(ကျွန်တော်ရုပ်ရှင်တစ်ခုကို ခံစားရာတွင် ရုပ်ရှင်ကပေးသော အကောင်းမြင်ဝါဒထက် ရုပ်ရှင်ကောင်းတစ်ကားဖြစ်အောင် ဖွဲ့စည်းပေးသော အများနဲ့မတူ ထူးခြားသော ဇာတ်အိမ်၊ နောက်ခံတေးဂီတ၊ ဇာတ်လမ်းကို အသက်ဝင်အောင် ဖန်တီးပေးသော ကင်မရာအယူအဆ၊ အလင်းအမှောင်ကဏ္ဍ၊ ထိုအရာများကိုသာ အသားပေးကြည့်ရှုပါသည်။ ကျွန်တော်နဲ့ ခံစားမှုခြင်း မတိုက်ဆိုင်ပါက ခွင့်လွှတ်ပါဟု တောင်းပန်ရင်း ကျွန်တော့်ရဲ့ ရုပ်ရှင်ခံစားမှု ဆောင်းပါးများကို ကျော်ဖတ်သွားပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
အချစ်ဆိုတာ ဘာလဲ….။ လူအမျိုးမျိုးက အချစ်အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ ခံစားကြသည်။ တချို့က အချစ်ဆိုတာကို သိမ်မွေ့သော၊နူးညံ့သောအရာတဲ့။ တချို့ကြပြန်တော့လည်း စူးရှရူးသွပ်ခြင်းအရာတဲ့။ တချို့ ကြပြန်တော့လည်း ပိုင်ဆိုင်မှုထက် စွန့်လွှတ်မှုက ချစ်ခြင်းဆိုတဲ့အရာ ပိုပြီးပီသပါတယ်တဲ့။ ကျွန်တော်အတွက်ကရော……။
ကျွန်တော့အတွက် အချစ်ဆိုတာ နူးညံ့တယ်….။ရူးသွပ်တယ်…။ စွန့်လွှတ်ခဲ့တာ ရှိသလို…။ ရယူပိုင်ဆိုင်ခဲ့တာလည်းရှိတယ်…။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တွေ့သမျှ အချစ်တွေအားလုံးမှာ အဓိပ္ပာယ်ကိုယ်စီနဲ့ ရှိနေလို့ပါပဲ။ အချစ်တွေ အများကြီးရှိတယ်ဆိုပြီး ကျွန်တော့်ကို အထင်မကြီးနဲ့ဦးနော်။ ကျွန်တော့် ဘ၀မှာ အချစ်ကို တွေ့တာ လက်၅ချောင်းတောင် မပိုပါဘူးဗျာ….။
အချစ်အကြောင်းကို သီချင်းတွေထဲမှာလည်း နားထောင်ဖူးတယ်။ စာအုပ်တွေမှာလည်း ဖတ်ဖူးတယ်။ ရုပ်ရှင်တွေထဲမှာလည်း ကြည့်ဖူးတယ်။ ကိုယ်တွေ့လည်း ကြုံဖူးခဲ့ပါတယ်။ အဲဒီလို ကြုံဖူး၊ မြင်ဖူး၊ ကြည့်ဖူးသမျှတွေထဲမှာ ရုပ်ရှင်ထဲမှာ တွေ့ရတဲ့ အချစ်က ကျွန်တော့်အတွက် ပိုပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။
ရုပ်ရှင်ဆိုတာ မဖြစ်နိုင်တာတွေ၊ ဖြစ်နိုင်တာတွေ၊ ရှိတာတွေ၊ မရှိတာတွေကို လှည့်စားပြီး ကြည့်တဲ့သူတွေကို ပြုစားသောအရာလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီပြုစားခံရတဲ့ အကြောင်းတွေထဲက အချစ်ဆိုတဲ့အကြောင်းကို ကျွန်တော် တတ်သလောက်၊ မှတ်သလောက် ပြောပြချင်ပါတယ်။ သည်းခံပြီးတော့ ဖတ်ပေးပါနော့…..။

The Lover ဟူသော ရုင်ရှင်ကားလေးသည် စာရေးဆရာမ Marguerite Duras ရေးသားသော ကိုယ်တိုင်ရေး အတ္ထုပတ္တိဇာတ်လမ်းပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင်ပါဝင်သော သူမ၏ချစ်သူသည် ဗီယက်နမ်မှာ ကွန်မြူနစ်တို့ ကြီးထွားလာသောအခါ၊ ၄င်းတို့ရန်ကို တိမ်းရှောင်ရင်း အမေရိက၌ပင် ခေါင်းချသွားခဲ့သည်။သူမ၏ ၀တ္ထုထွက်လာချိန်မှာတော့ သက်ရှိထင်ရှားမရှိတော့ပေ။
