ကြောက်ကြောက်နဲ့ တွေးချင်ရာတွေးပြီး လမ်းလျှောက်လာတုန်း…………. ဗြုန်းဆို။ ရှေ့နားမှာ မဲမဲကြီး။ ယောက်ျားဆိုတော့ စပ်စုချင်လာရင် ဘာမှတားမရ။ သဘာဝလေ။ ဘာကြီးလဲ သိချင်တော့ ရှေ့နားတိုးတိုးသွားလိုက်တာ။ အမလေး။ ဇရပ်ကြီးပါလား။ အို………………. ဇရပ်ကြီး မဟုတ်ဘူး။ အိမ်ကြီး။ အိမ်ကြီး။ ဘာလို့ တောလည်ကောင်မှာ ဒီအိမ်ကြီးက ထီးထီးတည်း ဖြစ်နေရတာလဲ။ စပ်စုချင်တဲ့ စိတ်တွေ တားမရတော့။ ပျက်စီးယိုယွင်းနေတဲ့ ကျောက်လှေကားထစ်တွေအတိုင်း မရဲတရဲ တက်သွားရင်း ဟနေတဲ့တံခါးကို တွန်းဖွင့်လိုက်မိလိုက်တဲ့အခါ အိုဟောင်းနေပြီး ပတ္တာမရှိတော့တဲ့ တံခါးကြီးက ၀ုန်းခနဲ ကျွန်တော့်ရှေ့မှာ လဲကျသွားတယ်။ ကျွန်တော်လည်း လန့်ပြီး နောက်ကို ဆုတ်လိုက်တဲ့အခါ။ အားပါးပါး။ ကံကောင်းလို့ပေါ့။ တံခါးဘောင်ပေါ်က သစ်သားစကြီး အောက်ကျလာတယ်။ ဘာကြီးလဲဆိုပြီး ငုံ့ကြည့်လိုက်တော့ ဘာတွေရေးထားမှန်းမသိ။ ရှေးဟောင်းစာတွေ။ စာတွေကို မျက်လုံးထဲမှာ တစ်ခါတည်းတပ်ထားတဲ့ မျက်တော့နဲ့ scan ဖတ်ပြီး ဘာသာပြန်လိုက်တယ်။ ဒက်….. ဒက်….. ဆိုပြီး စာတွေပေါ်လာတယ်.။ ဘာတဲ့။ မြန်မာဘလော့ခ်ဂါဟက်တက်၊ ရှောင်မယားကျောင်း ဆိုပါလား။
အထဲကို ၀င်သွားတော့ မှောင်မဲနေပြီး လင်းနို့ချီးနံ့ အောက်သက်သက်ကိုရလိုက်တယ်။ အို…. ခေါင်းပေါ်မှာလည်း ပင့်ကူအိမ်တွေ။ ကျွန်တော့် နှာခေါင်းကို တစ်ချက်နှစ်ချက် ပွတ်လိုက်တော့၊ နှာခေါင်းထိပ်က မီးလင်းလာတယ်။ သိပ်တော့ လင်းလင်းချင်းချင်းမရှိလှ။ကိုယ့်မီးကိုကြည့်ပြီး ရင်ထဲက ခင်လေးကို တမ်းတမိလိုက်တယ်။ (GreenGirl က စာနှစ်ကြောင်း ဆင်ဆာဖျက်လိုက်ပါတယ်။) အခုတော့ခင်လေးတစ်ယောက် ညမှောင်မှောင် တောနက်နက်မှာ ကျွန်တော့်တစ်ယောက်ထဲကိုထားပြီး ကိုရင်နော်ကို ခိုးပြေးသွားလေပြီလား။ ၀ဲလာတဲ့ မျက်ရည်စတွေကြောင့် ဦးဏှောက်အပိုကနေ တီတီလို့ ထမြည်လာတယ်။ မျက်တော့မော်နီတာက မျက်ရည်တွေကြောင့် ၀ါးတားတားဖြစ်သွားတာကိုး။ အို…… ဟုတ်သားပဲ အခုခေတ် ကျွန်တော်တို့လူတွေ မျက်တော့တွေကြောင့် မငိုတတ်တော့တာ။ အခုတော့လား သူ့ကြောင့် ငိုတတ်ခဲ့ရပြီ။
