
ပြဇာတ်တစ်ပုဒ် ကောင်းကောင်း ဖန်တီးဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ ပြဇာတ်တစ်ခု ဖန်တီးရာမှာ အဓိကအားဖြင့်Realistic (သဘာဝ) နှင့် Abstract (စိတ်ကူးယဉ်) ဆိုပြီး ၂ပိုင်းရှိပါတယ်။ တကယ်တမ်း ကျွန်တော်လုပ်ချင်တာက Realistic ပုံစံပါ။ ကျွန်တော့်စိတ်ကူးထဲက ပြဇာတ်ကခန်းတွေမှာ တကယ့်အစစ် စကားပန်းပင်တွေနဲ့ ပြည့်နေမယ်၊ စကားပန်းရနံ့ သင်းရှရှလေးရနေမယ်ဆိုရင် ကြည့်တဲ့သူတွေကိုယ်တိုင် တကယ့်ဥယျာဉ်ထဲ ရောက်သွားသလို ခံစားလို့ရမှာပါ။ နောက်ပြီး ၀ထ္ထုထဲကအတိုင်း မိုးရွာတဲ့ အခန်းတွေမှာ ရေတွေဖြန်းပြီး မိုးအစစ်တွေလို ဖန်တီးခဲ့ချင်တယ်။ ဒါပေမယ့် မိုးအစစ်မပြောနဲ့ ရေတစ်စက်မှတောင် မဖန်တီးရသေးဘူး။ ဆရာမရဲ့ idea မုန်တိုင်းတွေကြားမှာ တစ်စစီ ပျက်စီးကုန်တယ်ဗျာ။ သူက ကျွန်တော်လေ့လာဖို့ဆိုပြီး နမူနာတွေပေးတယ်ဗျ၊ တချို့ပြဇာတ်တွေမှာဆိုရင် အလယ်မှာ ထိုင်ခုံတစ်လုံးပဲချပြီး၊ အဲ့သည် ထိုင်ခုံတစ်လုံးကိုပဲ ထိုင်လိုက်၊ တွန်းလိုက်၊ ဖတ်လိုက်၊ လွှင့်ပစ်လိုက်နဲ့ တစ်ယောက်ပြီး တစ်ယောက်သာ သရုပ်ဆောင်သွားကြတယ် အဲ့သည် ထိုင်ခုံက ပြဇာတ်ဆုံးတဲ့အထိ စင်ပေါ်မှာပဲ။
ပြဇာတ်ဒီဇိုင်းဆွဲရာမှာ နောက်ထပ်အရေးကြီးတဲ့အချက်က သရုပ်ဆောင်အနုပညာသည်များနှင့် ပွဲကြည့်ပရိသတ်များရဲ. အသက်အန္တရာယ် လုံခြုံရေးပါပဲ။ လျှပ်စစ်ကိရိယာမျိုးစုံနှင့် ရှုပ်ရှက်ခက်နေတဲ့ ဇာတ်စင်ပေါ်မှာ ရေတစ်စက်ဟာ အလွန်ပဲ အန္တရာယ်ကြီးပါတယ်။ ကျွန်တော် ဖန်တီးချင်ခဲ့တဲ့ မိုးရေစက်တွေ၊ စိမ်းသက်သက်မွှေးနေမယ့် စကားပန်းပင်လေးတွေ၊ အဲ့ဒါတွေအားလုံး မြဦးမေရဲ့ စကားပန်းဥယျာဉ်ကြီးရဲ့ဘေးက တရှိန်ရှိန်စီးဆင်းနေတဲ့ ချောင်းကလေးမှာ တဖြေးဖြေးမျောပါသွားခဲ့တယ်။
စိတ်ကူးထဲကထွက်လာသမျှကို မလွတ်အောင် ပုံကြမ်းတွေဆွဲ၊ အရောင်တွေရွေးပြီးတဲ့ အခါကျတော့ စက္ကူတွေ၊ သစ်သားစတွေ၊ ပိတ်စတွေ ၀ယ်ပြီး ဇာတ်စင်ပုံစံငယ်လေး တည်ဆောက်ရပါတယ်။
ဒါပေမယ့် ကျွန်တော် အားမလျှော့ပါဘူး။ ကျွန်တော်ဖြစ်ချင်တဲ့ Realistic ဆန်ဆန်ကို ပြဇာတ်ရဲ့ အခြေခံအနေနဲ့ အနည်းငယ်သုံးပြီး ၀ထ္ထုထဲက အရာဝထ္ထုတွေကို Abstract ဆန်ဆန်ဖန်တီးခဲ့ပါတယ်။ အဓိကကျတဲ့ စကားပင်တွေရဲ့ ပင်စည်ပင်ခက်တွေကို ပုံမှန်အတိုင်းထားပြီး ပွင့်ချပ်တွေကို လူတစ်ကိုယ်စာလောက် ခပ်ကြီးကြီးသုံးလိုက်ခြင်းအားဖြင့် ဇာတ်လမ်းရဲ့ အဓိကကျတဲ့အရာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ နောက်ပြီး မိုးအတုတွေအစား ဖန်လုံးလေးတွေ အတွဲလိုက် ကြိုးနဲ့သီပြီး ဇာတ်စင်ပေါ်ကနေ တွဲလောင်းလေးတွေ ချလိုက်ပါတယ်။ စလိုက်မီးရောင်တွေ အောက်မှာ အဲ့ဒီဖန်သီးလေးတွေက တစ်လက်လက်နဲ့ မိုးကို ကိုယ်စားပြုနိုင်မှာပါ။
