December 16, 2008

ခေါင်းစဉ်မရှိတဲ့ ကဗျာ


ကောင်းကင်ကြီးက
ငါ့အောက်ရောက်နေတယ်
ကြည့်စမ်းပါဦး
မြေလွှာထုကလည်း ငါ့ခေါင်းပေါ်မှာ
လောကကြီးကို
ပြုံးပြီးရပ်ကြည့်လိုက်တယ်

ကဲ! မင်းဘာတတ်နိုင်သေးလဲလို့ပေါ့...
အောင်နိုင်တဲ့အပြုံးနဲ့
အရှေ့ဆီကို ဆက်လျှောက်သွားတယ်
ငါ့ရဲ့လက်တွေနဲ့လေ...

သက်ပိုင်သူ
၁၁ ဇန်န၀ါရီ ၂၀၀၄
၆း၄၆ ည

1 ယောက်ကဒီလိုမြင်တယ်တဲ့...:

pandora said...

ဒီကဗျာကို ကြိုက်တယ်