The Lover ရုပ်ရှင်ကို ရုံတင်သောအခါ တော်တော်များများရဲ့ဝေဖန်ခြင်းခံခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းမှ ဇာတ်ကောင် အမျိုးသမီး၏ အသက်သည် ၁၆နှစ်မျှသာရှိသေးသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုဇာတ်ကားသည် တမူထူးခြားလှပသောရိုက်ချက်များကြောင့် Cinematography Academy Award အတွက် လျာထားခြင်း ခံခဲ့ရသည်။
ထိုရုပ်ရှင်ရဲ့ နောက်ထပ်ထူးခြားချက်မှာ အဓိကဇာတ်ကောင်များရဲ့ နာမည်များကို မဖော်ပြပဲ ကောင်မလေးတစ်ယောက်နှင့် တရုတ်လူမျိုးတစ်ယောက်ဟုသာ သုံးထားခြင်းဖြစ်သည်။ သည်ဇာတ်လမ်းမှာ အဓိကသရုပ်ဆောင်များက Tony Leung Ka Fai နှင့် Jane March ဖြစ်ပါသည်။ သူတို့နှစ်ဦး၏ သရုပ်ဆောင်ချက်များက အကောင်းဆုံးမဖြစ်ခဲ့သော်လည်း ကင်မရာအယူအဆ၊ နောက်ခံတေးဂီတ ပံ့ပိုးမှု၊ နှစ်ဦးချိန်းတွေ့ရာ နေရာလေး၊ ထိုအရာတွေအားလုံးက ဇာတ်လမ်းရဲ့ ရသကို အမိအရခေါ်သွားနိုင်ခဲ့သည်။
သူတို့နှစ်ဦး ချိန်းတွေ့ရာ နေရာလေးက စိတ်ကူးယဉ်စရာလှပသော နေရာလေး မဟုတ်ပေ။ အလွန်လူသွားလူလာများသော ဈေးလမ်းလို နေရာလေးက တိုက်ခန်းလေးတစ်ခုသာ ဖြစ်သည်။ ရမ္မက်၊ တပ်မက်မှုတို့ဖြင့် ဖုံးလွှမ်းနေသော ချစ်သူနှစ်ယောက်၏ အိပ်ခန်းလေးနှင့်အတူ၊ တရုတ်ကပ် သစ်သားတံခါးကြားထဲက ပျားပန်းခတ်မျှ ရှုတ်ရှက်ခတ်နေသော လူတို့၏အရိပ်များက ဖြတ်ခနဲ ဖြတ်ခနဲ ဖြစ်သွားပုံမှာ ဒါရိုက်တာ Jean Jacques Annaud စိတ်ကူးကောင်းသော ရိုက်ချက်များပင်ဖြစ်သည်။
ထိုရုပ်ရှင်စတင်ရုံတင်စဉ်က R18 အဖြစ် သတ်မှတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အဝတ်ဗလာဖြင့် ချစ်တင်းနှောခန်းတွေက များသောကြောင့်ဖြစ်သည်။ သို့ပေမယ့် ထိုအခန်းများသည် ဖိုမဆက်ဆံခန်းတွေလို မပြင်းပြ။ အထည်ကြီးပျက် မိခင်မုဆိုးမနှင့် အသုံးမကျသော အကိုနှစ်ယောက်နှင့်အတူနေနေရပြီး စိတ်ဓာတ်ကျနေသော ၁၆နှစ်အရွယ် ပြင်သစ်မလေးနှင့် ချမ်းသာသော်လည်း အထီးကျန်ဆန်လှသော အသက် ၃၁နှစ်အရွယ် အမျိုးသားတစ်ဦး တို့၏ ဆက်ဆံရေးသည် ကာမဆန္ဒထက် အဖော်အဖြစ် တစ်ယောက်နှင့်တစ်ယောက်လိုအပ် နေတာ အမှန်ပင်။ ကောင်မလေး၏ချစ်သူက အချစ်ဆိုသောအရာဖြင့် ချဉ်းကပ်သော်လည်း ကောင်မလေးအတွက်ကတော့ သူမ မိသားစုအတွက်၊ ပြင်သစ်ကိုပြန်နိုင်ရေးအတွက်သာ။ သူမ သူ့အပေါ် အမှန်တကယ် ချစ်မြတ်နိုးချိန်မှာတော့ အရာအားလုံးက နောက်ကျသွားပြီဖြစ်သည်။