ပြဇာတ်ဒီဇိုင်းဆွဲရာမှာ နောက်ထပ်အရေးကြီးတဲ့အချက်က သရုပ်ဆောင်အနုပညာသည်များနှင့် ပွဲကြည့်ပရိသတ်များရဲ. အသက်အန္တရာယ် လုံခြုံရေးပါပဲ။ လျှပ်စစ်ကိရိယာမျိုးစုံနှင့် ရှုပ်ရှက်ခက်နေတဲ့ ဇာတ်စင်ပေါ်မှာ ရေတစ်စက်ဟာ အလွန်ပဲ အန္တရာယ်ကြီးပါတယ်။ ကျွန်တော် ဖန်တီးချင်ခဲ့တဲ့ မိုးရေစက်တွေ၊ စိမ်းသက်သက်မွှေးနေမယ့် စကားပန်းပင်လေးတွေ၊ အဲ့ဒါတွေအားလုံး မြဦးမေရဲ့ စကားပန်းဥယျာဉ်ကြီးရဲ့ဘေးက တရှိန်ရှိန်စီးဆင်းနေတဲ့ ချောင်းကလေးမှာ တဖြေးဖြေးမျောပါသွားခဲ့တယ်။
စိတ်ကူးထဲကထွက်လာသမျှကို မလွတ်အောင် ပုံကြမ်းတွေဆွဲ၊ အရောင်တွေရွေးပြီးတဲ့ အခါကျတော့ စက္ကူတွေ၊ သစ်သားစတွေ၊ ပိတ်စတွေ ၀ယ်ပြီး ဇာတ်စင်ပုံစံငယ်လေး တည်ဆောက်ရပါတယ်။ဒါပေမယ့် ကျွန်တော် အားမလျှော့ပါဘူး။ ကျွန်တော်ဖြစ်ချင်တဲ့ Realistic ဆန်ဆန်ကို ပြဇာတ်ရဲ့ အခြေခံအနေနဲ့ အနည်းငယ်သုံးပြီး ၀ထ္ထုထဲက အရာဝထ္ထုတွေကို Abstract ဆန်ဆန်ဖန်တီးခဲ့ပါတယ်။ အဓိကကျတဲ့ စကားပင်တွေရဲ့ ပင်စည်ပင်ခက်တွေကို ပုံမှန်အတိုင်းထားပြီး ပွင့်ချပ်တွေကို လူတစ်ကိုယ်စာလောက် ခပ်ကြီးကြီးသုံးလိုက်ခြင်းအားဖြင့် ဇာတ်လမ်းရဲ့ အဓိကကျတဲ့အရာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ နောက်ပြီး မိုးအတုတွေအစား ဖန်လုံးလေးတွေ အတွဲလိုက် ကြိုးနဲ့သီပြီး ဇာတ်စင်ပေါ်ကနေ တွဲလောင်းလေးတွေ ချလိုက်ပါတယ်။ စလိုက်မီးရောင်တွေ အောက်မှာ အဲ့ဒီဖန်သီးလေးတွေက တစ်လက်လက်နဲ့ မိုးကို ကိုယ်စားပြုနိုင်မှာပါ။
…………………………………………………………။……………………………………………….
ကျွန်တော် ဂျူးရဲ့ဝတ္ထုကို ပြဇာတ်အဖြစ် အသွင်ပြောင်းလိုက်တဲ့ အချိန်မှာ အဓိကအခန်းသုံးခန်း ခွဲထားပြီး ဒီဇိုင်းဆွဲပါတယ်။ ဇာတ်ပညာလောကမှာ ပင်မကပြရတဲ့အခန်း အနည်းဆုံး ၂ခန်းကနေ၊ အများဆုံး ၄ခန်းရှိတတ်ပါတယ်။ အဲ့ဒီအခန်းတွေကို Act လို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အဲ့ဒီပင်မ အခန်းကြီးရဲ့ အောက်မှာ အခန်းငယ်ကလေးတွေခွဲပြီး ကပြကြရပါတယ်။ အဲ့ဒီအခန်းငယ်ကလေးတွေကို Scene လို့ခေါ်ကြပါတယ်။ ပြဇာတ်တစ်ခုသွားကြည့်ပြီဆိုရင် ပင်မ အခန်းနှစ်ခန်း ကပြီးသွားရင် ဇာတ်ခဏရပ်ပြီး၊ ပရိသတ်တွေကို ဆယ့်ငါးမိနစ်၊ နာရီဝက် အနားပေးတတ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ဇာတ်စင်နောက်မှာ နောက်ဆုံးအခန်းအတွက် အလုပ်အရမ်းရှုပ်နေကြချိန်ပေါ့။ ဘာလို့လဲဆိုတော့ နောက်ဆုံးအခန်းက များသောအားဖြင့် ဇာတ်ရှိန်အတက်ဆုံး၊ အခမ်းနားဆုံးဖြစ်တတ်လို့ပါပဲ။
