December 16, 2008

မမျှော်လင့်ရဲပါဘူး...


လောကကြီးကို
နောက်ပြန်လှည့်ကြည့်တဲ့ သူအတွက်
အမှန်တရားဆိုတာ
မမျှော်လင့်ခဲ့ပါဘူး...

ဒီလိုပါပဲ
ပုံမမှန်ဒြပ်ထုတွေနဲ့
တည်ဆောက်မိတဲ့ အချစ်အတွက်
တန်ပြန်သက်ရောက်မှု ဆိုတာလည်း
မမျှော်လင့်ခဲ့ပါဘူး...

ဒါပေမယ့်လေ
အသက်ရှင်ခြင်းရဲ့
နောက်ဆုံးပင့်သက်တစ်ခုမှာ
မျှော်လင့်ချက်မှိန်မှိန်လေးတော့
ခံစားချင်တာပေါ့....

ခံစားချင်တာပေါ့....

သက်ပိုင်သူ
၁၃ ဇန်န၀ါရီ ၂၀၀၄
၀၀း၃၆ နာရီ

2 ယောက်ကဒီလိုမြင်တယ်တဲ့...:

GreenGirl said...

မမျှော်လင့်နဲ့ပေါ့..အဟဲ :P

har said...

"ဒီလိုပါပဲ
ပုံမမှန်ဒြပ်ထုတွေနဲ့
တည်ဆောက်မိတဲ့ အချစ်အတွက်
တန်ပြန်သက်ရောက်မှု ဆိုတာလည်း
မမျှော်လင့်ခဲ့ပါဘူး..."
နေရာမှာ “မမျှော်လင့်ရဲပါဘူး” လို့ ဟာလူးကတော့ ဆိုချင်ပါတယ်. ဟာလူးရဲ့ ခံစားမှုပေါ့လေ။

မျှော်လင့်ချက်မှိန်မှိန်လေးတော့
ခံစားချင်တာပေါ့....


တကယ်ကို မျှော်လင့်ချက်က မှိန်မှိန်လေးရယ်ပါ...တစ်ခါတလေတော့လဲ ခံစားမှုမရှိတဲ့ ကမ္ဘာဆီကို ထွက်ပြေးသွားချင်တယ်။