Lover ဟူသော ရုပ်ရှင်ကားသည် ပျော်ရွှင်ကြည်နူးနေကြသော ချစ်သူနှစ်ဦး၏ ဇာတ်လမ်းမဟုတ်ပါ။ မတူညီသောဓလေ့ထုံးစံနှင့် စိတ်ပျက်စရာကောင်းသော မိသားစုတွေကြားမှာ ချောင်ပိတ်မိနေသော ချစ်သူနှစ်ဦး၏ ပုံရိပ်များသာဖြစ်သည်။ လေးလေးပင်ပင် ခံစားနိုင်သော အချစ်ဇာတ်လမ်းကြိုက်သူများအတွက် လက်မလွှတ်သင့်သော ရုပ်ရှင်ဇာတ်ကားတစ်ကားပင် ဖြစ်ပါတော့သည်။
Lover ရုပ်ရှင်အဖွင့်မှာ စာရေးဆရာမ အဖွားအိုတစ်ဦးရဲ့ သူမရဲ့ချစ်သူအကြောင်း နောက်ကြောင်းပြန်ပြောဟန်ဖြင့် စထားပါသည်။ သူမရဲ့ဇာတ်လမ်းက လွန်ခဲ့သော ၁၉၃၀ဝန်းကျင် အင်ဒိုချိုင်းနားက ဆိုင်ဂွန်မြို့လေး (အခု ဗီယက်နမ်၊ ဟိုချီမင်းမြို့) မှာ ဇာတ်အိမ်ဖွဲ့ထားပါသည်။ အတိအကျပြောရလျှင်ဖြင့် ဆိုင်ဂွန်မြို့ကို အသွား ဖယ်ရီ (ဇက်) တစ်စီးပေါ်တွင်ဖြစ်သည်။
၁၆နှစ်အရွယ် ကောင်မလေးတစ်ယောက်။ မတောက်ပတော့တဲ့ ကာကီရောင် ဝတ်စုံလေးတစ်စုံကို ဝတ်ထားပြီး ယောက်ျားဆောင်းဦးထုပ် တစ်ခုကို ဟန်ပါပါ ဆောင်းထားကာ ရွှေအိုရောင် ဆံပင်လေးတွေကို ကျစ်ဆံမြီးနှစ်ဖက်ချထားပါသည်။ သူမ၏ ခြေထောက်တစ်ဖက်ကို ဖယ်ရီလက်ရမ်းရဲ့ အောက်ဆုံးတန်း တစ်ခုပေါ်တင်ထားပြီး ဝါကြန့်ကြန့် ဒိုက်တွေမျောနေသော မဲခေါင်မြစ်ပြင်ကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေသည်။သူမရဲ့ မျက်လုံးတွေက သူများတကာလိုလည်းမစူးရှ။ ဇက်ပေါ်မှာ ဆူညံနေသော ဗီယက်နမ်တို့၏ အသံကိုလည်း စိတ်မ၀င်စား။ သူမကြည့်နေတာ မြစ်ပြင်တစ်ခုတည်းသာ။
ဇက်ပေါ်မှာ နောက်ထပ် ငြိမ်သက်နေသော လူတစ်ယောက်။ ထိုလူက သူများတကာကဲ့သို့ ဇက်ပေါ်မှာမဟုတ်။ ဇက်ပေါ်မှာတင်ဆောင်လာသော အထက်တန်းကျကျ ဇိမ်ခံကားပေါ်မှာဖြစ်သည်။ ထိုလူက ကောင်မလေးလို မြစ်ပြင်ကို ငေးကြည့်မနေ။ မြစ်ပြင်ကို ငေးကြည့်နေသော ကောင်မလေးကိုသာ စိတ်ဝင်စားနေမိသည်။ အတန်ကြာသောအခါ ကားပေါ်မှဆင်းပြီး ကောင်မလေးနှင့် မိတ်ဖွဲ့ဖို့ကြိုးစားသည်။ ကောင်မလေးနှင့် စကားပြောသော အခါ ပါးလျလျ သူ၏နှုတ်ခမ်းလေးတွေ တုန်ရီနေသည်။ သူ့အတွက် အချစ်ဆိုတာ အမှန်တကယ် မွေးဖွားခဲ့ပြီဟု ထင်ပါသည်။ ဤသို့ဖြင့် ကောင်မလေးနှင့် ရင်းနှီးခွင့်ရလိုက်ပြီး သူမသွားမည့် ဆိုင်ဂွန်က သူမ၏ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင် အထိပါ လိုက်ပို့ခွင့်ရလိုက်သည်။