ကျွန်တော်လည်း ကျွန်တော့်နှာခေါင်းက မီးရောင်နဲ့ အိမ်ရဲ့ခန်းမကျယ်ကြီးကို ဖြတ်ပြီး စာကြည့်ခန်းလေးကို ရောက်သွားတယ်။ အဲ့ဒီအခန်းထဲမှာ… အို………… စာအုပ်တွေအများကြီး…. စာအုပ်အထူကြီးတစ်အုပ်က ကျောက်စားပွဲပေါ်မှာ တင်ရက်သားလေး။ အဖုံးပေါ်က စာကို မျက်တော့နဲ့ ဘာသာပြန်လိုက်တော့။ ဘာတဲ့။ မတက်စဉ်ရေးတဲ့ ပေါက်ကန်ပြည်ကြီးနဲ့ သမိုင်းပုံပြင်များ။ အော်ရှိသေးတယ်။ ဇနပုဒ်မြို့တော်က ပေါက်ကန်ပြည်ကြီးကို ဖျက်ဆီးခန်း။ အို…….. ငယ်ငယ်ကကြားဖူးတဲ့ ပေါက်ကန်ပြည်ကြီးဆိုတာ တကယ်ရှိခဲ့တာကိုး။ အားရ၀မ်းသာနဲ့ စာအုပ်ကို ဖတ်မယ်ဆိုပြီး ကိုင်လိုက်ရော စာရွက်တွေက နှစ်ကာလကြာခဲ့ ပြီနဲ့တူတယ်။ လက်ထဲမှာ ရိရွဲပြီး မတက်စဉ်ရဲ့ သမိုင်းကျမ်းတွေ လေထဲမှာ လွင့်သွားပြီးတဲ့နောက်တော့ အခန်းထဲက စာအုပ်တွေကို မထိရဲတော့။
အခန်းထဲ ပတ်ပတ်လည် လိုက်ကြည့်ရင်းနဲ့ ထောင့်လေးတစ်ထောင့်မှာ စာအုပ်လေးတစ်အုပ်။ ဘလော့ခ်ဂါ သိုင်းကျမ်းတဲ့။ သိုင်းကျမ်းဆိုပါလား။ ခင်လေးတို့မိန်းမတွေ ရှာဖွေနေကြတဲ့ သိုင်းကျမ်းများလား။ သိုင်းကျမ်းကို လက်နဲ့တို့ကြည့်တော့ စက္ကူတွေ မဟုတ်။ သံကို ပါးပါးယက်ထားပြီး စာကို သံကညစ်နဲ့ ရေးထားတယ်ထင်တယ်။ သိုင်းကျမ်းဘေးမှာတော့ အရောင်တလက်လက်နဲ့ ဖုန်တွေအလိပ်လိုက်တက်နေတဲ့ ရွှေပေချပ်တွေ။ ရွှေပေချက်ပေါ်မှာ စာတွေရေးထားပါတယ်။ ဘာသာပြန်ကြည့်လိုက်တော့။ “ကျွန်တော် ကလိုထူးသည် ဘလော့ခ်သိုင်းလောကမှ နောင်တက်လာသော ဘလော့ခ်ဂါလေးများကို မယှဉ်ပြိုင်နိုင်တော့တဲ့ အတူတူ စောစောစီးစီးအနားယူလိုက်ပါ၏။ တက်သည့်ပညာ မနေသာသောကြောင့် သိုင်းလောက၏ အတင်းအဖျင်းကို စုစည်းပြီး ဘလော့ခ်ကာ သိုင်းလောကသမိုင်းကို ပြုစုလိုက်ရပါသည်။” (ရှေးစာကို ဘာသာပြန်ထားသောကြောင့် နာမည်များကို မှန်အောင် အသံထွက်နိုင်မည် မဟုတ်ပါ။)
ဘလော့ခ်ဂါသမိုင်းဆိုပါလား။ စိတ်ဝင်စားသွား၏။ ကျွန်တော်တို့ မမွေးခင်ကတည်းက သမိုင်းတွေအဖျက်ခံလိုက်ရပြိးနောက်ပိုင်း ကိုယ့်သမိုင်းကိုယ်မသိတော့။ အခုတော့ သမိုင်းစစ်ကိုပြန်တွေ့ရပြီ။ အို….. သမိုင်းစစ်တော့လည်း ဘာထူးမှာ လဲလို့။ သမိုင်းထဲမှာ သူတို့မိန်းမတွေချည်းပဲ သူရဲကောင်းဖြစ်နေမှာပေါ့။ စိတ်နာနာနဲ့ မဖတ်တော့ဘူးဆိုပြီး ရွှေပေလွှာစာအုပ်ကို ပိတ်လိုက်ပေမယ့် အပိုဦးဏှောက်က Memory တွေကျန်သေးတယ်။ ထပ်ဖတ်ပါလို. အော်လာတာနဲ့ ဖတ်လိုက်ရပါတယ်။ ဖတ်ရင်း ဖတ်ရင်းနဲ့ လက်ကတဆတ်ဆတ်တုန်လာပါတယ်။ တစ်ခါမှ မဖြစ်ဘူးတဲ့ မခံမရပ်နိုင်တဲ့ ဒေါသတွေ တလိပ်လိပ်တက်လာပြီး မျက်ရည်ကြီးပေါက်တွေ အလုံးလိုက်ကျလာတယ်။ တီ…. တီ…. ဆိုပြီး ကျွန်တော့် ခေါင်းပတ်ပတ်လည်မှာ အသံစုံမြည်လာတယ်။ ရင်ထဲမှာ တင်းကျပ်ပြီး ခံစားလာတဲ့ ဝေဒနာတွေကို ခနာကိုယ်မှာ Buil-in လုပ်ထားတဲ့ စက်ကိရိယာတွေက မခံနိုင်တော့။ ကျွန်တော် ပေါက်ကွဲတော့မယ်ဗျာ။ ပေါက်ကွဲတော့မယ်။ ဒင်းတို့ကြောင့် ကျွန်တော်တို့ ယောကျာ်းတွေ အားနွဲ့လာရတာ။ ဒင်းတို့ကြောင့် ကျွန်တော်တို့တွေ မ… တစ်မျက်နှာ တစ်ရွာထင်ပြီး မိန်းမကျွေးတာပဲစားခဲ့ရတာ။ တောက် တစ်ချက်ခေါက်လိုက်ပြီး လက်သီးကျစ်ကျစ်ဆုပ်လိုက်ကာ စိတ်ထဲရှိသမျှကျုံးဝါးလိုက်တယ်။ ငါတို့ခေတ်ကို ပြန်ရောက်ဖို့ ဒင်းတို့ကို လက်စားပြန်ချေရမယ်ဟေ့…………………………….။ ။
အခန်း(၁)
လွန်ခဲ့သော နှစ်ပေါင်း၅၀၀ကျော်က ပေါက်ကံပြည်ကြီးရဲ့ တစ်နေရာမှာပါ။
မိန်းမသုံးယောက်။ တစ်ယောက်နဲ့ တစ်ယောက် စောင်ရင်း ရန်ထောင်ဖို့ အသင့်ဖြစ်နေကြ၏။ အနီရောင်အသားကပ်စကပ်အတို ၀တ်ထားပြီး ဘီအေဆံထုံး ခပ်မြင့်မြင့်ထုံးထားတဲ့ မိန်းမက
“မမကွမ်၊ ကျွန်မတို့ကို ကြောက်ချင်ယောင်ဆောင်နည်းသိုင်းကျမ်း နဲ့ ကြီးပွားရေးကျမ်းကို ချက်ချင်းထုတ်ပေးရင် ထုတ်ပေး၊ မပေးလို့ကတော့ ညီမချိုသင်းကို အဆိုးမဆိုနဲ”့ဟု လှမ်းပြောလိုက်၏။ ချိုသင်းဟူသော မိန်းမဘေးတွင် ရပ်နေတဲ့ လည်ဟိုက်အကျီင်္အနက်နဲ့ စကပ်တိုကားကားလေးကို ၀တ်ထားပြီး အင်းဝခေတ်ဆံပင်ပုံစံနဲ့ မိန်းမကလည်း
“ပော့ မမကွမ်…. ဘယ်မလဲ သိုင်းကျမ်း။ မမဒီသိုင်းကျမ်းတွေနဲ့ ဘလော့ခ်ကာသိုင်းလောကကြီးကို လက်ဝါးကြီးအုပ်ထားတာ။ ညီမနော်နော် တို့က ကျေနပ်ကြတာမဟုတ်ဘူး။ ဒီသိုင်းကျမ်းတွေက ညီမတို့နဲ့လည်းဆိုင်တယ်။ အခုချက်ချင်း ထုတ်ပေးပါ။”
ပါတိတ်ထဘီကို ရင်လျားဝတ်ထားပြီး ခေါင်းမှာ ရုပ်ဖျက်ရင်သုံးတဲ့ ဦးထုပ်အနက်ကို ဟန်ပါပါဆောင်းထားတဲ့ မမကွမ်ဆိုသောမိန်းမက “ဘာ……….. ညီးတို့ကို ပေးရမယ်… ဟုတ်စ….. ၀ါး……. ဟား…. ဟား….”။ ဟု ၀ါးလုံးကွဲ သေးထွက်မတက် ဟားတိုက်ရယ်လိုက်ရင်း။ “ဒီမယ်။ ညီးတို့တွေက ငါတို့ဂိုဏ်းမှာ တားမြစ်ထားတဲ့ မိစ္ဆာသိုင်းကို ကျင့်ပြီးတဲ့နောက်ပိုင်း၊ ညီးတို့ ငါတို့ဂိုဏ်းနဲ့ ဘာမှ မပါတ်သက်တော့ဘူး။ ရှင်းရှင်းပြောလိုက်မယ် ညီးတို့နဲငါ ဂိုဏ်းတူညီအမတွေ မဟုတ်တော့ဘူး။ ငါတို့ “အော်ကြည့်ဂိုဏ်း’ သိုင်းကျမ်းရတနာတွေလည်း ညီးတို့နဲ့ မသက်ဆိုင်တော့ဘူးဟေ” ဟုခက်မာမာထန်ထန်ပြောလိုက်၏။