သူ့ပုံပြင်ကို ကျွန်မစိတ်ဝင်စားစပြုလာသည်။ သူသည် ပုံပြောနေကျ လူတစ်ယောက်လိုပင် ဘယ်နေရာမှာ ခဏဖြတ်ထားရမလဲဟု သိနေပုံမျိုးဖြင့် ခဏရပ်သွားသည်။ အသံသည် ကျွန်မ၏အထက် တည့်တည့်မှ လာသလား။ စံကားပင်၏ နောက်တည့်တည့်မှ လာသလား၊ ကျွန်မ မသိပါ။ ထိုစကားသံကလွဲလျှင် သူ့ဆီက ဘာသံမျှ မကြားရ။ အ၀တ်စချင်း ပွတ်တိုက်သံ၊ သစ်ပင် ပင်စည်နှင့် သူထိကပ်လှုပ်ရှားသံ၊ သစ်ရွက်များ ပန်းပွင့်များကို နင်းမိသံ၊ ဘာဆိုဘာမှ မကြားရ၊ သူ၏ တိုးတိတ်သော စကားသံနှင့်အတူ တစ်ချက် တစ်ချက် ကျွန်မထံရောက်လာသည်က မြစ်ရေစီးသံ သဲ့သဲ့သာဖြစ်သည်။
ကျွန်တော့်ရဲ့ ပြဇာတ် ACT 1 ကို လိမ္မော်ရောင်တောက်နေတဲ့ စကားပန်းဥယျာဉ်ကြီးနဲ့ စတင် မိတ်ဆက်လိုက်ပါတယ်။ ပြဇာတ်တစ်ခုကို ဖန်တီးရာမှာ အရောင်တွေကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ မြဦးမေရဲ့ အတ္ထုပတ္တိ ရေးမယ့် မေဇော် ရောက်လာချိန်မှာ ဥယျာဉ်ကြီးတစ်ခုလုံး ရွှေဝါရောင်၊လိမ္မော်ရောင်၊ အစိမ်းရောင်၊ အနီရောင်စတဲ့ အရောင်မျိုးစုံဖြင့် လှပနေအောင် တောက်ပတဲ့ အရောင်တွေကို ကျွန်တော်ရွေးချယ်လိုက်ပါတယ်။ ဒါမှသာ မေဇော်ရဲ့ အရာရာကို စူးစမ်းသိလိုတဲ့စိတ်၊ စကားပန်းပင်တွေကြားက သူမ မသိတဲ့လူတစ်ယောက်ရဲ့ လျှို့ ၀ှက်သိမ်မွေ့သော ပုံပြင်တစ်ပုဒ်၊ ပုံပြင်ထဲက လူ၂ယောက်ရဲ့ မမြင်ရတဲ့ ချစ်ချင်းမေတ္တာ၊ အဲဒါတွေ ပီပြင်မှာပါ။
သူ့ပုံပြင်ကို ကျွန်မစိတ်ဝင်စားစပြုလာသည်။ သူသည် ပုံပြောနေကျ လူတစ်ယောက်လိုပင် ဘယ်နေရာမှာ ခဏဖြတ်ထားရမလဲဟု သိနေပုံမျိုးဖြင့် ခဏရပ်သွားသည်။ အသံသည် ကျွန်မ၏အထက် တည့်တည့်မှ လာသလား။ စံကားပင်၏ နောက်တည့်တည့်မှ လာသလား၊ ကျွန်မ မသိပါ။ ထိုစကားသံကလွဲလျှင် သူ့ဆီက ဘာသံမျှ မကြားရ။ အ၀တ်စချင်း ပွတ်တိုက်သံ၊ သစ်ပင် ပင်စည်နှင့် သူထိကပ်လှုပ်ရှားသံ၊ သစ်ရွက်များ ပန်းပွင့်များကို နင်းမိသံ၊ ဘာဆိုဘာမှ မကြားရ၊ သူ၏ တိုးတိတ်သော စကားသံနှင့်အတူ တစ်ချက် တစ်ချက် ကျွန်မထံရောက်လာသည်က မြစ်ရေစီးသံ သဲ့သဲ့သာဖြစ်သည်။ကျွန်တော့်ရဲ့ ပြဇာတ် ACT 1 ကို လိမ္မော်ရောင်တောက်နေတဲ့ စကားပန်းဥယျာဉ်ကြီးနဲ့ စတင် မိတ်ဆက်လိုက်ပါတယ်။ ပြဇာတ်တစ်ခုကို ဖန်တီးရာမှာ အရောင်တွေကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ မြဦးမေရဲ့ အတ္ထုပတ္တိ ရေးမယ့် မေဇော် ရောက်လာချိန်မှာ ဥယျာဉ်ကြီးတစ်ခုလုံး ရွှေဝါရောင်၊လိမ္မော်ရောင်၊ အစိမ်းရောင်၊ အနီရောင်စတဲ့ အရောင်မျိုးစုံဖြင့် လှပနေအောင် တောက်ပတဲ့ အရောင်တွေကို ကျွန်တော်ရွေးချယ်လိုက်ပါတယ်။ ဒါမှသာ မေဇော်ရဲ့ အရာရာကို စူးစမ်းသိလိုတဲ့စိတ်၊ စကားပန်းပင်တွေကြားက သူမ မသိတဲ့လူတစ်ယောက်ရဲ့ လျှို့ ၀ှက်သိမ်မွေ့သော ပုံပြင်တစ်ပုဒ်၊ ပုံပြင်ထဲက လူ၂ယောက်ရဲ့ မမြင်ရတဲ့ ချစ်ချင်းမေတ္တာ၊ အဲဒါတွေ ပီပြင်မှာပါ။