တစ်ခုသော နံနက်ခင်းတစ်ခုမှာ သူမကို လိုက်ပို့ပေးခဲ့သော သူ၏အနက်ရောင် ကားကလေးသည် သူမ၏ကျောင်းရှေ့မှာ ငြိမ်သက်စွာ ရပ်နားထားသည်။ သူမသည် ထိုကားကလေးဆီသို့ တစ်လှမ်းချင်း ....... တစ်လှမ်းချင်း။ ထိုကားလေး၏ နောက်ခန်းမှာဖြင့် သူမရင်းနှီးခဲ့ရသော လူတစ်ယောက်။ ထိုလူသည် သူမအား တွယ်တာမြတ်နိုးမှု အပြည့်ဖြင့် ကမ်းလင့်လိုနေသည်။ သူမသည် ကားလေးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားပြီး ကားပြတင်းမှန်ကို သူမ၏နှုတ်ခမ်းပြည့်ပြည့်လေးဖြင့် ဖွဖွလေးနမ်းပြီး ကျောင်းဘက်သို့ ပြန်လည်ပြေးထွက်ခဲ့သည်။ ဆယ်ကျော်သက် ရင်ခုန်မှု ဤသို့ဖြင့် အစပြိုးခဲ့လေသည်။

One night…အချစ်အကြောင်းကို သီချင်းတွေထဲမှာလည်း နားထောင်ဖူးတယ်။ စာအုပ်တွေမှာလည်း ဖတ်ဖူးတယ်။ ရုပ်ရှင်တွေထဲမှာလည်း ကြည့်ဖူးတယ်။ ကိုယ်တွေ့လည်း ကြုံဖူးခဲ့ပါတယ်။ အဲဒီလို ကြုံဖူး၊ မြင်ဖူး၊ ကြည့်ဖူးသမျှတွေထဲမှာ ရုပ်ရှင်ထဲမှာ တွေ့ရတဲ့ အချစ်က ကျွန်တော့်အတွက် ပိုပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။
ရုပ်ရှင်ဆိုတာ မဖြစ်နိုင်တာတွေ၊ ဖြစ်နိုင်တာတွေ၊ ရှိတာတွေ၊ မရှိတာတွေကို လှည့်စားပြီး ကြည့်တဲ့သူတွေကို ပြုစားသောအရာလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီပြုစားခံရတဲ့ အကြောင်းတွေထဲက အချစ်ဆိုတဲ့အကြောင်းကို ကျွန်တော် တတ်သလောက်၊ မှတ်သလောက် ပြောပြချင်ပါတယ်။ သည်းခံပြီးတော့ ဖတ်ပေးပါနော့…..။
………………………………………………….။…………………………………
ချစ်သူ (The Lover- 1992)

The Lover ဟူသော ရုင်ရှင်ကားလေးသည် စာရေးဆရာမ Marguerite Duras ရေးသားသော ကိုယ်တိုင်ရေး အတ္ထုပတ္တိဇာတ်လမ်းပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင်ပါဝင်သော သူမ၏ချစ်သူသည် ဗီယက်နမ်မှာ ကွန်မြူနစ်တို့ ကြီးထွားလာသောအခါ၊ ၄င်းတို့ရန်ကို တိမ်းရှောင်ရင်း အမေရိက၌ပင် ခေါင်းချသွားခဲ့သည်။သူမ၏ ၀တ္ထုထွက်လာချိန်မှာတော့ သက်ရှိထင်ရှားမရှိတော့ပေ။
The Lover ရုပ်ရှင်ကို ရုံတင်သောအခါ တော်တော်များများရဲ့ဝေဖန်ခြင်းခံခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းမှ ဇာတ်ကောင် အမျိုးသမီး၏ အသက်သည် ၁၆နှစ်မျှသာရှိသေးသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုဇာတ်ကားသည် တမူထူးခြားလှပသောရိုက်ချက်များကြောင့် Cinematography Academy Award အတွက် လျာထားခြင်း ခံခဲ့ရသည်။