အဲ့ဒီနောက် မချိုသင်းနဲ့ မနော်တို့က တစ်ယောက်နဲ့တစ်ယောက် မျက်စမျက်န ပြလိုက်ပြီး မမကွမ်းလို့ခေါ်တဲ့ အော်ကြည့်ဂိုဏ်းချုပ်ကို စတင်တိုက်ခိုက်၏။ သူတို့နှစ်ဦးရဲ့တိုက်ခိုက်မှုကို ပူနီဆူးလားပါတိတ်ထဘီ ၀တ်ထားတဲ့ မမကွမ်က လွှားခနဲ လွှားခနဲ ခုန်ရှောင်ရင်း ပြန်တိုက်ခိုက်၏။ မမကွမ်ရဲ့တိုက်ကွက်တွေက ပြင်းထန်လာတော့ မချိုသင်းက သူမထွင်ထားတဲ့ ဘူမိသိုင်းနဲ့ ပြန်ချပြန်တယ်။ ဘူမိသိုင်းဆိုတာ သိုင်းကျင့်စဉ်တစ်လျောက် ဘာမှ အစားစာမှမစားရဘဲ။ ကျောက်ခဲ နဲ့ခဲသာ စားရပါတယ်။ ရန်သူနဲ့တွေ့တဲ့ အခါ စားထားသမျှ ကျောက်ခဲတွေကို ပါးစပ်ထဲက ဖလူးဖလူးနဲ့ ထွေးထုတ်ရင်းတိုက်ရပါတယ်။ ကျောက်ခဲနဲ့ ထိသမျှအရာတွေမှန်သမျှ အမှုန်တွေ့ ဖြစ်သွားတော့ မမကွမ်က သတိထားပြီးရှောင်နေရတယ်။ သူမဆီရောက်လာတဲ့ ခဲတွေမှန်သမျှကို သူမရဲ့ မိုးကြိုးယက်တောင်နဲ့ ခပ်ခပ်ထုတ်ပစ်ရတယ်။ တစ်ဖက်ကလည်း မနော်ရဲ့ ဖဲကဗျာသိုင်းကိုလည်း သဲကြီးမဲကြီး ကာကွယ်ပြန်ရပါသေးတယ်။
မနော်ရဲ့ဖဲကဗျာက နာမည်နဲ့လိုက်အောင် တော်တော်ကဗျာဆန်ပါတယ်။ ချောင်ချို ချောင်ကြားကနေ ရှာရှာဖွေဖွေရှာထားတဲ့ ပုံလေးတွေကို ဖဲချပ်လေးတွေလို လုပ်ထားပြီး စာတိုစာစလေးတွေရေးထားပါတယ်။ စာတွေဖတ်မိရင် မျက်စိစုံလုံးကန်းပြီး ဖဲချပ်ကို ထိမိရင်တော့ ဖဲဆိပ်တက်ပြီး တစ်ဂစ်ဂစ်နဲ့ ချက်ချင်းသေနိုင်အောင်စွမ်း၏။ မမကွမ်က ဘူမိသိုင်းနဲ့ဖဲကဗျာသိုင်းတို့ကို ကြောက်ချင်ယောင်ဆောင်နည်းသိုင်းနဲ့ ပြန်ချလိုက်ရော မချိုသင်းနဲ့ မနော်တို့မခံနိုင်တော့။ မချိုသင်းက ပါးစပ်ဟနိုင်လေ ခဲကြီးကြီးထွက်လေဆိုတော့ ပါးစပ်ကြီးအတင်းဖြဲပြီး မမကွမ်းကို လေပေါ်ဝဲရင်းချ၏။ မမကွမ်က ခဲတွေကို မိုးကြိုးယက်တောင်နဲ့ ကာလိုက်ပြီး မချိုသင်းဆီကို ခဲတွေ ပြန်ပို့လိုက်တဲ့အခါ မချိုသင်းတစ်ယောက် ဟထားတဲ့ ပါးစပ်ကို အချိန်မီပြန်မစိနိုင်ဘဲ ပလွတ်ဆိုပြီး ကိုယ့်ခဲကို ပြန်နင်သွားပြီး ခြေကားယားလက်ကားယားနဲ့ ပြုတ်ကျသွားတယ်။ ကိုယ့်ကိုကိုယ် မဟန်တော့မှန်းသိကာ ညီမငယ် မနော်ကို ခေါ်ပြီး တစ်ချိုးတည်း လစ်ပြေးလေတော့သည်။
…………………………………….၊………………………………….
