မထိရောက်တော့ကြောင်းသိသောအခါ အတွင်းအားများကို အစွမ်းကုန်စုစည်း၍ လက်နက်ပုန်းနောက်တစ်ခုကို အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်သည်။
" ဘူ " ..............................။
လက်နက်ပုန်း၏ အရှိန်ကြောင့် တောအုပ်တွင်းမှ သစ်ရွက်ကြွေများ မြေမှ ဝဲပျံသွားကြသည်။
ဟီးဟီး
သက်တံ့ရောင် ခုနှစ်မျိုး ဉာဏ်ရောင်စုံအားကိုးနဲ့ တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် သိုင်းကွက်နင်းတတ်တဲ့ ဒေစီဂျိမ်းရော မထည့်တော့ဘူးလားရှင့်။
မှားသွားလို့ ဒေစီဂျိမ်း မဟုတ်ဘူး .. ဒေစီပိုင် ဒေစီပိုင်
သို့ရာတွင် နန်းညီက သွက်၏။ ဘယ်လောက်ပင် အတားအဆီးတွေများနေပါစေ။ ကျော်နိုင် ခွနိုင် လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်၏။
ဟုတ်၏ မှန်၏။
ဒီလောက်များတဲ့သိုင်းဘလော့ခ်ကာတွေ..အင်း..စုသာ
တိုက်လိုက်ရလို့ကတော့...း)
အမှန်က ကြောက်ချင်ယောင်ဆောင်သိုင်းကျမ်းကြီးကို
စောစောစီးစီးရလိုက်သင့်တာ ...း(
တတိယပိုင်းကိုတော့ ဒုတိယပိုင်းလောက်ကြာခွင့်မရှိတော့
ဘူးနော်..မြန်မြန်..
ငါက မင်းသား၊ မင်းသမီးက စိမ်းစိမ်း။ အင်း...ကြည့်လဲလုပ်ပါ ကိုယ့်လူရယ်၊ ပေါက်စီကို တူနဲ့ညှပ်စားသလို ဖြစ်နေပါဦးမယ်။ ဇာတ်လမ်းထဲကလိုများ အပြင်မှာ ကောင်မလေးတွေဝိုင်းကြိုက်၊ ကိုယ်ကထွက်ပြေးနေရရင် အဟောသုခံ ကောင်းလေစွ။ :D
အင်းတော်တော်ရှုပ်တဲ့သိုင်းလောကပဲ
ဲမြရေလျဉ် ဆီမှာပဲအေးအေးစာသွားသင်နေတော့မယ်
ဝေး ငါပါဘူးကွ :D
ရီရတယ်.. ငယ်ငယ်က သိုင်းစတ္ထုတွေ ဖတ်ထားတာ အတော် အကျိုးရှိတာပဲ.. မသိသေးတဲ့ သူတွေလည်း သိရတယ်.. အပိုင်း၃ မျှော်နေပါသည်
haha yee ya tal. carry on,fri.
အားပေးသွားပါတယ် .. ရီလည်းရီသွားပါတယ် ..း)
ုkom မည်သို့မည်ပုံလုပ်လိုက်သည်မသိ. စင်ဒရဲလား ခွေ ကနဲ ကျသွားသည်။ အတွင်းအားကျင့်စဥင်္ကို ဂူအောင်းကျင့်ခဲ့ချင်း အကျိုးပင်တည်း။
မမကွမ်က... နန်းညီ လက်ပစ်ပုန်းနဲ့ ချလိုက်တာကိုး
သိုင်းလောက စိန်ခေါ်သံ ပါလားဗျို့... အဟဲ
မမကေအိုအမ် ဂူအောင်းကျင့်နေတော့ အသံတွေ ကြား?၊ အနံ့တွေရနေတာဒါ့ကြောင့်ကိုးးး။ :P:P
အယ်.. မေချောက်ဖုန် ပါဘူးလား
သူက တော်တော်ချောတယ်ပြောတယ်နော်..
ဟီး
:P
အဲ ကိုယ်တွေက ခံရတဲ့ဘက်က ... တော်သေးတယ် တိုက်ကွက်တွေ သိပ်မသုံးလိုက်ရတာ နို့မဟုတ်ရင် တော်တော် ပင်ပန်းမှာ ... အတွင်းအားကျလဲ ကုန်နေပြီး ပြန်ဖြည့်စရာ ဘီယာဆိုင်ကလဲ ပိတ်ပြီ ဘုံဆိုင်လည်း ပိတ်ဆိုတော့ အမြန်ဆုံး လော့အောက် လုပ်ပြီး ကိုယ်ယောင်ဖျောက်ပြီး အိပ်မက်တောင်ပေါ် ပြန်ပေးရတာ ... ဟူး မောလိုက်တာ ... ဒါရိုက်တာရေ ... ဒါပြီးရင် အကယ်ဒမီရမှာလား ဟင် .. ဟဲဟဲ ...
Post a Comment