မြဟာ အဲ့ဒီပန်းပင်တွေကို သိပ်ကြိုက်တာ။ မြ လိုချင်တယ်ဆိုတော့ လက်သမားလေးက စံကားပင်ပေါ်တက်ပြီး ပန်းတွေကိုခူးပေးတယ်။ မြက မေးတယ်။ ဘာဖြစ်လို့ ပန်းပင်က တစ်ပင်တည်း ရှိတာလဲတဲ့။ အဲ့ဒီနေ့ကစပြီး လက်သမားလေးဟာ တစ်တောဝင် တစ်တောင်တက်နဲ့ စံကားပင်ရှာပုံတော် ဖွင့်ပါလေရော။ နှစ်နှစ်လောက် ကြာသွားမှ စံကားပင်ပေါက်မျိုးစုံ၊ မျိုးစေ့အစုံနဲ့ ရွာကို ပြန်ရောက်လာတယ်။လက်သမားလေးဟာ သူပါလာတဲ့ စံကားပင်တွေကို အစေ့ပျိုးလိုက် ရေလောင်းလိုက်နဲ့ သူ့ဘ၀မှာ မြနဲ့ စံကားပင်တွေချည်းပဲပေါ့။
ART 2 မှာတော့ ပြဇာတ်အခန်းတွေက နည်းနည်းရှုပ်လာပါပြီ။ ခွန်သာရဲ့ ပုံပြင်ထဲက ကြိုးတံတားရယ်၊ မိုးရွာနေတဲ့ အောက်က သစ်လုံးအိမ်ကလေးရယ်၊ အဲဒါတွေအားလုံးက ART 2 ရဲ့ အဓိကအခြေခံပါပဲ။ အမှန်အတိုင်းပြောရရင် ဖန်သီးလုံးလေးတွေနဲ့ မိုးအတု ဖန်တီးမယ့် ကျွန်တော့်ရဲ့ စိတ်ကူး၊ ဒီနေရာမှာ တက်တက်စင်အောင်လွဲတော့တာပါပဲ။ ဘယ်လိုပဲ ကြိုးစား ကြိုးစား၊ လှပတဲ့ မိုးတစ်ခု ဖြစ်အောင် ကျွန်တော်မဖန်တီးနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ မိုးအစား ဆလိုက်မီးတွေကိုသာ အသုံးပြုဖို့ ရွေးချယ်ခဲ့ရပါတယ်။
သားငယ်နဲ့အတူကြီးပြင်းလာတဲ့ တောင်ပေါ်စကားဖြူပင်လေး ဒီနေ့စပွင့်ပြီ။ သားကလည်း ဆယ့်တစ်နှစ်။ သူကလည်း ဆယ့်တစ်နှစ်။ ဒါပေမယ့် အပွင့်ပေါင်း ဆယ့်ရှစ်ပွင့်....တဲ့။အဲ့ဒါမေမေ ရေးခဲ့တဲ့ နောက်ဆုံးစာကြောင်းပဲ မမေဇော်။ မေမေ နောက်ဆုံးရေးခဲ့တဲ့ စာကြောင်းက ကျွန်တော့အကြောင်းတော့ မဟုတ်ဘူး။
မင်းသိလားဟင်၊ ဒီ Star magnolia ပင်က မင်း ဒီအိမ်ရောက်တဲ့နေ့မှာ ဒုတိယအကြိမ်အတွက် ပြန်ပြီး ဖူးလာခဲ့တာ။မင်းအတွက်မဟုတ်ရင် အပင်တစ်ခုဟာ ဘာကြောင့် နှစ်ခါပွင့်မလဲ။ မင်းကိုစောင့်တာသာ မဟုတ်ဖူးဆိုရင် သူကရာသီချိန်တုန်းက ပွင့်တယ်ဆိုရုံလေး ဘာကြောင့်ပွင့်ပြရမှာလဲ။ မင်းအတွက်သာ မဟုတ်ဖူးဆိုရင် မင်းရောက်တဲ့နေ့မှာမှ ဘာကြောင့် ဖူးရမှာလဲ။
ဘာမဆို....။
ဟင့်အင်း ကျွန်မအပေါ် အဲဒီလောက် မခင်တွယ်လိုက်ပါနဲ့။
ဟင့်အင်း ကျွန်မအပေါ် အဲဒီလောက် မခင်တွယ်လိုက်ပါနဲ့။
နောက်ဆုံးအခန်း ART 3 ကို ရောက်သွားချိန်မှာတော့ တောက်ပတဲ့ အရောင်တွေအားလုံး အဝေးကို ရောက်သွားပါပြီ။ ဗေဒါရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ မဲနယ်ရောင်တို့ဟာ ART 3 ရဲ့ အသက်ပါပဲ။ ခွန်သာ တကယ်သေသွားပြီလား၊ ဥယျာဉ်ထဲက လူက ခွန်သာလား၊ အဲဒီလူကရော တကယ့်လူမှ ဟုတ်ရဲ့လား၊ စတဲ့ သံသယပေါင်းများစွာ ဖြစ်ပေါ်လာအောင် ကျွန်တော် အဲဒီအရောင်တွေ ရွေးပြီးသုံးခဲ့တယ်ဆိုရင် မမှားပါ။ နောက်ပြီး ခရမ်းရောင်… ခရမ်းရောင် တော်တော်များများကို နောက်ဆုံးခန်းတွေမှာ သတိထားမိမှာပါ။ တချို့က ခရမ်းရောင်ဆိုတာ အချစ်ကို ကိုယ်စားပြုတယ်တဲ့။ ဒါကြောင့်မို့ လို့ ၀ထ္ထုရဲ့နောက်ဆုံးပိုင်း မေဇော်ရဲ့ ဒွိဟဖြစ်နေတဲ့ သံယောဇဉ် နှစ်ခွကို အဲ့ဒီအရောင်ကို သုံးခြင်းဖြင့် အကောင်းဆုံး ဖော်ကြူးနိုင်မယ်လို့ထင်ပါတယ်။