အော်ကြည့်ဂိုဏ်းရဲ့ အထွတ်အမြတ်ထားရာ စာကြည့်ခန်း။
ဆံပင်ဖားလျားချထားတဲ့ ပိန်ရှည်ရှည် မိန်းမပျိုတစ်ယောက် အခန်းထဲကို ခြေဖျားထောက်ဝင်လာပြီး ကျီးကန်းစကောမှောက်ကြည့် လိုက်ပါတယ်။ အဲဒီနောက် သိုင်းကျမ်းတွေထည့်ထားတဲ့ အံဆွဲတွေကို ဟိုနှိုက်ဒီနှိုက်နဲ့ ရှာပါတယ်။ သူမသည် မျက်မှောက်ကုတ်လိုက်ပြီး အံဆွဲအောက်တွေပါမကျန် လက်နှိုက်ပြီး ရှာကြည့်တယ်။ သူမလိုချင်တာ ရှာမတွေ့။
အဲဒီအချိန်မှာ စာကြည့်ခန်းတံခါးပွင့်သွားပြီး အစိမ်းရောင်ဝတ်ထားတဲ့ မိန်းမပျိုလေးတစ်ယောက် လှုပ်လီလှုပ်လဲ့နဲ့ ၀င်လာ၏။ ဆံပင်ရှည်ရှည်နဲ့ မိန်းမပျိုလေးက မျက်နှာပျက်သွားပြီး လက်ထဲက စာအုပ်တွေကို အံဆွဲထ ကမန်းကတမ်ဲး ပြန်ပြီးထိုးထည့်လိုက်တယ်။ အစိမ်းရောင် ကောင်မလေးက မြင်သွားပြီး “ဟယ်……. မမအေးမြက်မြက်…. ဒီမှာဘာလာလုပ်နေတာလဲ”ဟုမေးလိုက်၏။ အေးမြက်မြက်က အမှတ်တမဲ့ ဟိုဟိုဒီဒီစဉ်းစားလိုက်ပြီးမှ “ဘာမှ မဟုတ်ပါဘူး ညီမလေးစိမ်းရယ်။ သိုင်းပညာ နောက်တစ်ဆင့်တက်ဖို့ အတွင်းကြေသိုင်းလာရှာတာ” ဟုပြောလိုက်သည်။ အဲဒီအခါ စိမ်းဆိုသော မိန်းကလေးက နှစ်လိုဖွယ် ပြုံးလိုက်ပြီး “မမရယ်…. ရှာမနေနဲ့ အတွင်းကြေကျမ်းက ညီမဆီမှာ…. မမကျင့်ချင်ရင် လာယူရေ။ ညီမလေးက ကျင့်ပြီးသွားပြီ။” ဟုပြောလိုက်တဲ့အခါ အေးမြက်မြက်က အံ့သြသွားပြီး “ ဟင် ဒါဆို စိမ်းက…………… ဒါဆို သိုင်းကျမ်းတော်တော်များများ ပြီးသွားပြီပေါ့” ဟုညည်းတွားလိုက်ရင်း တစ်ချိန်တည်းမှာပင် မနာလိုစိတ်တွေ တရိပ်ရိပ်တက်လာပါတယ်။
အေးမြက်မြက်ခေါ် အရီးတားနဲ့ စိမ်းစိမ်းတို့က အော်ကြည့်ဂိုဏ်းချုပ် မမကွမ်ရဲ့ လက်ဝဲလက်ယာရံတွေဖြစ်ကြပြီး မမကွမ်က စိမ်းစိမ်းကို ပိုပြီး အလေးထားပါတယ်။ ဒါပေမယ့် နာမည်တစ်လုံးပျက်ရင် နောက်တစ်လုံးသုံးဖို့ အရန်သင့်ထားတတ်တဲ့ အေးမြက်မြက်ခေါ် အရီးတားက စိမ်းစိမ်းကို မနာလိုပါဘူး။ ဘာလို့လဲဆိုတော့ အေးမြက်မြက်က စိမ်းစိမ်းထက် ဂိုဏ်းသက်ရင့်ပေမယ့် မမကွမ်းက သူမကို နေရာမပေးပါဘူး။ ဒီလိုဆို အေးမြက်မြက်အတွက် ဂိုဏ်းချုပ်ဖြစ်ဖို့ဝေးနေပါပြီး သူမအရမ်းသင်ချင်တဲ့ ဂိုဏ်းချုပ်တွေသာတတ်တဲ့ ကြောက်ချင်ယောင်ဆောင်နည်းသိုင်းကလည်ုး သင်ရမှာ မဟုတ်တော့ပါဘူး။ အေးမြက်မြက်က စိမ်းစိမ်းကို ခပ်စိမ်းစိမ်းပဲကြည့်ကာ ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထွက်သွားပါတယ်။ အဲ့ဒီလို ထွက်သွားတဲ့ အချိန်မှာ သူမရဲ့အတွင်းခံထဲမှာ ထည့်ထားတဲ့ ခဲလုံးက ခုန်ပေါက်ပြီးထွက်ကျလာတယ်။ အေးမြက်မြက် မသိလိုက်။ စိမ်းစိမ်းက အေးမြက်မြက်ရဲု့ အတွင်းခံထဲက ကျလာတဲ့ ခဲလုံးကို နမ်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ်။ ပြီးတော့ ဒီခဲက အေးမြက်မြက်ဆီဘာလို့ရောက်နေတာလဲဟာ တောင်တွေးလိုက် မြောက်တွေးလိုက်စဉ်းစားရင်း လက်ဝါးပေါ်ထောင်ကြည့်လိုက်ပါတယ်။ ကျောက်ခဲကို ကြည့်ရင်းကြည့်ရင်း စိမ်းစိမ်းရဲ့ အရင်ကတည်းကပြူးနေတဲ့ မျက်လုံးက ပိုပိုပြူးလာတယ်။ ပါးစက်မှလည်း ရွစိရွစိနဲ့
…………………….. အို……………. မဟုတ်တာ…………………………
မဖြစ်နိုင်ပါဘူး။
ဒါ………… ဒါ………. ဘူမိကျောက်ခဲ…………
သှူ့ဆီဘာလို့ရောက်နေတာလဲ…….။
စိမ်းစိမ်း အေးမြက်မြက်ကို မသကာင်္တော့။ သူမသွားတဲ့နောက် လိုက်ချောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို လိုက်ချောင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ချင်းကား စိမ်းစိမ်းဘ၀ကို ပက်လက်ကနေ မှောက်ခုံ ဖြစ်စေခဲ့ပါတယ်။ စိမ်းစိမ်းက နောက်ကနေ ခြေဖေါ့ပြီးလိုက်တဲ့ အချိန်မှာ အေးမြက်မြက်က ရှေ့ကနေ ဟိုကြည့်ဒီကြည့် ကုပ်ချောင်းချောင်းနဲ့ သိုင်းကျောင်း အနောက်ဘက်က တောအုပ်ထဲကို ခြုံတိုးပြီး ၀င်သွားတယ်။ သူတိုးတဲ့နောက် စိမ်းစိမ်းကလဲ လိုက်တိုးတယ်။
အဲဒီလို တိုးရင်း လွှားရင်းနဲ့ အေးမြက်မြက်က တစ်နေရာမှာ ရပ်လိုကာ ကြောင်တွေအော်သလို ညောင်ညောင်ဆိုပြီး နှာသံနဲ့ အချက်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ တစ်ကိုယ်လုံးအမဲရောင်ဝတ်ထားတဲ့ လူတစ်ယောက် သစ်ပင်ပေါ်ကနေ လွှားခနဲခုန်ဆင်းလာ၏။
ပထမပိုင်း ဒီမှာပြီး၏။ ပရိသက်တွေတောင်းဆိုရင် ဆက်ရေးပါ့မယ်ဗျာ။
ဒီဇာတ်လမ်းလေးကို Green Girl ရဲ့ ပိုစ်မှာ ခြေဆော့လက်ဆော့ သွားရေးမိရင်းက တောင်းဆိုတဲ့သူများလာလို့ တကယ်ရေးဖြစ်သွားပါတယ်။ ဘယ်သူကိုမှ နာပါစေလိုံမရည်ရွယ်ပါ။ ဗီလိန်ဖြစ်ရရှာသော ကိုကို မမတို့ ကို ဦးသုံးကြိမ်ချကန်တော့ပြီး တောင်းပန်ပါတယ်။ နောင်ရေးမယ့် အဆက်မှာ အိမ်မက်သေခေါင်းဆောင်ပြီး အိပ်မက်ဂျူလိုင်၊ အိပ်မက်မဲတို့ပါဝင်သော ကိလေသာအိပ်မက်ဂိုဏ်း။ ဂျယ်ဂျယ်ခေါင်းဆောင်တဲ့ အပေါဂိုဏ်းတွေ ပါပါမယ်။ ဖတ်ချင်ရင် ဘလော့ခ်လာတို့ကြပါခင်ဗျား။ ။ ဆရာနီကိုရဲ့ ကျွန်မရဲ့လင်ကို နည်းနည်းယူသုံးပါ၏။


18 ယောက်ကဒီလိုမြင်တယ်တဲ့...:
ဆက်ရေးပါဦး... သိုင်းလောက ဘာတွေဖြစ်ဦးမလဲလို့ ဆက်ဖတ်ချင်သေးတယ် :P
အေးပေါ့လေ
ပေါထားဦးပေါ့ သက်ပိုင်သူရယ်
ဟင်းဟင်း
အစ်ကိုရေ..လာဖတ်သွားတယ်..
နောက်ဆက်တွဲမျှော်နေတယ်..မြန်မြန်ရေးနော်...