ထိုရုပ်ရှင်ရဲ့ နောက်ထပ်ထူးခြားချက်မှာ အဓိကဇာတ်ကောင်များရဲ့ နာမည်များကို မဖော်ပြပဲ ကောင်မလေးတစ်ယောက်နှင့် တရုတ်လူမျိုးတစ်ယောက်ဟုသာ သုံးထားခြင်းဖြစ်သည်။ သည်ဇာတ်လမ်းမှာ အဓိကသရုပ်ဆောင်များက Tony Leung Ka Fai နှင့် Jane March ဖြစ်ပါသည်။ သူတို့နှစ်ဦး၏ သရုပ်ဆောင်ချက်များက အကောင်းဆုံးမဖြစ်ခဲ့သော်လည်း ကင်မရာအယူအဆ၊ နောက်ခံတေးဂီတ ပံ့ပိုးမှု၊ နှစ်ဦးချိန်းတွေ့ရာ နေရာလေး၊ ထိုအရာတွေအားလုံးက ဇာတ်လမ်းရဲ့ ရသကို အမိအရခေါ်သွားနိုင်ခဲ့သည်။
သူတို့နှစ်ဦး ချိန်းတွေ့ရာ နေရာလေးက စိတ်ကူးယဉ်စရာလှပသော နေရာလေး မဟုတ်ပေ။ အလွန်လူသွားလူလာများသော ဈေးလမ်းလို နေရာလေးက တိုက်ခန်းလေးတစ်ခုသာ ဖြစ်သည်။ ရမ္မက်၊ တပ်မက်မှုတို့ဖြင့် ဖုံးလွှမ်းနေသော ချစ်သူနှစ်ယောက်၏ အိပ်ခန်းလေးနှင့်အတူ၊ တရုတ်ကပ် သစ်သားတံခါးကြားထဲက ပျားပန်းခတ်မျှ ရှုတ်ရှက်ခတ်နေသော လူတို့၏အရိပ်များက ဖြတ်ခနဲ ဖြတ်ခနဲ ဖြစ်သွားပုံမှာ ဒါရိုက်တာ Jean Jacques Annaud စိတ်ကူးကောင်းသော ရိုက်ချက်များပင်ဖြစ်သည်။
ထိုရုပ်ရှင်စတင်ရုံတင်စဉ်က R18 အဖြစ် သတ်မှတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အဝတ်ဗလာဖြင့် ချစ်တင်းနှောခန်းတွေက များသောကြောင့်ဖြစ်သည်။ သို့ပေမယ့် ထိုအခန်းများသည် ဖိုမဆက်ဆံခန်းတွေလို မပြင်းပြ။ အထည်ကြီးပျက် မိခင်မုဆိုးမနှင့် အသုံးမကျသော အကိုနှစ်ယောက်နှင့်အတူနေနေရပြီး စိတ်ဓာတ်ကျနေသော ၁၆နှစ်အရွယ် ပြင်သစ်မလေးနှင့် ချမ်းသာသော်လည်း အထီးကျန်ဆန်လှသော အသက် ၃၁နှစ်အရွယ် အမျိုးသားတစ်ဦး တို့၏ ဆက်ဆံရေးသည် ကာမဆန္ဒထက် အဖော်အဖြစ် တစ်ယောက်နှင့်တစ်ယောက်လိုအပ် နေတာ အမှန်ပင်။ ကောင်မလေး၏ချစ်သူက အချစ်ဆိုသောအရာဖြင့် ချဉ်းကပ်သော်လည်း ကောင်မလေးအတွက်ကတော့ သူမ မိသားစုအတွက်၊ ပြင်သစ်ကိုပြန်နိုင်ရေးအတွက်သာ။ သူမ သူ့အပေါ် အမှန်တကယ် ချစ်မြတ်နိုးချိန်မှာတော့ အရာအားလုံးက နောက်ကျသွားပြီဖြစ်သည်။Lover ဟူသော ရုပ်ရှင်ကားသည် ပျော်ရွှင်ကြည်နူးနေကြသော ချစ်သူနှစ်ဦး၏ ဇာတ်လမ်းမဟုတ်ပါ။ မတူညီသောဓလေ့ထုံးစံနှင့် စိတ်ပျက်စရာကောင်းသော မိသားစုတွေကြားမှာ ချောင်ပိတ်မိနေသော ချစ်သူနှစ်ဦး၏ ပုံရိပ်များသာဖြစ်သည်။ လေးလေးပင်ပင် ခံစားနိုင်သော အချစ်ဇာတ်လမ်းကြိုက်သူများအတွက် လက်မလွှတ်သင့်သော ရုပ်ရှင်ဇာတ်ကားတစ်ကားပင် ဖြစ်ပါတော့သည်။
………………………………………………….။…………………………………
Lover ရုပ်ရှင်အဖွင့်မှာ စာရေးဆရာမ အဖွားအိုတစ်ဦးရဲ့ သူမရဲ့ချစ်သူအကြောင်း နောက်ကြောင်းပြန်ပြောဟန်ဖြင့် စထားပါသည်။ သူမရဲ့ဇာတ်လမ်းက လွန်ခဲ့သော ၁၉၃၀ဝန်းကျင် အင်ဒိုချိုင်းနားက ဆိုင်ဂွန်မြို့လေး (အခု ဗီယက်နမ်၊ ဟိုချီမင်းမြို့) မှာ ဇာတ်အိမ်ဖွဲ့ထားပါသည်။ အတိအကျပြောရလျှင်ဖြင့် ဆိုင်ဂွန်မြို့ကို အသွား ဖယ်ရီ (ဇက်) တစ်စီးပေါ်တွင်ဖြစ်သည်။