နင်ကလက်တွေ့ ဘ၀ထဲကနေ စိတ်ကူးကမ္ဘာဥယျာဉ်ထဲ ရောက်သွားခဲ့တာကိုး။ နင့်ကို အိပ်မက်ဆန်တဲ့ စကားပင်တွေက အိပ်မွေ့ချထားခဲ့တာ။ ဒါကြောင့် နင်မနိုးသေးတာ။ တစ်ယောက်ယောက်က လာနှိုးပေးမှ နင်တကယ်နိုးလာမှာ ငါသိတယ်။ ဒီတော့ နင့်ကိုနှိုးဖို့ နင့်ဘေးမှာ ငါကလွဲပြီး ဘယ်သူရှိမှာလဲ။ ငါပဲ ရောက်လာရတာပေါ့။
သူကို ကျွန်မ တွေ့ချင်ပါသေးသည်။ အခုလို ဗြုန်းစားကြီး ပျောက်ကွယ်သွားသည့် အဖြစ်ကို ကျွန်မ မျှော်လင့်မထားခဲ့မိ။ သူဘယ်များ ရောက်နေတာပါလိမ့်။ ဘာကြောင့် သူကို မမြင်တာပါလိမ့်။ သူဟာ တကယ်ပဲ တစ္ဆေလား။စိတ်ကူးထဲကထွက်လာသမျှကို မလွတ်အောင် ပုံကြမ်းတွေဆွဲ၊ အရောင်တွေရွေးပြီးတဲ့ အခါကျတော့ စက္ကူတွေ၊ သစ်သားစတွေ၊ ပိတ်စတွေ ၀ယ်ပြီး ဇာတ်စင်ပုံစံငယ်လေး တည်ဆောက်ရပါတယ်။ ပထမဆုံး ပုံစံငယ်ကို ဆရာမ လာကြည့်တယ်၊ သေးတယ်တဲ့။ နည်းနည်းခပ်ကြီးကြီးလုပ်လိုက်တယ်၊ သေး သေးတုန်းပဲတဲ့။ အဲဒါနဲ့စိတ်တိုပြီး ၂ပေ ပတ်လည်၊ ၂ပေခွဲအမြင့်ရှိတဲ့ ပုံစံငယ်ဆောက်ပြစ်လိုက်တယ်။ မှတ်ကရော။ သူလည်းမှတ်တယ်၊ ကိုယ်လည်းမှတ်တယ်။ ကိုယ့်ဘက်က ပိုက်ဆံ S$၂၀၀ လောက် ကုန်သွားတာကိုး။
ဒီလိုနဲ့ ပုံစံငယ်တွေလုပ်လိုက်၊ ပုံကြမ်းတွေဆွဲလိုက်နဲ့ Jury ရောက်ဖို့ ၂ရက်ပဲလိုတော့တယ်။ (Jury ဆိုတာ စာမေးပွဲ လိုပါ။ ကိုယ်လုပ်ထားတဲ့ Project အတွက် နောက်ဆုံး Presentation ကို Department က ဆရာ၊ ဆရာမအားလုံးရှေ့မှာ ရှင်းပြရတာပါ။) အဲဒီအချိန်အထိ ကျွန်တော် Presentation လုပ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ လုပ်ထားတဲ့ ပုံစံငယ်ကိုလည်း ဓါတ်ပုံရိုက်ရဦးမယ်။ ဓါတ်ပုံရိုက်ပြီးရင် သဘာဝကျနေအာင် လူပုံတွေ ထဲ့ပြီး Photoshopနဲ့ ပြင်ရဦးမယ်။ ပုံစံငယ်ကလည်း မပြီးသေး။ လူပုံလည်း မရှိသေး။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိတာနဲ့ ကျီခနဲနေအောင် အော်ပစ်လိုက်တယ်။ ဘေးမှာထိုင်နေတဲ့ အတန်းဖော် ကျောင်းသားကလည်း ဘာမဆိုင်ညာမဆိုင် ထအော်တယ်။ သူ့အော်သံကြားတော့ တစ်ဖက်ခန်းက လူတွေကပါ စီခနဲနေအောင် ပြန်အော် ကြတယ်။
Juryနီးလာပြီဆိုရင် ကျောင်းသားတွေ အိမ်မပြန်ကျတော့။ စာသင်ခန်းထဲမှာ ညလုံးပေါက်နေကြရင်း အော်ကျ၊ဟစ်ကျ၊ စကားများကြတယ်။ ငါ့Idea သူခိုးတယ်၊ သူ့ဒီဇိုင်း ငါကူးတယ်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် စွပ်စွဲကြပြန်ရော။ ကျွန်တော်လည်း ကိုယ့်နားကိုယ်ပိတ်ပြီး၊ ကိုယ့်နားကျပ်ကိုယ်တပ်ပြီး လုပ်စရာရှိတာသာ ဆက်လုပ်နေလိုက်တယ်။ နာရီကို ကြည့်လိုက်တော့ ည၂နာရီအတိ။