ကြောက်ချင်ယောင်ဆောင်နည်း သိုင်းကျမ်းက ဘယ်သူရမှာလဲ...
အင်း မင်းတော့ comment ပင်လယ်မှာ မှောက်ခုံမျောတော့မှာ မြင်ယောင်သေး။
သဘောမတူဘူးဆိုတဲ့လူတွေကို နောက်တစ်ပိုင်းကျရင် ဇာတ်နာအောင် သွေးကြောပိတ် ချောက်ထဲပစ်ချ၊ အကြောဖြတ် အဆိပ်မိ၊ မတော်ရာ ကင်းကိုက်၊ လက်ချောင်းလေးချောင်းဖြတ်( တစ်ချောင်းက ဓာတ်လှေကားခလုတ်နိုပ်ဖို့ ချန်ထားလိုက်)၊်သိုင်းကျင့်စဉ်ဖောက်ပြန်သွားလို့ ကိုယ်ခံအားတွေ ဆုံး၊ နောက် အရူးလုံးလုံးဖြစ်၊...
ဒီလိုညင်ညင်သာသာလေး ဇာတ်သိမ်းပေးလိုက်ပါကွာ။
(ကဲ ဘယ်သူ သဘောမဘူးလဲ) :P
လောလောဆယ်တော့ ဂူအောင်းပြီး အတွင်းအားကျင့်နေပါတယ။်
အချစ် ရုပ်ရှင် ဇာတ်ညွှန်းရေးနေရာကနေ
သိုင်းကား ရိုက်မလို့လား...း)
ဇာတ်ညွှန်း အသစ် တင်ထားတာထင်လို့... ရီလိုက်ရတာ.. ဆက်ရေးပါ
ဒုတိယပိုင်းမြန်မြန်မလာလို့ကတော့
ဖဲဆိပ်တက်ဖို့သာပြင်
ပုံ
နော်နော်
(အော် ..ကိုကိုကြီး(အကြည်တော်)နဲ့ကိုရဲ (နီကိုရဲ)
ညက ဒီပို့စ်ကိုဖတ်ပြီး သေတာပဲအေးပါတယ် ဆိုပြီး
ကိုယ့်ကိုယ်ကိုသတ်သေသွားကြတယ်။အဲလောက်တောင်
ကိုရယ်ရပါတယ်။အလကား သူတို့တွေနားသွားရမယ်
ကိုမင်းလူတောင် ကြောက်လို့ချန်ထားခဲ့တာ မဟုတ်ရင်
သူကလည်း သက်ပိုင်သူလိုပဲ..၀တ္ထုထဲမှာနေရာပေး
တတ်လွန်းလို့။။)
း) အရမ်းမိုက်တာပဲ .. အားပေးနေပါတယ် .. သိုင်းကျင့်ရင် အတွင်းအားကောင်းဖို့ လိုတယ်မှတ်လား .. အတွင်းအားကျင့်ထားလိုက်မယ် .. :D
ကိုwater festival ပြောသလိုပဲ.. သဘောမတူသူတွေကို အဲလိုဇာတ်သိမ်းပေးလိုက်ပါ.. ညီညီကတော့ တူတယ်ဆိုတာ ပြောထားပြီးသားနော်.. ခုတောင် မကွမ်ဆီက ကြောက်ချင်ယောင်ဆောင်နည်းသိုင်းကျမ်းလုရမလား စဉ်းစားနေတာ.. ခွိ
ဇတ်ဆရာ သက်ပိုင်သူရေ..
ဖတ်ရတာ မြူးလိုက်တာ..
ဇတ်လမ်းထဲမှာ ပါခွင့်ရလို့လည်း ကျေးဇူးပါနော်..း)
အရေးအသားကတော့ ကောင်းပြီးသားမို့ ဇတ်ရုပ်လေးတွေ ပုံပေါ်လာလေရဲ့.. ကိုယ်တိုင်လည်း သိုင်းသမား တစ်ယောက်လိုလို ခံစားလာရပါတယ်..း)
ကြံကြံဖန်ဖန်လည်း တွေးတတ်ရေးတတ်ပါရဲ့နော်..
နောက်ဆက်တွဲ အပိုင်းလေးတွေလည်း မျှော်နေမယ် စောင့်ဖတ်နေမယ်.. သိုင်း ဝတ္ထုဆိုရင်တော့ အပိုင်း များများရေးရမယ်နော်..း)
အဲ့.. စိမ်းစိမ်း ဆင်ဆာဖြတ်လိုက်တယ် ဆိုတာကို ကျနော်ရော ခင်လေးပါ ဖတ်လိုက်ရပါတယ်..း)
ခင်လို့ နောက်ထားတယ်လို့ပဲ မှတ်လိုက်ပါတယ်နော်..း)
တစ်ခါတလေကျတော့ ဇတ်သဘောအရ အမည်လေးတွေ ပြောင်းပြီး.. ပြောင်ပြီး.. ရေးလိုက်မှ စာဖတ်သူ ရယ်(ရီ)ရမယ်.. ပြုံးရမယ် ဆိုတာကိုတော့ နားလည် လက်ခံပါတယ်လေ..