၁၆နှစ်အရွယ် ကောင်မလေးတစ်ယောက်။ မတောက်ပတော့တဲ့ ကာကီရောင် ဝတ်စုံလေးတစ်စုံကို ဝတ်ထားပြီး ယောက်ျားဆောင်းဦးထုပ် တစ်ခုကို ဟန်ပါပါ ဆောင်းထားကာ ရွှေအိုရောင် ဆံပင်လေးတွေကို ကျစ်ဆံမြီးနှစ်ဖက်ချထားပါသည်။ သူမ၏ ခြေထောက်တစ်ဖက်ကို ဖယ်ရီလက်ရမ်းရဲ့ အောက်ဆုံးတန်း တစ်ခုပေါ်တင်ထားပြီး ဝါကြန့်ကြန့် ဒိုက်တွေမျောနေသော မဲခေါင်မြစ်ပြင်ကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေသည်။သူမရဲ့ မျက်လုံးတွေက သူများတကာလိုလည်းမစူးရှ။ ဇက်ပေါ်မှာ ဆူညံနေသော ဗီယက်နမ်တို့၏ အသံကိုလည်း စိတ်မ၀င်စား။ သူမကြည့်နေတာ မြစ်ပြင်တစ်ခုတည်းသာ။ဇက်ပေါ်မှာ နောက်ထပ် ငြိမ်သက်နေသော လူတစ်ယောက်။ ထိုလူက သူများတကာကဲ့သို့ ဇက်ပေါ်မှာမဟုတ်။ ဇက်ပေါ်မှာတင်ဆောင်လာသော အထက်တန်းကျကျ ဇိမ်ခံကားပေါ်မှာဖြစ်သည်။ ထိုလူက ကောင်မလေးလို မြစ်ပြင်ကို ငေးကြည့်မနေ။ မြစ်ပြင်ကို ငေးကြည့်နေသော ကောင်မလေးကိုသာ စိတ်ဝင်စားနေမိသည်။ အတန်ကြာသောအခါ ကားပေါ်မှဆင်းပြီး ကောင်မလေးနှင့် မိတ်ဖွဲ့ဖို့ကြိုးစားသည်။ ကောင်မလေးနှင့် စကားပြောသော အခါ ပါးလျလျ သူ၏နှုတ်ခမ်းလေးတွေ တုန်ရီနေသည်။ သူ့အတွက် အချစ်ဆိုတာ အမှန်တကယ် မွေးဖွားခဲ့ပြီဟု ထင်ပါသည်။ ဤသို့ဖြင့် ကောင်မလေးနှင့် ရင်းနှီးခွင့်ရလိုက်ပြီး သူမသွားမည့် ဆိုင်ဂွန်က သူမ၏ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင် အထိပါ လိုက်ပို့ခွင့်ရလိုက်သည်။
………………………………………………….။…………………………………
တစ်ခုသော နံနက်ခင်းတစ်ခုမှာ သူမကို လိုက်ပို့ပေးခဲ့သော သူ၏အနက်ရောင် ကားကလေးသည် သူမ၏ကျောင်းရှေ့မှာ ငြိမ်သက်စွာ ရပ်နားထားသည်။ သူမသည် ထိုကားကလေးဆီသို့ တစ်လှမ်းချင်း ....... တစ်လှမ်းချင်း။ ထိုကားလေး၏ နောက်ခန်းမှာဖြင့် သူမရင်းနှီးခဲ့ရသော လူတစ်ယောက်။ ထိုလူသည် သူမအား တွယ်တာမြတ်နိုးမှု အပြည့်ဖြင့် ကမ်းလင့်လိုနေသည်။ သူမသည် ကားလေးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားပြီး ကားပြတင်းမှန်ကို သူမ၏နှုတ်ခမ်းပြည့်ပြည့်လေးဖြင့် ဖွဖွလေးနမ်းပြီး ကျောင်းဘက်သို့ ပြန်လည်ပြေးထွက်ခဲ့သည်။ ဆယ်ကျော်သက် ရင်ခုန်မှု ဤသို့ဖြင့် အစပြိုးခဲ့လေသည်။
During the crossing of the Indian Ocean…
In the main room on the big deck….