နောက်နေ့ကျတော့ ကျောင်းကရှိသမျှ မြန်မာကျောင်းသူချောချောလေးတွေကို ဖုန်းမရမကခေါ်။ မလွင်အောင်နှင့် ရွှန်းလဲ့တို့ကို သူတို့မအားတဲ့ကြားထဲကနေဓါတ်ပုံရိုက်ဖို့ အကူအညီ အတင်းတောင်း၊ မြန်မာအင်္ကျီတွေ ရှာခိုင်း၊ အချိန်က သိပ်မကျန်တော့။ တကယ့်ကို ဖုတ်ပူမီးတိုက်။ Photoshopနဲ့ ပြင်ဖို့ လူပုံတွေအမြန်ရမှ ဖြစ်တော့မယ်။
ကျောင်းမှာလူစုံတာနဲ့ ဓါတ်ပုံရိုက်ဖို့ ရိုက်ကွင်းရှာရပြန်ရော။ နောက်တော့ အတန်းဖော်တွေ တွေ့သွားပြီး copy အကူးခံရမှာကြောက်တာနဲ့ ကျောင်းမှာမရိုက်ဖြစ်ပဲ City Hall နားက Fort Canning မှာ ကျွန်တော်တို့ ဗမာတစ်အုပ်စုလုံး ဓါတ်ပုံသွားရိုက်ရတယ်။ တော်တော်ကလေးဆန်တဲ့ အဲဒီကိုယ့် အဖြစ်ကို ပြန်ပြန်တွေးမိတိုင်း ခဏခဏပြုံးမိတယ်။
ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ စကားပန်းဥယျာဉ်ကြီးလည်း အရပ်ကူလိုက် လူဝိုင်းလိုက်နဲ့ပဲ နောက်ဆုံးပန်းတိုင်ကို ကသောကမျောနဲ့ ရောက်သွားတော့တယ်။ သြော်……. အခုတော့လည်း ကျွန်တော် စိုက်ခဲ့တဲ့အပင်လေး ပန်းပွင့်တာ မြင်ရပြီပေါ့ဗျာ။
…………………………………………………………။……………………………………………….
ကျွန်တော့်ရဲ့ ဒီပြဇာတ်လေးကို အပြင်မှာ တကယ် မသုံးခဲ့ရပါဘူး။ ကျွန်တော့်ရဲ့ စိတ်ကူး၊ ကျွန်တော့်ရဲ့ ခံစားမှုတွေ အနေအဖြစ် ကျောင်းရဲ့သင်ခန်းစာအနေနဲ့ ပွင့်အံထွက်လာပေမယ့်၊ ကျောင်းမှာ လုပ်ခဲ့တဲ့ Project တစ်ခုအနေနဲ့ ပိုပါတယ်။ ကျွန်တော်ရူးသွပ်စွာ ဖန်တီးခဲ့တဲ့ ဒီပြဇာတ်လေးဟာ မှန်သလားမှားသလား အဲ့ဒီအချိန်က မသိခဲ့ပါဘူး။ အခုအချိန်မှာ အဲဒီအကြောင်းကို ပြန်စဉ်းစားမိတိုင်း အမှားတွေ အများကြီးရှိတာ သိပေမယ့် ကျွန်တော် ဖြစ်ချင်တဲ့ အရာတွေအတွက် ပထမဆုံး ခြေလှမ်းသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ကျွန်တော့် ရင်ထဲက စကားပန်းဥယျာဉ်ကြီး အမြဲလမ်းဆန်း မွှေးပျံ့နေမှာပါ။







23 ယောက်ကဒီလိုမြင်တယ်တဲ့...:
စိတ်ထဲက ခံစားချက်တစ်ခုကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် ချီးကျူးပါတယ်။
စကားပန်း ဥယျာဉ်ထဲမှာ... စကားပန်းလေးတွေနဲ့ မွှေးနေသလို သက်ပိုင်သူဆိုတဲ့ ဘလော့ခ်လေးပေါ်က ပို့စ်ကောင်းလေးတွေကိုလည်း ဆက်လက်စောင့်မျှော်နေပါတယ်။
ဂုဏ်ယူစရာ ကောင်းလိုက်တာ။ ဒီ project ကိုအတော် စိတ်ကျေနပ်မှာပဲနော်။ တကယ်ဘာလို့ မပြနိုင်တာလဲ။ ကြည့်ချင်လိုက်တာ။ တေ့နေ့ပေါ့နော်.. လုပ်ဖြစ်တဲ့ အချိန်ကျရင် ဒီဘလော့ဂ်မှာ အကြောင်းကြားပါဦး။ အဲ့ဒီ ၀တ္ထုကြောင့် magnolia တွေကို ပိုစိတ်ဝင်စားလာတာ...စိတ်ရှည်လက်ရှည် ရေးပြထားလို့ ကျေးဇူးတင်ပါတယ်
စကားပန်းများကိုဖန်တီးခြင်း (ပ+ဒု) ကို စိတ်ဝင်စားလွန်းလို့ သေချာဖတ်သွားပါတယ်..