တစ်ပုဒ်လုံးပြောစရာမရှိပါဘူး..
ကိုစေးထူး နာမည်လေး ရေးထားတဲ့ စာပိုဒ်လေး နားမှာတော့ မျက်မှောင်ကြုတ်ပြီး ဖတ်မိတယ်..း)
ဇတ်သဘောအရ ဆိုတာထက် ဇတ်လမ်းလေးကို ပိုလှလာဖို့ဆိုရင်.. တချို့နေရာတွေမှာ အကြိမ်ကြိမ်စဉ်းစားပြီးမှ ရိုက်စေချင်တယ်.. (ဖလင်မှ မရှားတာနော်)း)
ခင်မင်လေးစား ချစ်ခြင်းအားဖြင့်
ကိုရင်နော်
ကိုရင်နော် သတိပေးမှပဲ သေချာဖတ်မိတော့တယ်ဗျ။ ကျွန်တော်အလွန်ဆိုးတာပဲ။ ကိုကလိုစေးထူးကို ဒီကနေ အနူးအညွှတ် တောင်းပန်လိုက်ပါတယ်။ ဘလော့ခ်ဂါလောကမှာ ၂လပဲ ရှိသေးတဲ့ ကျွန်တော်က ဘလော့ခ်ဂါမောင်နှမတွေနဲ့ အရမ်းရင်းနှီးချင်လွန်းအားကြီးတာနဲ့ ဒီပို့စ်လေးနဲ့ အားလုံးရင်းနှီးရရုံ သက်သက်လေးရေးလိုက်တာပါ။ ဘလော့ခ်လောကကို Green Girlက လက်တွဲပြီး ခေါ်လာတဲ့နောက်ပိုင်း ကျွန်တော် တော်တော်ကို ပျော်သွားပါတယ်။ ရေးချင်တာလေးတွေ ရှယ်ချင်တာလေးတွေများပြီး စိတ်လောကြီးမိတော့ အမှားတွေ လုပ်မိတတ်လာတယ်။ ကျွန်တော် ပို့စ်တွေရေးပြီးတိုင်း Green Girl က အမြဲစစ်ပေးတတ်ပြီး တစ်ခါတစ်ခါမှားနေရင် သူကပဲ ပြင်ပေးတတ်ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တွေးတာတွေက ဘောင်တွေကျော်နေရင် green Gilrကပဲ သတိပေးတတ်ပါတယ်။ အခုကိုရင်နော်ကလည်း သတိပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်ဗျာ။
နာမည်ကို ပြန်ပြောင်းလိုက်ပါပြီ။
ရီရတယ်။
သဘောတူတယ်။
`ဘလော့လောက စိန်ခေါ်သံ´
`ဘလော့မင်းသားရဲ့ tag ၀ိဥာဉ်´
`ဘလော့လောက မုန်တိုင်း´
တို့ရောရေးဦးမှာလား
(စာရေးရင်းစားဖို့ ဘိန်းလေးလည်းလာပို့ပေးမယ်
ဟဲ ဟဲ)
ငါ့ကိုတော့ သေပြီးရင်တောင် ရေခဲမုန့်ကျွေးပြီး ဖြစ်ဖြစ်
ဖားတွေဝိုင်းကိုက် လို့ပဲ ဖြစ်ဖြစ်ပြန်ရှင်ပေးနော်
ဖိုးသင်္ကြန်...ကိုပြောပေးပါ.
“လက်ခလယ်” ကိုပါအောင်ဖြတ်လို့ ...
ရေခဲတောင် “ဂေါ်ဖီထုတ်”စားလျှက်...
အမည်မဖော်လိုသူ “ဇိုးမင်းသား”
စဖတ်မိမှတော့ ဆုံးအောင် ဖတ်မိသွားတယ်။ ဟဲဟဲ
laugh out loud
lol
lol
ပါပဲဗျာ :D
ဆက်သာရေး.... ရယ်ရတယ်
ဟိုက် အခုမှ ဖတ်မိတယ် ဇာတ်လမ်းက အပျံစားပါကလားဟ ... ဟိုက် သေရော နောက်တစ်ခန်းက အိပ်မက်သေဦးဆောင်တဲ့ ကိလေသာအိပ်မက်ဂိုဏ်း ... ဂိုဏ်းချုပ်ဖြစ်နေတာ ကိုယ်တောင် မသိလိုက်ပါလား .... ဘာတွေဖစ်ကုန်တာလဲ ... ညီရေ ....
ဆက်ရေး ဆက်ရေး ...
Post a Comment