There had been a sudden burst.. of a waltz by Chopin… There wasn’t breath of wind… and that night the music had spread all over the black liner….
Like an injunction from heaven….
Related to something unknown……
Like an order from god…
Whose meaning was inscrutable.
She had wept… because she had thought of the man from Cholon…
Her lover…. And suddenly she wasn’t sure… of not having loved him with a love she hadn’t seen … because it had lost itself in the story…
Like water in the sand… and that she was rediscovering it now in the moment of music flung across the sea……..
Years after the war…
After the marriages, the children..
The divorces, the books….
He had come to Paris with his wife. He had phoned her…
He was intimidated…
His voice trembled… and with the trembling…
It had found the accent of China again…..
He knew she’d begun writing books.. he had also heard about the younger brother’s death. He had been sad for her… and than he hadn’t known what to tell her ….
he had told her that it was as before…. That he still loved her… that he would never stop loving her…… that he would love her until his death……

13 ယောက်ကဒီလိုမြင်တယ်တဲ့...:
စာဖတ်တာနဲ့တင် တော်တော်စွဲဆောင်နိုင်တယ်။ ရုပ်ရှင်သာ ကြည့်ရရင် မျောသွားမှာပဲနော်း)
မင်းရဲ့ "ချစ်သူ" ကိုဖတ်ရင်း၊ ကိုယ့်ချစ်သူကို သတိရမိတယ်ကွာ .... :)
လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်..... ဒီpost ရေးတာ အလျင်စလိုနိုင်သွားတယ်... ဒုတိယpostမှာ အသေးစိတ်ရေးပေးပါ့မယ်...
ကိုပိုင်ရေ...
ရေးချက်က လန်ထွက်နေအောင်ကောင်းတယ်..
တကယ်ပဲ ဇာတ်လမ်းထဲ မျောသွားတယ်..သိလား..
ကိုယ်ကိုယ်တိုင်ပဲ.. ဈေးလမ်းထဲက အိမ်ထဲေ၇ာက်နေသလားပဲ..ဟီး..
အဲလို အချစ်မျိုး ရခဲ့ဖူးတယ်..
ကိုယ်တကယ်သိလိုက်တဲ့အချိန်မှာ..
အရာရာအားလုံးက နောက်ကျသွားခဲ့ပြီးပါပြီ..
ဒီတော့လည်း
ကိုပိုင်ပြောတဲ့ ဇာတ်လမ်းလေးကို ကြည့်ရုံပဲရှိတော့တာပါ..
:)
ဇာတ်လမ်းပြောပြလို့ ကျေးဇူးနော်..ကိုပိုင်..
အို ... ဒီပိုစ့်ကို ဒါရိုက်တာ Jean Jacques Annaud သာ ဖတ်မိရင် သူရိုက်မယ့် နောက် ရုပ်ရှင် တစ်ပုဒ်အတွက် ညီ့ကို ဇာတ်ညွှန်းခွဲခိုင်း စကားလုံး စီခိုင်းတော့မယ် ထင်ရဲ့ ...