ဖန်တီးမှုတွေအတွက် လေးစားဂုဏ်ယူမိပါတယ်.. :)
တကယ့်ကို ပညာရှင်တစ်ယောက်ရဲ့ ဖန်တီးချက်တွေလို အဆင့်မြင့်ပါတယ်..
ဒီပရိုဂျက်လေး အပြင်ကမ္ဘာကို ရောက်လာစေချင်ပါတယ်ရှင်..
ဂျူးရဲ့ စကားပန်းများဟာ အကြိုက်နှစ်သက်ဆုံး စာအုပ်တစ်အုပ်ထဲမှာ ပါတယ် ခွန်သာကို တကယ်ပဲ အပြင်မှာ ရှိတဲ့လူလို့ ခံစားရပါတယ်
နင်ကလက်တွေ့ ဘ၀ထဲကနေ စိတ်ကူးကမ္ဘာဥယျာဉ်ထဲ ရောက်သွားခဲ့တာကိုး။
အဲ့ဒိ မင်းညိုနဲ့ မေဇော်နုတို့ အခန်းက နောက်ခံဆက်တင်တွေ လှတယ်ဗျာ.. အိပ်မက်ထဲကနေ လက်တွေ့ထဲ ဗြုန်းကနဲ.. :)
အပြင်မှာပါ အဲဒီ ပြဇာတ် setting တွေကို ကြည့်ချင်သွားမိပါတယ်
နောက်ထပ် post တွေ မျှော်နေပါဦးမယ်
project အတွက် မြန်မာ ၀တ္တုတစ်ပုဒ်ကို စိတ်ကူးခဲ့တာ...မြန်မာ ၀တ္တုထဲမှာမှ ဂျူး ကို စိတ်ကူးခဲ့တာအတွက် (မဆီမဆိုင်) ကျေးဇူးတင်ပါတယ်
ကွန်ပျူတာကို ဖွင့်ပြီးတာနဲ့ ကိုယ့်ဘလော့ခ်ကိုစဖွင့်သလို နင့်ဆီကိုလည်း နေ့တိုင်းလာတယ်။ လာတိုင်းလည်း ကျေနပ်တယ်။ ဘလော့ခ်တစ်ခု ရှိသူတိုင်းဟာ ကိုယ့်ဘလော့ခ်လေးကို ကိုယ့်သားသမီးလို အရိပ်တကြည့်ကြည့်နေတယ်ဆိုရင် ငါ့မှာ ၀မ်းမနာသားသမီးတစ်ယောက် ကောက်ရခဲ့ပြီနဲ့တူတယ်။
ဥယျာဉ်ထဲက စကားပန်းပင်တွေကနေ အဆင်းအနံ့နဲ့ ပြည့်စုံတဲ့ စကားပန်းလေးတွေ အများကြီး ဆက်လက်ဖူးပွင့်နိုင်အောင် နင် ပြုစုပျိုးထောင် နိုင်မှာပါ။ ငါ ယုံကြည်ပါတယ်... :)
ကိုပိုင့် ကို အရမ်းချီးကျူးတယ်..
အားကျပါတယ်..
တကယ်ပါ..
အရင်က ကိုပိုင် နဲ့တွေ့တိုင်း ကိုပိုင် လုပ်နေတဲ့အလုပ်လေးတွေကို
အမှတ်တမဲ့ပြောတုန်းက ဒီလိုမျိုး ကြီးကျယ်ခန်းနားမယ်လို့
မထင်ထားမိဘူး..။ ( စောတီးနော်..ဟီး ဟီး )
ကိုပိုင် လုပ်ထားတဲ့ ဒီဇိုင်လေးတွေကို တစ်ခါက စာအုပ်မှာယူကြည့်ဖူးတယ်လေ..
နောက်ပိုင်း
ကိုပိုင် လုပ်တဲ့အရာမှန်သမျှ ပြီးစလွယ်ပြီးသွားတယ်ဆိုတာမရှိဘူးဆိုတာ..
သိလိုက်ရပါတယ်..။
ကိုပိုင့်ကို ကျွန်တော်အရမ်းချီးကျူးပါတယ်.။
ဒီစာတွေရဲ့အဆုံးမှာ..
အရင်က ကိုပိုင့်ပေါ်မှာ တွေးမိတဲ့အတွေးလေးတွေအတွက်
တောင်းပန်တယ်နော်.. ကိုပိုင်..။
ဆက်ပြီးတော့ အားပေးနေမယ်..
ဒါမှ တို့ ကိုပိုင်ကွ.. ဟဟား...!!!
:D
တော်တယ် ညီရေ ...
ဖန်တီးမှုတွေအတွက် အရမ်းကို ဂုဏ်ယူဖွယ်ကောင်းလောက်အောင် လုပ်ထားခဲ့တာပါပဲ ...
အနုပညာဟာ လူ သိသိ၊ မသိသိ ဖန်တီးသူရဲ့ စိတ်ခံစားမှုနဲ့ တန်ဖိုးထားမှု ကြိုးစား အားထုတ်မှုတွေအပေါ်မှာပဲ အကဲဖြတ်နိုင်တယ်၊ မူတည်နေတယ်လို့ အကိုတော့ ထင်တယ် ...
ကြိုးစားအားထုတ်မှုတွေအားလုံး အတွက် အရမ်းချီးကျူးပါတယ် ညီ ...
ဆက်လက်ချီတက်နိုင်ပါစေ ...။
အားပေးလျှက်
စကားပန်းများကို ဖန်တီးခြင်း -ပ ရော ဒုရော ဖတ်သွားပါတယ်...။
တော်လိုက်တာ...။
ကျွန်မအရမ်းကြိုက်တဲ့
ဝတ္ထုတစ်ပုဒ်ရယ်ပါ
စိတ်ခံစားချက် ပြင်းပြင်း နဲ့ စိတ်ကူးယဉ်ပုံဖော်သူတက်သူကိုလည်း
လေးစားမိပါတယ်
အများကြီးတော့မပြောတတ်ဘူး၊ Congratulation ပါကွာ ... :)
တော်လိုက်တဲ့ မောင်လေးဘဲ Lasalle_Sia ကျောင်းကိုသိတယ်။ ဈေးကြီးလို့ မတက်နိုင်တာ။ အဲဒီကျောင်းမှာတက်ပြီး ဒါမျိုးတွေလုပ်ပြနိုင်တာ သိပ်တော်ပါတယ်။ တကယ် ချီးကျူးသွားပါတယ်။
မဆုမြတ်ရေ...ကျွန်တော်က အဲဒီလောက် မတော်ပါဘူးဗျာ.. အပေါ်ယံလောက်ပဲ လုပ်နိုင်တာ.. ကျွန်တော့်ထက် တော်တဲ့ မြန်မာတွေလည်းရှိတယ်ဗျ... မဆုမြတ်ရဲ့ လင့်ကိုပြန်လိုက်တာ မရဘူး.. လင့်ခ်သေချာပြန်ပေူပါဦးနော်
ကျောင်း project လို့ပြောပေမယ့် ဖတ်ကြည့်တာနဲ့တင် လုပ်နေရတာနဲ့ သင်နေရတာ ထပ်တူကျနေတယ်ဆိုတာ တွေ့ရတယ်ဗျို့။ လန်းပါတယ်ဗျာ :D
Oh,you have a fantastic talent ,I don't have any words to describe of ur idea>>> dar mha mm kwa!!!:)
ပိုင်ပိုင်ရေ ... တကယ် ချီးကျူးတယ်ကွာ ... Cheers !!!
အစ်ကိုရေ အစ်ကို့ လင့်ခ်လေးကို တွေ့လို့ စိတ်ဝင်စားရင်း ၀င်ခဲ့မိတယ် တကယ်မိုက်တယ်
အင်းအဲ ဟာကို အရမ်းကြိုက်တယ်
ကိုသက်ပိုင် နောက်ကျနေတာတော့ အသေချာ ပဲ ဒီဘလော့ကို ဘာလို့ မမွှေခဲ့မိပါလိမ့် ကျနော် အတော်တုံးတယ်ဗျ။
လူတစ်ယောက်ဟာ တော်တယ် ဆိုတာလေး ပြောခံရဖို့ သူပေးဆပ်လိုက်ရတဲ့ အချိန်တွေ
ငွေတွေ ခွန်အားတွေ နွမ်းနယ်မှုတွေ ဘယ် လောက်များလိုက်မလဲ ..... ခင်ဗျားရဲ့ အား ထုတ်မှုတွေကို မြင်နေရပါတယ် ခု ဒီစာတမ်း အကြောင်းကို တီးမိခေါက်မိတော့ ခင်ဗျားကို ကျနော် လေးစားပါတယ် ကိုသက်ပိုင် ချီးကျူးပါတယ် တကယ်တော်ပါတယ် ......
ဆရာမ သိရင် ဘယ်လောက်ပီတိဖြစ်မလဲ
ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့သည်ကို လှိုက်လှိုက်မောမောကြီး ဖတ်ခဲ့ရသလို ဒီ ပိုစ့် အပိုင်းလေး နှစ်ခုကိုလည်း အသက်မရှူဘဲ ဖတ်လိုက်ရပါတယ် .... အနော့်ဆီက ရောက် လာပါတယ် သူ့ ရဲ့ အကြိုက်ဆုံးဘလော့ ငါးခု ထဲက ဘလော့ပိုင်ရှင်ဟာ တကယ့်ကို တော်တဲ့ သူတစ်ယောက်ဆိုတာ သိရလို့  ဝမ်း သာပါတယ်
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာပါစေ :D
Congratulation
တော်လိုက်တား)
Congratulationsssssss
Su didn't come to me closer and i walked around old star magnolia garden. To my great surprise,i found a fragrant and sparkle flower.You are magnificent.
Gyidaw
ဟ ဟ ကြီးဒေါ်က နောက်နေပီ.. စုက ရထားနောက်ကျနေတယ်ဗျ
Post a Comment