ဇာတ်ကားကို မကြည့်ရရင်မှာ တင်ပြဖွဲ့နွဲ့ ထားတဲ့ အဖွဲ့အနွဲ့တွေ၊ သုံးသပ်ထားတဲ့ သုံးသပ်ချက်တွေနဲ့ ... စိတ်ကူးအတွေးထောင့်တွေက တအားကို ချိုးကောက်ပြီး လှပလွန်းနေတယ် ... လေးစားပါတယ် ညီ ...။
အချစ်ဆိုတာကို လူတွေက အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ပြီး ရှုထောင့်အမျိုးမျိုးကနေ တင်ပြသုံးသပ်ကြတဲ့ ကိုယ် ရပ်ကြည့်မိတဲ့ ထောင့်ကလေးနဲ့ ထပ်တူလာကျရင် ... ရင်ခုန်သံတွေ မြန်တတ်ကြတယ် .... တကယ်တော့ ချစ်ခြင်းဖွဲ့တွေဟာ ကမ္ဘာပျက်သုန်းမယ့် နောက်ဆုံးညအထိ ရိုးသွား၊ အီသွားမယ့် ပုံပြင်တွေ အဖြစ် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး ညီ ...။
ဒီကားကို ကြိုက်လွန်းလို့ အပိုင်ဝယ်ထားတာပါ...
အခု ရေးထားတဲ့ စာကို ဖတ်မိတော့ ပိုတောင် ကြိုက်သွားသေးတယ်...
တွေးပုံ ရေးပုံကတော့ အတော် ကောင်းတာပဲဗျာ...
ညီရေ...
အစ်ကိုလဲဒီကားလေးကိုအပိုင်ဝယ်ထားတာ မြန်မာပြည်မှာကျန်ခဲ့လို့ လူကြုံနဲ့ပြန်မှာလိုက်တာလူကြုံက ဘယ်မှာထားမိမှန်းမသိဘူး ပျောက် သွားတယ်တဲ့... တော်တော်နှမျောသွားတယ်...
အစ်ကိုအရမ်းကြိုက်တဲ့ဒီကားလေးအကြောင်းမျှဝေပေးလို့ကျေးဇူးနော် နောက်တကြိမ်ကြည့်ရင်ပိုကောင်းတော့မယ်ထင်တယ်..
ညီ့ရဲ့အရေးအသားကတော့ အရမ်းပြောင်မြောက်ပါတယ်..
လာဖတ်သွားတယ်။ presentation သိပ်ကောင်းတာပဲ။ (စာရေးဆရာရော...ဒါရိုက်တာရော)
ကိုယ်တော့ ရုပ်ရှင်ကြည့်ဖို့ သိပ်ပျင်းတာ။ ဒါပေမယ့် ကြည့်ပြီးသားသူက ပြန်ပြောရင်တော့ နားထောင်ချင်တယ်။ အရင်က ဂျူးရေးတဲ့ ရုပ်ရှင် ခံစားမှုဆောင်းပါးတွေ စောင့်ဖတ်ခဲ့တယ်..ကိုယ်ကြည့်ဖူးတာပဲ ဖြစ်ဖြစ်..မကြည့်ဖူးတာပဲ ဖြစ်ဖြစ် .. သူများမြင်တဲ့ ရှုထောင့်ကနေ ၀င်ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်..နောက်လဲ post ကောင်းတွေ အများကြီး ဖတ်ရဖို့ စောင့်နေပါတယ်
မိုက်တယ်ဗျာ ရုပ်ရှင်ကြည့်ရင်တောင် ဒီလောက်ခံစားတတ်မှာ
မဟုတ်ဘူးဗျ တော်ပါပေတယ်ဗျာ။
ရေးပြထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ ရုပ်ရှင် ရှာကြည့်ပါဦးမယ်။
ncreate weekends astronomy plain norwaytitle santacruz allthose kfrr moos filtered didnt
lolikneri havaqatsu
вы правы во всём я думаю :) [url=http://videokun.ru/sitemap.xml ] скачать заставки 3 d [/url] наруто ураганные хроники игры онлайн
[url=http://videolifes.ru/sitemap.xml ] скачать обои для рабочего стола автомобиль ист красный [/url]
http://u-u-u-u-p.ru/sitemap.xml
скачать winrar x 32
http://seranul.ru/sitemap.xml
скачать кино миллионер из трущеб
http://kachaifile.ru/sitemap.xml
игра evolution скачать
Amazon launched two new Kindle e-readers priced at $139 and $189 late Wednesday, with the cheaper version a Wi-Fi-only e-reader and $10 less than the Wi-Fi-only Nook.
[url=http://www.computerworld.com/s/article/9179853/Amazon_launches_two_new_Kindles_one_with_Wi_Fi_only]ComputerWorld[/url]
http://www.computerworld.com/
Post a Comment